မေလးရွား လဝက အက်ဥ္းစခန္းမွာ ျမန္မာ ၁၇ဦး ကို႐ိုနာဗိုင္းရပ္စ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိ

မေလးရွားႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး စခန္းတခုမွာ ထိန္းသိမ္းထားေသာ ႏိုင္ငံျခားသားမ်ား။ Photo: Jabatan Imigresen Malaysia
(Zawgyi)⤵⤵⤵
 မေလးရွားႏိုင္ငံၿမိဳ႕ေတာ္ ကြာလာလမ္ပူမွာရွိတဲ့ လူဝင္မႈႀကီးၾကပ္ေရးစခန္းတခုမွာ ထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံျခားသားေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၃၅ေယာက္ေတြ႕ရတယ္လို႔ မေလးရွားက်န္းမာေရးဝန္ႀကီးဌာနက မေန႔ကပဲေၾကညာပါတယ္။

အဲဒီလူေတြထဲမွာ ျမန္မာႏိုင္ငံသားက ၁၇ေယာက္ပါဝင္ၿပီး အိႏၵိယႏိုင္ငံသားက ၁၅ေယာက္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာနဲ႔ အီဂ်စ္ႏိုင္ငံသားေတြက တေယာက္စီ ပါဝင္တယ္လို႔ဆိုပါတယ္။  ရာနဲ႔ခ်ီတဲ့ အဖမ္းဆီးခံ ႏိုင္ငံျခားသားေတြကို ဗိုင္းရပ္စ္ပိုးရွိ မရွိ စစ္ေဆးတဲ့အခါမွာ အခုလိုေတြ႕ရွိတာျဖစ္ပါတယ္။ အခုတေလာ မေလးရွားႏိုင္ငံအတြင္းမွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြကို အစိုးရက ဖမ္းဆီးႏွိမ္နင္းမႈေတြလုပ္ေနလို႔ ဒီလုပ္ရပ္ေတြကို ရပ္တန႔္ဖို႔ ကုလသမဂၢရဲ႕ ေ႐ႊ႕ေျပာင္းလုပ္သားအခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္က မေလးရွားႏိုင္ငံကို တိုက္တြန္းေတာင္းဆိုထားပါတယ္။

မေလးရွားႏိုင္ငံကေန ျမန္မာျပည္ကို အခုတေလာျပန္လာခဲ့တဲ့သူေတြထဲမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူတခ်ိဳ႕ကို စစ္ေဆးေတြ႕ရွိထားပါတယ္။ ေမလ ၂၀ ရက္တုန္းကလည္း မေလးရွားႏိုင္ငံကေန ျမန္မာႏိုင္ငံကို ျပန္လာဖို႔ အခက္ႀကဳံေနသူေတြထဲက ၁၀၇ ေယာက္ကို ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာဘက္က သြားေရာက္ေခၚေဆာင္ခဲ့ၿပီး သူတို႔ကို ၂၁ရက္ၾကာ အသြားအလာေစာင့္ၾကည့္မယ္လို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

RFA Burmese
-----------------------
(Unicode)⤵⤵⤵
မလေးရှား လဝက အကျဉ်းစခန်းမှာ မြန်မာ ၁၇ဦး ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း စစ်ဆေးတွေ့ရှိ

 မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတခုမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၅ယောက်တွေ့ရတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက မနေ့ကပဲကြေညာပါတယ်။

အဲဒီလူတွေထဲမှာ မြန်မာနိုင်ငံသားက ၁၇ယောက်ပါဝင်ပြီး အိန္ဒိယနိုင်ငံသားက ၁၅ယောက်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အီဂျစ်နိုင်ငံသားတွေက တယောက်စီ ပါဝင်တယ်လို့ဆိုပါတယ်။  ရာနဲ့ချီတဲ့ အဖမ်းဆီးခံ နိုင်ငံခြားသားတွေကို ဗိုင်းရပ်စ်ပိုးရှိ မရှိ စစ်ဆေးတဲ့အခါမှာ အခုလိုတွေ့ရှိတာဖြစ်ပါတယ်။ အခုတလော မလေးရှားနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရက ဖမ်းဆီးနှိမ်နင်းမှုတွေလုပ်နေလို့ ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က မလေးရှားနိုင်ငံကို တိုက်တွန်းတောင်းဆိုထားပါတယ်။

မလေးရှားနိုင်ငံကနေ မြန်မာပြည်ကို အခုတလောပြန်လာခဲ့တဲ့သူတွေထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတချို့ကို စစ်ဆေးတွေ့ရှိထားပါတယ်။ မေလ ၂၀ ရက်တုန်းကလည်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်ကြုံနေသူတွေထဲက ၁၀၇ ယောက်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာဘက်က သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူတို့ကို ၂၁ရက်ကြာ အသွားအလာစောင့်ကြည့်မယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မေလးရွား လဝက အက်ဥ္းစခန္းမွာ ျမန္မာ ၁၇ဦး ကို႐ိုနာဗိုင္းရပ္စ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိ မေလးရွား လဝက အက်ဥ္းစခန္းမွာ ျမန္မာ ၁၇ဦး ကို႐ိုနာဗိုင္းရပ္စ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိ Reviewed by THITHTOOLWIN on 06:41 Rating: 5
Powered by Blogger.