မီတာခ ေလွ်ာ့ေပးေပမဲ့ ပိုက်တာ ဘာေၾကာင့္လို႔ ဝန္ႀကီးဌာန ေျပာလဲ

 ေမလမွာလည္း ေလွ်ာ့ေပးမယ္လို႔ ေၾကညာထား
(Zawgyi)⤵⤵⤵
အစိုးရက ဧၿပီလအတြင္း လွ်ပ္စစ္ယူနစ္ ၁၅၀ ကို ေလွ်ာ့ေပးဖို႔ ေၾကညာခဲ့ေပမဲ့ ေလွ်ာ့ေပးတဲ့ လမွာပဲ အိမ္ေထာင္စုတခ်ိဳ႕မွာ မီတာခ ပိုကုန္က်ခဲ့တာဟာ ယူနစ္ ၁၅၀ ေက်ာ္သူေတြကို ယူနစ္ ၁၅၀ ေနာက္ပိုင္း ေကာက္တဲ့ႏႈန္းကေန စၿပီးေကာက္ခဲ့လို႔ ျဖစ္တယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ရွင္းလင္းေျပာၾကားပါတယ္။

အဲဒါဟာ တစ္လ သုံးစြဲတဲ့ ယူနစ္ စုစုေပါင္းထဲက ၁၅၀ ကို ႏုတ္ၿပီး က်န္တဲ့ ယူနစ္ကို ေပးေဆာင္ရတဲ့ ပုံစံမ်ိဳး မေကာက္ခံဘဲ ယူနစ္ ၁၅၀ က စၿပီး က်သင့္ေငြကို တြက္ခ်က္ ေကာက္ခံခဲ့တာ ျဖစ္ပါတယ္။

ေနျပည္ေတာ္မွာ ေမလ ၁၅ ရက္ ေသာၾကာေန႔မွာ ျပဳလုပ္တဲ့ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန သတင္းစာရွင္းလင္းပြဲမွာ ဒုတိယအတြင္းဝန္ ဦးစိုးျမင့္က ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာန အေနနဲ႔ အိမ္သုံးမီတာေတြကို ေကာက္ခံတဲ့အခါ

    ၁ ယူနစ္က ၃၀ ယူနစ္အထိ ၃၅ က်ပ္၊
    ၃၁ ယူနစ္မွ ၅၀ ယူနစ္အထိ ၅၀ က်ပ္၊
    ၅၁ ယူနစ္ကေန ၇၅ ယူနစ္အထိ ၇၀ က်ပ္၊
    ၇၆ ယူနစ္ကေန ၁၀၀ ယူနစ္အထိ ၉၀ က်ပ္၊
    ၁၀၁ ယူနစ္ ကေန ၁၅၀ ယူနစ္အထိ ၁၁၀ က်ပ္၊
    ၁၅၁ ယူနစ္ကေန ၂၀၀ ယူနစ္အထိ ၁၂၀ က်ပ္ ႏႈန္းေတြနဲ႔ ေကာက္ခံေနတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယူနစ္ ၁၅၀ ေက်ာ္ သုံးစြဲတဲ့ အိမ္ေတြအေနနဲ႔ ၁ ယူနစ္ကို ၁၂၀ က်ပ္ႏႈန္းနဲ႔ တြက္ခ်က္ ေပးသြင္းရတာ ျဖစ္ပါတယ္။

အဲဒီလို စနစ္နဲ႔ ေကာက္ခံတဲ့အတြက္ မ်ားမ်ားသုံးတဲ့လူေတြ အေနနဲ႔ မ်ားမ်ားေပးေဆာင္ရတာျဖစ္တယ္လို႔လည္း ဦးစိုးျမင့္က ေျပာပါတယ္။

ဒါေပမဲ့ ယူနစ္ ၁၅၀ မေက်ာ္ေအာင္ သုံးစြဲခဲ့သူေတြအေနနဲ႔ေတာ့ မီတာခ ေပးေဆာင္စရာ မလိုပါဘူး။

ဒါ့အျပင္ မီတာ ယူနစ္ေတြ ေလွ်ာ့ေပးမယ္လို႔ ေၾကညာခဲ့အၿပီး ေနာက္တစ္ေန႔မွာ ေကာက္ခံမယ့္ ပုံစံကို ထပ္ေၾကညာခဲ့လို႔ အေသးစိတ္ ဖတ္တဲ့လူေတြက သိထားၿပီး ျဖစ္မယ္လို႔လည္း ဒုတိယအတြင္းဝန္က ေျပာပါတယ္။

သုံးစြဲသူ အမ်ားစုကေတာ့ ၁၅၀ ယူနစ္ ေလွ်ာ့ေပးတဲ့အတြက္ အရင္လေတြထက္ ပိုသက္သာမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကၿပီး တလတာ သုံးစြဲခဲ့တဲ့ ယူနစ္ စုစုေပါင္းထဲက ၁၅၀ ယူနစ္ကို ႏုတ္ၿပီး က်န္တဲ့ယူနစ္ကို ေပးေခ်ရမယ္လို႔ ယူဆထားၾကပါတယ္။

ဒါေပမဲ့ ေလွ်ာ့ေပးတဲ့လမွာ မီတာခ ပိုက်သင့္တဲ့ကိစၥမွာ အားနည္းခ်က္ေတြ ရွိေကာင္းရွိႏိုင္တယ္လို႔လည္း ဦးစိုးျမင့္က ေျပာပါတယ္။

အစိုးရအေနနဲ႔ ေမလထဲမွာလည္း ၇၅ ယူနစ္ကို အခမဲ့ သုံးစြဲခြင့္ ေပးမယ္လို႔ ေမလ ၆ ရက္က ေၾကညာထားခဲ့ပါတယ္။ ၇၆ ယူနစ္နဲ႔ အထက္ကိုေတာ့ အလႊာလိုက္ သတ္မွတ္ႏႈန္းအတိုင္း ေပးရမယ္လို႔ ေၾကညာထားပါတယ္။

အခုလို ေလွ်ာ့ေပးတဲ့လမွာ ပိုမိုက်သင့္တဲ့အတြက္ မေက်နပ္မႈေတြ ရွိသလို ကိုယ္သုံးတဲ့မီတာ ယူနစ္ ဘယ္ေလာက္ ရွိသလဲဆိုတာကို ဖတ္လို႔မရတာမ်ိဳးေတြလည္း ျဖစ္ေပၚခဲ့တဲ့အတြက္ မေက်နပ္တာေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
မီတာခ လျှော့ပေးပေမဲ့ ပိုကျတာ ဘာကြောင့်လို့ ဝန်ကြီးဌာန ပြောလဲ

အစိုးရက ဧပြီလအတွင်း လျှပ်စစ်ယူနစ် ၁၅၀ ကို လျှော့ပေးဖို့ ကြေညာခဲ့ပေမဲ့ လျှော့ပေးတဲ့ လမှာပဲ အိမ်ထောင်စုတချို့မှာ မီတာခ ပိုကုန်ကျခဲ့တာဟာ ယူနစ် ၁၅၀ ကျော်သူတွေကို ယူနစ် ၁၅၀ နောက်ပိုင်း ကောက်တဲ့နှုန်းကနေ စပြီးကောက်ခဲ့လို့ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းပြောကြားပါတယ်။

အဲဒါဟာ တစ်လ သုံးစွဲတဲ့ ယူနစ် စုစုပေါင်းထဲက ၁၅၀ ကို နုတ်ပြီး ကျန်တဲ့ ယူနစ်ကို ပေးဆောင်ရတဲ့ ပုံစံမျိုး မကောက်ခံဘဲ ယူနစ် ၁၅၀ က စပြီး ကျသင့်ငွေကို တွက်ချက် ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ မေလ ၁၅ ရက် သောကြာနေ့မှာ ပြုလုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဒုတိယအတွင်းဝန် ဦးစိုးမြင့်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ အိမ်သုံးမီတာတွေကို ကောက်ခံတဲ့အခါ

    ၁ ယူနစ်က ၃၀ ယူနစ်အထိ ၃၅ ကျပ်၊
    ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊
    ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊
    ၇၆ ယူနစ်ကနေ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊
    ၁၀၁ ယူနစ် ကနေ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊
    ၁၅၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ် နှုန်းတွေနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ယူနစ် ၁၅၀ ကျော် သုံးစွဲတဲ့ အိမ်တွေအနေနဲ့ ၁ ယူနစ်ကို ၁၂၀ ကျပ်နှုန်းနဲ့ တွက်ချက် ပေးသွင်းရတာ ဖြစ်ပါတယ်။

အဲဒီလို စနစ်နဲ့ ကောက်ခံတဲ့အတွက် များများသုံးတဲ့လူတွေ အနေနဲ့ များများပေးဆောင်ရတာဖြစ်တယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။

ဒါပေမဲ့ ယူနစ် ၁၅၀ မကျော်အောင် သုံးစွဲခဲ့သူတွေအနေနဲ့တော့ မီတာခ ပေးဆောင်စရာ မလိုပါဘူး။

ဒါ့အပြင် မီတာ ယူနစ်တွေ လျှော့ပေးမယ်လို့ ကြေညာခဲ့အပြီး နောက်တစ်နေ့မှာ ကောက်ခံမယ့် ပုံစံကို ထပ်ကြေညာခဲ့လို့ အသေးစိတ် ဖတ်တဲ့လူတွေက သိထားပြီး ဖြစ်မယ်လို့လည်း ဒုတိယအတွင်းဝန်က ပြောပါတယ်။

သုံးစွဲသူ အများစုကတော့ ၁၅၀ ယူနစ် လျှော့ပေးတဲ့အတွက် အရင်လတွေထက် ပိုသက်သာမယ်လို့ မျှော်လင့်ခဲ့ကြပြီး တလတာ သုံးစွဲခဲ့တဲ့ ယူနစ် စုစုပေါင်းထဲက ၁၅၀ ယူနစ်ကို နုတ်ပြီး ကျန်တဲ့ယူနစ်ကို ပေးချေရမယ်လို့ ယူဆထားကြပါတယ်။

ဒါပေမဲ့ လျှော့ပေးတဲ့လမှာ မီတာခ ပိုကျသင့်တဲ့ကိစ္စမှာ အားနည်းချက်တွေ ရှိကောင်းရှိနိုင်တယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။

အစိုးရအနေနဲ့ မေလထဲမှာလည်း ၇၅ ယူနစ်ကို အခမဲ့ သုံးစွဲခွင့် ပေးမယ်လို့ မေလ ၆ ရက်က ကြေညာထားခဲ့ပါတယ်။ ၇၆ ယူနစ်နဲ့ အထက်ကိုတော့ အလွှာလိုက် သတ်မှတ်နှုန်းအတိုင်း ပေးရမယ်လို့ ကြေညာထားပါတယ်။

အခုလို လျှော့ပေးတဲ့လမှာ ပိုမိုကျသင့်တဲ့အတွက် မကျေနပ်မှုတွေ ရှိသလို ကိုယ်သုံးတဲ့မီတာ ယူနစ် ဘယ်လောက် ရှိသလဲဆိုတာကို ဖတ်လို့မရတာမျိုးတွေလည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် မကျေနပ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52683168
မီတာခ ေလွ်ာ့ေပးေပမဲ့ ပိုက်တာ ဘာေၾကာင့္လို႔ ဝန္ႀကီးဌာန ေျပာလဲ မီတာခ ေလွ်ာ့ေပးေပမဲ့ ပိုက်တာ ဘာေၾကာင့္လို႔ ဝန္ႀကီးဌာန ေျပာလဲ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.