COVID-19 နဲ႔ ဆက္စပ္ႏုိင္တဲ့ ေရာဂါဆန္းတမ်ဳိးေၾကာင့္ နယူးေယာက္မွာ ကေလးတဦး ေသဆံုး

နယူးေယာက္ၿမိဳ႕တြင္ COVID-19 ရွိမရွိ စစ္ေဆးခံရန္ ေစာင့္ဆုိင္းေနသည့္ သားအမိႏွစ္ဦး။ (ဧၿပီ ၂၃၊ ၂၀၂၀)
(Zawgyi / Unicode)

ကမာၻမွာ ကူးစက္ျပန္႔ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ဆက္စပ္ေနတယ္လို႔ ယူဆရတဲ့ ေရာဂါဆန္းတမ်ဳိးနဲ႔ အသက္ ၅ ႏွစ္အရြယ္ ကေလးတဦး နယူးေယာက္ၿမဳိ႕မွာ ေသဆံုးသြားတာေၾကာင့္ ကေလးေတြကို ဒီကူးစက္ေရာဂါရဲ႕ အႏၱရာယ္ အသစ္ထပ္တိုးလာတယ္လို႔ နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo က ေျပာပါတယ္။

ကေလးက ၾကာသပေတးေန႔မွာပဲ ဆံုးသြားတာျဖစ္ၿပီး နယူးေယာက္တလႊား ဒီကေလးလို အလားတူျဖစ္ေနတဲ့ ကေလး ၇၃ ေယာက္ရဲ႕ ေရာဂါအေျခအေနကို ေစာင့္ၾကည့္ေနတယ္လို႔ သူက ေျပာပါတယ္။

ကေလးေတြက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ေရာဂါလကၡဏာနဲ႔ Kawasaki ေရာဂါတို႔ရဲ႕ လကၡဏာေတြျပၾကၿပီး ကိုယ္ပူတာ၊ အသားေတြမွာ အနီျပင္ေတြျဖစ္တာ၊ သိပ္ဆိုးရြားတဲ့ အခါေတြမွာ ႏွလံုးေသြးလႊတ္ေၾကာေတြ ေရာင္ရမ္းတာေတြ ျဖစ္ပါတယ္။

ဒီလို ေရာဂါလကၡဏာေတြ ခံစားရတဲ့ ကေလးေတြလိုမ်ဳိး ၿဗိတိန္၊ စပိန္နဲ႔ အီတလီတို႔မွာလည္း ျဖစ္ေပမယ့္ အေမရိကန္ျပည္ေထာင္စုမွာ တေနရာတည္း ကေလးေတြ မ်ားမ်ားစားစား ျဖစ္ၾကတာကို ဆရာဝန္ေတြ ေျပာလာၾကတာပါ။

နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo ကေတာ့ "ဒီသတင္းက တကယ့္သတင္းဆိုးပါ။ ေရာဂါရဲ႕အႏၱရာယ္ကို စာမ်က္ႏွာသစ္ ဖြင့္လိုက္သလိုပါပဲ။ ကေလးေတြကို COVID-19 က သိပ္ဒုကၡမေပးဘူးဆိုၿပီး လူေတြ ေတာ္ေတာ္စိတ္ေအးေနၾကတာ" လို႔ ေျပာပါတယ္။

ကေလးေတြမွာ COVID-19 ေရာဂါ စျဖစ္ၿပီး ရက္ပိုင္း ဒါမွမဟုတ္ သီတင္းပတ္ေတြၾကာမွ ဒီလကၡဏာေတြ ျပတာေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ လူေတြကို ကူးစက္ဒုကၡေပးပံုက အံ့ၾသစရာပံုစံသစ္ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေရာဂါျဖစ္တဲ့ ကေလးတိုင္းမွာလည္း ကိုို႐ိုနာဗိုင္းရပ္စ္ပိုးက တေယာက္မက်န္မွာ ရွိေနတာမ်ဳိး မဟုတ္တာေၾကာင့္ ဒီေရာဂါဆန္းနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ဆက္စပ္မစပ္ဆိုတာ ေသခ်ာအတည္ျပဳႏိုင္ဖို႔ သိပၸံပညာရွင္ေတြ ႀကဳိးစားေနၾကဆဲ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

COVID-19 နဲ့ ဆက်စပ်နိုင်တဲ့ ရောဂါဆန်းတမျိုးကြောင့် နယူးယောက်မှာ ကလေးတဦး သေဆုံး

ကမ္ဘာမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ရောဂါဆန်းတမျိုးနဲ့ အသက် ၅ နှစ်အရွယ် ကလေးတဦး နယူးယောက်မြို့မှာ သေဆုံးသွားတာကြောင့် ကလေးတွေကို ဒီကူးစက်ရောဂါရဲ့ အန္တရာယ် အသစ်ထပ်တိုးလာတယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။

ကလေးက ကြာသပတေးနေ့မှာပဲ ဆုံးသွားတာဖြစ်ပြီး နယူးယောက်တလွှား ဒီကလေးလို အလားတူဖြစ်နေတဲ့ ကလေး ၇၃ ယောက်ရဲ့ ရောဂါအခြေအနေကို စောင့်ကြည့်နေတယ်လို့ သူက ပြောပါတယ်။

ကလေးတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာနဲ့ Kawasaki ရောဂါတို့ရဲ့ လက္ခဏာတွေပြကြပြီး ကိုယ်ပူတာ၊ အသားတွေမှာ အနီပြင်တွေဖြစ်တာ၊ သိပ်ဆိုးရွားတဲ့ အခါတွေမှာ နှလုံးသွေးလွှတ်ကြောတွေ ရောင်ရမ်းတာတွေ ဖြစ်ပါတယ်။

ဒီလို ရောဂါလက္ခဏာတွေ ခံစားရတဲ့ ကလေးတွေလိုမျိုး ဗြိတိန်၊ စပိန်နဲ့ အီတလီတို့မှာလည်း ဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စုမှာ တနေရာတည်း ကလေးတွေ များများစားစား ဖြစ်ကြတာကို ဆရာဝန်တွေ ပြောလာကြတာပါ။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo ကတော့ "ဒီသတင်းက တကယ့်သတင်းဆိုးပါ။ ရောဂါရဲ့အန္တရာယ်ကို စာမျက်နှာသစ် ဖွင့်လိုက်သလိုပါပဲ။ ကလေးတွေကို COVID-19 က သိပ်ဒုက္ခမပေးဘူးဆိုပြီး လူတွေ တော်တော်စိတ်အေးနေကြတာ" လို့ ပြောပါတယ်။

ကလေးတွေမှာ COVID-19 ရောဂါ စဖြစ်ပြီး ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်တွေကြာမှ ဒီလက္ခဏာတွေ ပြတာကြောင့် ကိုရိုနာဗိုင်းရပ်စ် လူတွေကို ကူးစက်ဒုက္ခပေးပုံက အံ့သြစရာပုံစံသစ် ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရောဂါဖြစ်တဲ့ ကလေးတိုင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးက တယောက်မကျန်မှာ ရှိနေတာမျိုး မဟုတ်တာကြောင့် ဒီရောဂါဆန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်စပ်မစပ်ဆိုတာ သေချာအတည်ပြုနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/new-york-child-dead/5412938.html
COVID-19 နဲ႔ ဆက္စပ္ႏုိင္တဲ့ ေရာဂါဆန္းတမ်ဳိးေၾကာင့္ နယူးေယာက္မွာ ကေလးတဦး ေသဆံုး COVID-19 နဲ႔ ဆက္စပ္ႏုိင္တဲ့ ေရာဂါဆန္းတမ်ဳိးေၾကာင့္ နယူးေယာက္မွာ ကေလးတဦး ေသဆံုး Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.