စကၤာပူ ျပည္ေတာ္ျပန္ ဒုတိယ အသုတ္ ၁၄၀ ေက်ာ္ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ျပန္လည္ ေရာက္ရွိ


(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကမာၻ႔ ကပ္ေရာဂါ ကာလ အတြင္း ႏိုင္ငံတကာ ခရီးသည္တင္ ေလယာဥ္ မ်ား ပ်ံသန္းမႈ ယာယီ ရပ္ဆိုင္းထားလို႔ စကၤာပူ ႏိုင္ငံမွာ အခက္အခဲေတြ႕ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံသား ၁၄၄ ဦးကို ဒုတိယ အသုတ္ အျဖစ္ ျပန္လည္ ေခၚေဆာင္ ႏိုင္ခဲ့တယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

သူတို႔ဟာ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္း ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ေမလ ၉ ရက္ေန႔ မြန္းလြဲပိုင္း ၃ နာရီ ဝန္းက်င္မွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ျပန္လည္ ေရာက္ရွိခဲ့ၾကပါတယ္။

သူတို႔ဟာ သီးျခား သတ္မွတ္ထားတဲ့ ေနရာ သို႔မဟုတ္ ဟိုတယ္ ေတြမွာ ၂၁ ရက္ တာ အသြားအလာ ကန႔္သတ္ ေနထိုင္ရမွာ ျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၇ ရက္ေန႔က လည္း ပထမအသုတ္ အျဖစ္ စကၤာပူ ေရာက္ ျမန္မာႏိုင္ငံသား ၁၄၄ ဦး ျပန္လည္ေခၚေဆာင္ခဲ့ၿပီး လာမယ့္ ေမလ ၁၃ ရက္ေန႔မွာလည္း တတိယ အသုတ္ အျဖစ္ လူ ၁၄၀ ေက်ာ္ ျပန္လည္ေခၚေဆာင္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

BBC Burmese
------------------------------
(Unicode)⤵⤵⤵
စင်္ကာပူ ပြည်တော်ပြန် ဒုတိယ အသုတ် ၁၄၀ ကျော် ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည် ရောက်ရှိ

ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကာလ အတွင်း နိုင်ငံတကာ ခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားလို့ စင်္ကာပူ နိုင်ငံမှာ အခက်အခဲတွေ့ကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၄၄ ဦးကို ဒုတိယ အသုတ် အဖြစ် ပြန်လည် ခေါ်ဆောင် နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သူတို့ဟာ မြန်မာအမျိုးသား လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်နဲ့ မေလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ဝန်းကျင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိခဲ့ကြပါတယ်။

သူတို့ဟာ သီးခြား သတ်မှတ်ထားတဲ့ နေရာ သို့မဟုတ် ဟိုတယ် တွေမှာ ၂၁ ရက် တာ အသွားအလာ ကန့်သတ် နေထိုင်ရမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က လည်း ပထမအသုတ် အဖြစ် စင်္ကာပူ ရောက် မြန်မာနိုင်ငံသား ၁၄၄ ဦး ပြန်လည်ခေါ်ဆောင်ခဲ့ပြီး လာမယ့် မေလ ၁၃ ရက်နေ့မှာလည်း တတိယ အသုတ် အဖြစ် လူ ၁၄၀ ကျော် ပြန်လည်ခေါ်ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

BBC Burmese
https://www.facebook.com/BBCnewsBurmese/
စကၤာပူ ျပည္ေတာ္ျပန္ ဒုတိယ အသုတ္ ၁၄၀ ေက်ာ္ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ျပန္လည္ ေရာက္ရွိ စကၤာပူ ျပည္ေတာ္ျပန္ ဒုတိယ အသုတ္ ၁၄၀ ေက်ာ္ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ျပန္လည္ ေရာက္ရွိ Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.