ကုိရုိနာဗုိင္းရပ္စ္ တရုတ္ဓါတ္ခြဲခန္းက တမင္ထုတ္ခဲ့တဲ့ အေထာက္အထားမေတြ႔ေၾကာင္း ကန္ ေထာက္လွမ္းေရးေျပာ


Zawgyi/Unicode

ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြါးတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္ၿပီး တြက္ဆခ်က္ အမ်ိဳးမ်ိဳး ရွိတဲ့ ထဲက တရုတ္ဓါတ္ခြဲခန္းကေန တမင္ ႀကံစည္ ထုတ္လုပ္ခဲ့တယ္ဆိုတာအတြက္ ခိုင္လံုတဲ့ အေထာက္ထား မေတြ႔ရဘူးလို႔ အေမရိကန္ ေထာက္လွန္းေရးေအဂ်င္စီေတြက ေျပာပါတယ္။

ဒါေပမယ့္ တရုတ္ႏုိင္ငံကေန ဒီေရာဂါ စတင္ျဖစ္ပြါးတာဟာ ေရာဂါပိုးရွိေနတဲ့ တိရိစာၦန္ေတြနဲ႔ ထိေတြ႔တဲ့ လူသားကေနစျဖစ္တာလား Wuhan ဓါတ္ခြဲခန္းက သိပၸံဆိုင္ရာ မေတာ္တဆ ျဖစ္မႈေတြ ကေန စခဲ့တာလား ဆိုတာကိုေတာ့ ဆက္ၿပီး စံုစမ္းစစ္ေဆးေနဆဲ ျဖစ္တယ္လုိ႔ တာဝန္ခံ အရာရွိေတြက ေျပာပါတယ္။

ဆက္လက္စံုစမ္းဆဲ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေမရိကန္ ေထာက္လွန္းေရးဌာန အႀကီးအကဲရံုးက ရွားရွားပါးပါး ထုတ္ျပန္တဲ့ ၾကာသပေတးေန႔ ေၾကညာခ်က္မွာေတာ့ COVID-19 ေရာဂါပိုးဟာ လူကလုပ္တာ ဒါမွမဟုတ္ မ်ိးဗီဇေျပာင္းလဲထားတာမ်ိဳး မဟုတ္ဖူးလို႔ သိပၸံဆိုင္ရာ အမ်ားလက္ခံထား တဲ့အတိုင္း အေမရိကန္ ေထာက္လွန္းေရး အသိုင္းဝိုင္းက သေဘာတူေၾကာင္း ေဖၚျပထားပါတယ္။

သမၼတအိမ္ျဖဴကေတာ့ Covid-19 ေရာဂါ စတင္ရတဲ့ အေၾကာင္းရင္းကို ေသေသခ်ာခ်ာ စံုစမ္းေပးဖို႔ ေတာင္းဆိုေနပါတယ္။ သမၼတ ေဒၚနယ္ထရမ့္က တရုတ္ႏိုင္ငံနဲ႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီး တို႕ကေန ထုတ္ျပန္တဲ့ ေၾကညာခ်က္ေတြနဲ႔ ပတ္သက္ၿပီး သံသယရွိေၾကာင္း ထပ္တလဲလဲ ေျပာခဲ့တာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကလည္း ဒီေရာဂါျဖစ္ပြါးရတဲ့ ဇစ္ျမစ္ကို ဘယ္သူမွ ေသေသခ်ာခ်ာ မသိရေသးသလို သုေတသနေတြ ဆက္လုပ္ေနတဲ့ တရုတ္ဓါတ္ခြဲခန္းေတြမွာ တစံုတခု ျဖစ္မလာေအာင္ ဘယ္လိုလံုၿခံဳေရးေတြ လုပ္ထားတယ္ ဆိုတာလည္း မသိႏိုင္တာေၾကာင့္ တရုတ္ႏိုင္ငံရဲ့ ပြင့္လင္းျမင္သာမႈနဲ႔ပတ္သက္လို႔ ေမးခြန္းထုတ္ခဲ့ၿပီး တရုတ္ႏိုင္ငံဟာ ကမာၻႀကီးကို အႏၱရာယ္ရွိေအာင္ ဆက္လုပ္ေနပံုရတယ္လ႔ို ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------
[Unicode]

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွါးတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တွက်ဆချက် အမျိုးမျိုး ရှိတဲ့ ထဲက တရုတ်ဓါတ်ခွဲခန်းကနေ တမင် ကြံစည် ထုတ်လုပ်ခဲ့တယ်ဆိုတာအတွက် ခိုင်လုံတဲ့ အထောက်ထား မတွေ့ရဘူးလို့ အမေရိကန် ထောက်လှန်းရေးအေဂျင်စီတွေက ပြောပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံကနေ ဒီရောဂါ စတင်ဖြစ်ပွါးတာဟာ ရောဂါပိုးရှိနေတဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့တဲ့ လူသားကနေစဖြစ်တာလားWuhan ဓါတ်ခွဲခန်းက သိပ္ပံဆိုင်ရာ မတော်တဆ ဖြစ်မှုတွေ ကနေ စခဲ့တာလား ဆိုတာကိုတော့ ဆက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဆက်လက်စုံစမ်းဆဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ထောက်လှန်းရေးဌာန အကြီးအကဲရုံးက ရှားရှားပါးပါး ထုတ်ပြန်တဲ့ ကြာသပတေးနေ့ ကြေညာချက်မှာတော့ COVID-19 ရောဂါပိုးဟာ လူကလုပ်တာ ဒါမှမဟုတ် မျိးဗီဇပြောင်းလဲထားတာမျိုး မဟုတ်ဖူးလို့ သိပ္ပံဆိုင်ရာ အများလက်ခံထား တဲ့အတိုင်း အမေရိကန် ထောက်လှန်းရေး အသိုင်းဝိုင်းက သဘောတူကြောင်း ဖေါ်ပြထားပါတယ်။

သမ္မတအိမ်ဖြူကတော့ Covid-19 ရောဂါ စတင်ရတဲ့ အကြောင်းရင်းကို သေသေချာချာ စုံစမ်းပေးဖို့ တောင်းဆိုနေပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနဲ့WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး တို့ကနေ ထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ ပတ်သက်ပြီး သံသယရှိကြောင်း ထပ်တလဲလဲ ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ဒီရောဂါဖြစ်ပွါးရတဲ့ ဇစ်မြစ်ကို ဘယ်သူမှ သေသေချာချာ မသိရသေးသလိုသုတေသနတွေ ဆက်လုပ်နေတဲ့ တရုတ်ဓါတ်ခွဲခန်းတွေမှာ တစုံတခု ဖြစ်မလာအောင် ဘယ်လိုလုံခြုံရေးတွေ လုပ်ထားတယ် ဆိုတာလည်း မသိနိုင်တာကြောင့်တရုတ်နိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး တရုတ်နိုင်ငံဟာ ကမ္ဘာကြီးကို အန္တရာယ်ရှိအောင် ဆက်လုပ်နေပုံရတယ်လ့ို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/corona-virus-not-coming-from-chinese-laboratory/5400413.html
ကုိရုိနာဗုိင္းရပ္စ္ တရုတ္ဓါတ္ခြဲခန္းက တမင္ထုတ္ခဲ့တဲ့ အေထာက္အထားမေတြ႔ေၾကာင္း ကန္ ေထာက္လွမ္းေရးေျပာ ကုိရုိနာဗုိင္းရပ္စ္ တရုတ္ဓါတ္ခြဲခန္းက တမင္ထုတ္ခဲ့တဲ့ အေထာက္အထားမေတြ႔ေၾကာင္း ကန္ ေထာက္လွမ္းေရးေျပာ Reviewed by THITHTOOLWIN on 23:23 Rating: 5
Powered by Blogger.