ကိုဗစ္ဟာ လူလုပ္တဲ့ ဗိုင္းရပ္စ္မဟုတ္ဘူးလို႔ အေမရိကန္ေထာက္လွမ္းေရးေတြေျပာ

အေမရိကန္မွာ ခပ္ခြာခြာေနဖို႔ ကန႔္သတ္ခ်က္ရွိထားေပမယ့္ ကယ္လီဖိုးနီးယားက ကမ္းေျခမွာ ၿပီးခဲ့တဲ့စေနေန႔က ေတြ႕ခဲ့ရတဲ့ျမင္ကြင္းပါ။
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ဗိုင္းရပ္စ္ဟာ လူေတြက တမင္ဖန္တီးထားတဲ့ ဗိုင္းရပ္စ္မဟုတ္သလို မ်ိဳးဗီဇအရ ျပဳျပင္ထားတဲ့ ဗိုင္းရပ္စ္လည္းမဟုတ္ဘူးလို႔ အေမရိကန္ ေထာက္လွမ္းေရးေအဂ်င္စီေတြက မွတ္ခ်က္ခ်လိုက္ပါတယ္။

ဒီဗိုင္းရပ္စ္ဟာ ေရာဂါပိုးရွိတဲ့ တရိစာၦန္ေတြကေနကူးစက္တာ ဒါမွမဟုတ္ တ႐ုတ္က ဓာတ္ခြဲစမ္းသပ္ခန္းတစ္ခုကေန မေတာ္တဆထြက္လာ တာလားဆိုတာ စစ္ေဆးေနတုန္းပဲလို႔ အေမရိကန္အမ်ိဳးသားေထာက္လွမ္းေရးဒါ႐ိုက္တာ႐ုံးက ဆိုပါတယ္။
 အေမရိကန္မွာ ဗိုင္းရပ္စ္ကူးစက္သူ တစ္သန္းေက်ာ္သြားခဲ့ပါၿပီ။
တ႐ုတ္ႏိုင္ငံက ဒီဗိုင္းရပ္စ္ကို ဇီဝလက္နက္သဖြယ္ ထုတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကိုေထာက္လွမ္းေရးအဖြဲ႕ေတြက မျဖစ္ႏိုင္ဘူးလို႔ ပယ္ခ်ခဲ့ပါတယ္။

အေမရိကန္သမၼတ ထရမ့္က ဗိုင္းရပ္စ္စတင္ျဖစ္ပြားတဲ့ေနရာနဲ႔ ဗိုင္းရပ္စ္ကို ႏွိမ္နင္းေရး ကိုင္တြယ္ပုံေတြနဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံကို မၾကာခဏ အျပစ္တင္ေနပါတယ္။

ဒီဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွာရွိတဲ့ ဓာတ္ခြဲခန္းတစ္ခုနဲ႔ ဆက္စပ္ေနေၾကာင္း အေထာက္အထားေတြ ေတြ႕ရတယ္လို႔ သူက ေျပာပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်ဟာ လူလုပ်တဲ့ ဗိုင်းရပ်စ်မဟုတ်ဘူးလို့ အမေရိကန်ထောက်လှမ်းရေးတွေပြော

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ လူတွေက တမင်ဖန်တီးထားတဲ့ ဗိုင်းရပ်စ်မဟုတ်သလို မျိုးဗီဇအရ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ်လည်းမဟုတ်ဘူးလို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက မှတ်ချက်ချလိုက်ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့ တရိစ္ဆာန်တွေကနေကူးစက်တာ ဒါမှမဟုတ် တရုတ်က ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုကနေ မတော်တဆထွက်လာ တာလားဆိုတာ စစ်ဆေးနေတုန်းပဲလို့ အမေရိကန်အမျိုးသားထောက်လှမ်းရေးဒါရိုက်တာရုံးက ဆိုပါတယ်။

တရုတ်နိုင်ငံက ဒီဗိုင်းရပ်စ်ကို ဇီဝလက်နက်သဖွယ် ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုထောက်လှမ်းရေးအဖွဲ့တွေက မဖြစ်နိုင်ဘူးလို့ ပယ်ချခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့်က ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့နေရာနဲ့ ဗိုင်းရပ်စ်ကို နှိမ်နင်းရေး ကိုင်တွယ်ပုံတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကို မကြာခဏ အပြစ်တင်နေပါတယ်။

ဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုနဲ့ ဆက်စပ်နေကြောင်း အထောက်အထားတွေ တွေ့ရတယ်လို့ သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52497541
ကိုဗစ္ဟာ လူလုပ္တဲ့ ဗိုင္းရပ္စ္မဟုတ္ဘူးလို႔ အေမရိကန္ေထာက္လွမ္းေရးေတြေျပာ ကိုဗစ္ဟာ လူလုပ္တဲ့ ဗိုင္းရပ္စ္မဟုတ္ဘူးလို႔ အေမရိကန္ေထာက္လွမ္းေရးေတြေျပာ Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.