အေရွ႕အလယ္ပိုင္းေရာက္ ျမန္မာေတြ ျပည္ေတာ္ျပန္ႏိုင္ေတာ့မယ္

ရန္ကုန္ ေလဆိပ္ က ခရီးသည္ ေလယာဥ္ဆိုက္ေရာက္ခြင့္ကို ကန္႔သတ္ထား
(Zawgyi)⤵⤵⤵
အေရွ႕အလယ္ပိုင္းေဒသမွာ ျမန္မာႏိုင္ငံကို ျပန္ခ်င္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားေနတဲ့အေရးေၾကာင့္ သယ္ယူပို႔ေဆာင္ေရးေတြမရွိလို႔ ျပန္လို႔မရဘဲ အခက္အခဲျဖစ္ေနတဲ့ ျမန္မာ ႏိုင္ငံသား ၁၅၀ နီးပါးေလာက္ဟာ ေမလ ၁၀ ရက္ တနဂၤေႏြေန႔မွာ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ (UAE) ရဲ႕ ဒူဘိုင္းၿမိဳ႕ကေန ေလယာဥ္နဲ႔ ျမန္မာႏိုင္ငံကို ျပန္လာေတာ့မွာပါ။

ေဆာ္ဒီအာေရးဗီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက စီစဥ္ေပးမႈအရ FlyDubai ေလေၾကာင္းလိုင္းနဲ႔ ေမလ ၁၀ ရက္ မွာ ျမန္မာျပည္ကို ျပန္ၾကမယ့္ ျမန္မာႏိုင္ငံသား စုစုေပါင္း ၁၄၉ ေယာက္ရွိပါတယ္။

သူတို႔ေတြဟာ ယူေအအီးကို ေရာက္ေနတဲ့ ျမန္မာသေဘၤာသား ၃၃ ေယာက္ နဲ႔ ယူေအအီးႏိုင္ငံမွာ ရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျဖစ္တယ္လို႔ ရီးယာ့ဒ္က ျမန္မာသံမႉး ဦးေဇယ်ာမ်ိဳးျမင့္က ဘီဘီစီကို ေျပာပါတယ္။

ယူေအအီး အပါအဝင္ ဘာရိန္း၊ အိုမန္၊ ကာတာ စတဲ့ႏိုင္ငံေတြေရာက္ ျမန္မာေတြ အတြက္ပါ ျပည္ေတာ္ျပန္ႏိုင္ေရးအတြက္ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံ ရီးယာ့ဒ္ၿမိဳ႕က ျမန္မာသံ႐ုံးက စီစဥ္ေဆာင္႐ြက္ေပးေနပါတယ္။

ဘာရိန္းက ျမန္မာႏိုင္ငံသား ၁၄ ဦး၊ အိုမန္က ၅ ဦးနဲ႔ ကာတာက လူ ၆၀ ဦး ဝန္းက်င္ေလာက္ကလည္း ျမန္မာႏိုင္ငံကို ျပန္ခ်င္တဲ့အတြက္ သူတို႔ကို ဆက္သြယ္ေနတယ္လို႔ ဦးေဇယ်ာမ်ိဳးျမင့္က ဆိုပါတယ္။

ဒါ့အျပင္ ေဆာ္ဒီ က မကၠာ၊ မဒီနာ စတဲ့ၿမိဳ႕ေတြမွာ ဘာသာေရးဆိုင္ရာ ပညာေတြသင္ၾကားေနတဲ့ ေက်ာင္းသား ၁၄ ေယာက္ရွိၿပီး ျပန္ခ်င္ရင္ စီစဥ္ေပးႏိုင္ေၾကာင္း အဲဒီ ေက်ာင္းသားေတြကို ဆက္သြယ္အေၾကာင္းၾကားထားေၾကာင္းလည္း သူက ေျပာျပပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္အေရးေၾကာင့္ ေလဆိပ္ေတြပိတ္တာ၊ ေလေၾကာင္းလိုင္းေတြ ရပ္ဆိုင္းကုန္တာေတြ ျဖစ္ခဲ့ၾကၿပီးတဲ့ေနာက္ ကိုယ့္တိုင္းျပည္ျပန္မေရာက္ႏိုင္ဘဲ တျခားေနရာေတြမွာ ေသာင္တင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အမ်ားအျပားပါ။

ဒီကပ္ေရာဂါကာလအတြင္း အလုပ္ေတြ ရပ္ဆိုင္းကုန္တာေတြေၾကာင့္လည္း ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြ တျခားႏိုင္ငံေတြမွာ ေသာင္တင္ေနၾကတဲ့ သတင္းေတြလည္း အမ်ားအျပားေပၚထြက္ခဲ့ပါတယ္။
အန္ခြၽန္းေလဆိပ္ ကေန ျပန္လာမယ့္ ျမန္မာ အဖြဲ႕
အေရွ႕အလယ္ပိုင္းႏိုင္ငံေတြမွာ ျမန္မာေတြသြားအလုပ္လုပ္ၾကတာ အမ်ားအျပားရွိေနၿပီး ေဆာ္ဒီက ျမန္မာသံမႉးက သူတို႔သိသေလာက္ ေဆာ္ဒီမွာ ၁၁၉ ေယာက္၊ ဘာရိန္းမွာ အေယာက္ ၂၀၀ ဝန္းက်င္၊ အိုမန္မွာ အေယာက္ ၁၆၀ ဝန္းက်င္၊ ကာတာမွာ အေယာက္ ၈၀၀ နဲ႔ ၁၀၀၀ ၾကား၊ ယူေအအီးမွာ အေယာက္ ၄ ေထာင္နဲ႔ ၅ေထာင္ၾကား ရွိတယ္လို႔ ဆိုပါတယ္။

အခု ေလယာဥ္နဲ႔ျပန္မယ့္အစီအစဥ္ဟာ ကမာၻ႔ကပ္ေၾကာင့္ အိမ္မျပန္ႏိုင္တဲ့ အေရွ႕အလယ္ပိုင္းက ျပန္မယ့္ ျမန္မာေတြ အတြက္ ပထမဆုံး ေလေၾကာင္းခရီးစဥ္ပါ။

ေလယာဥ္စရိတ္ကိုေတာ့ သက္ဆိုင္ရာ ကာယကံရွင္က စိုက္ထုတ္ရမွာပါ။

ဦးေဇယ်ာမ်ိဳးျမင့္က အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း MAI က အိႏၵိယ၊ ထိုင္း၊ ေတာင္ကိုရီးယား တို႔ကေန ျမန္မာေတြကို ျပန္သယ္ေဆာင္ေပးတာေတြ ရွိေနတယ္၊ တကယ္လို႔ အဲဒီကိုသြားၿပီး ျမန္မာျပည္ကို ျပန္ခ်င္သူေတြ အတြက္လည္း သူတို႔အဲဒီက ျမန္မာသံ႐ုံးေတြကတဆင့္ စီစဥ္ေပးေနတယ္လို႔ ေျပာပါတယ္။

အခုလို ယူေအအီးက ျပန္လာမယ့္သူေတြ ျမန္မာႏိုင္ငံေလဆိပ္ကို ေရာက္ရင္ အစိုးရကစီစဥ္ေပးတဲ့ ေနရာမွာျဖစ္စစ္၊ ကိုယ္ကိုယ္တိုင္က တတ္ႏိုင္လို႔ ငွားေနတဲ့ ဟိုတယ္ခန္းမွာျဖစ္ေစ ၂၁ ရက္ၾကာ ကြာရန္တင္း ဝင္ရမွာျဖစ္ၿပီး၊ အဲဒီေနာက္ပိုင္း အိမ္ကမထြက္ဘဲ ေနာက္ထပ္ ၇ ရက္ ကြာရန္တင္း ဝင္ဖို႔ကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက လမ္းၫႊန္ထားတယ္လို႔လည္း သူက ေျပာပါတယ္။

အခုလိုႏိုင္ငံတကာမွာ ေသာင္တင္ပိတ္မိေနတဲ့ ႏိုင္ငံသားေတြကို ျပန္လည္သယ္ေဆာင္ေခၚယူဖို႔ ျမန္မာအစိုးရက ဒီလအဆန္းပိုင္းကတည္းက စတင္လုပ္ေဆာင္ေနၿပီး၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ကျမန္မာအခ်ိဳ႕ကို ျပန္လည္ေခၚေဆာင္ခဲ့ပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
အရှေ့အလယ်ပိုင်းရောက် မြန်မာတွေ ပြည်တော်ပြန်နိုင်တော့မယ်

အရှေ့အလယ်ပိုင်းဒေသမှာ မြန်မာနိုင်ငံကို ပြန်ချင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေတဲ့အရေးကြောင့် သယ်ယူပို့ဆောင်ရေးတွေမရှိလို့ ပြန်လို့မရဘဲ အခက်အခဲဖြစ်နေတဲ့ မြန်မာ နိုင်ငံသား ၁၅၀ နီးပါးလောက်ဟာ မေလ ၁၀ ရက် တနင်္ဂနွေနေ့မှာ အာရပ်စော်ဘွားများနိုင်ငံ (UAE) ရဲ့ ဒူဘိုင်းမြို့ကနေ လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လာတော့မှာပါ။

ဆော်ဒီအာရေးဗီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စီစဉ်ပေးမှုအရ FlyDubai လေကြောင်းလိုင်းနဲ့ မေလ ၁၀ ရက် မှာ မြန်မာပြည်ကို ပြန်ကြမယ့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၄၉ ယောက်ရှိပါတယ်။

သူတို့တွေဟာ ယူအေအီးကို ရောက်နေတဲ့ မြန်မာသင်္ဘောသား ၃၃ ယောက် နဲ့ ယူအေအီးနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ရီးယာ့ဒ်က မြန်မာသံမှူး ဦးဇေယျာမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

ယူအေအီး အပါအဝင် ဘာရိန်း၊ အိုမန်၊ ကာတာ စတဲ့နိုင်ငံတွေရောက် မြန်မာတွေ အတွက်ပါ ပြည်တော်ပြန်နိုင်ရေးအတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီးယာ့ဒ်မြို့က မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

ဘာရိန်းက မြန်မာနိုင်ငံသား ၁၄ ဦး၊ အိုမန်က ၅ ဦးနဲ့ ကာတာက လူ ၆၀ ဦး ဝန်းကျင်လောက်ကလည်း မြန်မာနိုင်ငံကို ပြန်ချင်တဲ့အတွက် သူတို့ကို ဆက်သွယ်နေတယ်လို့ ဦးဇေယျာမျိုးမြင့်က ဆိုပါတယ်။

ဒါ့အပြင် ဆော်ဒီ က မက္ကာ၊ မဒီနာ စတဲ့မြို့တွေမှာ ဘာသာရေးဆိုင်ရာ ပညာတွေသင်ကြားနေတဲ့ ကျောင်းသား ၁၄ ယောက်ရှိပြီး ပြန်ချင်ရင် စီစဉ်ပေးနိုင်ကြောင်း အဲဒီ ကျောင်းသားတွေကို ဆက်သွယ်အကြောင်းကြားထားကြောင်းလည်း သူက ပြောပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေးကြောင့် လေဆိပ်တွေပိတ်တာ၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းကုန်တာတွေ ဖြစ်ခဲ့ကြပြီးတဲ့နောက် ကိုယ့်တိုင်းပြည်ပြန်မရောက်နိုင်ဘဲ တခြားနေရာတွေမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားပါ။

ဒီကပ်ရောဂါကာလအတွင်း အလုပ်တွေ ရပ်ဆိုင်းကုန်တာတွေကြောင့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တခြားနိုင်ငံတွေမှာ သောင်တင်နေကြတဲ့ သတင်းတွေလည်း အများအပြားပေါ်ထွက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ မြန်မာတွေသွားအလုပ်လုပ်ကြတာ အများအပြားရှိနေပြီး ဆော်ဒီက မြန်မာသံမှူးက သူတို့သိသလောက် ဆော်ဒီမှာ ၁၁၉ ယောက်၊ ဘာရိန်းမှာ အယောက် ၂၀၀ ဝန်းကျင်၊ အိုမန်မှာ အယောက် ၁၆၀ ဝန်းကျင်၊ ကာတာမှာ အယောက် ၈၀၀ နဲ့ ၁၀၀၀ ကြား၊ ယူအေအီးမှာ အယောက် ၄ ထောင်နဲ့ ၅ထောင်ကြား ရှိတယ်လို့ ဆိုပါတယ်။

အခု လေယာဉ်နဲ့ပြန်မယ့်အစီအစဉ်ဟာ ကမ္ဘာ့ကပ်ကြောင့် အိမ်မပြန်နိုင်တဲ့ အရှေ့အလယ်ပိုင်းက ပြန်မယ့် မြန်မာတွေ အတွက် ပထမဆုံး လေကြောင်းခရီးစဉ်ပါ။

လေယာဉ်စရိတ်ကိုတော့ သက်ဆိုင်ရာ ကာယကံရှင်က စိုက်ထုတ်ရမှာပါ။

ဦးဇေယျာမျိုးမြင့်က အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI က အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယား တို့ကနေ မြန်မာတွေကို ပြန်သယ်ဆောင်ပေးတာတွေ ရှိနေတယ်၊ တကယ်လို့ အဲဒီကိုသွားပြီး မြန်မာပြည်ကို ပြန်ချင်သူတွေ အတွက်လည်း သူတို့အဲဒီက မြန်မာသံရုံးတွေကတဆင့် စီစဉ်ပေးနေတယ်လို့ ပြောပါတယ်။

အခုလို ယူအေအီးက ပြန်လာမယ့်သူတွေ မြန်မာနိုင်ငံလေဆိပ်ကို ရောက်ရင် အစိုးရကစီစဉ်ပေးတဲ့ နေရာမှာဖြစ်စစ်၊ ကိုယ်ကိုယ်တိုင်က တတ်နိုင်လို့ ငှားနေတဲ့ ဟိုတယ်ခန်းမှာဖြစ်စေ ၂၁ ရက်ကြာ ကွာရန်တင်း ဝင်ရမှာဖြစ်ပြီး၊ အဲဒီနောက်ပိုင်း အိမ်ကမထွက်ဘဲ နောက်ထပ် ၇ ရက် ကွာရန်တင်း ဝင်ဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတယ်လို့လည်း သူက ပြောပါတယ်။

အခုလိုနိုင်ငံတကာမှာ သောင်တင်ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ပြန်လည်သယ်ဆောင်ခေါ်ယူဖို့ မြန်မာအစိုးရက ဒီလအဆန်းပိုင်းကတည်းက စတင်လုပ်ဆောင်နေပြီး၊ ဂျပန်နဲ့ တောင်ကိုရီးယား ကမြန်မာအချို့ကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52600119
အေရွ႕အလယ္ပိုင္းေရာက္ ျမန္မာေတြ ျပည္ေတာ္ျပန္ႏိုင္ေတာ့မယ္ အေရွ႕အလယ္ပိုင္းေရာက္ ျမန္မာေတြ ျပည္ေတာ္ျပန္ႏိုင္ေတာ့မယ္ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.