မႏၲေလးမွာ ေစ်းအားလုံးျပန္ဖြင့္ခြင့္ရ၊ စည္းကမ္းမလိုက္နာရင္ အေရးယူမယ္လို႔သတိေပး


(Zawgyi)⤵⤵⤵
 ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဟန႔္တားႏိုင္ေအာင္ ပိတ္ထားတဲ့ မႏၲေလးၿမိဳ႕က ေစ်းခ်ိဳေတာ္အပါအဝင္ ေစ်းႀကီးေတြအားလုံး ဒီကေန႔ ေမလ ၂၂ ရက္ေန႔ကစၿပီး ျပန္ဖြင့္မယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက သတင္းထုတ္ျပန္ပါတယ္။

ျမန္မာျပည္အလယ္ပိုင္းက အခ်က္အခ်ာက်တဲ့ မႏၲေလးမွာ ႏွစ္လနီးပါးၾကာပိတ္ထားရတဲ့ ေစ်းခ်ိဳေတာ္၊ မန္းျမန္မာပလာဇာနဲ႔ ရတနာပုံေစ်းက ေစ်းဆိုင္ေတြ အားလုံး ဖြင့္ခြင့္ျပဳလိုက္တာပါ။

အဲဒီေစ်းေတြကို ၿမိဳ႕ေတာ္ဝန္ကိုယ္တိုင္ လိုက္လံစစ္ေဆးသြားမွာ ျဖစ္ၿပီး က်န္းမာေရးဌာန ထုတ္ျပန္ခ်က္ေတြ မလိုက္နာတဲ့ ဆိုင္ကို ေရာင္းခ်ခြင့္ပိတ္သြားမယ္လို႔ ၿမိဳ႕ေတာ္စည္ပင္ေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာပါတယ္။

ေစ်းခ်ိဳေတာ္နဲ႔ မန္းျမန္မာပလာဇာလမ္းေတြျဖစ္တဲ့ ၈၄ လမ္းမွာ ကုန္ပစၥည္း အတင္အခ်လုပ္ဖို႔ ကားတစ္စီး နာရီဝက္ ရပ္ခြင့္ျပဳထားၿပီး ခြင့္ျပဳခ်ိန္ထက္ ပိုၿပီးရပ္ရင္ တစ္ေသာင္း ေပးေဆာင္ရမဲ့ စနစ္သစ္ေတြကိုလည္း စတင္ က်င့္သုံးမယ္လို႔ ထုတ္ ျပန္ခ်က္မွာ ပါရွိပါတယ္။ ကားရပ္ခ်ိန္ တစ္နာရီထက္ ပိုၾကာရင္ေတာ့ ငါးေသာင္း ေပးေဆာင္ရမွာပါ။

ပါဆယ္စနစ္နဲ႔သာ ေရာင္းခ်ေနရတဲ့ စားေသာက္ဆိုင္ေတြကိုေတာ့ လတ္တေလာ က်န္းမာေရး ဆိုင္ရာ စည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔အညီ ဖြင့္လွစ္ဖို႔အတြက္ ျပင္ဆင္ခ်ိန္ ဆယ္ရက္ေပးထားၿပီး ဖြင့္လွစ္္ရမဲ့ရက္ကို အသိေပးသြားမယ္လို႔ စည္ပင္သာယာေရးေကာ္မတီက သတင္းထုတ္ျပန္ထားပါတယ္။

RFA Burmese
-------------------------------------
(Unicode)⤵⤵⤵
မန္တလေးမှာ ဈေးအားလုံးပြန်ဖွင့်ခွင့်ရ၊ စည်းကမ်းမလိုက်နာရင် အရေးယူမယ်လို့သတိပေး

 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင် ပိတ်ထားတဲ့ မန္တလေးမြို့က ဈေးချိုတော်အပါအဝင် ဈေးကြီးတွေအားလုံး ဒီကနေ့ မေလ ၂၂ ရက်နေ့ကစပြီး ပြန်ဖွင့်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်အလယ်ပိုင်းက အချက်အချာကျတဲ့ မန္တလေးမှာ နှစ်လနီးပါးကြာပိတ်ထားရတဲ့ ဈေးချိုတော်၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးက ဈေးဆိုင်တွေ အားလုံး ဖွင့်ခွင့်ပြုလိုက်တာပါ။

အဲဒီဈေးတွေကို မြို့တော်ဝန်ကိုယ်တိုင် လိုက်လံစစ်ဆေးသွားမှာ ဖြစ်ပြီး ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေ မလိုက်နာတဲ့ ဆိုင်ကို ရောင်းချခွင့်ပိတ်သွားမယ်လို့ မြို့တော်စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာလမ်းတွေဖြစ်တဲ့ ၈၄ လမ်းမှာ ကုန်ပစ္စည်း အတင်အချလုပ်ဖို့ ကားတစ်စီး နာရီဝက် ရပ်ခွင့်ပြုထားပြီး ခွင့်ပြုချိန်ထက် ပိုပြီးရပ်ရင် တစ်သောင်း ပေးဆောင်ရမဲ့ စနစ်သစ်တွေကိုလည်း စတင် ကျင့်သုံးမယ်လို့ ထုတ် ပြန်ချက်မှာ ပါရှိပါတယ်။ ကားရပ်ချိန် တစ်နာရီထက် ပိုကြာရင်တော့ ငါးသောင်း ပေးဆောင်ရမှာပါ။

ပါဆယ်စနစ်နဲ့သာ ရောင်းချနေရတဲ့ စားသောက်ဆိုင်တွေကိုတော့ လတ်တလော ကျန်းမာရေး ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်ချိန် ဆယ်ရက်ပေးထားပြီး ဖွင့်လှစ်ရမဲ့ရက်ကို အသိပေးသွားမယ်လို့ စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မႏၲေလးမွာ ေစ်းအားလုံးျပန္ဖြင့္ခြင့္ရ၊ စည္းကမ္းမလိုက္နာရင္ အေရးယူမယ္လို႔သတိေပး မႏၲေလးမွာ ေစ်းအားလုံးျပန္ဖြင့္ခြင့္ရ၊ စည္းကမ္းမလိုက္နာရင္ အေရးယူမယ္လို႔သတိေပး Reviewed by THITHTOOLWIN on 06:39 Rating: 5
Powered by Blogger.