အင္းစိန္မွာ COVID-19 ဆိုင္ရာ က်န္းမာေရးစစ္တမ္းေကာက္ယူ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း COVID-19 ေရာဂါပိုး ဓါတ္ခြဲရလဒ္အေျဖအမ်ားဆုံး ရွိေနတဲ့ အင္းစိန္ၿမိဳ႕နယ္မွာ က်န္းမာေရး စစ္တမ္းေကာက္ယူေနတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးရွိ၊ မရွိ ဓါတ္ခြဲစမ္းသပ္ၿပီး ေရာဂါပိုးရွိေၾကာင္းအေျဖထြက္သူ အေရအတြက္က ဒီေန႔ မြန္းလြဲပိုင္းအထိ စုစုေပါင္းက ၁၆၁ ဦး ရွိေနၿပီး အဲဒီစာရင္းအရ ရန္ကုန္တိုင္းမွာတင္ ေရာဂါပိုးေတြ႕ရွိသူ ၁၂၆ ဦး ရွိေနပါတယ္။ အဲ့ဒီထဲကမွ အင္းစိန္ၿမိဳ႕နယ္က ၂၉ ဦးနဲ႔ အမ်ားဆုံးပါ။ ဒီအတြက္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ အထူးစီမံခ်က္အေနနဲ႔ အင္းစိန္ၿမိဳ႕နယ္တြင္း တအိမ္တက္ဆင္း က်န္းမာေရးစစ္တမ္းေကာက္ယူေနတာျဖစ္ပါတယ္။

လူဦးေရ ၅၀,၀၀၀ ေလာက္ရွိတဲ့ အင္းစိန္ၿမိဳ႕နယ္မွာ အခုလို က်န္းမာေရးစစ္တမ္း ေကာက္ယူတာနဲ႔ တၿပိဳင္တည္း ဖ်ားနာကုသမႈေတြကိုပါ ဆက္လုပ္သြားမယ္လို႔ တိုင္းေဒသႀကီး လြတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က VOA ကို ေျပာပါတယ္။

"စီစဥ္တဲ့အခါမွာ က်န္းမာေရးဝန္ထမ္း ၂၀၀ ေလာက္ပါတယ္။ Volunteer က ၄၀၀ ေလာက္ပါတာေပါ့ေနာ္။ အဲ့ေတာ့ အဖြဲ႕ ၂၀၀ ဖြဲ႕လိုက္တယ္။ တစ္ဖြဲ႕ကို ၃ ေယာက္ႏႈန္းနဲ႔ေပါ့ေနာ္။ သူ႔အပိုင္အလိုက္ လမ္းအလိုက္ကို တာဝန္ယူၿပီးေတာ့ က်န္းမာေရးစစ္တမ္းလိုက္ေကာက္ၾကတာေပါ့ေနာ္။ ကိုယ္ပူခ်ိန္ျမင့္ေနတဲ့သူ မွန္တယ္၊ ရွိတယ္ဆိုလိုရွိရင္ ဒါေတြကို ႐ိုး႐ိုးကိုယ္ပူတယ္ဆိုရင္ေတာ့ Fever Clinic ေလာက္ကို လြဲေျပာင္းၿပီးေတာ့ ကုသမႈလုပ္မယ္၊ ႏွစ္ခ်က္ေလာက္ ေတြ႕တယ္ဆိုရင္ေတာ့ အေရးေပၚ အေျခအေနနဲ႔ ဆိုရင္ေတာ့ အင္းစိန္ေဆး႐ုံႀကီးကို လြဲၿပီးေတာ့ ကုသ စစ္ေဆးမႈေတြ လုပ္မယ္ေပါ့ေနာ္။”

က်န္းမာေရး စစ္တမ္းေကာက္ယူတာကေန Fever Clinic ေတြကို ပို႔ရတဲ့သူေတြ ရွိသလို အင္းစိန္ေဆး႐ုံႀကီးကို ပို႔ရမယ့္လူေတြလည္း ရွိေနပါတယ္။ စာရင္းအတိအက်ကိုေတာ့ မသိရေသးပါဘူး။

COVID-19 ေရာဂါကာလမွာ သာမာန္ ဖ်ားနာတာေတြကို ကုသေပးႏိုင္ဖို႔အတြက္ Community Fever Clinic ေတြကို ဖြင့္လွစ္ထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ေတြက ကိုယ္ပူခ်ိန္ ျမင့္တာေလာက္၊ ေခ်ာင္းဆိုးႏွာေခ်တာေလာက္နဲ႔ ေဆးခန္းကို မလာၾကတဲ့အတြက္ ေရာဂါပိုး ေတြ႕ရွိမႈမ်ားတဲ့ အင္းစိန္ၿမိဳ႕နယ္မွာ တစ္အိမ္တက္ဆင္း က်န္းမာေရး စစ္တမ္း ေကာက္ယူေနတာလို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေနာ္လွလွစိုးက ခုလိုေျပာပါတယ္။

“ဘယ္ေလာက္ထိ ထိေရာက္မႈ ရွိႏိုင္လဲဆိုေတာ့ ရွိႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်မတို႔ ဒီ Fever Clinic ေတြမွာ ဆိုလို႔ရွိရင္ တစ္ရက္ကို လာျပတာ ၅၀ နဲ႔ ၆၀ ၾကားထဲမွာ ရွိတယ္ေလ။ အဲ့ဒီကေနၿပီးေတာ့ ေျခရာခံမိတဲ့ Case ေတြလည္း ရွိတယ္။ ဆိုေတာ့ ေရာက္လာတဲ့သူေတြကလည္း ဖ်ားတာ၊ နာတာေတြရွိလို႔ ၿပီးရင္ သူတို႔ဟာသူတို႔ အဲ့လိုမ်ိဳးေပါ့။ အနံ႔အရသာေပ်ာက္လို႔ လာတဲ့သူေတြ ရွိတယ္။ တစ္ခါတစ္ေလက်ေတာ့ အဲ့ဒါေတြကို မသိဘဲနဲ႔ အိမ္မွာပဲ ေနလိုက္တဲ့သူလည္း ရွိေကာင္းရွိမယ္ေလ။ အဲ့ဒါကို အိမ္တိုင္ရာေရာက္ ေျခရာခံတဲ့ သေဘာေပါ့။”

အင္းစိန္ၿမိဳ႕နယ္က Fever Clinic မွာ ေမလ ၅ ရက္ေန႔အထိ လာေရာက္ျပသတဲ့ လူနာစုစုေပါင္း ၉၀၀ ေက်ာ္ရွိၿပီးေတာ့ ေရာဂါပိုးေတြ႕ရွိခဲ့သူက ၅ ဦး ရွိပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ အထူးစီမံခ်က္နဲ႔ အိမ္တိုင္ယာေရာက္ စစ္တမ္းေကာက္တာမ်ိဳးကို လတ္တေလာမွာေတာ့ အျခားၿမိဳ႕နယ္ေတြမွာ လုပ္ဖို႔ မရွိေသးပါဘူး။ ဒါေပမဲ့ အခုလုပ္တဲ့ထိေရာက္မႈကို ၾကည့္ၿပီး ဆက္လုပ္သင့္မသင့္ စဥ္းစားဆုံးျဖတ္သြားမယ္လို႔ ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက VOA ကို ေျပာပါတယ္။

လတ္တေလာ အခ်ိန္ထိ ေရာဂါပိုးရွိမရွိ ဓာတ္ခြဲစမ္းသပ္ခဲ့သူ စုစုေပါင္းက ၉,၀၀၀ ေက်ာ္ ရွိေနၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုး ေတြ႕ရွိရသူ စုစုေပါင္က ၁၆၁ ဦး ရွိေနၿပီး ေသဆုံးသူ ၆ ဦးနဲ႔ ျပန္လည္သက္သာလာသူ ၄၉ ဦး ရွိေနပါတယ္။

➣ အိမ့္သႏၲာထြန္း / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------
[Unicode Version]

အင်းစိန်မှာ COVID-19 ဆိုင်ရာ ကျန်းမာရေးစစ်တမ်းကောက်ယူ

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါပိုး ဓါတ်ခွဲရလဒ်အဖြေအများဆုံး ရှိနေတဲ့ အင်းစိန်မြို့နယ်မှာ ကျန်းမာရေး စစ်တမ်းကောက်ယူနေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓါတ်ခွဲစမ်းသပ်ပြီး ရောဂါပိုးရှိကြောင်းအဖြေထွက်သူ အရေအတွက်က ဒီနေ့ မွန်းလွဲပိုင်းအထိ စုစုပေါင်းက ၁၆၁ ဦး ရှိနေပြီး အဲဒီစာရင်းအရ ရန်ကုန်တိုင်းမှာတင် ရောဂါပိုးတွေ့ရှိသူ ၁၂၆ ဦး ရှိနေပါတယ်။ အဲ့ဒီထဲကမှ အင်းစိန်မြို့နယ်က ၂၉ ဦးနဲ့ အများဆုံးပါ။ ဒီအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အထူးစီမံချက်အနေနဲ့ အင်းစိန်မြို့နယ်တွင်း တအိမ်တက်ဆင်း ကျန်းမာရေးစစ်တမ်းကောက်ယူနေတာဖြစ်ပါတယ်။

လူဦးရေ ၅၀,၀၀၀ လောက်ရှိတဲ့ အင်းစိန်မြို့နယ်မှာ အခုလို ကျန်းမာရေးစစ်တမ်း ကောက်ယူတာနဲ့ တပြိုင်တည်း ဖျားနာကုသမှုတွေကိုပါ ဆက်လုပ်သွားမယ်လို့ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က VOA ကို ပြောပါတယ်။

"စီစဉ်တဲ့အခါမှာ ကျန်းမာရေးဝန်ထမ်း ၂၀၀ လောက်ပါတယ်။ Volunteer က ၄၀၀ လောက်ပါတာပေါ့နော်။ အဲ့တော့ အဖွဲ့ ၂၀၀ ဖွဲ့လိုက်တယ်။ တစ်ဖွဲ့ကို ၃ ယောက်နှုန်းနဲ့ပေါ့နော်။ သူ့အပိုင်အလိုက် လမ်းအလိုက်ကို တာဝန်ယူပြီးတော့ ကျန်းမာရေးစစ်တမ်းလိုက်ကောက်ကြတာပေါ့နော်။ ကိုယ်ပူချိန်မြင့်နေတဲ့သူ မှန်တယ်၊ ရှိတယ်ဆိုလိုရှိရင် ဒါတွေကို ရိုးရိုးကိုယ်ပူတယ်ဆိုရင်တော့ Fever Clinic လောက်ကို လွဲပြောင်းပြီးတော့ ကုသမှုလုပ်မယ်၊ နှစ်ချက်လောက် တွေ့တယ်ဆိုရင်တော့ အရေးပေါ် အခြေအနေနဲ့ ဆိုရင်တော့ အင်းစိန်ဆေးရုံကြီးကို လွဲပြီးတော့ ကုသ စစ်ဆေးမှုတွေ လုပ်မယ်ပေါ့နော်။”

ကျန်းမာရေး စစ်တမ်းကောက်ယူတာကနေ Fever Clinic တွေကို ပို့ရတဲ့သူတွေ ရှိသလို အင်းစိန်ဆေးရုံကြီးကို ပို့ရမယ့်လူတွေလည်း ရှိနေပါတယ်။ စာရင်းအတိအကျကိုတော့ မသိရသေးပါဘူး။

COVID-19 ရောဂါကာလမှာ သာမာန် ဖျားနာတာတွေကို ကုသပေးနိုင်ဖို့အတွက် Community Fever Clinic တွေကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့တွေက ကိုယ်ပူချိန် မြင့်တာလောက်၊ ချောင်းဆိုးနှာချေတာလောက်နဲ့ ဆေးခန်းကို မလာကြတဲ့အတွက် ရောဂါပိုး တွေ့ရှိမှုများတဲ့ အင်းစိန်မြို့နယ်မှာ တစ်အိမ်တက်ဆင်း ကျန်းမာရေး စစ်တမ်း ကောက်ယူနေတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက ခုလိုပြောပါတယ်။

“ဘယ်လောက်ထိ ထိရောက်မှု ရှိနိုင်လဲဆိုတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ ဒီ Fever Clinic တွေမှာ ဆိုလို့ရှိရင် တစ်ရက်ကို လာပြတာ ၅၀ နဲ့ ၆၀ ကြားထဲမှာ ရှိတယ်လေ။ အဲ့ဒီကနေပြီးတော့ ခြေရာခံမိတဲ့ Case တွေလည်း ရှိတယ်။ ဆိုတော့ ရောက်လာတဲ့သူတွေကလည်း ဖျားတာ၊ နာတာတွေရှိလို့ ပြီးရင် သူတို့ဟာသူတို့ အဲ့လိုမျိုးပေါ့။ အနံ့အရသာပျောက်လို့ လာတဲ့သူတွေ ရှိတယ်။ တစ်ခါတစ်လေကျတော့ အဲ့ဒါတွေကို မသိဘဲနဲ့ အိမ်မှာပဲ နေလိုက်တဲ့သူလည်း ရှိကောင်းရှိမယ်လေ။ အဲ့ဒါကို အိမ်တိုင်ရာရောက် ခြေရာခံတဲ့ သဘောပေါ့။”

အင်းစိန်မြို့နယ်က Fever Clinic မှာ မေလ ၅ ရက်နေ့အထိ လာရောက်ပြသတဲ့ လူနာစုစုပေါင်း ၉၀၀ ကျော်ရှိပြီးတော့ ရောဂါပိုးတွေ့ရှိခဲ့သူက ၅ ဦး ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အထူးစီမံချက်နဲ့ အိမ်တိုင်ယာရောက် စစ်တမ်းကောက်တာမျိုးကို လတ်တလောမှာတော့ အခြားမြို့နယ်တွေမှာ လုပ်ဖို့ မရှိသေးပါဘူး။ ဒါပေမဲ့ အခုလုပ်တဲ့ထိရောက်မှုကို ကြည့်ပြီး ဆက်လုပ်သင့်မသင့် စဉ်းစားဆုံးဖြတ်သွားမယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက VOA ကို ပြောပါတယ်။

လတ်တလော အချိန်ထိ ရောဂါပိုးရှိမရှိ ဓာတ်ခွဲစမ်းသပ်ခဲ့သူ စုစုပေါင်းက ၉,၀၀၀ ကျော် ရှိနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး တွေ့ရှိရသူ စုစုပေါင်က ၁၆၁ ဦး ရှိနေပြီး သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၄၉ ဦး ရှိနေပါတယ်။

➣ အိမ့်သန္တာထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-health-covid-survey/5408162.html
အင္းစိန္မွာ COVID-19 ဆိုင္ရာ က်န္းမာေရးစစ္တမ္းေကာက္ယူ အင္းစိန္မွာ COVID-19 ဆိုင္ရာ က်န္းမာေရးစစ္တမ္းေကာက္ယူ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.