ႏိုင္ငံတစ္ဝန္း ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ ႏွစ္ဦး ေသဆုံး ၊ ေျခာက္ဦး ဒဏ္ရာရရွိ

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ေမ၄ ရက္က ေလျပင္းတိုက္ခတ္မႈေၾကာင့္ အေဆာက္အဦ ပ်က္စီးမႈမ်ားအား ေတြ႕ရစဥ္(ဓာတ္ပုံ - Ministry of Home Affairs, Myanmar)
(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ ေမ ၁၁ ရက္(ဆင္ဟြာ)

    ႏိုင္ငံတစ္ဝန္း ယခုႏွစ္ မိုးႀကိဳကာလ ျဖစ္သည့္ ဧၿပီ ၉ ရက္မွ ေမ ၁၀ ရက္ အထိ ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ လူႏွစ္ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရရွိသူ ေျခာက္ဦး ရွိေၾကာင္း လူမႈဝန္ထမ္း ၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္းက ယေန႔ ေျပာၾကားခဲ့သည္။

ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ ေသဆုံးသြားသူ ႏွစ္ဦးမွာ ကခ်င္ျပည္နယ္ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔မွ ျဖစ္ၿပီး ဒဏ္ရာ ရရွိခဲ့သူ ေျခာက္ဦးမွာ စစ္ကိုင္းတိုင္းေဒသႀကီး ၊ မႏၲေလးတိုင္းေဒသႀကီး ၊ ရွမ္းျပည္နယ္ ႏွင့္ ဧရာဝတီ တိုင္းေဒသႀကီးတို႔မွ ျဖစ္ေၾကာင္း ၎က ဆင္ဟြာသို႔ ေျပာၾကားခဲ့သည္။

"မိုးႀကိဳကာလ ေမလေလာက္ အထိ ေလျပင္းတိုက္တာ ၊ မိုးႀကိဳးပစ္တာ ၊ အခ်ိန္အခါမဟုတ္ မိုးသည္းထန္စြာ႐ြာတာ ၊ တစ္ခါတစ္ရံ မိုးသီးေႂကြတာေတြက သတိထားရမယ္။”ဟု ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္းက ဆက္လက္ေျပာၾကားခဲ့သည္။

ႏိုင္ငံတစ္ဝန္း ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့သည့္ အိမ္ေျခ ၄၀၀ ခန႔္ ရွိၿပီး တစ္စိတ္တစ္ပိုင္း ပ်က္စီးအိမ္ေျခ ၆,၆၀၀ ခန႔္ႏွင့္ ဘာသာေရး အေဆာက္အဦ ၁၃၅ လုံးခန႔္ တစ္စိတ္တစ္ပိုင္း ပ်က္စီးမႈရွိေၾကာင္း ၊ ျဖစ္ပြားမႈ အမ်ားဆုံးမွာ စစ္ကိုင္းတိုင္းေဒသႀကီး၌ ျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာန အေနျဖင့္ ေလျပင္းတိုက္ခတ္မႈမ်ားေၾကာင့္ ပ်က္စီးဆုံးရႉံးမႈမ်ားအား စုစုေပါင္း ေငြက်ပ္ ၃၃၅ သန္းေက်ာ္ ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ မိုးႀကိဳကာလမ်ားျဖစ္ေသာ မတ္လ၊ ဧၿပီလႏွင့္ ေမလမ်ားအတြင္း ေလျပင္း တိုက္ခတ္ျခင္း၊ မိုးတိမ္ေတာင္မ်ားျဖစ္ေပၚျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြျခင္းမ်ား ျဖစ္ေပၚေလ့ရွိၿပီး ျပည္သူလူထုအေနျဖင့္လည္း ယခုကာလ၌ျဖစ္ပြားတတ္သည့္ ေလျပင္းတိုက္ခတ္ျခင္း၊ အခ်ိန္အခါမဟုတ္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ မိုးသီးေႂကြျခင္း၊ မိုးႀကိဳးပစ္ျခင္းတို႔ႏွင့္ ပတ္သက္၍ အထူးဂ႐ုျပဳေနထိုင္ၾကရန္ႏွင့္ သဘာ၀ေဘးအႏၲရာယ္မ်ားႏွင့္ ပတ္သက္၍ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနတြင္ ဖြင့္လွစ္ထားရွိသည့္ Hot-line ဖုန္းမ်ားျဖစ္ေသာ ၀၆၇-၃၄၀၄၆၆၆ ႏွင့္ ၀၆၇-၃၄၀၄၇၇၇ တို႔သို႔ ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ေၾကာင္း လူမႈဝန္ထမ္း ၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားသည္။

 (Xinhua)
------------------------------
(Unicode)⤵⤵⤵
နိုင်ငံတစ်ဝန်း လေပြင်းဘေးအန္တရာယ်ကြောင့် နှစ်ဦး သေဆုံး ၊ ခြောက်ဦး ဒဏ်ရာရရှိ

    ရန်ကုန် ၊ မေ ၁၁ ရက်(ဆင်ဟွာ)

    နိုင်ငံတစ်ဝန်း ယခုနှစ် မိုးကြိုကာလ ဖြစ်သည့် ဧပြီ ၉ ရက်မှ မေ ၁၀ ရက် အထိ လေပြင်းဘေးအန္တရာယ်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ဦး ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ပြောကြားခဲ့သည်။

လေပြင်းဘေးအန္တရာယ်ကြောင့် သေဆုံးသွားသူ နှစ်ဦးမှာ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့သူ ခြောက်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

"မိုးကြိုကာလ မေလလောက် အထိ လေပြင်းတိုက်တာ ၊ မိုးကြိုးပစ်တာ ၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာတာ ၊ တစ်ခါတစ်ရံ မိုးသီးကြွေတာတွေက သတိထားရမယ်။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း လေပြင်းဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ ၄၀၀ ခန့် ရှိပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ ၆,၆၀၀ ခန့်နှင့် ဘာသာရေး အဆောက်အဦ ၁၃၅ လုံးခန့် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုရှိကြောင်း ၊ ဖြစ်ပွားမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး၌ ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှူံးမှုများအား စုစုပေါင်း ငွေကျပ် ၃၃၅ သန်းကျော် ထောက်ပံ့ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 (Xinhua)
http://www.xinhuamyanmar.com/myanmar/environment-disasters-accidents/27494-2020-05-11-09-20-27
ႏိုင္ငံတစ္ဝန္း ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ ႏွစ္ဦး ေသဆုံး ၊ ေျခာက္ဦး ဒဏ္ရာရရွိ ႏိုင္ငံတစ္ဝန္း ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ ႏွစ္ဦး ေသဆုံး ၊ ေျခာက္ဦး ဒဏ္ရာရရွိ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.