ကုိဗစ္လူနာေတြကုသမႈမွာ ထိေရာက္တဲ့ Remdesivir ေဆး ျမန္မာႏုိင္ငံမွာ ရႏုိင္မလား

Remdesivir ေဆး
(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ကုသေရးမွာ Remdesivir ေဆးကို ကမၻာမွာ ပထမဆံုးႏိုင္ငံအျဖစ္ အေမရိကန္ျပည္ေထာင္စုက ဘာေၾကာင့္ အတည္ျပဳေပးလိုက္တာလဲ။အေမရိကန္နဲ႔ အာရွ ႏိုင္ငံတခ်ဳိ႕မွာပဲ စတင္စမ္းသပ္ေနတဲ့ Remdesivir ေဆးကို ျမန္မာႏိုင္ငံမွာ စမ္းသပ္ အသံုးျပဳႏိုင္မယ့္ အလားအလာ ဘယ္လိုရွိသလဲ စတာေတြကို မအင္ၾကင္းႏိုင္တင္ဆက္ထားပါတယ္။

Antiviral လို႔ေခၚတဲ့ ဗိုင္းရပ္စ္ကို တိုက္ဖ်က္တဲ့ ေဆးတမ်ဳိးျဖစ္တဲ့ Remdesivir ေဆးကို COVID-19 ေရာဂါကုသေရးမွာ ဘယ္ေလာက္ထိ စိတ္ခ်ရသလဲ ဆိုတဲ့ အေျဖအတိအက် မရွိေသးဘူးလို႔ နယူးေရာက္ၿမိဳ႕ Wyckoff Heights ဒုတိယေဆးရံုအုပ္ ကူးစက္ေရာဂါ အထူးကု ေဒါက္တာေဇယ်ာသက္က ဗီြအိုေအကို ေျပာပါတယ္။ ဒီေဆးေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ေသဆံုးမႈႏႈန္း ဘယ္ေလာက္ေလ်ာ့က် ေစသလဲဆိုတဲ့ ရလဒ္ အခုခ်ိန္ထိ ထြက္မလာေသးဘူးလို႔ သူက ဆိုပါတယ္။

" Remdesivir သည္ antiviral အတြက္ ထိေရာက္မႈရွိတယ္ဆိုတာကေတာ့ ေသခ်ာတယ္။ ဘယ္ေလာက္ထိ ထိေရာက္မႈရွိသလဲဆိုရင္ေတာ့ ထိေရာက္မႈေတာ့ရွိတယ္၊ ဒါေပမယ့္ ဘယ္ေလာက္ႀကီး အထိ အာနိသင္ရွိသလဲဆိုရင္ေတာ့ ဒီေန႔ဒီအခ်ိန္ထိ ideal drug ၁၀၀% ထိေရာက္မႈရွိတယ္ဆိုတဲ့ ေဆး၀ါး အဆင့္ေတာ့ မေရာက္ေသးဘူး။"

အရင္က အီဘိုလာ ဗိုင္းရပ္စ္ အတြက္ အေမရိကန္ျပည္ေထာင္စုမွာ စတင္တီထြင္ခဲ့တာျဖစ္ၿပီး အဲဒီေဆးကို အခု COVID-19 ေရာဂါကုသေရးမွာ CDC အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန ေဒါက္တာ Anthony Fauci အဖဲြ႕ဦးေဆာင္ၿပီး ကိုဗစ္ လူနာ အေယာက္ တေထာင္ကို စတင္စမ္းသပ္ကုသေပးခဲ့ေၾကာင္း ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။

"Adaptive COVID-19 Treatment Trial (ACTT) ကိုဗစ္ေရာဂါကုသ စမ္းသပ္မႈအတြက္ ပထမဆံုးအျဖစ္ Remdesivir ေဆးနဲ႔ လူနာအေယာက္ ၁၀၀၀ ေထာင္ကို စမ္းသပ္ခဲ့တဲ့ ရလဒ္ data ျဖစ္ပါတယ္။ သူတို႔က preliminary အစပိုင္း စမ္းသပ္ခ်က္ကိုစေျပာျပလိုက္တာပါ။ ဘာေျပာထားလဲဆိုေတာ့ Remdesivir ေပးထားတဲ့ လူနာနဲ႔(standard of care) ေအာက္စီဂ်င္ေပးထားတဲ့ ကိုဗစ္ လူနာ အေျခအေနနဲ႔ ႏႈိင္းယွဥ္တဲ့အခါမွာ ကြာျခားတာေတြ႕ရပါတယ္။ Remdesivir ေပးထားတဲ့ လူနာက ေလးရက္ ဒါမွမဟုတ္ ေလးရက္ေက်ာ္အတြင္း ေဆးရံုက ဆင္းႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ျပထားတဲ့ အထဲမွာ ေဆးရံုက ဆင္းႏိုင္တာပဲျပထားၿပီး ေသတဲ့ႏႈန္း ျပမထားေသးပါဘူး။ ငါးရက္အတြင္း ေဆးရံုက ဆင္းႏိုင္တယ္ဆိုေတာ့ လူကရွင္လို႔ေပါ့။ ဒါေၾကာင့္ ဒီေဆးကို FDA အေမရိကန္ အစားအစာနဲ႔ ေဆးဝါးစီမံခန္႔ခြဲေရးဌာန ကေနCOVID-19 ေရာဂါကုသေရးအတြက္ တကမၻာလံုးမွာ အေမရိကန္ျပည္ေထာင္စုက အရင္ဆံုး ဒီေဆးကို တရား၀င္အတည္ျပဳေပးလိုက္တာ။"

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ စတင္ျပန္႔ပြားခဲ့တဲ့ တရုတ္ႏိုင္ငံမွာလည္း Remdesivir ေဆးနဲ႕ စမ္းသပ္ကုသမႈေတြ လုပ္ခဲ့ေပမယ့္ ရပ္ဆိုင္းခဲ့တာေတြ႕ရတယ္လို႔ ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။

"တရုတ္က ထြက္လာတဲ့ ရလာဒ္က ဘာကိုေျပာသလဲဆိုေတာ့ လူနာေသႏႈန္းသည္ Remdesivir သံုးထားတာနဲ႔ မသံုးထားတာ ဘာမွသိပ္မကြာပါဘူး။ ၁၂% နဲ႔ ၁၄% ေလာက္ရွိပါတယ္။ တကယ္တမ္း Remdesivir သံုးထားတဲ့ လူနာေသဆံုးတဲ့ ရာခိုင္ႏႈန္းက ၁၄%ရွိၿပီး အျခား ေအာက္စီဂ်င္နဲ႕ supportive care ေပးထားတဲ့ လူနာ ေသဆံုးတဲ့ရာခိုင္ႏႈန္းက ၁၂% ပဲ ရွိတယ္လို႔ ျပထားပါတယ္။"

တရုတ္ကေပးတဲ့ အခ်က္အလက္ေတြအရ Remdesivir ေဆးအာနိသင္အေပၚ ေမွ်ာ္လင့္ခ်က္ ေပ်ာက္ဆံုးေနခ်ိန္ အေမရိကန္ က်န္းမာေရးဌာနဘက္က လူအေယာက္ ၁၀၀၀ ေထာင္ကို Remdesivir ေဆးနဲ႔ စမ္းသပ္ကုသၿပီး ကနဦး ရလာဒ္ေတြကို ထုတ္ျပန္ခဲ့တာျဖစ္တယ္လို႔ ေဒါက္တာေဇယ်ာသက္ ဆိုပါတယ္။

လက္ရွိ အေမရိကန္ အပါအ၀င္ ဂ်ပန္၊ ပါကစၥတန္ စတဲ့အာရွ ႏိုင္ငံတခ်ဳိ႕မွာပဲ စတင္စမ္းသပ္ေနတဲ့ Remdesivir ေဆးကို ျမန္မာႏိုင္ငံအတြက္ေရာ ေမွ်ာ္လင့္ခ်က္ ရွိႏိုင္သလား။ ေဒါက္တာေဇယ်ာသက္ကေတာ့ အခုလိုေျပာပါတယ္။

"က်ေနာ္ သိသေလာက္ေတာ့ ျမန္မာႏိုင္ငံမွာ WHO ကမၻာ့က်န္းမာေရးအဖဲြ႕ လုပ္ေနတဲ့ ေဆး၀ါး စမ္းသပ္ကုသမႈေတြ အမ်ားႀကီးရွိပါတယ္။ ငွက္ဖ်ား၊ တီဘီ အပိုင္းေတြမွာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဒီလို COVID-19 နဲ႔ ပတ္သက္လို႔ ေဆး၀ါးထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြနဲ႔ စမ္းသပ္ ကုသမႈမ်ဳိး မွာေတာ့ျမန္မာႏိုင္ငံနဲ႔ ပတ္သက္မႈ မရွိေသးပါဘူး။တကယ္လို႔ ပါ၀င္ပတ္သက္မႈ ရွိထားမယ္ဆိုရင္ေတာ့ လြယ္ကူမွာေပါ့ေနာ္။ ဒါေပမယ့္လည္း မရႏိုင္တာေတာ့ မရွိပါဘူး။ ဒီေဆးေတြကို ရႏိုင္သလားဆိုရင္ေတာ့ ဗိုင္းရပ္စ္ တိုက္ဖ်က္တဲ့ေဆးဆိုေတာ့ နည္းနည္းေတာ့ ခက္ခဲပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမရိကန္မွာေတာင္ ေဆးပုလင္း အလံုးေရ တသိန္းခဲြပဲရွိမယ္ထင္တယ္။ အဲဒါကို အေမရိကန္ႏိုင္ငံအတြင္းမွာပဲ ျဖန္႔ၿပီးေတာ့ အျပင္ကိုေတာင္ မေပးဘူးလို႔ ထင္တယ္။"

Remdesivir ေဆးကို အေမရိကန္ ေဆးကုမၸဏီႀကီးတခုျဖစ္တဲ့ Gilead Science က ထိန္းခ်ဳပ္ထားတာပါ။FDA က ဒီေဆးကို အတည္ျပဳၿပီး ရက္ပိုင္းအတြင္းမွာပဲ အေမရိကန္ႏိုင္ငံတ၀ွမ္း အျမန္ဆံုး ျဖန္႔ခ်ိ ကုသေပးႏိုင္ေရး ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ အေမရိကန္ က်န္းမာေရးတာ၀န္ရွိသူေတြဘက္ကလည္း ေျပာၾကားခဲ့ပါတယ္။

အင္ၾကင္းႏုိင္  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------

ကိုဗစ်လူနာတွေကုသမှုမှာ ထိရောက်တဲ့ Remdesivir ဆေး မြန်မာနိုင်ငံမှာ ရနိုင်မလား

(Unicode)

COVID-19 ကပ်ရောဂါ ကုသရေးမှာ Remdesivir ဆေးကို ကမ္ဘာမှာ ပထမဆုံးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက ဘာကြောင့် အတည်ပြုပေးလိုက်တာလဲ။အမေရိကန်နဲ့ အာရှ နိုင်ငံတချို့မှာပဲ စတင်စမ်းသပ်နေတဲ့ Remdesivir ဆေးကို မြန်မာနိုင်ငံမှာ စမ်းသပ် အသုံးပြုနိုင်မယ့် အလားအလာ ဘယ်လိုရှိသလဲ စတာတွေကို မအင်ကြင်းနိုင်တင်ဆက်ထားပါတယ်။

Antiviral လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးတမျိုးဖြစ်တဲ့ Remdesivir ဆေးကို COVID-19 ရောဂါကုသရေးမှာ ဘယ်လောက်ထိ စိတ်ချရသလဲ ဆိုတဲ့ အဖြေအတိအကျ မရှိသေးဘူးလို့ နယူးရောက်မြို့ Wyckoff Heights ဒုတိယဆေးရုံအုပ် ကူးစက်ရောဂါ အထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။ ဒီဆေးကြောင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးမှုနှုန်း ဘယ်လောက်လျော့ကျ စေသလဲဆိုတဲ့ ရလဒ် အခုချိန်ထိ ထွက်မလာသေးဘူးလို့ သူက ဆိုပါတယ်။

" Remdesivir သည် antiviral အတွက် ထိရောက်မှုရှိတယ်ဆိုတာကတော့ သေချာတယ်။ ဘယ်လောက်ထိ ထိရောက်မှုရှိသလဲဆိုရင်တော့ ထိရောက်မှုတော့ရှိတယ်၊ ဒါပေမယ့် ဘယ်လောက်ကြီး အထိ အာနိသင်ရှိသလဲဆိုရင်တော့ ဒီနေ့ဒီအချိန်ထိ ideal drug ၁၀၀% ထိရောက်မှုရှိတယ်ဆိုတဲ့ ဆေးဝါး အဆင့်တော့ မရောက်သေးဘူး။"

အရင်က အီဘိုလာ ဗိုင်းရပ်စ် အတွက် အမေရိကန်ပြည်ထောင်စုမှာ စတင်တီထွင်ခဲ့တာဖြစ်ပြီး အဲဒီဆေးကို အခု COVID-19 ရောဂါကုသရေးမှာ CDC အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ဒေါက်တာ Anthony Fauci အဖွဲ့ဦးဆောင်ပြီး ကိုဗစ် လူနာ အယောက် တထောင်ကို စတင်စမ်းသပ်ကုသပေးခဲ့ကြောင်း ဒေါက်တာဇေယျာသက်က ပြောပါတယ်။

"Adaptive COVID-19 Treatment Trial (ACTT) ကိုဗစ်ရောဂါကုသ စမ်းသပ်မှုအတွက် ပထမဆုံးအဖြစ် Remdesivir ဆေးနဲ့ လူနာအယောက် ၁၀၀၀ ထောင်ကို စမ်းသပ်ခဲ့တဲ့ ရလဒ် data ဖြစ်ပါတယ်။ သူတို့က preliminary အစပိုင်း စမ်းသပ်ချက်ကိုစပြောပြလိုက်တာပါ။ ဘာပြောထားလဲဆိုတော့ Remdesivir ပေးထားတဲ့ လူနာနဲ့(standard of care) အောက်စီဂျင်ပေးထားတဲ့ ကိုဗစ် လူနာ အခြေအနေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ကွာခြားတာတွေ့ရပါတယ်။ Remdesivir ပေးထားတဲ့ လူနာက လေးရက် ဒါမှမဟုတ် လေးရက်ကျော်အတွင်း ဆေးရုံက ဆင်းနိုင်ပါတယ်။ ဒါပေမယ့် သူတို့ပြထားတဲ့ အထဲမှာ ဆေးရုံက ဆင်းနိုင်တာပဲပြထားပြီး သေတဲ့နှုန်း ပြမထားသေးပါဘူး။ ငါးရက်အတွင်း ဆေးရုံက ဆင်းနိုင်တယ်ဆိုတော့ လူကရှင်လို့ပေါ့။ ဒါကြောင့် ဒီဆေးကို FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန ကနေCOVID-19 ရောဂါကုသရေးအတွက် တကမ္ဘာလုံးမှာ အမေရိကန်ပြည်ထောင်စုက အရင်ဆုံး ဒီဆေးကို တရားဝင်အတည်ပြုပေးလိုက်တာ။"

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာလည်း Remdesivir ဆေးနဲ့ စမ်းသပ်ကုသမှုတွေ လုပ်ခဲ့ပေမယ့် ရပ်ဆိုင်းခဲ့တာတွေ့ရတယ်လို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။

"တရုတ်က ထွက်လာတဲ့ ရလာဒ်က ဘာကိုပြောသလဲဆိုတော့ လူနာသေနှုန်းသည် Remdesivir သုံးထားတာနဲ့ မသုံးထားတာ ဘာမှသိပ်မကွာပါဘူး။ ၁၂% နဲ့ ၁၄% လောက်ရှိပါတယ်။ တကယ်တမ်း Remdesivir သုံးထားတဲ့ လူနာသေဆုံးတဲ့ ရာခိုင်နှုန်းက ၁၄%ရှိပြီး အခြား အောက်စီဂျင်နဲ့ supportive care ပေးထားတဲ့ လူနာ သေဆုံးတဲ့ရာခိုင်နှုန်းက ၁၂% ပဲ ရှိတယ်လို့ ပြထားပါတယ်။"

တရုတ်ကပေးတဲ့ အချက်အလက်တွေအရ Remdesivir ဆေးအာနိသင်အပေါ် မျှော်လင့်ချက် ပျောက်ဆုံးနေချိန် အမေရိကန် ကျန်းမာရေးဌာနဘက်က လူအယောက် ၁၀၀၀ ထောင်ကို Remdesivir ဆေးနဲ့ စမ်းသပ်ကုသပြီး ကနဦး ရလာဒ်တွေကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာဇေယျာသက် ဆိုပါတယ်။

လက်ရှိ အမေရိကန် အပါအဝင် ဂျပန်၊ ပါကစ္စတန် စတဲ့အာရှ နိုင်ငံတချို့မှာပဲ စတင်စမ်းသပ်နေတဲ့ Remdesivir ဆေးကို မြန်မာနိုင်ငံအတွက်ရော မျှော်လင့်ချက် ရှိနိုင်သလား။ ဒေါက်တာဇေယျာသက်ကတော့ အခုလိုပြောပါတယ်။

"ကျနော် သိသလောက်တော့ မြန်မာနိုင်ငံမှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လုပ်နေတဲ့ ဆေးဝါး စမ်းသပ်ကုသမှုတွေ အများကြီးရှိပါတယ်။ ငှက်ဖျား၊ တီဘီ အပိုင်းတွေမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို COVID-19 နဲ့ ပတ်သက်လို့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေနဲ့ စမ်းသပ် ကုသမှုမျိုး မှာတော့မြန်မာနိုင်ငံနဲ့ ပတ်သက်မှု မရှိသေးပါဘူး။တကယ်လို့ ပါဝင်ပတ်သက်မှု ရှိထားမယ်ဆိုရင်တော့ လွယ်ကူမှာပေါ့နော်။ ဒါပေမယ့်လည်း မရနိုင်တာတော့ မရှိပါဘူး။ ဒီဆေးတွေကို ရနိုင်သလားဆိုရင်တော့ ဗိုင်းရပ်စ် တိုက်ဖျက်တဲ့ဆေးဆိုတော့ နည်းနည်းတော့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်မှာတောင် ဆေးပုလင်း အလုံးရေ တသိန်းခွဲပဲရှိမယ်ထင်တယ်။ အဲဒါကို အမေရိကန်နိုင်ငံအတွင်းမှာပဲ ဖြန့်ပြီးတော့ အပြင်ကိုတောင် မပေးဘူးလို့ ထင်တယ်။"

Remdesivir ဆေးကို အမေရိကန် ဆေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Gilead Science က ထိန်းချုပ်ထားတာပါ။FDA က ဒီဆေးကို အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်နိုင်ငံတဝှမ်း အမြန်ဆုံး ဖြန့်ချိ ကုသပေးနိုင်ရေး ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေဘက်ကလည်း ပြောကြားခဲ့ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/remdesivir-covid-19-/5430542.html
ကုိဗစ္လူနာေတြကုသမႈမွာ ထိေရာက္တဲ့ Remdesivir ေဆး ျမန္မာႏုိင္ငံမွာ ရႏုိင္မလား ကုိဗစ္လူနာေတြကုသမႈမွာ ထိေရာက္တဲ့ Remdesivir ေဆး ျမန္မာႏုိင္ငံမွာ ရႏုိင္မလား Reviewed by THITHTOOLWIN on 06:21 Rating: 5
Powered by Blogger.