လႈိင္သာယာနဲ႔ တာေမြၿမိဳ႕နယ္ေတြမွာ COVID-19 စစ္တမ္းေကာက္မည္

ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသမီး ႏွစ္ဦးကို ေတြ႔ရ (မတ္ ၂၅၊ ၂၀၂၀)
(Zawgyi/Unicode)

လႈိင္သာယာရပ္ကြက္ တခ်ိဳ႕နဲ႔ တာေမြၿမိဳ႕နယ္မွာ ဒီရက္ပိုင္းအတြင္း COVID-19 စစ္ေဆးမႈ စစ္တမ္းေကာက္ယူသြားမယ္လို႔ ရန္ကုန္တိုင္း အစိုးရအဖြဲ႔က ေျပာလိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

ဝန္ထမ္းေထာင္ခ်ီရွိတဲ့ လႈိင္သာယာ ခ်န္းရိဖိနပ္စက္႐ုံက ဝန္ထမ္းတေယာက္ COVID-19 ကူးစက္ခံရၿပီးေနာက္ပိုင္း ရန္ကုန္တိုင္းရဲ႕ လူဦးေရအထူထပ္ဆုံး စက္႐ုံဝန္ထမ္း အမ်ားဆုံးရွိတဲ့ ဒီၿမိဳ႕နယ္အတြက္ အမ်ားစုက စိုးရိမ္မႈေတြ ရွိေနၾကတာပါ။ လာမယ့္ ေမလ ၁၆ ရက္ စေနေန႔မွာ ခ်န္းရိစက္႐ုံနဲ႔ COVID-19 ေတြရွိထားတဲ့ ၆ ရပ္ကြက္၊ ၁၀ ရပ္ကြက္အတြင္းေနထိုင္သူေတြကို က်န္းမာေရး စစ္ေဆးၿပီး က်န္းမာေရး စစ္တမ္းေကာက္ယူသြားမယ္လို႔ ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

“ေလာေလာဆယ္ က်ေနာ္တို႔ အစည္းအေဝးမွာ တိုင္ပင္ထားတာက စေနေန႔မွာ လႈိင္သာယာမွာလုပ္မယ္။ တနဂၤေႏြေန႔မွာ တာေမြမွာ လုပ္မယ္ေပါ့၊ အဲဒါပဲ တိုင္ပင္ထားေသးတယ္၊ တာေမြတို႔ ဘာတို႔ေတာ့ မလ်ာရေသးဘူး။ က်ေနာ္တို႔ ေနာက္အစည္းအေဝး ထပ္ေခၚဦးမွာ ေခၚၿပီးေတာ့ ဘယ္ေနရာေတြ လုပ္သင့္လဲဆိုၿပီးေတာ့ တိုင္ပင္ဦးမွာေပါ့ေနာ္။”

COVID-19 ေတြ႕ရွိခဲ့တဲ့ ခ်န္းရီစက္႐ုံနဲ႔ ရပ္ကြက္ ၂ ခုမွာ စစ္ေဆးမယ့္ လူဦးေရ အတိအက်ကို မခန႔္မွန္းႏိုင္ေသးေၾကာင္း၊ ညႇိႏႈိင္းမႈေတြလည္း လႈိင္သာယာ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာပါတယ္။

“ခ်န္းရီစက္႐ုံရယ္၊ ပိုးေတြ႕ခဲ့တဲ့ ၁၀ ရပ္ကြက္ရယ္၊ က်န္စစ္သားအိမ္ရာရယ္၊ အဲဒီေနရာေတြကို ေကာက္မွာ။ လူဦးေရ ၈,၀၀၀ ေက်ာ္ေလာက္ကို ခန႔္မွန္းထားေပမဲ့ ဒီထက္မ်ားႏိုင္တယ္၊ အမ်ားႀကီးမ်ားႏိုင္တယ္။”

ဆက္ၿပီးလုပ္မယ့္ လုပ္ငန္းအေသးစိတ္ကို ညႇိႏႈိင္းေနတယ္လို႔ သူကေျပာပါတယ္။ အလုပ္႐ုံစက္႐ုံေတြနဲ႔ အလုပ္သမားဦးေရ မ်ားျပားတဲ့ လႈိင္သာယာၿမိဳ႕နယ္ထဲမွာ လူဦးေရ ၁၀၀,၀၀၀ ေက်ာ္ေနထိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ ၿမိဳ႕နယ္အႏွံ႔ က်န္းမာေရးစစ္ေဆးမႈေတြယူတဲ့အခါမွာ ေရာဂါပိုးရွိ၊ မရွိ စမ္းသပ္မႈေတြပါ လုပ္သြားမယ္လို႔ သိရေပမဲ့ ေရာဂါပိုးဓါတ္ခြဲစမ္းသပ္မႈကို အေရအတြက္ ဘယ္ေလာက္မ်ားမ်ား လုပ္ႏိုင္မလဲ မေသခ်ာေသးပါဘူး။

ေမလ ၆ ရက္ကလည္း COVID-19 ပိုးေတြ႕သူအမ်ားဆုံးရွိတဲ့ အင္းစိန္ၿမိဳ႕နယ္ ရပ္ကြက္ ၄ ခုမွာ လူဦးေရ ၄၀,၀၀၀ ေက်ာ္ကို က်န္းမာေရးစစ္တမ္း ေကာက္ယူခဲ့ၿပီး ၃ ေယာက္ကို ေဆး႐ုံ၊ ၁၆ ေယာက္ကို က်န္းမာေရးေစာင့္ၾကည့္စင္တာေတြကို ပို႔ေပးခဲ့ပါတယ္။ အင္းစိန္တၿမိဳ႕နယ္လုံး က်န္းမာေရးစစ္ေဆးမႈေတြ ယူခဲ့ရမွာ ရလဒ္ေကာင္းေတြ ရွိခဲ့တာေၾကာင့္ ရန္ကုန္တိုင္းက အျခားၿမိဳ႕နယ္ေတြကိုပါ အလားတူ စစ္ေဆးမႈလုပ္ဖို႔ စဥ္းစားခဲ့ၾကတာပါ။ ဒါေပမဲ့လည္း လူဦးေရ မ်ားျပားတဲ့ၿမိဳ႕နယ္ေတြမွာ ဒီလို က်န္းမာေရးစစ္တမ္းယူဖို႔ဆိုတာ က်န္းမာေရး ဝန္ထမ္းအင္အား လုပ္အားေပး ဝန္ထမ္းအင္အား အေတာ္မ်ားမ်ား လိုအပ္မွာျဖစ္ပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------
[Unicode Version]

လှိုင်သာယာနဲ့ တာမွေမြို့နယ်တွေမှာ COVID-19 စစ်တမ်းကောက်မည်

လှိုင်သာယာရပ်ကွက် တချို့နဲ့ တာမွေမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း COVID-19 စစ်ဆေးမှု စစ်တမ်းကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ဝန်ထမ်းထောင်ချီရှိတဲ့ လှိုင်သာယာ ချန်းရိဖိနပ်စက်ရုံက ဝန်ထမ်းတယောက် COVID-19 ကူးစက်ခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းရဲ့ လူဦးရေအထူထပ်ဆုံး စက်ရုံဝန်ထမ်း အများဆုံးရှိတဲ့ ဒီမြို့နယ်အတွက် အများစုက စိုးရိမ်မှုတွေ ရှိနေကြတာပါ။ လာမယ့် မေလ ၁၆ ရက် စနေနေ့မှာ ချန်းရိစက်ရုံနဲ့ COVID-19 တွေရှိထားတဲ့ ၆ ရပ်ကွက်၊ ၁၀ ရပ်ကွက်အတွင်းနေထိုင်သူတွေကို ကျန်းမာရေးစစ်ဆေးပြီး ကျန်းမာရေး စစ်တမ်းကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ အစည်းအဝေးမှာ တိုင်ပင်ထားတာက စနေနေ့မှာ လှိုင်သာယာမှာလုပ်မယ်။ တနင်္ဂနွေနေ့မှာ တာမွေမှာ လုပ်မယ်ပေါ့၊ အဲဒါပဲ တိုင်ပင်ထားသေးတယ်၊ တာမွေတို့ ဘာတို့တော့ မလျာရသေးဘူး။ ကျနော်တို့ နောက်အစည်းအဝေး ထပ်ခေါ်ဦးမှာ ခေါ်ပြီးတော့ ဘယ်နေရာတွေ လုပ်သင့်လဲဆိုပြီးတော့ တိုင်ပင်ဦးမှာပေါ့နော်။”

COVID-19 တွေ့ရှိခဲ့တဲ့ ချန်းရီစက်ရုံနဲ့ ရပ်ကွက် ၂ ခုမှာ စစ်ဆေးမယ့် လူဦးရေ အတိအကျကို မခန့်မှန်းနိုင်သေးကြောင်း၊ ညှိနှိုင်းမှုတွေလည်း လှိုင်သာယာ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

“ချန်းရီစက်ရုံရယ်၊ ပိုးတွေ့ခဲ့တဲ့ ၁၀ ရပ်ကွက်ရယ်၊ ကျန်စစ်သားအိမ်ရာရယ်၊ အဲဒီနေရာတွေကို ကောက်မှာ။ လူဦးရေ ၈,၀၀၀ ကျော်လောက်ကို ခန့်မှန်းထားပေမဲ့ ဒီထက်များနိုင်တယ်၊ အများကြီးများနိုင်တယ်။”

ဆက်ပြီးလုပ်မယ့် လုပ်ငန်းအသေးစိတ်ကို ညှိနှိုင်းနေတယ်လို့ သူကပြောပါတယ်။ အလုပ်ရုံစက်ရုံတွေနဲ့ အလုပ်သမားဦးရေ များပြားတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ လူဦးရေ ၁၀၀,၀၀၀ ကျော်နေထိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြို့နယ်အနှံ့ ကျန်းမာရေးစစ်ဆေးမှုတွေယူတဲ့အခါမှာ ရောဂါပိုးရှိ၊ မရှိ စမ်းသပ်မှုတွေပါ လုပ်သွားမယ်လို့ သိရပေမဲ့ ရောဂါပိုးဓါတ်ခွဲစမ်းသပ်မှုကို အရေအတွက် ဘယ်လောက်များများ လုပ်နိုင်မလဲ မသေချာသေးပါဘူး။

မေလ ၆ ရက်ကလည်း COVID-19 ပိုးတွေ့သူအများဆုံးရှိတဲ့ အင်းစိန်မြို့နယ် ရပ်ကွက် ၄ ခုမှာ လူဦးရေ ၄၀,၀၀၀ ကျော်ကို ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ပြီး ၃ ယောက်ကို ဆေးရုံ၊ ၁၆ ယောက်ကို ကျန်းမာရေးစောင့်ကြည့်စင်တာတွေကို ပို့ပေးခဲ့ပါတယ်။ အင်းစိန်တမြို့နယ်လုံး ကျန်းမာရေးစစ်ဆေးမှုတွေ ယူခဲ့ရမှာ ရလဒ်ကောင်းတွေ ရှိခဲ့တာကြောင့် ရန်ကုန်တိုင်းက အခြားမြို့နယ်တွေကိုပါ အလားတူ စစ်ဆေးမှုလုပ်ဖို့ စဉ်းစားခဲ့ကြတာပါ။ ဒါပေမဲ့လည်း လူဦးရေ များပြားတဲ့မြို့နယ်တွေမှာ ဒီလို ကျန်းမာရေးစစ်တမ်းယူဖို့ဆိုတာ ကျန်းမာရေး ဝန်ထမ်းအင်အား လုပ်အားပေး ဝန်ထမ်းအင်အား အတော်များများ လိုအပ်မှာဖြစ်ပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/hlaing-thar-yar-factory-myanmar-health-survey/5414620.html
လႈိင္သာယာနဲ႔ တာေမြၿမိဳ႕နယ္ေတြမွာ COVID-19 စစ္တမ္းေကာက္မည္ လႈိင္သာယာနဲ႔ တာေမြၿမိဳ႕နယ္ေတြမွာ COVID-19 စစ္တမ္းေကာက္မည္ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.