အပူဒဏ္ အႏၲရာယ္ သတိထားဖို႔ က်န္းမာေရးဌာန သတိေပး

(Zawgyi)⤵⤵⤵
မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ေမလ ဒုတိယ ၁၀ ရက္အတြက္ ခန႔္မွန္းထုတ္ျပန္ခ်က္မွာ ကခ်င္ျပည္နယ္ကလြဲၿပီး က်န္တိုင္းနဲ႔ ျပည္နယ္ေတြမွာ ပုံမွန္အပူခ်ိန္ထက္ ၁ ဒႆမ ၅ ဒီဂရီ စင္တီဂရိတ္အထက္ ပိုႏိုင္တယ္လို႔ ေျပာထားပါတယ္။

ေန႔အပူခ်ိန္ ျမင့္တက္တာနဲ႔အတူ ညအပူခ်ိန္ေတြလည္း ျမင့္တက္ေနတယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

"ေရခိုးေရေငြ႕ရွိေပမယ့္ မိုး႐ြာေလာက္ေအာင္ အလုံေလာက္မရွိဘူး။ ေန႔ခင္းဘက္မွာ ပူထားတဲ့အပူရွိန္ကို ေျမႀကီးကေန စုပ္ယူထားေတာ့ ညဘက္မွာ ထုတ္ေပးတယ္။ ဒါေတြေၾကာင့္ ေန႔ဘက္ေရာ ညဘက္ေရာ အပူရွိန္ကို သိသိသာသာ ခံစားေနရတာရွိပါတယ္။"

အပူခ်ိန္ ျမင့္တက္တာေတြေၾကာင့္ ဂနာမၿငိမ္တာ၊ ေခါင္းမူး ေခါင္းေနာက္ျဖစ္တာ၊ ႂကြက္တက္တာ၊ ႏုံးခ်ိေပ်ာ့ေခြတာ၊ ခႏၶာကိုယ္ အပူခ်ိန္တက္တာ၊ ေခြၽးခမ္းေျခာက္တာ၊ ကေယာင္ကတမ္းျဖစ္တာ၊ သတိလစ္တာေတြ ျဖစ္တတ္တယ္လို႔ က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ထားတာပါ။

လူတစ္ေယာက္ရဲ႕ ခံႏိုင္ရည္အပူခ်ိန္ဟာ ၃၇ ဒီဂရီ စင္တီဂရိတ္ျဖစ္ၿပီး ဒီထက္ပိုမ်ားတဲ့ အပူခ်ိန္ေရာက္ရင္ ကိုယ္လက္ မအီမသာတာေတြ ျဖစ္ႏိုင္တာကေန အသက္အႏၲရာယ္အထိ ထိခိုက္ႏိုင္တယ္လို႔  အေထြေထြေရာဂါကု ဆရာဝန္ ဦးေက်ာ္စြာဦးက ေျပာပါတယ္။

"ဒီလို ရာသီဥတုျမင့္တက္လာတဲ့အခ်ိန္မွာ ေဆး႐ုံေတြကို ကိုယ္အပူခ်ိန္ ၁၀၄၊ ၁၀၅ နဲ႔ေရာက္လာတတ္တယ္။ အပူရွပ္သလိုျဖစ္ၿပီး ေရာက္လာၾကတယ္။ ၁၀၅ ဆို ထိန္းႏိုင္ဖို႔ခက္သြားၿပီ။ ခက္သြားၿပီဆိုတာက အဲဒီအခ်ိန္မွာ ကုသမႈမခံယူဘူးဆိုရင္ အသက္အႏၲရာယ္ရွိတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ခႏၶာကိုယ္က ဒါကို မထိန္းႏိုင္ ေတာ့ဘူး။"

ေန႔အခ်ိန္မွာ ရာသီဥတုပူျပင္းတာေၾကာင့္ တေန႔လုံးလိုလို ေခြၽးေတြထြက္ေနၿပီး ႏုံးခ်ိေနသလို ခံစားၾကရပါတယ္။ ညအခ်ိန္မွာလည္း ပူအိုက္ေနတာေၾကာင့္ အိပ္မရတာေတြလည္းရွိပါတယ္။

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕တစ္ခုျဖစ္တဲ့ ျမန္မာ့အစိမ္းေရာင္ကြန္ရက္က အသက္ ၇၀ ေက်ာ္အ႐ြယ္ ေဒၚေဒဝီသန႔္စင္ကေတာ့ က်န္းမာေရးအတြက္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ရွမ္းျပည္နယ္ဘက္ကို အပူေရွာင္ဖို႔ သြားေနျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ ခရီးသြားလို႔ မရတဲ့အတြက္ အိမ္မွာပဲေနျဖစ္တယ္လို႔ ေျပာပါတယ္။

"အိမ္မွာပဲ။ ရွမ္းျပည္သြားမလို႔ဟာကို မသြားလိုက္ရဘူး။ အိမ္ကအခန္းေလးထဲမွာပဲ ေနရတာေပါ့။ ေန႔ခင္းဘက္ဆို တအားပူတာပဲ။ ေဒၚေလးကလည္း အဲယားကြန္း ႀကိဳက္တဲ့သူမဟုတ္ဘူးေလ။ သဘာဝေလကို ႀကိဳက္တာ။ ဒါေပမဲ့ မတတ္နိင္ဘူး။ အပူက ပူလြန္းအားႀကီးေတာ့ ေခြၽးေတြက တအားထြက္တာ၊ အဲဒါကို ေၾကာက္လြန္းအားႀကီးလို႔"

အခုခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္တာေတြ ျမန္မာႏိုင္ငံမွာလည္း ရွိေနတာေၾကာင့္ အကာကြယ္ဝတ္စုံ PPE ဝတ္ဆင္ထားရသူေတြ ရွိၾကပါတယ္။ ျပင္ပအပူခ်ိန္ ျမင့္ေနတဲ့အခ်ိန္မွာ အဲဒီဝတ္စုံ ဝတ္ထားတာကေန ျပန္ခြၽတ္လိုက္တဲ့အခါမွာ ေခြၽးေတြက ေရခ်ိဳးေနသလိုပဲလို႔ ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေပးေနတဲ့ ကိုဟန္လင္းထြန္းက ေျပာပါတယ္။

"ပီပီအီးဝတ္တဲ့အခ်ိန္မွာ အရမ္းပူပါတယ္။ ခႏၶာကိုယ္တစ္ခုလုံးက ေခြၽးေတြက စို႐ြဲေနၿပီ။ ေရပက္လိုက္တဲ့အတိုင္းပဲ။"

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ေတြက အပူခ်ိန္ျမင့္တက္တဲ့ အခုလို ကာလမ်ိဳးမွာဆိုရင္ မေကြး၊ မႏၲေလး၊ စစ္ကိုင္း၊ ပဲခူး အပါအဝင္ တခ်ိဳ႕တိုင္းနဲ႔ျပည္နယ္ေတြက အရိပ္ရတဲ့ သစ္ပင္ေအာက္ေတြ၊ ဓမၼာ႐ုံေတြမွာ အပူေရွာင္စခန္းေတြ ဖြင့္ၿပီး သက္ႀကီး႐ြယ္အိုေတြကို သက္ေတာင့္သက္သာရွိေအာင္ ထားၾကပါတယ္။ ဒီႏွစ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူစုလူေဝးကို တားျမစ္ထားတဲ့အတြက္ ေလေအးေပးစက္မတပ္ႏိုင္၊ ပန္ကာေတာင္ မတပ္ႏိုင္တဲ့ သက္ႀကီး႐ြယ္အိုနဲ႔ ကေလးေတြအတြက္ အပူဒဏ္ေရွာင္ၿပီး သက္ေတာင့္သက္သာေနဖို႔ မလြယ္ကူပါဘူး။

မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕နယ္ဟာဆိုရင္ မႏွစ္ကအပူခ်ိန္ကို စံခ်ိန္ခ်ိဳးၿပီး စံခ်ိန္သစ္တင္တဲ့ၿမိဳ႕တစ္ခုပါ။ ဒါေၾကာင့္သက္ႀကီး႐ြယ္အိုနဲ႔ ကေလးေတြအတြက္ အပူဒဏ္ေရွာင္လို႔ရေအာင္ စည္းေဝးတိုင္ပင္ေနတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးဝင္းက ေျပာပါတယ္။

"ၿမိဳ႕ေပၚမွာလည္း သက္ႀကီး႐ြယ္အိုေတြ နားခိုႏိုင္ေအာင္ ေနရာေလးေတြ စီစဥ္မွာေပါ့ ။ မႏွစ္က ပုံစံမ်ိဳးေပါ့။ တေနရာတည္းမွာ စုဖို႔ဆိုတာ လက္ရွိအေနထားမွာ မျဖစ္ေတာ့ေလ။ ေအးေအးလူလူ ေနရာေတြမွာ ေနခ်င္တဲ့သူေတြကို ခြဲေပးႏိုင္ဖို႔၊ ဥပမာ ဓမၼာ႐ုံေတြမွာ၊ ဇရပ္မွာ ႏွစ္ေယာက္ အဲလိုေလးေတြ နားခိုခ်င္တဲ့ သူေတြရွိရင္ ရပ္ေက်းေတြကို စာရင္းေပးၿပီး ဝိုင္းစီစဥ္ဖို႔ စဥ္းစားထားတာေပါ့"

သက္ႀကီး႐ြယ္အိုနဲ႔ ကေလးေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ခုခံအားနည္းတဲ့ ေရာဂါရွိသူေတြ၊ ကင္ဆာေဝဒနာ ရွိသူေတြဟာ ထိခိုက္လြယ္တဲ့သူေတြ ျဖစ္တာေၾကာင့္ သတိထားဖို႔လိုတယ္လို႔လည္း က်န္းမာေရးဆိုင္ရာ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ေနပူထဲ သြားလာတာေတြကို အတတ္ႏိုင္ဆုံး ေရွာင္ရွားၿပီး အရိပ္ရတဲ့ေနရာေတြမွာေနထိုင္ဖို႔၊ အျပင္သြားရင္ ပြပြေခ်ာင္ေခ်ာင္ ခ်ည္ထည္ေတြဝတ္၊ ဦးထုတ္၊ ထီး ေဆာင္းဖို႔၊ ေရမ်ားမ်ားေသာက္ဖို႔နဲ႔ အပူဒဏ္ေၾကာင့္ သတိလစ္တာေတြ ျဖစ္ရင္ေတာ့ ေဆး႐ုံေဆးခန္းကို ခ်က္ခ်င္းပို႔ေပးဖို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ဇာဏီထြဏ္း / RFA Burmese
----------------------------------------

(Unicode)⤵⤵⤵
အပူဒဏ် အန္တရာယ် သတိထားဖို့ ကျန်းမာရေးဌာန သတိပေး

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ဒုတိယ ၁၀ ရက်အတွက် ခန့်မှန်းထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ပုံမှန်အပူချိန်ထက် ၁ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်အထက် ပိုနိုင်တယ်လို့ ပြောထားပါတယ်။

နေ့အပူချိန် မြင့်တက်တာနဲ့အတူ ညအပူချိန်တွေလည်း မြင့်တက်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ရေခိုးရေငွေ့ရှိပေမယ့် မိုးရွာလောက်အောင် အလုံလောက်မရှိဘူး။ နေ့ခင်းဘက်မှာ ပူထားတဲ့အပူရှိန်ကို မြေကြီးကနေ စုပ်ယူထားတော့ ညဘက်မှာ ထုတ်ပေးတယ်။ ဒါတွေကြောင့် နေ့ဘက်ရော ညဘက်ရော အပူရှိန်ကို သိသိသာသာ ခံစားနေရတာရှိပါတယ်။"

အပူချိန် မြင့်တက်တာတွေကြောင့် ဂနာမငြိမ်တာ၊ ခေါင်းမူး ခေါင်းနောက်ဖြစ်တာ၊ ကြွက်တက်တာ၊ နုံးချိပျော့ခွေတာ၊ ခန္ဓာကိုယ် အပူချိန်တက်တာ၊ ချွေးခမ်းခြောက်တာ၊ ကယောင်ကတမ်းဖြစ်တာ၊ သတိလစ်တာတွေ ဖြစ်တတ်တယ်လို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

လူတစ်ယောက်ရဲ့ ခံနိုင်ရည်အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ဒီထက်ပိုများတဲ့ အပူချိန်ရောက်ရင် ကိုယ်လက် မအီမသာတာတွေ ဖြစ်နိုင်တာကနေ အသက်အန္တရာယ်အထိ ထိခိုက်နိုင်တယ်လို့  အထွေထွေရောဂါကု ဆရာဝန် ဦးကျော်စွာဦးက ပြောပါတယ်။

"ဒီလို ရာသီဥတုမြင့်တက်လာတဲ့အချိန်မှာ ဆေးရုံတွေကို ကိုယ်အပူချိန် ၁၀၄၊ ၁၀၅ နဲ့ရောက်လာတတ်တယ်။ အပူရှပ်သလိုဖြစ်ပြီး ရောက်လာကြတယ်။ ၁၀၅ ဆို ထိန်းနိုင်ဖို့ခက်သွားပြီ။ ခက်သွားပြီဆိုတာက အဲဒီအချိန်မှာ ကုသမှုမခံယူဘူးဆိုရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်က ဒါကို မထိန်းနိုင် တော့ဘူး။"

နေ့အချိန်မှာ ရာသီဥတုပူပြင်းတာကြောင့် တနေ့လုံးလိုလို ချွေးတွေထွက်နေပြီး နုံးချိနေသလို ခံစားကြရပါတယ်။ ညအချိန်မှာလည်း ပူအိုက်နေတာကြောင့် အိပ်မရတာတွေလည်းရှိပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့အစိမ်းရောင်ကွန်ရက်က အသက် ၇၀ ကျော်အရွယ် ဒေါ်ဒေဝီသန့်စင်ကတော့ ကျန်းမာရေးအတွက် ပြီးခဲ့တဲ့နှစ်တွေမှာ ရှမ်းပြည်နယ်ဘက်ကို အပူရှောင်ဖို့ သွားနေဖြစ်ပေမယ့် ဒီနှစ်မှာတော့ ခရီးသွားလို့ မရတဲ့အတွက် အိမ်မှာပဲနေဖြစ်တယ်လို့ ပြောပါတယ်။

"အိမ်မှာပဲ။ ရှမ်းပြည်သွားမလို့ဟာကို မသွားလိုက်ရဘူး။ အိမ်ကအခန်းလေးထဲမှာပဲ နေရတာပေါ့။ နေ့ခင်းဘက်ဆို တအားပူတာပဲ။ ဒေါ်လေးကလည်း အဲယားကွန်း ကြိုက်တဲ့သူမဟုတ်ဘူးလေ။ သဘာဝလေကို ကြိုက်တာ။ ဒါပေမဲ့ မတတ်နိင်ဘူး။ အပူက ပူလွန်းအားကြီးတော့ ချွေးတွေက တအားထွက်တာ၊ အဲဒါကို ကြောက်လွန်းအားကြီးလို့"

အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ မြန်မာနိုင်ငံမှာလည်း ရှိနေတာကြောင့် အကာကွယ်ဝတ်စုံ PPE ဝတ်ဆင်ထားရသူတွေ ရှိကြပါတယ်။ ပြင်ပအပူချိန် မြင့်နေတဲ့အချိန်မှာ အဲဒီဝတ်စုံ ဝတ်ထားတာကနေ ပြန်ချွတ်လိုက်တဲ့အခါမှာ ချွေးတွေက ရေချိုးနေသလိုပဲလို့ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေတဲ့ ကိုဟန်လင်းထွန်းက ပြောပါတယ်။

"ပီပီအီးဝတ်တဲ့အချိန်မှာ အရမ်းပူပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးတွေက စိုရွဲနေပြီ။ ရေပက်လိုက်တဲ့အတိုင်းပဲ။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေက အပူချိန်မြင့်တက်တဲ့ အခုလို ကာလမျိုးမှာဆိုရင် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး အပါအဝင် တချို့တိုင်းနဲ့ပြည်နယ်တွေက အရိပ်ရတဲ့ သစ်ပင်အောက်တွေ၊ ဓမ္မာရုံတွေမှာ အပူရှောင်စခန်းတွေ ဖွင့်ပြီး သက်ကြီးရွယ်အိုတွေကို သက်တောင့်သက်သာရှိအောင် ထားကြပါတယ်။ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးကို တားမြစ်ထားတဲ့အတွက် လေအေးပေးစက်မတပ်နိုင်၊ ပန်ကာတောင် မတပ်နိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အပူဒဏ်ရှောင်ပြီး သက်တောင့်သက်သာနေဖို့ မလွယ်ကူပါဘူး။

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ဟာဆိုရင် မနှစ်ကအပူချိန်ကို စံချိန်ချိုးပြီး စံချိန်သစ်တင်တဲ့မြို့တစ်ခုပါ။ ဒါကြောင့်သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အပူဒဏ်ရှောင်လို့ရအောင် စည်းဝေးတိုင်ပင်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။

"မြို့ပေါ်မှာလည်း သက်ကြီးရွယ်အိုတွေ နားခိုနိုင်အောင် နေရာလေးတွေ စီစဉ်မှာပေါ့ ။ မနှစ်က ပုံစံမျိုးပေါ့။ တနေရာတည်းမှာ စုဖို့ဆိုတာ လက်ရှိအနေထားမှာ မဖြစ်တော့လေ။ အေးအေးလူလူ နေရာတွေမှာ နေချင်တဲ့သူတွေကို ခွဲပေးနိုင်ဖို့၊ ဥပမာ ဓမ္မာရုံတွေမှာ၊ ဇရပ်မှာ နှစ်ယောက် အဲလိုလေးတွေ နားခိုချင်တဲ့ သူတွေရှိရင် ရပ်ကျေးတွေကို စာရင်းပေးပြီး ဝိုင်းစီစဉ်ဖို့ စဉ်းစားထားတာပေါ့"

သက်ကြီးရွယ်အိုနဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ခုခံအားနည်းတဲ့ ရောဂါရှိသူတွေ၊ ကင်ဆာဝေဒနာ ရှိသူတွေဟာ ထိခိုက်လွယ်တဲ့သူတွေ ဖြစ်တာကြောင့် သတိထားဖို့လိုတယ်လို့လည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နေပူထဲ သွားလာတာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး အရိပ်ရတဲ့နေရာတွေမှာနေထိုင်ဖို့၊ အပြင်သွားရင် ပွပွချောင်ချောင် ချည်ထည်တွေဝတ်၊ ဦးထုတ်၊ ထီး ဆောင်းဖို့၊ ရေများများသောက်ဖို့နဲ့ အပူဒဏ်ကြောင့် သတိလစ်တာတွေ ဖြစ်ရင်တော့ ဆေးရုံဆေးခန်းကို ချက်ချင်းပို့ပေးဖို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/myanamar-heat-warning-05092020055929.html
အပူဒဏ္ အႏၲရာယ္ သတိထားဖို႔ က်န္းမာေရးဌာန သတိေပး အပူဒဏ္ အႏၲရာယ္ သတိထားဖို႔ က်န္းမာေရးဌာန သတိေပး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.