
ကိုရိုနာကူးစက်ခံထားရတဲ့ ဝန်ကြီးချုပ်နဲ့ သမ္မတပူတင်တို့ ဗီဒီယိုကောကနေ ဆက်သွယ်ဆွေးနွေး





BBC Burmese
-------------------------------
ရုရှဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ရုရှဝန်ကြီးချုပ် မစ်ခါးမစ်ရှူစတင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

ဒါကြောင့် သူဟာ အခုအခါ သီးခြားကန့်သတ်နေထိုင်နေပါတယ်။

ဝန်ကြီးချုပ်ဟာ ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

အခုအခါ သူ့နေရာမှာ ယာယီဝန်ကြီးချုပ်တစ်ဦးကို ရုရှသမ္မတ ပူတင်က ခန့်အပ်ထားပါတယ်။

ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်သိန်းကျော်ရှိပြီး သေဆုံးသူ တစ်ထောင်ကျော်ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52497541
ရုရှဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ ရုရှဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.