လူနာအမွတ္ ၁၆၁ ေနာက္ဆုံးဘယ္ကိုသြားခဲ့တာလဲ

ပိုးေတြ႕လူနာအမ်ားဆုံးရွိရာ အင္းစိန္ၿမိဳ႕နယ္ကို က်န္းမာေရးစစ္တမ္းေကာက္
(Zawgyi)⤵⤵⤵
အသက္ ၆၂ ႏွစ္ရွိ အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးကို လူနာအမွတ္စဥ္ ၁၆၁ အျဖစ္ ပိုးေတြ႕ရွိေၾကာင္း ေမ ၄ ရက္ေန႔မွာ အတည္ျပဳထုတ္ျပန္ခဲ့ၿပီး ၂ ရက္အၾကာတဲ့ အထိ ဘယ္ေနရာမွာ ေနာက္ဆုံးေနထိုင္ခဲ့ သလဲ ဆိုတာကို အတည္မျပဳႏိုင္တဲ့အတြက္ ၿမိဳ႕နယ္ ၃ ခုအထိ လိုက္လံစုံစမ္းခဲ့ရတယ္လို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္အသီးသီးက လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဘီဘီစီကို ေျပာပါတယ္။

အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္သူအျဖစ္ က်န္းမာေရးဝန္ႀကီး ဌာနက ကနဦးတုန္းက ထုတ္ျပန္ခဲ့ေပမယ့္ အင္းစိန္ၿမိဳ႕ နယ္အတြင္း လိုက္လံရွာေဖြရွာမွာလည္း ေနထိုင္ျခင္းမရွိတာ ႏွစ္နဲ႔ခ်ီၾကာေနၿပီ ျဖစ္ၿပီး ဒလၿမိဳ႕နယ္ကလို႔ သတင္းေတြထပ္မံထြက္ေပၚလာခဲ့ပါတယ္။

အင္းစိန္၊ ဒလ၊ ေက်ာက္တန္း ၿမိဳ႕နယ္ ၃ခုမွာ လိုက္လံစုံစမ္းခဲ့ရသူ

' ' အင္းစိန္ၿမိဳ႕နယ္ကလို႔ က်န္းမာေရးက စာရင္းထြက္လာေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္က ေစာင့္ၾကည့္ လူနာစာရင္းက လူေတြနဲ႔ တိုက္ၾကည့္ေတာ့လည္း မေတြ႕ဘူး။ ေပးထားတဲ့လိပ္စာအတိုင္းရွာေတာ့လည္း သူ႔မိဘ လိပ္စာေပါ့ေနာ္။ အဲဒီမွာ လူနာရဲ႕ညီမျဖစ္သူေနတာကိုေတြ႕တယ္။ ဒါေပမယ့္ လူနာက အဲဒီမွာ မေနတာ ၁၅ႏွစ္ေလာက္ရွိၿပီလို႔ သိရတယ္'' လို႔ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ တစ္ဦးျဖစ္တဲ့ ဦးေဝၿဖိဳးဟန္က ဘီဘီစီကိုရွင္းျပပါတယ္။

က်န္းမာေရးဌာနက လူနာကို ေမးျမန္းခ်က္ေတြအရ လူနာအမွတ္ ၁၆၁ ရဲ႕မိသားစုဝင္ေတြဟာ ဒလၿမိဳ႕ နယ္မွာ ေနထိုင္တယ္လို႔ ဆိုတဲ့အတြက္ ဒလၿမိဳ႕နယ္ လႊတ္ေတာ္အမတ္ေတြနဲ႔ က်န္းမာေရးက တာဝန္ရွိ သူေတြဟာ လိပ္စာပါအတိုင္းသြားေရာက္စုံစမ္းခဲ့ၾကတယ္လို႔ဆိုပါတယ္။

ဒလၿမိဳ႕နယ္မွာ လူနာရဲ႕သားသမီးေတြရွိတာမွန္ေပမယ့္ လူနာျဖစ္သူဟာ သားသမီးေတြထံ မလာတာ ၂ႏွစ္ခန႔္ရွိၿပီလို႔ ၿမိဳ႕ေနလူထုရဲ႕စိုးရိမ္ပူပန္ေနတဲ့အေပၚ ဒလၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာ စိန္ျမေအးက ျပန္လည္ရွင္းလင္းထားပါတယ္။

လူနာအမွတ္ ၁၆၁ ဟာ ေက်ာက္တန္းၿမိဳ႕နယ္ထဲက ပီလခတ္ဟိႏၵဴဘုရားေက်ာင္းကို သၾကၤန္ကာလမွာ သြားေရာက္ေနထိုင္ခဲ့တယ္လို႔ ထပ္မံဆိုခဲ့ပါတယ္။
ပီလခတ္ ဟိႏၵဴဘုရားေက်ာင္းကို ေလာ့ခ္ေဒါင္းခ်

ပီလခတ္ ဟိႏၵဴဘုရားေက်ာင္းကို ေလာ့ခ္ေဒါင္းခ်

လူနာသြားေရာက္ခဲ့တယ္လို႔ ေျပာတဲ့ ပီလခတ္ေက်း႐ြာကို သက္ဆိုင္ရာ အဖြဲ႕စုံက သြားေရာက္စုံစမ္းရာမွာေတာ့ ဘုရားေက်ာင္း ေဂါပကအဖြဲ႕က ဘုရားေက်ာင္းကို မတ္ ၂၈ ရက္ကတည္းက အသြားအလာ ကန႔္သတ္ထား ခဲ့တာျဖစ္ေၾကာင္းေျပာဆိုခဲ့တယ္လို႔ ေက်ာက္တန္းၿမိဳ႕နယ္ လႊတ္ေတာ္အမတ္ ေဒၚသက္သက္မူက ဘီဘီစီကိုေျပာပါတယ္။

'' မေန႔ညက က်န္းမာေရးကလူေတြလည္း အဲဒီကို သြားၾကတယ္။ ဘုရားေက်ာင္းကေတာ့ ပိတ္ထားတာၾကာၿပီျဖစ္သလို အဲသလို လူေနတာဘာညာ မရွိဘူးလို႔ ေျပာတယ္။ သူတို႔အေနနဲ႔ ကေတာ့ လူနာနဲ႔ပတ္သက္ၿပီး သိရွိတာမ်ိဳးမရွိဘူးလို႔ေျပာတယ္။''လို႔ ေဒၚသက္သက္မူက ဘုရားေက်ာင္းဘက္က တုံ႔ျပန္တဲ့အေပၚျပန္လည္ေျပာျပပါတယ္။

ဒါေပမယ့္ ဒီကေန႔ ေမ ၆ ရက္ေန႔ မွာေတာ့ လူနာအမွတ္ ၁၆၁ ေနာက္ဆုံးသြားခဲ့တယ္လို႔ ေျပာဆိုခဲ့တဲ့ ပီလခတ္ဘုရားေက်ာင္းနဲ႔အတူ ဘုရားေက်ာင္းတည္ရွိရာ ေက်း႐ြာကို ေလာ့ခ္ေဒါင္းခ်ဖို႔ ဒီကေန႔ မနက္ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့တယ္လို႔ ေက်ာက္တန္းၿမိဳ႕နယ္ က်န္းမာေရးဦးစီးမႉး ေဒါက္တာမို႔မို႔ခိုင္က ဘီဘီစီကို ေမ ၆ ရက္ေန႔မနက္ပိုင္းကေျပာပါတယ္။

' ' လူနာကလည္း သြားခဲ့တယ္လို႔ ခိုင္ခိုင္မာမာေျပာတယ္။ ေရာဂါရဲ႕အေျခအေနနဲ႔ အားလုံးစဥ္းစားဆုံးျဖတ္ ၿပီးေတာ့ ဘုရားေက်ာင္းကို ေလာ့ခ္ေဒါင္းခ်လိုက္တာပါ။ ႐ြာကေတာ့ အိမ္ေျခ နည္းနည္းပဲရွိတယ္။ ဘုရားေက်ာင္းကေဂါပကေတြကေတာ့ ဘုရားေက်ာင္းထဲမွာပဲ ေလာ့ခ္ေဒါင္းအေနနဲ႔ရွိမွာေပါ့။''

' 'တခုေတာ့ရွိတာက တျခားေနရာေတြက မိသားစုဝင္ေတြမွာရွိေတာ့ လုံးဝမလာဘူးဆိုတာေျပာႏိုင္တယ္။ ဘုရားေက်ာင္းကေတာ့ ဧည့္သြားဧည့္လာသြားႏိုင္တဲ့ေနရာမ်ိဳးဆိုေတာ့ အတိအက် မသိေသာ္လည္း သူေျပာတဲ့စကားထဲမွာပါလာေတာ့ ဆန္းစစ္ၿပီး လုပ္ရတာပါ။ ဒါက ယုံၾကည္မႈနဲ႔လာတာရွိတယ္ဆိုေတာ့ တျခားလူအဝင္အထြက္ရွိမွာစိုးလို႔ ေစာင့္ၾကည့္တဲ့ကာလအေနနဲ႔ သတ္မွတ္လိုက္တာပါ။''

လို႔ ေလာ့ခ္ေဒါင္းခ်ရတဲ့အေျခေနနဲ႔ပတ္သက္ၿပီး ေဒါက္တာမို႔မို႔ခိုင္ကရွင္းျပပါတယ္။
အင္းစိန္ၿမိဳ႕နယ္မွာ က်န္းမာေရးစစ္တမ္းေကာက္ယူမႈစတင္
ေနထိုင္ရာအရပ္မေသခ်ာမႈေတြၾကား စိုးရိမ္မႈေတြျမႇင့္တက္ခဲ့ရတဲ့ၿမိဳ႕နယ္ေတြ

လူနာအမွတ္ ၁၆၁ ဟာ အင္းစိန္ၿမိဳ႕နယ္မွာေနထိုင္သူအျဖစ္ စာရင္းထြက္လာတဲ့အတြက္ ပိုးေတြ႕ လူနာအမ်ားစုရွိရာ ၿမိဳ႕နယ္လည္းျဖစ္တာေၾကာင့္ အင္းစိန္ၿမိဳ႕နယ္ေနျပည္သူေတြအတြက္ စိုးရိမ္ပူပန္ မႈေတြတိုးျမႇင့္ခဲ့တာေတြလည္းရွိခဲ့တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ေနသူအခ်ိဳ႕ကေျပာပါတယ္။

အလားတူ ဒလၿမိဳ႕နယ္မွာေနထိုင္သူျဖစ္တယ္လို႔ ေျပာဆိုတာေတြရွိလာခ်ိန္မွာလည္း ဒလၿမိဳ႕နယ္မွာ ပထမဆုံးပိုးေတြ႕လူနာရွိလာၿပီဆိုၿပီး ဒလၿမိဳ႕နယ္ေနထိုင္သူေတြၾကား အခ်င္းခ်င္းသတိေပး ေျပာဆိုတာေတြ စိုးရိမ္တာေတြလည္းရွိခဲ့ၾကတယ္လို႔ ဒလၿမိဳ႕နယ္မွာေနထိုင္သူေတြကေျပာပါတယ္။

ေမ ၆ ရက္ေန႔စာရင္းအထိ ေနာက္ဆုံးေတြ႕ရွိရသူအျဖစ္ရွိေနတဲ့ လူနာအမွတ္ ၁၆၁ ဟာ အင္းစိန္ၿမိဳ႕နယ္ အျဖစ္ ေဖာ္ျပခဲ့ေပမယ့္ ဘယ္ၿမိဳ႕နယ္မွာအေျခခ်ေနထိုင္သူျဖစ္တယ္ဆိုတာကိုေတာ့ မသိရဘူးလို႔ အင္းစိန္၊ ဒလနဲ႔ ေက်ာက္တန္းၿမိဳ႕နယ္ေတြက လႊတ္ေတာ္ကိုယ္စားလွယ္အသီးသီးကေျပာပါတယ္။

အသက္ ၆၂ႏွစ္ရွိ လူနာအမွတ္ ၁၆၁ ဟာ ရန္ကုန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ မိတ္ေဆြတစ္ဦးကို လူနာေစာင့္အျဖစ္ သြားေရာက္ေစာင့္ေပးခဲ့ပါတယ္။

အဆိုပါလူနာေဆး႐ုံတက္ေရာက္ရာအခန္းမွ အတည္ျပဳလူနာတစ္ဦးကို ေတြ႕ရွိခဲ့ရတဲ့အတြက္ အခန္းမွ လူနာနဲ႔လူနာေစာင့္အားလုံးကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္ခဲ့ရာက ပိုးေတြ႕လူနာ ၁၆၁အျဖစ္ အတည္ျပဳသတ္မွတ္ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
လူနာအမှတ် ၁၆၁ နောက်ဆုံးဘယ်ကိုသွားခဲ့တာလဲ

အသက် ၆၂ နှစ်ရှိ အရွယ်ရှိ အမျိုးသားတစ်ဦးကို လူနာအမှတ်စဉ် ၁၆၁ အဖြစ် ပိုးတွေ့ရှိကြောင်း မေ ၄ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီး ၂ ရက်အကြာတဲ့ အထိ ဘယ်နေရာမှာ နောက်ဆုံးနေထိုင်ခဲ့ သလဲ ဆိုတာကို အတည်မပြုနိုင်တဲ့အတွက် မြို့နယ် ၃ ခုအထိ လိုက်လံစုံစမ်းခဲ့ရတယ်လို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေက ဘီဘီစီကို ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ နေထိုင်သူအဖြစ် ကျန်းမာရေးဝန်ကြီး ဌာနက ကနဦးတုန်းက ထုတ်ပြန်ခဲ့ပေမယ့် အင်းစိန်မြို့ နယ်အတွင်း လိုက်လံရှာဖွေရှာမှာလည်း နေထိုင်ခြင်းမရှိတာ နှစ်နဲ့ချီကြာနေပြီ ဖြစ်ပြီး ဒလမြို့နယ်ကလို့ သတင်းတွေထပ်မံထွက်ပေါ်လာခဲ့ပါတယ်။
အင်းစိန်၊ ဒလ၊ ကျောက်တန်း မြို့နယ် ၃ခုမှာ လိုက်လံစုံစမ်းခဲ့ရသူ

' ' အင်းစိန်မြို့နယ်ကလို့ ကျန်းမာရေးက စာရင်းထွက်လာတော့ ကျွန်တော်တို့မြို့နယ်က စောင့်ကြည့် လူနာစာရင်းက လူတွေနဲ့ တိုက်ကြည့်တော့လည်း မတွေ့ဘူး။ ပေးထားတဲ့လိပ်စာအတိုင်းရှာတော့လည်း သူ့မိဘ လိပ်စာပေါ့နော်။ အဲဒီမှာ လူနာရဲ့ညီမဖြစ်သူနေတာကိုတွေ့တယ်။ ဒါပေမယ့် လူနာက အဲဒီမှာ မနေတာ ၁၅နှစ်လောက်ရှိပြီလို့ သိရတယ်'' လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဦးဝေဖြိုးဟန်က ဘီဘီစီကိုရှင်းပြပါတယ်။

ကျန်းမာရေးဌာနက လူနာကို မေးမြန်းချက်တွေအရ လူနာအမှတ် ၁၆၁ ရဲ့မိသားစုဝင်တွေဟာ ဒလမြို့ နယ်မှာ နေထိုင်တယ်လို့ ဆိုတဲ့အတွက် ဒလမြို့နယ် လွှတ်တော်အမတ်တွေနဲ့ ကျန်းမာရေးက တာဝန်ရှိ သူတွေဟာ လိပ်စာပါအတိုင်းသွားရောက်စုံစမ်းခဲ့ကြတယ်လို့ဆိုပါတယ်။

ဒလမြို့နယ်မှာ လူနာရဲ့သားသမီးတွေရှိတာမှန်ပေမယ့် လူနာဖြစ်သူဟာ သားသမီးတွေထံ မလာတာ ၂နှစ်ခန့်ရှိပြီလို့ မြို့နေလူထုရဲ့စိုးရိမ်ပူပန်နေတဲ့အပေါ် ဒလမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ စိန်မြအေးက ပြန်လည်ရှင်းလင်းထားပါတယ်။

လူနာအမှတ် ၁၆၁ ဟာ ကျောက်တန်းမြို့နယ်ထဲက ပီလခတ်ဟိန္ဒူဘုရားကျောင်းကို သင်္ကြန်ကာလမှာ သွားရောက်နေထိုင်ခဲ့တယ်လို့ ထပ်မံဆိုခဲ့ပါတယ်။

ပီလခတ် ဟိန္ဒူဘုရားကျောင်းကို လော့ခ်ဒေါင်းချ

လူနာသွားရောက်ခဲ့တယ်လို့ ပြောတဲ့ ပီလခတ်ကျေးရွာကို သက်ဆိုင်ရာ အဖွဲ့စုံက သွားရောက်စုံစမ်းရာမှာတော့ ဘုရားကျောင်း ဂေါပကအဖွဲ့က ဘုရားကျောင်းကို မတ် ၂၈ ရက်ကတည်းက အသွားအလာ ကန့်သတ်ထား ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ ကျောက်တန်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သက်သက်မူက ဘီဘီစီကိုပြောပါတယ်။

'' မနေ့ညက ကျန်းမာရေးကလူတွေလည်း အဲဒီကို သွားကြတယ်။ ဘုရားကျောင်းကတော့ ပိတ်ထားတာကြာပြီဖြစ်သလို အဲသလို လူနေတာဘာညာ မရှိဘူးလို့ ပြောတယ်။ သူတို့အနေနဲ့ ကတော့ လူနာနဲ့ပတ်သက်ပြီး သိရှိတာမျိုးမရှိဘူးလို့ပြောတယ်။''လို့ ဒေါ်သက်သက်မူက ဘုရားကျောင်းဘက်က တုံ့ပြန်တဲ့အပေါ်ပြန်လည်ပြောပြပါတယ်။

ဒါပေမယ့် ဒီကနေ့ မေ ၆ ရက်နေ့ မှာတော့ လူနာအမှတ် ၁၆၁ နောက်ဆုံးသွားခဲ့တယ်လို့ ပြောဆိုခဲ့တဲ့ ပီလခတ်ဘုရားကျောင်းနဲ့အတူ ဘုရားကျောင်းတည်ရှိရာ ကျေးရွာကို လော့ခ်ဒေါင်းချဖို့ ဒီကနေ့ မနက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာမို့မို့ခိုင်က ဘီဘီစီကို မေ ၆ ရက်နေ့မနက်ပိုင်းကပြောပါတယ်။

' ' လူနာကလည်း သွားခဲ့တယ်လို့ ခိုင်ခိုင်မာမာပြောတယ်။ ရောဂါရဲ့အခြေအနေနဲ့ အားလုံးစဉ်းစားဆုံးဖြတ် ပြီးတော့ ဘုရားကျောင်းကို လော့ခ်ဒေါင်းချလိုက်တာပါ။ ရွာကတော့ အိမ်ခြေ နည်းနည်းပဲရှိတယ်။ ဘုရားကျောင်းကဂေါပကတွေကတော့ ဘုရားကျောင်းထဲမှာပဲ လော့ခ်ဒေါင်းအနေနဲ့ရှိမှာပေါ့။''

' 'တခုတော့ရှိတာက တခြားနေရာတွေက မိသားစုဝင်တွေမှာရှိတော့ လုံးဝမလာဘူးဆိုတာပြောနိုင်တယ်။ ဘုရားကျောင်းကတော့ ဧည့်သွားဧည့်လာသွားနိုင်တဲ့နေရာမျိုးဆိုတော့ အတိအကျ မသိသော်လည်း သူပြောတဲ့စကားထဲမှာပါလာတော့ ဆန်းစစ်ပြီး လုပ်ရတာပါ။ ဒါက ယုံကြည်မှုနဲ့လာတာရှိတယ်ဆိုတော့ တခြားလူအဝင်အထွက်ရှိမှာစိုးလို့ စောင့်ကြည့်တဲ့ကာလအနေနဲ့ သတ်မှတ်လိုက်တာပါ။''

လို့ လော့ခ်ဒေါင်းချရတဲ့အခြေနေနဲ့ပတ်သက်ပြီး ဒေါက်တာမို့မို့ခိုင်ကရှင်းပြပါတယ်။

နေထိုင်ရာအရပ်မသေချာမှုတွေကြား စိုးရိမ်မှုတွေမြှင့်တက်ခဲ့ရတဲ့မြို့နယ်တွေ

လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်မှာနေထိုင်သူအဖြစ် စာရင်းထွက်လာတဲ့အတွက် ပိုးတွေ့ လူနာအများစုရှိရာ မြို့နယ်လည်းဖြစ်တာကြောင့် အင်းစိန်မြို့နယ်နေပြည်သူတွေအတွက် စိုးရိမ်ပူပန် မှုတွေတိုးမြှင့်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ အင်းစိန်မြို့နယ်နေသူအချို့ကပြောပါတယ်။

အလားတူ ဒလမြို့နယ်မှာနေထိုင်သူဖြစ်တယ်လို့ ပြောဆိုတာတွေရှိလာချိန်မှာလည်း ဒလမြို့နယ်မှာ ပထမဆုံးပိုးတွေ့လူနာရှိလာပြီဆိုပြီး ဒလမြို့နယ်နေထိုင်သူတွေကြား အချင်းချင်းသတိပေး ပြောဆိုတာတွေ စိုးရိမ်တာတွေလည်းရှိခဲ့ကြတယ်လို့ ဒလမြို့နယ်မှာနေထိုင်သူတွေကပြောပါတယ်။

မေ ၆ ရက်နေ့စာရင်းအထိ နောက်ဆုံးတွေ့ရှိရသူအဖြစ်ရှိနေတဲ့ လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ် အဖြစ် ဖော်ပြခဲ့ပေမယ့် ဘယ်မြို့နယ်မှာအခြေချနေထိုင်သူဖြစ်တယ်ဆိုတာကိုတော့ မသိရဘူးလို့ အင်းစိန်၊ ဒလနဲ့ ကျောက်တန်းမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်အသီးသီးကပြောပါတယ်။

အသက် ၆၂နှစ်ရှိ လူနာအမှတ် ၁၆၁ ဟာ ရန်ကုန်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ မိတ်ဆွေတစ်ဦးကို လူနာစောင့်အဖြစ် သွားရောက်စောင့်ပေးခဲ့ပါတယ်။

အဆိုပါလူနာဆေးရုံတက်ရောက်ရာအခန်းမှ အတည်ပြုလူနာတစ်ဦးကို တွေ့ရှိခဲ့ရတဲ့အတွက် အခန်းမှ လူနာနဲ့လူနာစောင့်အားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ရာက ပိုးတွေ့လူနာ ၁၆၁အဖြစ် အတည်ပြုသတ်မှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52558924
လူနာအမွတ္ ၁၆၁ ေနာက္ဆုံးဘယ္ကိုသြားခဲ့တာလဲ လူနာအမွတ္ ၁၆၁ ေနာက္ဆုံးဘယ္ကိုသြားခဲ့တာလဲ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.