ဇူလိုင္လလယ္ ေက်ာင္းျပန္ဖြင့္ဖို႔ Quarantine Center ဖြင့္ေက်ာင္းမ်ား ျပန္အပ္ဖို႔ၫႊန္ၾကား

ေက်ာင္းတက္ဖို႔သြားၾကတဲ့ ေက်ာင္းသားတခ်ိဳ႕ (ဇြန္ ၀၁၊ ၂၀၁၂)
(Zawgyi/Unicode)

Community Based Facility Quarantine ဖြင့္လွစ္ထားတဲ့ ျပည္နယ္နဲ႔တိုင္း ေဒသအသီးသီးက အေျခခံပညာေက်ာင္းေတြကို ပညာေရးဝန္ႀကီးဌာနဆီ ျပန္အပ္ႏွံဖို႔ ထုတ္ျပန္ၿပီးတဲ့ေနာက္ တခ်ိဳ႕ေက်ာင္းေတြမွာ ဖြင့္လွစ္ထားတဲ့ Fever Clinic ေတြရဲ႕အေျခအေနကို ေျပာျပသြားပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

အခု ဇူလိုင္လလယ္ေလာက္မွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ဖို႔ ျပင္ဆင္မႈတခုအေနနဲ႔ COVID-19 ေရာဂါပိုးရွိ၊ မရွိ ေစာင့္ၾကည့္ေရးစင္တာေတြ အထက္တန္းေက်ာင္းေတြမွာ ဖြင့္ထားတာကို ျပန္လည္ အပ္ႏွံဖို႔ ၫႊန္ၾကားလာတာ ျဖစ္ပါတယ္။

ျပည္နယ္နဲ႔ တိုင္းေဒသအသီးသီးမွာ Community Based Facility Quarantine အတြက္ အသုံးျပဳခြင့္ေပးထားတဲ့ အေျခခံပညာေက်ာင္းေပါင္း ၆,၀၀၀ ေက်ာ္အထိ ရွိတယ္လို႔ သိရပါတယ္။ ဇူလိုင္လအတြင္းမွာ ေက်ာင္းေတြျပန္ဖြင့္မွာ ျဖစ္လို႔ အသုံးျပဳခြင့္ေပးထားတဲ့ ဒီေက်ာင္းေတြကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္နဲ႔အညီ ပိုးသတ္ေဆးျဖန္းၿပီး ဇြန္လ ၁၅ ရက္ေန႔ ေနာက္ဆုံးထား အပ္ႏွံဖို႔ကို ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ Quarantine ဖြင့္လွစ္ဖို႔ ခြင့္ျပဳထားတဲ့ ေက်ာင္းေတြကို ျပန္လည္အပ္ႏွံရမယ္လို႔ ေဖာ္ျပထားေပမယ့္ ရန္ကုန္ၿမိဳ႕က ေက်ာင္းတခ်ိဳ႕မွာ အခမဲ့ဖ်ားနာကုေဆးခန္းေတြ ဖြင့္လွစ္ထားတာေတြလည္း ရွိေနလို႔ အဲဒီ Fever Clinic ေတြကိုေတာ့ ဘယ္လိုၫႊန္ၾကားခ်က္ေပးမလဲဆိုတာ မသိရေသးပါဘူး။

သက္ဆိုင္ရာၿမိဳ႕နယ္က အုပ္ခ်ဳပ္သူေတြရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ အထက္တန္းေက်ာင္းေတြမွာ ဖြင့္လွစ္ထားတဲ့ အခမဲ့ဖ်ားနာကုေဆးခန္းေတြကိုေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေၾကာင္းၾကားတာမ်ိဳးမရွိေသးဘူးလို႔ ဗိုလ္တေထာင္ၿမိဳ႕နယ္ ဖ်ားနာကုေဆးခန္းတာဝန္ခံ ေဒါက္တာေနမင္းထက္က VOA ကိုေျပာပါတယ္။

“ဗိုလ္တေထာင္ ၆ ေက်ာင္းအုပ္နဲ႔ေတာ့ မေန႔က သြားေတြ႕တယ္။ က်ေနာ္တို႔ကိုေတာ့ ဘာမွမေျပာေသးဘူးေပါ့ေနာ္။ ၿပီးေတာ့ က်ေနာ္တို႔လက္ရွိကေတာ့ ဒီေမလပိုင္းကုန္အထိပဲေပါ့ေနာ္။ ေက်ာင္းမွာဖြင့္တာေတြက နဂိုကတည္းက ေမလပိုင္းကုန္ထိပဲ Master Plan ဆြဲထားတယ္။ ေက်ာင္းမဖြင့္မခ်င္းကို လုပ္မယ္လို႔လည္း ဆြဲထားတယ္။ သက္ဆိုင္ရာကေတာ့ က်ေတာ္တို႔ကို ဒီၿမိဳ႕နယ္ေထြအုပ္တို႔ ေက်ာင္းအုပ္တို႔ေပါ့ေနာ္။ ဘာမွေတာ့ေထြေထြထူးထူးေျပာထားတာေတာ့ ခုခ်ိန္ထိမရွိေသးပါဘူး။”

ေက်ာင္းေတြ ျပန္ဖြင့္မွာျဖစ္လို႔ ေဆးခန္းဖြင့္ထားတဲ့ေနရာေတြကို ျပန္ေပးရမယ္ဆိုရင္လည္း အဲဒီၿမိဳ႕နယ္မွာရွိတဲ့ က်န္တဲ့ေနရာေတြမွာ ဆက္ၿပီးဖြင့္လွစ္သြားႏိုင္ဖို႔အတြက္ကို ညႇိႏႈိင္းသြားမယ္လို႔ သိရပါတယ္။

ကိုဗစ္ကပ္ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ေနတဲ့အခ်ိန္မွာ ေဆး႐ုံေဆးခန္းေတြမွာ မလိုလားအပ္တဲ့ လူစုလူေဝးျဖစ္တာမ်ိဳးကို ေလွ်ာ့ခ်ၿပီး ဒီေရာဂါျပန႔္ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အေထာက္အကူျပဳေနတဲ့ ဒီဖ်ားနာကုေဆးခန္းေတြမွာ ေရာဂါကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္ထားတဲ့ ေဆာင္႐ြက္ခ်က္ေတြကိုလည္း ေဒါက္တာေနမင္းထက္က အခုလိုဆက္ေျပာပါတယ္။

“ပညာေရးကလည္း စိုးရိမ္တာမွန္ပါတယ္။ သို႔ေပမဲ့ က်ေနာ္တို႔က Fever Clinic အကုန္လုံးရဲ႕ Protocol အရ လူနာတေယာက္ထိုင္ၿပီးတိုင္း ထိုင္ခုံကို အရက္ျပန္နဲ႔ဖ်န္းေပးတယ္။ ၿပီးသြားရင္ ေဆးခန္းပိတ္ၿပီးတိုင္း က်ေနာ္တို႔က Sodium Hypochlorite ေတြနဲ႔ ဖ်န္းပါတယ္။”

ေက်ာင္းကိုပိုးသတ္ေဆးဖ်န္းၿပီး ျပန္အပ္ရမွာ ေက်ာင္းမဖြင့္ခင္ ကေလးေတြနဲ႔ ဆရာ၊ ဆရာေတြကို ျပန္ေလွ်ာ္ၿပီးသုံးႏိုင္တဲ့ Mask ေတြကို တေယာက္ကို အနည္းဆုံးႏွစ္ခုစီ ေဝေပးဖို႔နဲ႔ မ်က္ႏွာကာေတြကိုလည္း ေပးႏိုင္ဖို႔ကို ေဆာင္႐ြက္ေနတယ္လို႔ အေျခခံပညာဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

ေက်ာင္းေတြမွာ အဖ်ားတိုင္းကိရိယာေတြကိုပါ ေပးထားၿပီး Social Distancing ကို ေက်ာင္းခန္းထဲနဲ႔ ဖယ္ရီကားေပၚမွာပါ ေဆာင္႐ြက္ႏိုင္ဖို႔ကို စီစဥ္ေနတယ္လို႔ သိရပါတယ္။

ကိုဗစ္ကာလမွာ အေျခခံပညာေက်ာင္းေတြကို ျပန္ဖြင့္ႏိုင္ဖို႔အတြက္ ေဆာင္႐ြက္ထားတဲ့ အေသးစိတ္အခ်က္ေတြကို ထုတ္ျပန္ေပးသြားမယ္လို႔လည္း ဦးကိုေလးဝင္းကဆက္ေျပာပါတယ္။

“Mask တပ္တယ္ဆိုရင္လည္း ကေလးေတြကတခ်ိန္လုံး Mask ေတြ တပ္ထားလို႔မရဘူး။ အဲေတာ့ သူ႔ကို ဥပမာ ၄၅ မိနစ္တပ္ၿပီးရင္ တႀကိမ္ဖြင့္ၿပီးေတာ့ လြတ္လြတ္လပ္လပ္ သန႔္စင္တဲ့ေလကိုရႉရမယ္ ဆိုတာမ်ိဳးေတြလည္း လုပ္ရမယ္။ ေနာက္တခုကေတာ့ လက္ေဆးတယ္ဆိုပါစို႔။ လက္ေဆးဖို႔အတြက္လည္း ေက်ာင္းေတြမွာ ဒီ Hand Washing Facility ေတြလုပ္ေပးဖို႔အတြက္လည္း စီစဥ္ေနတယ္။ ေနာက္ ေက်ာင္းေတြမဖြင့္ခင္မွာ ဆရာ၊ ဆရာမေတြကိုလည္းပဲ က်န္းမာေရးစစ္ေဆးတာတို႔ ဘာတို႔လုပ္ဖို႔ အစီအစဥ္ရွိတယ္။”

အခမဲ့ဖ်ားနာကုေဆးခန္းေတြကို ရန္ကုန္ၿမိဳ႕မွာေတာ့ ၿမိဳ႕နယ္ ၁၇ ခုမွာ ဖြင့္လွစ္ထားၿပီး ထပ္တိုးဖြင့္သြားဖို႔ကိုလည္း ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ရန္ကုန္ၿမိဳ႕အျပင္ မႏၲေလးၿမိဳ႕နဲ႔ တျခားေဒသေတြမွာလည္း ဒီေဆးခန္းေတြကိုဖြင့္လွစ္ႏိုင္ဖို႔အတြက္ ေစတနာရွင္လုပ္အားေပး ဆရာဝန္ေတြနဲ႔ အာဏာပိုင္ေတြ ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ထုတ္ျပန္ၿပီးခ်ိန္အထိ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၁၈၁ ဦး ရွိခဲ့ၿပီး အဲဒီထဲက ေသဆုံးသူ ၆ ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူ ၈၄ ဦးအထိ ရွိထားပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode Version]

ဇူလိုင်လလယ် ကျောင်းပြန်ဖွင့်ဖို့ Quarantine Center ဖွင့်ကျောင်းများ ပြန်အပ်ဖို့ညွှန်ကြား

Community Based Facility Quarantine ဖွင့်လှစ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးက အခြေခံပညာကျောင်းတွေကို ပညာရေးဝန်ကြီးဌာနဆီ ပြန်အပ်နှံဖို့ ထုတ်ပြန်ပြီးတဲ့နောက် တချို့ကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ Fever Clinic တွေရဲ့အခြေအနေကို ပြောပြသွားပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။

အခု ဇူလိုင်လလယ်လောက်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်မှုတခုအနေနဲ့ COVID-19 ရောဂါပိုးရှိ၊ မရှိ စောင့်ကြည့်ရေးစင်တာတွေ အထက်တန်းကျောင်းတွေမှာ ဖွင့်ထားတာကို ပြန်လည် အပ်နှံဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသအသီးသီးမှာ Community Based Facility Quarantine အတွက် အသုံးပြုခွင့်ပေးထားတဲ့ အခြေခံပညာကျောင်းပေါင်း ၆,၀၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ ကျောင်းတွေပြန်ဖွင့်မှာ ဖြစ်လို့ အသုံးပြုခွင့်ပေးထားတဲ့ ဒီကျောင်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ပိုးသတ်ဆေးဖြန်းပြီး ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံဖို့ကို ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ Quarantine ဖွင့်လှစ်ဖို့ ခွင့်ပြုထားတဲ့ ကျောင်းတွေကို ပြန်လည်အပ်နှံရမယ်လို့ ဖော်ပြထားပေမယ့် ရန်ကုန်မြို့က ကျောင်းတချို့မှာ အခမဲ့ဖျားနာကုဆေးခန်းတွေ ဖွင့်လှစ်ထားတာတွေလည်း ရှိနေလို့ အဲဒီ Fever Clinic တွေကိုတော့ ဘယ်လိုညွှန်ကြားချက်ပေးမလဲဆိုတာ မသိရသေးပါဘူး။

သက်ဆိုင်ရာမြို့နယ်က အုပ်ချုပ်သူတွေရဲ့ ညွှန်ကြားချက်နဲ့အညီ အထက်တန်းကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ဖျားနာကုဆေးခန်းတွေကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းကြားတာမျိုးမရှိသေးဘူးလို့ ဗိုလ်တထောင်မြို့နယ် ဖျားနာကုဆေးခန်းတာဝန်ခံ ဒေါက်တာနေမင်းထက်က VOA ကိုပြောပါတယ်။

“ဗိုလ်တထောင် ၆ ကျောင်းအုပ်နဲ့တော့ မနေ့က သွားတွေ့တယ်။ ကျနော်တို့ကိုတော့ ဘာမှမပြောသေးဘူးပေါ့နော်။ ပြီးတော့ ကျနော်တို့လက်ရှိကတော့ ဒီမေလပိုင်းကုန်အထိပဲပေါ့နော်။ ကျောင်းမှာဖွင့်တာတွေက နဂိုကတည်းက မေလပိုင်းကုန်ထိပဲ Master Plan ဆွဲထားတယ်။ ကျောင်းမဖွင့်မချင်းကို လုပ်မယ်လို့လည်းဆွဲထားတယ်။ သက်ဆိုင်ရာကတော့ ကျတော်တို့ကို ဒီမြို့နယ်ထွေအုပ်တို့ ကျောင်းအုပ်တို့ပေါ့နော်။ ဘာမှတော့ထွေထွေထူးထူးပြောထားတာတော့ ခုချိန်ထိမရှိသေးပါဘူး။”

ကျောင်းတွေ ပြန်ဖွင့်မှာဖြစ်လို့ ဆေးခန်းဖွင့်ထားတဲ့နေရာတွေကို ပြန်ပေးရမယ်ဆိုရင်လည်း အဲဒီမြို့နယ်မှာရှိတဲ့ ကျန်တဲ့နေရာတွေမှာ ဆက်ပြီးဖွင့်လှစ်သွားနိုင်ဖို့အတွက်ကို ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နေတဲ့အချိန်မှာ ဆေးရုံဆေးခန်းတွေမှာ မလိုလားအပ်တဲ့ လူစုလူဝေးဖြစ်တာမျိုးကို လျှော့ချပြီး ဒီရောဂါပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အထောက်အကူပြုနေတဲ့ ဒီဖျားနာကုဆေးခန်းတွေမှာ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ထားတဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဒေါက်တာနေမင်းထက်က အခုလိုဆက်ပြောပါတယ်။

“ပညာရေးကလည်း စိုးရိမ်တာမှန်ပါတယ်။ သို့ပေမဲ့ ကျနော်တို့က Fever Clinic အကုန်လုံးရဲ့ Protocol အရ လူနာတယောက်ထိုင်ပြီးတိုင်း ထိုင်ခုံကို အရက်ပြန်နဲ့ဖျန်းပေးတယ်။ ပြီးသွားရင် ဆေးခန်းပိတ်ပြီးတိုင်း ကျနော်တို့က Sodium Hypochlorite တွေနဲ့ဖျန်းပါတယ်။”

ကျောင်းကိုပိုးသတ်ဆေးဖျန်းပြီး ပြန်အပ်ရမှာ ကျောင်းမဖွင့်ခင် ကလေးတွေနဲ့ ဆရာ၊ ဆရာတွေကို ပြန်လျှော်ပြီးသုံးနိုင်တဲ့ Mask တွေကို တယောက်ကို အနည်းဆုံးနှစ်ခုစီ ဝေပေးဖို့နဲ့ မျက်နှာကာတွေကိုလည်း ပေးနိုင်ဖို့ကို ဆောင်ရွက်နေတယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းတွေမှာ အဖျားတိုင်းကိရိယာတွေကိုပါ ပေးထားပြီး Social Distancing ကို ကျောင်းခန်းထဲနဲ့ ဖယ်ရီကားပေါ်မှာပါ ဆောင်ရွက်နိုင်ဖို့ကို စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမှာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်နိုင်ဖို့အတွက် ဆောင်ရွက်ထားတဲ့ အသေးစိတ်အချက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ဦးကိုလေးဝင်းကဆက်ပြောပါတယ်။

“Mask တပ်တယ်ဆိုရင်လည်း ကလေးတွေကတချိန်လုံး Mask တွေ တပ်ထားလို့မရဘူး။ အဲတော့ သူ့ကို ဥပမာ ၄၅ မိနစ်တပ်ပြီးရင် တကြိမ်ဖွင့်ပြီးတော့ လွတ်လွတ်လပ်လပ် သန့်စင်တဲ့လေကိုရှူရမယ် ဆိုတာမျိုးတွေလည်း လုပ်ရမယ်။ နောက်တခုကတော့ လက်ဆေးတယ်ဆိုပါစို့။ လက်ဆေးဖို့အတွက်လည်း ကျောင်းတွေမှာ ဒီ Hand Washing Facility တွေလုပ်ပေးဖို့အတွက်လည်း စီစဉ်နေတယ်။ နောက် ကျောင်းတွေမဖွင့်ခင်မှာ ဆရာ၊ ဆရာမတွေကိုလည်းပဲ ကျန်းမာရေးစစ်ဆေးတာတို့ ဘာတို့လုပ်ဖို့ အစီအစဉ်ရှိတယ်။”

အခမဲ့ဖျားနာကုဆေးခန်းတွေကို ရန်ကုန်မြို့မှာတော့ မြို့နယ် ၁၇ ခုမှာ ဖွင့်လှစ်ထားပြီး ထပ်တိုးဖွင့်သွားဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့ တခြားဒေသတွေမှာလည်း ဒီဆေးခန်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် စေတနာရှင်လုပ်အားပေး ဆရာဝန်တွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၈၁ ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၈၄ ဦးအထိ ရှိထားပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-education/5421038.html
ဇူလိုင္လလယ္ ေက်ာင္းျပန္ဖြင့္ဖို႔ Quarantine Center ဖြင့္ေက်ာင္းမ်ား ျပန္အပ္ဖို႔ၫႊန္ၾကား ဇူလိုင္လလယ္ ေက်ာင္းျပန္ဖြင့္ဖို႔ Quarantine Center ဖြင့္ေက်ာင္းမ်ား ျပန္အပ္ဖို႔ၫႊန္ၾကား Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.