ျမင္းမူၿမိဳ႕နယ္၌ အရက္ေၾကာင္ၿပီး ေနအိမ္အား မီးရႈိ႕ရာမွ ေနအိမ္ ၄၅ လုံး မီးေလာင္ဆုံးရႈံး


(Zawgyi)⤵⤵⤵
ျပီးခဲ့တဲ့ ေမလ ၈ ရက္ေန႔ ညေန ၃နာရီ၁၅မိနစ္ခန္ ့က စစ္ကုိင္းတုိင္းေဒသၾကီး၊ ျမင္းမူၿမိဳ႕နယ္မွာ အရက္ေၾကာင္ေနသူတစ္ဦးမွ ေနအိမ္အား မီးရႈိ႕ခဲ့ရာ ေနအိမ္ ၄၅ လုံး မီးေလာင္ပ်က္စီး ခဲ့ေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

 ျမင္းမူၿမိဳ႕နယ္ ၊ စိုင္ျမစ္ေက်း႐ြာေန ဝင္းေဇာ္လင္း(၄၁)ႏွစ္မွာ အရက္ေၾကာင္ျပီး တစ္႐ြာတည္းေန ဦးဖိုးကို(ခ)ဦးျမင့္ကို(၅၇)ႏွစ္၏ ေနအိမ္အဖီအား မီးရႈိ႕ရာမွတစ္ဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ရာ ေနအိမ္ ၄၅ လုံး၊ လယ္ထြန္စက္ ၁ စီး မီးေလာင္ဆုံးရႈံးခဲ့ၿပီး ညေန ၅နာရီအခ်ိန္ခန္ ့တြင္ မီးၿငိမ္းသြားခဲ့ပါသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ ဝင္းေဇာ္လင္းအား ေတာေခ်ာင္းဦးနယ္ေျမရဲစခန္း(ပ)၇/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆(မီးရႈိ႕မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါသည္။

သစ္ထူးလြင္
-----------------------------------


(Unicode)⤵⤵⤵
မြင်းမူမြို့နယ်၌ အရက်ကြောင်ပြီး နေအိမ်အား မီးရှို့ရာမှ နေအိမ် ၄၅ လုံး မီးလောင်ဆုံးရှုံး

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ညနေ ၃နာရီ၁၅မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှာ အရက်ကြောင်နေသူတစ်ဦးမှ နေအိမ်အား မီးရှို့ခဲ့ရာ နေအိမ် ၄၅ လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

 မြင်းမူမြို့နယ် ၊ စိုင်မြစ်ကျေးရွာနေ ဝင်းဇော်လင်း(၄၁)နှစ်မှာ အရက်ကြောင်ပြီး တစ်ရွာတည်းနေ ဦးဖိုးကို(ခ)ဦးမြင့်ကို(၅၇)နှစ်၏ နေအိမ်အဖီအား မီးရှို့ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် ၄၅ လုံး၊ လယ်ထွန်စက် ၁ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ ၅နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် ဝင်းဇော်လင်းအား တောချောင်းဦးနယ်မြေရဲစခန်း(ပ)၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှို့မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်

ျမင္းမူၿမိဳ႕နယ္၌ အရက္ေၾကာင္ၿပီး ေနအိမ္အား မီးရႈိ႕ရာမွ ေနအိမ္ ၄၅ လုံး မီးေလာင္ဆုံးရႈံး ျမင္းမူၿမိဳ႕နယ္၌ အရက္ေၾကာင္ၿပီး ေနအိမ္အား မီးရႈိ႕ရာမွ ေနအိမ္ ၄၅ လုံး မီးေလာင္ဆုံးရႈံး Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.