အတည္ျပဳလူနာတခ်ိဳ႕ကို ကူးစက္မႈရာဇဝင္ ရွာမေတြ႕

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြထဲမွာ ေရာဂါကူးစက္ခံေနရတဲ့ ခရီးသြားရာဇဝင္ လည္းမရွိ၊ အတည္ျပဳလူနာနဲ႔ ထိေတြ႕တာလည္းမရွိဘဲနဲ႔ ကူးစက္ခံရသူေတြရွိေနပါၿပီ။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအမ်ားစုဟာ ေရာဂါျဖစ္ပြားေနတဲ့ႏိုင္ငံေတြကေန ျပန္လာတဲ့သူေတြ၊ ေရာဂါပိုးကူးစက္ခံရသူနဲ႔ အနီးကပ္ ထိေတြ႕ခဲ့ဖူးတဲ့သူေတြျဖစ္ပါတယ္။ အခု ဒီရက္ပိုင္းမွာဆိုရင္ ခရီးသြားရာဇဝင္ လည္းမရွိ၊ ေရာဂါရွိသူနဲ႔ ထိေတြ႕ခဲ့တာလည္း မရွိဘဲ ကူးစက္ခံရသူေတြ ရွိလာပါတယ္။

က်န္မာေရးဝန္ႀကီးဌာနက ေမ ၃ ရက္မွာ ထုတ္ျပန္တဲ့အထဲမွာဆိုရင္ ေနာက္ထပ္ တိုးတဲ့လူနာထဲမွာ အသက္ ၄၈ ႏွစ္အ႐ြယ္ အမ်ိဳးသား လူနာအမွတ္ ၁၅၅ ဟာ ေရာဂါကူးစက္ခံရသူနဲ႔ ထိေတြ႕တာမရွိ၊ ျပည္ပကို ခရီးသြားတာလည္း မရွိဘဲ ကူးစက္ခံထားရတယ္လို႔ ေဖာ္ျပထားပါတယ္။

သူဟာ ဝါး၊ ဓနိဆိုင္က အလုပ္သမားတစ္ေယာက္ျဖစ္ၿပီး အခုသူနဲ႔ ဆက္စပ္သူ ၂၂ ေယာက္ကို ေစာင့္ၾကည့္ေနတယ္ လို႔ တာေမြၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသိန္းျမင့္က ေျပာပါတယ္။

“က်န္းမာေရးမႉးက စုံစမ္းေနတယ္။ ဝါးဆိုင္မွာ လုပ္တဲ့အလုပ္သမား။ ဝါးဆိုင္ကို လာတဲ့သူဆီကေန ျဖစ္မ်ား ျဖစ္သလား မေျပာမရဘူးေပါ့ေနာ္။ လက္ရွိေတာ့ ရွာမရေသးဘူး။ သူအလုပ္လုပ္တဲ့ ဝါးဓနိဆိုင္ကိုလည္း သီးျခားေစာင့္ၾကည့္ထားတယ္။ လူနာသြားၾကည့္တဲ့သူေတြကိုလည္း ပို႔လိုက္ၿပီေျပာတယ္။ ၂၂ ေယာက္ေပါ့။"

ေနာက္တစ္ေယာက္ကေတာ့ အင္းစိန္ၿမိဳ႕နယ္က လူနာအမွတ္ ၁၅၁ ပါ။ မတ္လေလာက္ကတည္းက အလုပ္ မသြားရဘဲ အေဆာင္မွာပဲ ေနခဲ့တဲ့သူတစ္ေယာက္ပါ။ ခရီးသြားခဲ့တာေတြ၊ ေရာဂါရွိသူနဲ႔လည္း ထိေတြ႕ခဲ့တာမရွိဘဲ ဘယ္ကေနဘယ္လို ကူးစက္ခံရသလဲဆိုတာကိုလည္း လိုက္ၿပီး စုံစမ္းေနရတုန္းလို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

“မိန္းကေလးေတြျဖစ္တဲ့အတြက္ ေဈးသြား ဘာညာေတာ့ ရွိမွာေပါ့ေနာ္။ က်န္တာက Stay Home ကာလႀကီး ျဖစ္ေတာ့ ဘယ္မွမသြားဘူးလို႔ေတာ့ ၾကားပါတယ္။ ခရီးသြားရာဇဝင္လည္းမရွိဘူး။ ထိေတြ႕မႈလည္းမရွိဘူး ေျပာၾကတဲ့အထဲမွာ သူကတစ္ေယာက္ အပါဝင္ေပါ့။ အဲထဲမွာ ဒီဗိုင္းရပ္စ္က Silence လည္း ျဖစ္ေနတတ္တာ ရွိတယ္။ ဒီေတာ့ ဘယ္သူ႔ဆီက ဘယ္လိုကူးသလဲ ခန႔္မွန္းရခက္တာေပါ့။"

ေမ ၃ ရက္က ထုတ္ျပန္ခ်က္ထဲမွာ အင္းစိန္က ပိုးေတြ႕သူ သုံးေယာက္ျဖစ္တဲ့ လူနာအမွတ္ ၁၅၂၊ ၁၅၃၊ ၁၅၄ တို႔ဟာ လူနာအမွတ္ ၁၅၁ နဲ႔ အေဆာင္အတူေနတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔ သုံးေယာက္က လူနာအမွတ္ ၁၅၁ ဆီက ကူးစက္တာလား၊ ဘယ္သူ႔ဆီက စၿပီးကူးတာလဲဆိုတာ ေသေသခ်ာခ်ာ မသိ ႏိုင္တဲ့အေျခအေနလို႔လည္း ဦးေဝၿဖိဳးဟန္က သုံးသပ္ပါတယ္။

လူနာနံပါတ္ ၁၃၂ ျဖစ္တဲ့ မႏၲေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္က အသက္ ၈၀ အ႐ြယ္ အမ်ိဳးသား တစ္ေယာက္ ဟာ က်န္းမာေရး မေကာင္းသူျဖစ္တာေၾကာင့္ အျပင္ထြက္သြားလာတာ၊ ခရီးသြားတာ မရွိခဲ့ဘဲ ကူးစက္ခံခဲ့ရသူပါ။ သူ႔ကို ဘယ္ကေန ဘယ္လိုကူးစက္တယ္ဆိုတာ အစ ရွာမရေအာင္ျဖစ္ေန တယ္လို႔ မတၱရာၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမင္းမင္းက ေျပာပါတယ္။

“သူ႔မိသားစုဝင္ေတြနဲ႔ သူ႔ဆီဝင္ထြက္တာေတြ အကုန္လုံးလိုက္တယ္။ လိုက္ေတာ့ ခရီးသြား ရာဇဝင္လည္း မရွိဘူး။ သူ႔မိသားစုဝင္ေတြကို စစ္ေတာ့လည္း Negative ပဲျပတယ္။ အဘကလည္း ေနမေကာင္းတဲ့သူဆိုေတာ့ ဘယ္မွမသြားႏိုင္ဘူး။ သူတို႔ေတြတင္ မဟုတ္ဘူး၊ ပတ္ဝန္းက်င္ကိုလည္း စုံစမ္းၾကည့္တယ္ သူတို႔အိမ္ အဝင္အထြက္ေတြေပါ့။ မိသားစုဝင္ေတြနဲ႔ ေဆး႐ုံေဆးခန္း ပို႔တဲ့ကားနဲ႔၊ လာၾကည့္တဲ့ ဆရာဝန္ပဲရွိတယ္။ သူတို႔အားလုံးကိုလည္း စစ္ေဆးေတာ့ Negative ျပေတာ့ ဘယ္လိုေျပာလို႔ ေျပာရမွန္းမသိဘူး ျဖစ္ေနတာ။"

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ေတြ႕ရွိသူက ျပည္ပကေန ျပန္လာသူျဖစ္ပါတယ္။ အဲဒီလို ျပန္လာသူေတြ ကေနတဆင့္ တျခားကူးစက္၊ အဲဒီကူးစက္ခံရသူေတြကေနတဆင့္ ျပည္တြင္းမွာ ထပ္ကူးစက္ခံရတာေတြ ရွိလာၿပီး အခုဆိုရင္ ဘယ္ကေနဘယ္လို ကူးစက္ခံရမွန္းမသိတဲ့ အေျခအေနေတြ ရွိလာပါတယ္။

ေရာဂါကူးစက္ခံရသူ အမ်ားစုကလည္း က်န္းမာတဲ့သူေတြျဖစ္ေနၿပီး သူတို႔ကိုယ္တိုင္လည္း ကူးစက္ခံရမွန္း မသိတဲ့အခါ ေရာဂါျဖန႔္ေဝသူေတြ ျဖစ္လာတာပါ။

လကၡဏာမျပတာေၾကာင့္  ကူးစက္ခံရမွန္းမသိဘဲ ေရာဂါျပန႔္ႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ဆရာဝန္မ်ားအသင္း အေထြေထြေရာဂါကု ဆရာဝန္အဖြဲ႕  ဒုတိယ ဥကၠ႒ ေဒါက္တာ ဝင္းလြင္သိန္းက ေျပာပါတယ္။

"ဒီပိုးက ငါးရာခိုင္ႏႈန္းကေန၈၀ ရာခိုင္ႏုန္းအထိ ဘာလကၡဏာမွ မျပဘဲနဲ႔ ရွိေနတာေပါ့ေနာ္။ အဲဒါ အေၾကာက္ရဆုံးေပါ့။ အဲလိုလူေတြက အမ်ားႀကီးရွိတယ္ဗ်။ သူတို႔ကိုယ္သူတို႔ လူေကာင္းပဲ ထင္မွာပဲေလ။ ပိုးရွိေနတယ္။ ဘာလကၡဏာမွ မျပေတာ့ လူေကာင္းပဲေလ။ သူတို႔ကိုယ္သူတို႔ ကိုဗစ္လို႔ထင္မွာပဲေလ။ ဒါက လူတိုင္းျဖစ္ႏိုင္တာကိုး။ ဒါ့ေၾကာင့္လည္း က်ေနာ္တို႔က Mask တပ္ခိုင္းရတာေလ။ လူေတြအကုန္လုံးလည္း လိုက္မစစ္ႏိုင္ဘူးေလ။ လိုက္စစ္မွေပၚမွာကိုး။ လကၡဏာမျပခင္ ၄၈ နာရီ ကူးစက္မႈျပေနၿပီ။ အဲ့အခ်ိန္က အျမင့္ဆုံးအေျခအေန ေရာက္ေနတာေပါ့ေနာ္။"

ေနာက္ေၾကာင္းရာဇဝင္ေတြ ေမးတဲ့အခါ ကူးစက္ခံရသူေတြက တိတိက်က် မွန္မွန္ကန္ကန္ေျဖမွသာ ဘယ္သူေတြကိုပါဆက္ၿပီး ကူးစက္ႏိုင္ေျခရွိမယ္ဆိုတာကို ႀကိဳတင္သိၿပီး ကာကြယ္ႏိုင္မွာျဖစ္တယ္လို႔လည္း ေျပာၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က မသိလိုက္ဘဲ ကူးစက္တာေတြ ျဖစ္တာဟာ အင္မတန္မွ သတိထားစရာျဖစ္တဲ့ အတြက္  ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔နဲ႔ သူမ်ားကို ကူးစက္မႈမရွိေအာင္ ခပ္ခြာခြာေနၾကဖို႔ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္သူေတြနဲ႔ ဧၿပီ ၃၀ ရက္က ေဆြးေႏြးပြဲမွာ ေျပာခဲ့ပါတယ္။

“ေရာဂါလကၡဏာ မေပၚတာေပါ့။ ကိုယ္က ဒီေရာဂါသည္ျဖစ္တဲ့သူ ျဖစ္ေနရင္ေတာင္မွပဲ ေရာဂါလကၡဏာ မေပၚေတာ့ ကိုယ့္ကိုကိုယ္ အေကာင္းထင္၊ ေဘးကလူေတြကလည္း အေကာင္းထင္ၿပီး လူမ်ားကို ျဖန႔္ေပးသလို လည္း ျဖစ္သြားႏိုင္တယ္။ ဒါက အင္မတန္မွ သတိထားရမွာ ျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္ မသိသလို သူမ်ားကိုလည္း သိလို႔မရဘူး။ ဒါ့ေၾကာင့္မို႔လို႔ ခြာခြာေနပါလို႔ တစ္ခ်ိန္လုံးေျပာေနတာပါ။ ဒါ့ေၾကာင့္ ၫႊန္ၾကားခ်က္ေတြ ထုတ္ထားတာပါ။ ဒါက ကိုယ့္ကိုကိုယ္ ကာကြယ္သလို သူမ်ားေတြကိုလည္း မကူးစက္ေစဖို႔ ျဖစ္ပါတယ္။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေမ ၄ ရက္ ထုတ္ျပန္ခ်က္မွာလည္း ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္က တပ္မေတာ္သား တစ္ေယာက္လည္း ခရီးသြားရာဇဝင္ေတြ၊ ကူးစက္ခံရသူနဲ႔ ထိေတြ႕တာေတြမရွိဘဲ ကူးစက္ခံထားရတယ္လို႔ ေျပာထားပါတယ္။

ဒီရက္ပိုင္းမွာ ပိုးေတြ႕တဲ့သူ မရွိတာ သုံးရက္ေလာက္ရွိပါၿပီ။ ဒါေပမဲ့ ေရာဂါအရွင္း ေပ်ာက္ကြယ္သြားတာ မဟုတ္ေသးတဲ့အတြက္ ေပါ့ဆလို႔ မရပါဘူး။

အခုဆိုရင္ မျဖစ္မေန လုပ္ငန္းခြင္ဝင္ရတဲ့သူေတြ၊ အစိုးရဝန္ထမ္းေတြ ရွိေနၿပီး ေဈးေရာင္း၊ ေဈးဝယ္ေတြလည္း ရွိေနပါတယ္။ ဒါေပမဲ့ ရန္ကုန္မွာ အမ်ားစုက ႏွာေခါင္းစည္းတပ္တာေတြ နည္းပါတယ္။ အခုခ်ိန္မွာ ဘယ္ကေန ဘယ္လို ကူးစက္ခံထားရတယ္ဆိုတာကို ေသခ်ာမသိတဲ့သူေတြရွိေနၿပီး ေရာဂါလကၡဏာ မျပဘဲ ကူးစက္ခံ ထားရသူေတြ ရွိေနႏိုင္တာေၾကာင့္ မေပါ့ဆၾကဖို႔ကိုလည္း ေျပာၾကပါတယ္။

ဇာဏီထြဏ္း /RFA Burmese
-------------------------------

(Unicode)⤵⤵⤵
အတည်ပြုလူနာတချို့ကို ကူးစက်မှုရာဇဝင် ရှာမတွေ့

မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ရောဂါကူးစက်ခံနေရတဲ့ ခရီးသွားရာဇဝင် လည်းမရှိ၊ အတည်ပြုလူနာနဲ့ ထိတွေ့တာလည်းမရှိဘဲနဲ့ ကူးစက်ခံရသူတွေရှိနေပါပြီ။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများစုဟာ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကနေ ပြန်လာတဲ့သူတွေ၊ ရောဂါပိုးကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့ခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။ အခု ဒီရက်ပိုင်းမှာဆိုရင် ခရီးသွားရာဇဝင် လည်းမရှိ၊ ရောဂါရှိသူနဲ့ ထိတွေ့ခဲ့တာလည်း မရှိဘဲ ကူးစက်ခံရသူတွေ ရှိလာပါတယ်။

ကျန်မာရေးဝန်ကြီးဌာနက မေ ၃ ရက်မှာ ထုတ်ပြန်တဲ့အထဲမှာဆိုရင် နောက်ထပ် တိုးတဲ့လူနာထဲမှာ အသက် ၄၈ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၁၅၅ ဟာ ရောဂါကူးစက်ခံရသူနဲ့ ထိတွေ့တာမရှိ၊ ပြည်ပကို ခရီးသွားတာလည်း မရှိဘဲ ကူးစက်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

သူဟာ ဝါး၊ ဓနိဆိုင်က အလုပ်သမားတစ်ယောက်ဖြစ်ပြီး အခုသူနဲ့ ဆက်စပ်သူ ၂၂ ယောက်ကို စောင့်ကြည့်နေတယ် လို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။

“ကျန်းမာရေးမှူးက စုံစမ်းနေတယ်။ ဝါးဆိုင်မှာ လုပ်တဲ့အလုပ်သမား။ ဝါးဆိုင်ကို လာတဲ့သူဆီကနေ ဖြစ်များ ဖြစ်သလား မပြောမရဘူးပေါ့နော်။ လက်ရှိတော့ ရှာမရသေးဘူး။ သူအလုပ်လုပ်တဲ့ ဝါးဓနိဆိုင်ကိုလည်း သီးခြားစောင့်ကြည့်ထားတယ်။ လူနာသွားကြည့်တဲ့သူတွေကိုလည်း ပို့လိုက်ပြီပြောတယ်။ ၂၂ ယောက်ပေါ့။"

နောက်တစ်ယောက်ကတော့ အင်းစိန်မြို့နယ်က လူနာအမှတ် ၁၅၁ ပါ။ မတ်လလောက်ကတည်းက အလုပ် မသွားရဘဲ အဆောင်မှာပဲ နေခဲ့တဲ့သူတစ်ယောက်ပါ။ ခရီးသွားခဲ့တာတွေ၊ ရောဂါရှိသူနဲ့လည်း ထိတွေ့ခဲ့တာမရှိဘဲ ဘယ်ကနေဘယ်လို ကူးစက်ခံရသလဲဆိုတာကိုလည်း လိုက်ပြီး စုံစမ်းနေရတုန်းလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

“မိန်းကလေးတွေဖြစ်တဲ့အတွက် ဈေးသွား ဘာညာတော့ ရှိမှာပေါ့နော်။ ကျန်တာက Stay Home ကာလကြီး ဖြစ်တော့ ဘယ်မှမသွားဘူးလို့တော့ ကြားပါတယ်။ ခရီးသွားရာဇဝင်လည်းမရှိဘူး။ ထိတွေ့မှုလည်းမရှိဘူး ပြောကြတဲ့အထဲမှာ သူကတစ်ယောက် အပါဝင်ပေါ့။ အဲထဲမှာ ဒီဗိုင်းရပ်စ်က Silence လည်း ဖြစ်နေတတ်တာ ရှိတယ်။ ဒီတော့ ဘယ်သူ့ဆီက ဘယ်လိုကူးသလဲ ခန့်မှန်းရခက်တာပေါ့။"

မေ ၃ ရက်က ထုတ်ပြန်ချက်ထဲမှာ အင်းစိန်က ပိုးတွေ့သူ သုံးယောက်ဖြစ်တဲ့ လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့ဟာ လူနာအမှတ် ၁၅၁ နဲ့ အဆောင်အတူနေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ သုံးယောက်က လူနာအမှတ် ၁၅၁ ဆီက ကူးစက်တာလား၊ ဘယ်သူ့ဆီက စပြီးကူးတာလဲဆိုတာ သေသေချာချာ မသိ နိုင်တဲ့အခြေအနေလို့လည်း ဦးဝေဖြိုးဟန်က သုံးသပ်ပါတယ်။

လူနာနံပါတ် ၁၃၂ ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်က အသက် ၈၀ အရွယ် အမျိုးသား တစ်ယောက် ဟာ ကျန်းမာရေး မကောင်းသူဖြစ်တာကြောင့် အပြင်ထွက်သွားလာတာ၊ ခရီးသွားတာ မရှိခဲ့ဘဲ ကူးစက်ခံခဲ့ရသူပါ။ သူ့ကို ဘယ်ကနေ ဘယ်လိုကူးစက်တယ်ဆိုတာ အစ ရှာမရအောင်ဖြစ်နေ တယ်လို့ မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပါတယ်။

“သူ့မိသားစုဝင်တွေနဲ့ သူ့ဆီဝင်ထွက်တာတွေ အကုန်လုံးလိုက်တယ်။ လိုက်တော့ ခရီးသွား ရာဇဝင်လည်း မရှိဘူး။ သူ့မိသားစုဝင်တွေကို စစ်တော့လည်း Negative ပဲပြတယ်။ အဘကလည်း နေမကောင်းတဲ့သူဆိုတော့ ဘယ်မှမသွားနိုင်ဘူး။ သူတို့တွေတင် မဟုတ်ဘူး၊ ပတ်ဝန်းကျင်ကိုလည်း စုံစမ်းကြည့်တယ် သူတို့အိမ် အဝင်အထွက်တွေပေါ့။ မိသားစုဝင်တွေနဲ့ ဆေးရုံဆေးခန်း ပို့တဲ့ကားနဲ့၊ လာကြည့်တဲ့ ဆရာဝန်ပဲရှိတယ်။ သူတို့အားလုံးကိုလည်း စစ်ဆေးတော့ Negative ပြတော့ ဘယ်လိုပြောလို့ ပြောရမှန်းမသိဘူး ဖြစ်နေတာ။"

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိသူက ပြည်ပကနေ ပြန်လာသူဖြစ်ပါတယ်။ အဲဒီလို ပြန်လာသူတွေ ကနေတဆင့် တခြားကူးစက်၊ အဲဒီကူးစက်ခံရသူတွေကနေတဆင့် ပြည်တွင်းမှာ ထပ်ကူးစက်ခံရတာတွေ ရှိလာပြီး အခုဆိုရင် ဘယ်ကနေဘယ်လို ကူးစက်ခံရမှန်းမသိတဲ့ အခြေအနေတွေ ရှိလာပါတယ်။

ရောဂါကူးစက်ခံရသူ အများစုကလည်း ကျန်းမာတဲ့သူတွေဖြစ်နေပြီး သူတို့ကိုယ်တိုင်လည်း ကူးစက်ခံရမှန်း မသိတဲ့အခါ ရောဂါဖြန့်ဝေသူတွေ ဖြစ်လာတာပါ။

လက္ခဏာမပြတာကြောင့်  ကူးစက်ခံရမှန်းမသိဘဲ ရောဂါပြန့်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေရောဂါကု ဆရာဝန်အဖွဲ့  ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းလွင်သိန်းက ပြောပါတယ်။

"ဒီပိုးက ငါးရာခိုင်နှုန်းကနေ၈၀ ရာခိုင်နုန်းအထိ ဘာလက္ခဏာမှ မပြဘဲနဲ့ ရှိနေတာပေါ့နော်။ အဲဒါ အကြောက်ရဆုံးပေါ့။ အဲလိုလူတွေက အများကြီးရှိတယ်ဗျ။ သူတို့ကိုယ်သူတို့ လူကောင်းပဲ ထင်မှာပဲလေ။ ပိုးရှိနေတယ်။ ဘာလက္ခဏာမှ မပြတော့ လူကောင်းပဲလေ။ သူတို့ကိုယ်သူတို့ ကိုဗစ်လို့ထင်မှာပဲလေ။ ဒါက လူတိုင်းဖြစ်နိုင်တာကိုး။ ဒါ့ကြောင့်လည်း ကျနော်တို့က Mask တပ်ခိုင်းရတာလေ။ လူတွေအကုန်လုံးလည်း လိုက်မစစ်နိုင်ဘူးလေ။ လိုက်စစ်မှပေါ်မှာကိုး။ လက္ခဏာမပြခင် ၄၈ နာရီ ကူးစက်မှုပြနေပြီ။ အဲ့အချိန်က အမြင့်ဆုံးအခြေအနေ ရောက်နေတာပေါ့နော်။"

နောက်ကြောင်းရာဇဝင်တွေ မေးတဲ့အခါ ကူးစက်ခံရသူတွေက တိတိကျကျ မှန်မှန်ကန်ကန်ဖြေမှသာ ဘယ်သူတွေကိုပါဆက်ပြီး ကူးစက်နိုင်ခြေရှိမယ်ဆိုတာကို ကြိုတင်သိပြီး ကာကွယ်နိုင်မှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မသိလိုက်ဘဲ ကူးစက်တာတွေ ဖြစ်တာဟာ အင်မတန်မှ သတိထားစရာဖြစ်တဲ့ အတွက်  ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ သူများကို ကူးစက်မှုမရှိအောင် ခပ်ခွာခွာနေကြဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဧပြီ ၃၀ ရက်က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

“ရောဂါလက္ခဏာ မပေါ်တာပေါ့။ ကိုယ်က ဒီရောဂါသည်ဖြစ်တဲ့သူ ဖြစ်နေရင်တောင်မှပဲ ရောဂါလက္ခဏာ မပေါ်တော့ ကိုယ့်ကိုကိုယ် အကောင်းထင်၊ ဘေးကလူတွေကလည်း အကောင်းထင်ပြီး လူများကို ဖြန့်ပေးသလို လည်း ဖြစ်သွားနိုင်တယ်။ ဒါက အင်မတန်မှ သတိထားရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် မသိသလို သူများကိုလည်း သိလို့မရဘူး။ ဒါ့ကြောင့်မို့လို့ ခွာခွာနေပါလို့ တစ်ချိန်လုံးပြောနေတာပါ။ ဒါ့ကြောင့် ညွှန်ကြားချက်တွေ ထုတ်ထားတာပါ။ ဒါက ကိုယ့်ကိုကိုယ် ကာကွယ်သလို သူများတွေကိုလည်း မကူးစက်စေဖို့ ဖြစ်ပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၄ ရက် ထုတ်ပြန်ချက်မှာလည်း နေပြည်တော် ဇေယျာသီရိမြို့နယ်က တပ်မတော်သား တစ်ယောက်လည်း ခရီးသွားရာဇဝင်တွေ၊ ကူးစက်ခံရသူနဲ့ ထိတွေ့တာတွေမရှိဘဲ ကူးစက်ခံထားရတယ်လို့ ပြောထားပါတယ်။

ဒီရက်ပိုင်းမှာ ပိုးတွေ့တဲ့သူ မရှိတာ သုံးရက်လောက်ရှိပါပြီ။ ဒါပေမဲ့ ရောဂါအရှင်း ပျောက်ကွယ်သွားတာ မဟုတ်သေးတဲ့အတွက် ပေါ့ဆလို့ မရပါဘူး။

အခုဆိုရင် မဖြစ်မနေ လုပ်ငန်းခွင်ဝင်ရတဲ့သူတွေ၊ အစိုးရဝန်ထမ်းတွေ ရှိနေပြီး ဈေးရောင်း၊ ဈေးဝယ်တွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ အများစုက နှာခေါင်းစည်းတပ်တာတွေ နည်းပါတယ်။ အခုချိန်မှာ ဘယ်ကနေ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာကို သေချာမသိတဲ့သူတွေရှိနေပြီး ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံ ထားရသူတွေ ရှိနေနိုင်တာကြောင့် မပေါ့ဆကြဖို့ကိုလည်း ပြောကြပါတယ်။

ဇာဏီထွဏ်း /RFA Burmese
https://www.rfa.org/burmese/news/myanmar-corona-05062020035815.html
အတည္ျပဳလူနာတခ်ိဳ႕ကို ကူးစက္မႈရာဇဝင္ ရွာမေတြ႕ အတည္ျပဳလူနာတခ်ိဳ႕ကို ကူးစက္မႈရာဇဝင္ ရွာမေတြ႕ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.