အရပ္သားေတြကို ညႇဥ္းပမ္းႏွိပ္စက္ေနတဲ့ ႐ုပ္သံဖိုင္တစ္ခု ထြက္ေပၚလာ

ေဖ့စ္ဘြတ္ လူမႈကြန္ယက္စာမ်က္ႏွာေပၚ မွာ ပ်ံ႕ႏွံ႔ေနတဲ့ ႐ုပ္သံဖိုင္က ညႇဥ္းပမ္းႏွိပ္စက္ေနမႈ ျမင္ကြင္းကိုေတြ႕ရစဥ္ / Photo: Aungnai Aungnai's facebook
(Zawgyi)⤵⤵⤵
ျမန္မာ့တပ္မေတာ္သားေတြက အမ်ိဳးသား ငါးဦးကို ႐ိုက္ႏွက္ထိုးႀကိတ္ၿပီး ညႇဥ္းပမ္းႏွိပ္စက္ေနတဲ့ ႐ုပ္သံဖိုင္တစ္ခု မေန႔က ေဖ့စ္ဘြတ္ လူမႈကြန္ယက္စာမ်က္ႏွာေပၚ  ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

ဒီ႐ုပ္သံဖိုင္မွာ ပါရွိသူေတြဟာ ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာကျဖစ္ၿပီး ဒီျဖစ္ရပ္အေပၚ တရားမွ်တမႈ ရရွိေအာင္ေဆာင္႐ြက္ေပးဖို႔ကိုလည္း မိသားစုဝင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာၾကပါတယ္။

ေရယာဥ္တစ္စီးေပၚမွာ တပ္မေတာ္သားေတြက အမ်ိဳးသား ငါးဦးကို ထိုးႀကိတ္ကန္ေက်ာက္ၿပီး ညႇဥ္းပမ္းႏွိပ္စက္မႈေတြ လုပ္ေနတဲ့ ဗီဒီယိုဖိုင္တစ္ခုဟာ မေန႔က မနက္ပိုင္းေလာက္ကစၿပီး ေဖ့စ္ဘြတ္ လူမႈကြန္ယက္စာမ်က္ႏွာမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ေပၚထြက္လာခဲ့တာပါ။

ႏွိပ္စက္ခံရတဲ့လူ ငါးဦးအထဲက ေလးဦးဟာ ပုဏၰားကြၽန္းၿမိဳ႕နယ္ကျဖစ္ၿပီး က်န္တစ္ဦးကေတာ့ ေျမာက္ဦးၿမိဳ႕နယ္က ျဖစ္တယ္လို႔ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြအသိုင္းအဝိုင္းက RFA ကို ေျပာဆိုၾကပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာက လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ မိသားစုအႀကီးအကဲတစ္ဦးက သူ႔ရဲ႕သမက္ကို ဗီဒီယိုဖိုင္ထဲမွာျမင္ရလို႔ အႀကီးအက်ယ္ စိတ္မေကာင္းျဖစ္ရတယ္လို႔ ေျပာပါတယ္။

“ဒီမနက္က ဗီဒီယိုဖိုင္ကို ၾကည့္ရလို႔ ေတြ႕လိုက္ပါတယ္။ သူက စြပ္က်ယ္အျဖဴနဲ႔ လူပါ။ ေနာက္ျပန္ႀကိဳးလည္း အတုပ္ခံထားရပါတယ္။ ဗီဒီယိုဖိုင္ထဲမွာက အ႐ိုက္ခံရတယ္၊ ဆံပင္ေတြကိုလည္း ဆြဲႏႈတ္ခံရတာကို ျမင္ရပါတယ္။ စြပ္က်ယ္အျဖဴ ဝတ္ထားတဲ့သူဟာ ကြၽန္ေတာ့သမက္ဆိုတာ ေသခ်ာပါတယ္။ ဒါကိုျမင္ရလို႔ ကြၽန္ေတာ့အေနနဲ႔ ေၾကကြဲမိပါတယ္။ ရင္လည္းနာပါတယ္။ သူ႔မွာ အျပစ္လုပ္ထားတာမရွိလို႔ ျပန္လြတ္လာဖို႔ကိုပဲ လိုလားပါတယ္”

ႏွိပ္စက္ခံရတဲ့လူေတြဟာ ေနာက္ျပန္ႀကိဳးတုပ္ၿပီး မ်က္လုံးေတြကို အဝတ္စနဲ႔စည္းထားသလို အခ်ိဳ႕မွာ ႏွာေခါင္းနဲ႔ပါးစပ္ေတြမွာလည္း ေသြးေတြ ေပက်ံေနတာကို ေတြ႕ရပါတယ္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေနာက္ထပ္ ေဒသခံတစ္ဦးက ဖမ္းဆီးႏွိပ္စက္ခံရသူေတြထဲက ႏွစ္ဦးဟာ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာက သူ႔ရဲ႕သူငယ္ခ်င္းေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

“ေဖ့စ္ဘုတ္ လူမႈစာမ်က္ႏွာမွာ တက္လာတာကို ကြၽန္ေတာ္ မေန႔ကၾကည့္ရပါတယ္။ အဲဒီအထဲက ႏွိပ္စက္ခံေနရသူ ငါးဦးထဲမွာ ကြၽန္ေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ ပါတယ္။ စြပ္က်ယ္အျဖဴ ဝတ္ထားတဲ့လူက ကြၽန္ေတာ့ သူငယ္ခ်င္းေပါ့။ သူ႔ေဘးက ဆိုလို အက်ႌအစိမ္းေရာင္ေလး ဝတ္ထားတာကလည္း ကြၽန္ေတာ့သူငယ္ခ်င္းပါ။ သူ႔ေဘးက အက်ႌအျဖဴကြက္က်ားနဲ႔ အစ္ကိုကလည္း ကြၽန္ေတာ္တို႔ ႐ြာကပါပဲ။ က်န္တဲ့ ႏွစ္ေယာက္ထဲမွာ တစ္ေယာက္က ပုဏၰားကြၽန္း႐ြာေဟာင္းပိုင္းက တစ္ေယာက္ရယ္၊ ေနာက္တစ္ေယာက္ကေတာ့ ေလာေလာဆယ္ စစ္ေတြမွာ ေခတၱေနထိုင္တဲ့ ေျမာက္ဦးဇီးပင္ႀကီးဆိုတဲ့ ႐ြာကပါ။ သူတို႔ကို ပုဏၰားကြၽန္းၿမိဳ႕အဝင္ ဂူဝဘုရားအနီးက ေနဗီေပၚတင္ၿပီးေတာ့ စစ္ေတြ အမွတ္ (၁) စခန္းကို ပို႔မယ္ဆိုၿပီးေတာ့ ယူသြားတဲ့ေန႔က ေနဗီေပၚမွာ ႏွိပ္စက္တာလို႔ သိရပါတယ္”

လူ ငါးဦးထဲက ကိုညီညီေအာင္၊ ကိုမ်ိဳးလင္းဦး၊ ကိုေမာင္ေခ် တို႔ဟာ ေက်ာက္ဆိပ္ေက်း႐ြာသားေတြျဖစ္ၿပီး က်န္ ႏွစ္ဦးကေတာ့ ပုဏၰားကြၽန္းၿမိဳ႕ေပၚက တစ္ဦးနဲ႔ ေျမာက္ဦးၿမိဳ႕နယ္က တစ္ဦးတို႔ျဖစ္တယ္လို႔ သူကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၁၃ ရက္ေန႔မွာ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာထဲကို လက္နက္ႀကီးေတြနဲ႔ပစ္ခတ္ခံရလို႔ အရပ္သား ရွစ္ဦး ေသဆုံးၿပီး ၁၃ ဦး ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။

၏ပုဏၰားကြၽန္းၿမိဳ႕ အမွတ္-၅၅၀ တပ္ရင္းက ပစ္ခတ္တဲ့ လက္နက္ႀကီးလို႔ ေက်း႐ြာသားေတြက ေျပာဆိုခဲ့ၾကေပမယ့္ တပ္မေတာ္ကေတာ့ ေက်ာက္ဆိပ္ေက်း႐ြာမွာ အဲဒီလိုျဖစ္ပြားတာ မရွိဘူးလို႔ ျငင္းဆိုခဲ့ၾကပါတယ္။

အဲဒီေနာက္ ဧၿပီလ ၁၉ ရက္ေန႔မွာ ေက်း႐ြာသား ၃၈ဦးကို တပ္မေတာ္က ဖမ္းဆီးခဲ့ၿပီး ေနာက္တစ္ေန႔မွာေတာ့ အဲဒီအထဲက လူေပါင္း ၃၃ဦးကို ျပန္လႊတ္ေပးခဲ့ေပမယ့္ ငါးဦးကို ဆက္လက္ ထိန္းသိမ္းထားခဲ့တာ ျဖစ္ပါတယ္။

သူတို႔ ငါးဦးကို စစ္ေတြၿမိဳ႕မ ရဲစခန္းကို ေနဗီနဲ႔ ဆက္လက္ပို႔ေဆာင္ရာမွာ တစ္ရက္နဲ႔ တစ္ညေလာက္ အခုလို ထိုးႀကိတ္႐ိုက္ႏွက္ ႏွိပ္စက္ခံခဲ့ရတဲ့အေၾကာင္း ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္းကို ျပန္ေရာက္လာစဥ္မွာ မိသားစုဝင္ေတြကို ကာယကံရွင္ေတြက ေျပာဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ေမလ ၇ ရက္ေန႔ကစလို႔ သူတို႔ ငါးဦးကို ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္းမွာ ထိန္းသိမ္းထားတယ္ လို႔လည္း မိသားစုဝင္ေတြက ေျပာပါတယ္။

သူတို႔ကို ဘာအေၾကာင္းေၾကာင့္ ဖမ္းဆီးထိန္းသိမ္းထားတယ္ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က အခုလို ရက္စက္ၾကမ္းၾကဳတ္မႈေတြ ေနာက္ထပ္ မျဖစ္ရေအာင္ အစိုးရက အေရးယူ ေဆာင္႐ြက္သင့္တယ္လို႔ ေျပာပါတယ္။

“အဲဒီ ဗီဒီယိုဖိုင္မွာပါတဲ့ ကေလးေတြရဲ႕ မိဘေတြနဲ႔ ေဆြမ်ိဳးေတြက အဲဒါ သူတို႔သားသမီးေတြ ျဖစ္တယ္ဆိုတာကို အတည္ျပဳတယ္။ ဗီဒီယိုမွာ ၾကည့္ရတာက ေတာ္ေတာ္ ရက္စက္ၾကမ္းၾကဳတ္မႈေတြပါတယ္။ ဒါမ်ိဳးကေတာ့ မျဖစ္သင့္ဘူးေပါ့။ ဒီလို ေနာက္ေနာင္မျဖစ္ရေအာင္ အစိုးရက ဥပေဒနဲ႔အညီ ၾကပ္ၾကပ္မတ္မတ္ အေရးယူၿပီးေတာ့ ေဆာင္႐ြက္သင့္တယ္။ ဒါကေတာ့ ႏိုင္ငံအတြက္လည္း မေကာင္းဘူး။ တရားဥပေဒစိုးမိုးေရးနဲ႔ ႏိုင္ငံေတာ္အစိုးရရဲ႕ ပုံရိပ္ေတြကို ဆိုးေစတယ္။ ႏိုင္ငံတကာကလည္း ဂ႐ုစိုက္ေနတယ္။ အဲဒါေၾကာင့္ ပိုၿပီးေတာ့ အစိုးရက တရားဥပေဒစိုးမိုးေရးအတြက္ တရားဥပေဒနဲ႔အညီ ေဆာင္႐ြက္သင့္တယ္”

မိသားစုဝင္ေတြနဲ႔ ေက်း႐ြာသားေတြက ဗီဒီယိုဖိုင္ထဲမွာပါတဲ့ သူေတြဟာ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ပတ္သက္သူေတြ မဟုတ္ဘဲ ႐ိုး႐ိုးသားသား လုပ္ကိုင္စားေသာက္ေနတဲ့ သာမန္အရပ္သားေတြသာ ျဖစ္တယ္လို႔ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက တပ္မေတာ္အေနနဲ႔ သံသယနဲ႔ ဖမ္းဆီးမႈေတြနဲ႔ ပတ္သက္လို႔ တရားလက္လြတ္ လုပ္ေဆာင္တာမရွိဘဲ တရားဥပေဒနဲ႔အညီသာ ေဆာင္႐ြက္တယ္လို႔ ၿပီးခဲ့တဲ့ေမလ ၈ ရက္ေန႔က RFA ကိုေျပာဆိုထားပါတယ္။

အခု လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္ကိစၥနဲ႔ ပတ္သက္လို႔  ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း နဲ႔  ဒီကိစၥနဲ႔ပတ္သက္လို႔ မေန႔က ထုတ္ျပန္ထားၿပီးျဖစ္ေၾကာင္း၊ ပုဏၰားကြၽန္းမွာ AA တပ္ဖြဲ႕ဝင္ သုံးဦး နဲ႔ သူတို႔နဲ႔ဆက္စပ္သူ သုံးဦးကို ဖမ္းမိထားတာရွိေၾကာင္း၊ AA  တပ္ဖြဲ႕ဝင္ သုံးဦးမွာသူတို႔ရဲ႕  ကိုယ္ပိုင္နံပါတ္ေတြေတာင္ ပါရွိေၾကာင္း RFA ကိုေျပာပါတယ္။

တပ္မေတာ္ရဲ႕ဒီေျပာၾကားခ်က္နဲ႔ ပတ္သက္ၿပီး AA ရကၡိဳင့္တပ္ေတာ္ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက ျမန္မာစစ္တပ္ဟာ လူမဆန္တဲ့ ႏွိပ္စက္ညႇင္းပန္းမႈ လုပ္ၿပီးမွ သူတို႔လိုခ်င္တဲ့ အေျဖရေအာင္ လုပ္ေဆာင္တာျဖစ္ေၾကာင္း အရပ္သားေတြကို ဖမ္းဆီးၿပီး AA လို႔ စြပ္စြဲတာ အႀကိမ္ေပါင္းမ်ားစြာ ရွိေနၿပီျဖစ္ေၾကာင္း RFA ကို ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) တို႔အၾကား စစ္ေရးျပင္းထန္ေနဆဲျဖစ္သလို ေအာက္ေျခလူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ၊ အရပ္သားေတြ ေသေၾကထိခိုက္တာေတြကလည္း တျဖည္းျဖည္းကို မ်ားလာေနပါတယ္။

RFA ကရရွိတဲ့စာရင္းေတြအရ ရခိုင္ေဒသနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ဧၿပီလ တစ္လတည္းမွာ အရပ္သားေသဆုံးသူ ၄၄ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ၇၈ ဦးအထိရွိခဲ့ပါတယ္။ အခုေမလ ၂ ရက္ေန႔ ကေန ၈ ရက္ေန႔ အတြင္းမွာေတာ့ ေသဆုံးသူ တစ္ဦးနဲ႔ ဒဏ္ရာရသူ ၆ ဦးအထိရွိပါတယ္။

RFA Burmese
-----------------------------------
(Unicode)⤵⤵⤵
အရပ်သားတွေကို ညှဉ်းပမ်းနှိပ်စက်နေတဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာ

ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာပေါ် မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်က ညှဉ်းပမ်းနှိပ်စက်နေမှု မြင်ကွင်းကိုတွေ့ရစဉ် / Photo: Aungnai Aungnai's facebook

မြန်မာ့တပ်မတော်သားတွေက အမျိုးသား ငါးဦးကို ရိုက်နှက်ထိုးကြိတ်ပြီး ညှဉ်းပမ်းနှိပ်စက်နေတဲ့ ရုပ်သံဖိုင်တစ်ခု မနေ့က ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာပေါ်  ပျံ့နှံ့လာခဲ့ပါတယ်။

ဒီရုပ်သံဖိုင်မှာ ပါရှိသူတွေဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကဖြစ်ပြီး ဒီဖြစ်ရပ်အပေါ် တရားမျှတမှု ရရှိအောင်ဆောင်ရွက်ပေးဖို့ကိုလည်း မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားတွေက အမျိုးသား ငါးဦးကို ထိုးကြိတ်ကန်ကျောက်ပြီး ညှဉ်းပမ်းနှိပ်စက်မှုတွေ လုပ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ မနေ့က မနက်ပိုင်းလောက်ကစပြီး ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့တာပါ။

နှိပ်စက်ခံရတဲ့လူ ငါးဦးအထဲက လေးဦးဟာ ပုဏ္ဏားကျွန်းမြို့နယ်ကဖြစ်ပြီး ကျန်တစ်ဦးကတော့ မြောက်ဦးမြို့နယ်က ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ မိတ်ဆွေအသိုင်းအဝိုင်းက RFA ကို ပြောဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုအကြီးအကဲတစ်ဦးက သူ့ရဲ့သမက်ကို ဗီဒီယိုဖိုင်ထဲမှာမြင်ရလို့ အကြီးအကျယ် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

“ဒီမနက်က ဗီဒီယိုဖိုင်ကို ကြည့်ရလို့ တွေ့လိုက်ပါတယ်။ သူက စွပ်ကျယ်အဖြူနဲ့ လူပါ။ နောက်ပြန်ကြိုးလည်း အတုပ်ခံထားရပါတယ်။ ဗီဒီယိုဖိုင်ထဲမှာက အရိုက်ခံရတယ်၊ ဆံပင်တွေကိုလည်း ဆွဲနှုတ်ခံရတာကို မြင်ရပါတယ်။ စွပ်ကျယ်အဖြူ ဝတ်ထားတဲ့သူဟာ ကျွန်တော့သမက်ဆိုတာ သေချာပါတယ်။ ဒါကိုမြင်ရလို့ ကျွန်တော့အနေနဲ့ ကြေကွဲမိပါတယ်။ ရင်လည်းနာပါတယ်။ သူ့မှာ အပြစ်လုပ်ထားတာမရှိလို့ ပြန်လွတ်လာဖို့ကိုပဲ လိုလားပါတယ်”

နှိပ်စက်ခံရတဲ့လူတွေဟာ နောက်ပြန်ကြိုးတုပ်ပြီး မျက်လုံးတွေကို အဝတ်စနဲ့စည်းထားသလို အချို့မှာ နှာခေါင်းနဲ့ပါးစပ်တွေမှာလည်း သွေးတွေ ပေကျံနေတာကို တွေ့ရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ဖမ်းဆီးနှိပ်စက်ခံရသူတွေထဲက နှစ်ဦးဟာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက သူ့ရဲ့သူငယ်ချင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖေ့စ်ဘုတ် လူမှုစာမျက်နှာမှာ တက်လာတာကို ကျွန်တော် မနေ့ကကြည့်ရပါတယ်။ အဲဒီအထဲက နှိပ်စက်ခံနေရသူ ငါးဦးထဲမှာ ကျွန်တော့ သူငယ်ချင်းနှစ်ယောက် ပါတယ်။ စွပ်ကျယ်အဖြူ ဝတ်ထားတဲ့လူက ကျွန်တော့ သူငယ်ချင်းပေါ့။ သူ့ဘေးက ဆိုလို အင်္ကျီအစိမ်းရောင်လေး ဝတ်ထားတာကလည်း ကျွန်တော့သူငယ်ချင်းပါ။ သူ့ဘေးက အင်္ကျီအဖြူကွက်ကျားနဲ့ အစ်ကိုကလည်း ကျွန်တော်တို့ ရွာကပါပဲ။ ကျန်တဲ့ နှစ်ယောက်ထဲမှာ တစ်ယောက်က ပုဏ္ဏားကျွန်းရွာဟောင်းပိုင်းက တစ်ယောက်ရယ်၊ နောက်တစ်ယောက်ကတော့ လောလောဆယ် စစ်တွေမှာ ခေတ္တနေထိုင်တဲ့ မြောက်ဦးဇီးပင်ကြီးဆိုတဲ့ ရွာကပါ။ သူတို့ကို ပုဏ္ဏားကျွန်းမြို့အဝင် ဂူဝဘုရားအနီးက နေဗီပေါ်တင်ပြီးတော့ စစ်တွေ အမှတ် (၁) စခန်းကို ပို့မယ်ဆိုပြီးတော့ ယူသွားတဲ့နေ့က နေဗီပေါ်မှာ နှိပ်စက်တာလို့ သိရပါတယ်”

လူ ငါးဦးထဲက ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ကိုမောင်ချေ တို့ဟာ ကျောက်ဆိပ်ကျေးရွာသားတွေဖြစ်ပြီး ကျန် နှစ်ဦးကတော့ ပုဏ္ဏားကျွန်းမြို့ပေါ်က တစ်ဦးနဲ့ မြောက်ဦးမြို့နယ်က တစ်ဦးတို့ဖြစ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ အရပ်သား ရှစ်ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

၏ပုဏ္ဏားကျွန်းမြို့ အမှတ်-၅၅၀ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးလို့ ကျေးရွာသားတွေက ပြောဆိုခဲ့ကြပေမယ့် တပ်မတော်ကတော့ ကျောက်ဆိပ်ကျေးရွာမှာ အဲဒီလိုဖြစ်ပွားတာ မရှိဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် ဧပြီလ ၁၉ ရက်နေ့မှာ ကျေးရွာသား ၃၈ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာတော့ အဲဒီအထဲက လူပေါင်း ၃၃ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ငါးဦးကို ဆက်လက် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ ငါးဦးကို စစ်တွေမြို့မ ရဲစခန်းကို နေဗီနဲ့ ဆက်လက်ပို့ဆောင်ရာမှာ တစ်ရက်နဲ့ တစ်ညလောက် အခုလို ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခံခဲ့ရတဲ့အကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ပြန်ရောက်လာစဉ်မှာ မိသားစုဝင်တွေကို ကာယကံရှင်တွေက ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မေလ ၇ ရက်နေ့ကစလို့ သူတို့ ငါးဦးကို ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ် လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

သူတို့ကို ဘာအကြောင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုလို ရက်စက်ကြမ်းကြုတ်မှုတွေ နောက်ထပ် မဖြစ်ရအောင် အစိုးရက အရေးယူ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“အဲဒီ ဗီဒီယိုဖိုင်မှာပါတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေက အဲဒါ သူတို့သားသမီးတွေ ဖြစ်တယ်ဆိုတာကို အတည်ပြုတယ်။ ဗီဒီယိုမှာ ကြည့်ရတာက တော်တော် ရက်စက်ကြမ်းကြုတ်မှုတွေပါတယ်။ ဒါမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။ ဒီလို နောက်နောင်မဖြစ်ရအောင် အစိုးရက ဥပဒေနဲ့အညီ ကြပ်ကြပ်မတ်မတ် အရေးယူပြီးတော့ ဆောင်ရွက်သင့်တယ်။ ဒါကတော့ နိုင်ငံအတွက်လည်း မကောင်းဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတော်အစိုးရရဲ့ ပုံရိပ်တွေကို ဆိုးစေတယ်။ နိုင်ငံတကာကလည်း ဂရုစိုက်နေတယ်။ အဲဒါကြောင့် ပိုပြီးတော့ အစိုးရက တရားဥပဒေစိုးမိုးရေးအတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်သင့်တယ်”

မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက ဗီဒီယိုဖိုင်ထဲမှာပါတဲ့ သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်သူတွေ မဟုတ်ဘဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ သာမန်အရပ်သားတွေသာ ဖြစ်တယ်လို့ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ သံသယနဲ့ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ တရားလက်လွတ် လုပ်ဆောင်တာမရှိဘဲ တရားဥပဒေနဲ့အညီသာ ဆောင်ရွက်တယ်လို့ ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က RFA ကိုပြောဆိုထားပါတယ်။

အခု လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ကိစ္စနဲ့ ပတ်သက်လို့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း နဲ့  ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့က ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်းမှာ AA တပ်ဖွဲ့ဝင် သုံးဦး နဲ့ သူတို့နဲ့ဆက်စပ်သူ သုံးဦးကို ဖမ်းမိထားတာရှိကြောင်း၊ AA  တပ်ဖွဲ့ဝင် သုံးဦးမှာသူတို့ရဲ့  ကိုယ်ပိုင်နံပါတ်တွေတောင် ပါရှိကြောင်း RFA ကိုပြောပါတယ်။

တပ်မတော်ရဲ့ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး AA ရက္ခိုင့်တပ်တော်ရဲ့ ပြောခွင့်ရသူ ခိုင်သုခက မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ နှိပ်စက်ညှင်းပန်းမှု လုပ်ပြီးမှ သူတို့လိုချင်တဲ့ အဖြေရအောင် လုပ်ဆောင်တာဖြစ်ကြောင်း အရပ်သားတွေကို ဖမ်းဆီးပြီး AA လို့ စွပ်စွဲတာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပြင်းထန်နေဆဲဖြစ်သလို အောက်ခြေလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အရပ်သားတွေ သေကြေထိခိုက်တာတွေကလည်း တဖြည်းဖြည်းကို များလာနေပါတယ်။

RFA ကရရှိတဲ့စာရင်းတွေအရ ရခိုင်ဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လတည်းမှာ အရပ်သားသေဆုံးသူ ၄၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၈ ဦးအထိရှိခဲ့ပါတယ်။ အခုမေလ ၂ ရက်နေ့ ကနေ ၈ ရက်နေ့ အတွင်းမှာတော့ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးအထိရှိပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/rakhine-civilians-tortured-video-has-emerged-05112020092906.html
အရပ္သားေတြကို ညႇဥ္းပမ္းႏွိပ္စက္ေနတဲ့ ႐ုပ္သံဖိုင္တစ္ခု ထြက္ေပၚလာ အရပ္သားေတြကို ညႇဥ္းပမ္းႏွိပ္စက္ေနတဲ့ ႐ုပ္သံဖိုင္တစ္ခု ထြက္ေပၚလာ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.