ဝါရွင္တန္က လမ္းနာမည္တခု တ႐ုတ္ဆရာဝန္အမည္ေျပာင္းဖို႔ လႊတ္ေတာ္မွာ အဆိုတင္ထား

တ႐ုတ္ဆရာဝန္ Dr Li Wenliang.
(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံကေနစၿပီး ကူးစက္ပ်ံ႕ႏွ႔ံခဲ့တဲ့ COVID-19 ကပ္ေရာဂါဆုိးနဲ႔ ပတ္သက္ၿပီး စတင္ေဖာ္ထုတ္ခဲ့သူ တ႐ုတ္ဆရာ၀န္ Dr. Li Wenliang ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာရွိတဲ့ တ႐ုတ္သံ႐ုံးေရွ႕က လမ္းကို Dr. Li လမ္းလို႔ နာမည္ေျပာင္းဖို႔ အဆုိတရပ္ကို အေမရိကန္ ေအာက္လႊတ္ေတာ္မွာ လႊတ္ေတာ္အမတ္ေတြက တင္သြင္းလိုက္ပါတယ္။

တ႐ုတ္သံ႐ုံးေရွ႕ကလမ္းကို Dr. Li လမ္းလို႔ နာမည္ေျပာင္းဖို႔ ဥပေဒၾကမ္းတရပ္ကို တင္သြင္းခြင့္ရတဲ့အတြက္ သူ႔အေနနဲ႔ ဂုဏ္ယူတယ္လို႔ Wyoming ေအာက္လြႊတ္ေတာ္အမတ္ Liz Cheney က ၾကာသပေတးေန႔က ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ အေမရိကန္ အထက္လႊတ္ေတာ္မွာလည္း အလားတူ ဥပေဒၾကမ္းတရပ္ကို Nebraska အထက္လႊတ္ေတာ္အမတ္ Ben Sasse က တင္သြင္းခဲ့ၿပီး Dr. Li ဟာ တ႐ုတ္လူမ်ိဳးေတြရဲ႕ သူရဲေကာင္းျဖစ္တယ္လို႔ ေျပာပါတယ္။

၀ူဟန္ၿမိဳ႕မွာ SARS ေရာဂါနဲ႔ အလားသဏၭာန္တူတဲ့ ဗုိင္းရပ္စ္တမ်ိဳး ျဖစ္ေနတယ္ဆုိတာကို Dr. Li က ေဆးေက်ာင္းက ေက်ာင္းေနဘက္ သူငယ္ခ်င္းေတြကို စၿပီး သတိေပးခဲ့တာပါ။

အဲဒီလိုေျပာခဲ့တဲ့အတြက္ တ႐ုတ္အာဏာပိုင္ေတြက သူ႔ကိုဆင့္ေခၚၿပီး ဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ အစိုးရတာ၀န္ရွိသူကလဲြၿပီး ဘယ္သူမွ ေျပာခြင့္မရွိဘူးလို႔ အဲဒီအခ်ိန္က အမိန္႔ထုတ္ခဲ့တာပါ။

သူက ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး တကမာၻလုံးကို သတိေပးဖို႔လုပ္တာကို တ႐ုတ္အစိုးရက ႏႈတ္ပိတ္တဲ့အေနနဲ႔ ထိန္းသိမ္းခဲ့ၿပီးတဲ့ေနာက္ သူလည္း COVID-19 ေရာဂါ ကူးစက္ခံရၿပီး ကြယ္လြန္သြားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
(Unicode)

ဝါရှင်တန်က လမ်းနာမည်တခု တရုတ်ဆရာဝန်အမည်ပြောင်းဖို့ လွှတ်တော်မှာ အဆိုတင်ထား

တရုတ်နိုင်ငံကနေစပြီး ကူးစက်ပျံ့နှံ့ခဲ့တဲ့ COVID-19 ကပ်ရောဂါဆိုးနဲ့ ပတ်သက်ပြီး စတင်ဖော်ထုတ်ခဲ့သူ တရုတ်ဆရာဝန် Dr. Li Wenliang ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ တရုတ်သံရုံးရှေ့က လမ်းကို Dr. Li လမ်းလို့ နာမည်ပြောင်းဖို့ အဆိုတရပ်ကို အမေရိကန် အောက်လွှတ်တော်မှာ လွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပါတယ်။

တရုတ်သံရုံးရှေ့ကလမ်းကိုDr. Li လမ်းလို့ နာမည်ပြောင်းဖို့ ဥပဒေကြမ်းတရပ်ကို တင်သွင်းခွင့်ရတဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူတယ်လို့ Wyoming အောက်လွှတ်တော်အမတ် Liz Cheney က ကြာသပတေးနေ့က ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အထက်လွှတ်တော်မှာလည်း အလားတူ ဥပဒေကြမ်းတရပ်ကို Nebraska အထက်လွှတ်တော်အမတ် Ben Sasse က တင်သွင်းခဲ့ပြီး Dr. Li ဟာ တရုတ်လူမျိုးတွေရဲ့ သူရဲကောင်းဖြစ်တယ်လို့ ပြောပါတယ်။

ဝူဟန်မြို့မှာ SARS ရောဂါနဲ့ အလားသဏ္ဌာန်တူတဲ့ ဗိုင်းရပ်စ်တမျိုး ဖြစ်နေတယ်ဆိုတာကို Dr. Li က ဆေးကျောင်းက ကျောင်းနေဘက် သူငယ်ချင်းတွေကို စပြီး သတိပေးခဲ့တာပါ။

အဲဒီလိုပြောခဲ့တဲ့အတွက် တရုတ်အာဏာပိုင်တွေက သူ့ကိုဆင့်ခေါ်ပြီး ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အစိုးရတာဝန်ရှိသူကလွဲပြီး ဘယ်သူမှ ပြောခွင့်မရှိဘူးလို့ အဲဒီအချိန်က အမိန့်ထုတ်ခဲ့တာပါ။

သူက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တကမ္ဘာလုံးကို သတိပေးဖို့လုပ်တာကို တရုတ်အစိုးရက နှုတ်ပိတ်တဲ့အနေနဲ့ ထိန်းသိမ်းခဲ့ပြီးတဲ့နောက် သူလည်း COVID-19 ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rename-dc-street-for-chinese-doctor/5412822.html
ဝါရွင္တန္က လမ္းနာမည္တခု တ႐ုတ္ဆရာဝန္အမည္ေျပာင္းဖို႔ လႊတ္ေတာ္မွာ အဆိုတင္ထား ဝါရွင္တန္က လမ္းနာမည္တခု တ႐ုတ္ဆရာဝန္အမည္ေျပာင္းဖို႔ လႊတ္ေတာ္မွာ အဆိုတင္ထား Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.