ယူေက - ေလေၾကာင္းကလာသူေတြ ကြာရန္တင္းဝင္ေစဖို႔ ၿဗိတိန္စီစဥ္

ဓာတ္ပုံ မူပိုင္ Getty Images
(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္အေရးကို တုံ႔ျပန္ဖို႔အတြက္ အိုင္ယာလန္ႏိုင္ငံက လာတဲ့သူကလြဲလို႔ ကမာၻ႔ဘယ္ႏိုင္ငံကမဆို ၿဗိတိန္ကို ေရာက္လာသူေတြ ၁၄ ရက္ သီးသန႔္ခြဲေနခိုင္းမယ့္ ကြာရန္တင္းလုပ္မယ့္အေၾကာင္း အစိုးရက သူတို႔ကို အေၾကာင္းၾကားထားတယ္လို႔ Airlines UK ၿဗိတိန္ ေလေၾကာင္းလိုင္းမ်ား အဖြဲ႕က ေျပာပါတယ္။

ဒီစည္းမ်ဥ္းသတ္မွတ္ခ်က္က ေမလ ကုန္ရင္ စအသက္ဝင္လာဖြယ္ ရွိပါတယ္။

ဒီမူဝါဒဟာ "ဘယ္လိုျပန္ျဖဳတ္မလဲဆိုတဲ့ အစီအစဥ္အတိအက်" ရွိဖို႔လိုၿပီး အပတ္စဥ္ ျပန္ သုံးသပ္ဖို႔ လိုတယ္လို႔ Airlines UK အဖြဲ႕က ေျပာပါတယ္။

ၿဗိတိန္ကိုေရာက္လာတဲ့သူေတြ အေနနဲ႔ ပုဂၢလိကပိုင္ ေနရာတခုမွာ ကိုယ့္ဘာသာကိုယ္ သီးသန႔္ ခြဲေနထိုင္ရမွာပါ။

သက္ဆိုင္ရာ ကာယကံရွင္ေတြအေနနဲ႔ ၿဗိတိန္နယ္စပ္ကိုေရာက္ၿပီဆိုရင္ သူဘယ္မွာေနမလဲဆိုတဲ့ လိပ္စာတခုကို ေပးရလိမ့္မယ္လို႔ အစိုးရပိုင္းနဲ႔ Airlines UK က သတင္းရင္းျမစ္ေတြက ဘီဘီစီကို ေျပာပါတယ္။

ဒီကန႔္သတ္ခ်က္အသစ္ကို ဘယ္ေလာက္ၾကာၾကာ ထားမလဲ၊ ၿဗိတိန္ႏိုင္ငံသားမဟုတ္သူေတြကို သူတို႔ငွားထားတဲ့ ပုဂၢလိကပိုင္ေနရာေတြမွာ ကြာရင္တင္း ေနခြင့္ျပဳမွာလားဆိုတာေတာ့ သိပ္ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

"ဘာေတြလုပ္ရမယ္ဆိုတဲ့ အစိုးရရဲ႕ အဆိုျပဳခ်က္အေသးစိတ္ကို ၾကည့္ရဦးမယ္" လို႔ Airlines UK အဖြဲ႕က သူတို႔ထုတ္ျပန္ခ်က္ထဲမွာ ေရးထားပါတယ္။

ၿဗိတိန္က ေလဆိပ္မ်ားဆိုင္ရာ တာဝန္ရွိသူေတြကေတာ့ "ကြာရန္တင္းလုပ္ေစတာဟာ ၿဗိတိန္ရဲ႕ ေလေၾကာင္းဆိုင္ရာ လုပ္ငန္းေတြကို အႀကီးအက်ယ္ သက္ေရာက္ေစ႐ုံတင္မက၊ အဲဒီထက္ ပိုက်ယ္ျပန႔္တဲ့ စီးပြားေရး အပိုင္းေတြကိုပါ ထိခိုက္တယ္" လို႔ ေျပာပါတယ္။

ၿဗိတိန္မွာရွိတဲ့ ေလဆိပ္အမ်ားစုကို ကိုယ္စားျပဳတဲ့ ေလဆိပ္ဆိုင္ရာ လုပ္ငန္းေဆာင္႐ြက္သူမ်ားအသင္းက ကယ္ရင္ ဒီးက ဒီ စည္းမ်ဥ္းေတြကို ခ်မွတ္ရင္ "သိပၸံနည္းက် အခ်က္အလက္ေတြကို အေျခခံၿပီးေတာ့သာ ေ႐ြးခ်ယ္ကန႔္သတ္တဲ့ အေျခခံနဲ႔ လုပ္ေဆာင္သင့္တယ္" လို႔ ဆိုပါတယ္။

ဒါမွ "အဓိကစီးပြားေရး က႑ေတြအေပၚ ထိခိုက္သက္ေရာက္မႈေတြကို ေလွ်ာ့ခ်ႏိုင္မွာ" လို႔ေျပာပါတယ္။

ကုန္ပစၥည္းေတြသယ္ယူေနတဲ့ ေလာ္ရီကားေမာင္းသူေတြ၊ ကုန္တင္သေဘၤာသားေတြ စတဲ့ အဓိက မရွိမျဖစ္လုပ္ငန္းေတြမွာ လုပ္ေနရတဲ့ အလုပ္သမားေတြအေနနဲ႔ ဒီ ကြာရန္တင္းေနရမယ္ဆိုတဲ့ စည္းမ်ဥ္းကေန လြတ္ကင္းခြင့္ေပးထားမယ္လို႔ ဘီဘီစီက နားလည္ထားပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဘီဘီစီသတင္းေထာက္ အင္ဒ႐ူးမားက ၿဗိတိန္ကိုေရာက္လာတဲ့သူေတြကို ကြာရန္တင္းထားမွာလား လို႔ အစိုးရ သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီးကို ေမးခဲ့ပါတယ္။

ဝန္ႀကီး ဂရန႔္ ရွပ္(စ) က "အဲဒီ ကိစၥေတြကို အေသအခ်ာၾကည့္ေနတယ္၊ ႏိုင္ငံတြင္းမွာျဖစ္ေနတဲ့ ပိုးကူးစက္ႏႈန္းကို ထိန္းခ်ဳပ္န္ိုင္ဖို႔ ဗိုင္းရပ္စ္ကို အျပင္ကေန တင္သြင္းမလာေစေအာင္ အဲဒီလို အေသအခ်ာၾကည့္ေနရတာပါ" လို႔ ေျဖသြားပါတယ္။

"လူေတြ ခပ္ခြာခြာေနရတဲ့ အနစ္နာခံမႈေတြကို ဆက္ရွိေပးေနေအာင္ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေပးေနတာလည္း အေရးႀကီးသလို၊ ႏိုင္ငံတြင္းကို လာမယ့္ သူေတြကို အဲဒီစည္းမ်ဥ္းေတြ လိုက္နာေစၿပီး ၿဗိတိန္က ျပည္သူေတြ အေနနဲ႔လည္း ခ်ထားတဲ့ စည္းမ်ဥ္းေတြကို လိုက္နာေပးဖို႔ ကြၽန္ေတာ္တို႔ ပန္ၾကားေနတာကလည္း အေရးႀကီးပါတယ္" လို႔လည္း သူက ေျပာသြားပါတယ္။

တကယ္လို႔ အခုအခ်ိန္မွာ ကြာရန္တင္းက လိုတယ္ဆိုရင္ အရင္သီတင္းပတ္ အေတာ္မ်ားမ်ားတုန္းကေကာ ဘာလို႔ မလိုခဲ့တာလဲဆိုတဲ့ အေမးကို တခ်ိဳ႕က ေမးခ်င္မွာပါ။

ကမာၻ႔ကပ္ အခ်ိန္ကာလထဲမွာ လူေတြ ေသာင္းနဲ႔ခ်ီၿပီး ၿဗိတိန္ထဲကို ဝင္ခဲ့ၾကတာပါ။

BBC Burmese
https://www.bbc.com/burmese/world-52599443
--------------
(Unicode)⤵⤵⤵
ယူကေ - လေကြောင်းကလာသူတွေ ကွာရန်တင်းဝင်စေဖို့ ဗြိတိန်စီစဉ်

ဓာတ်ပုံ မူပိုင် Getty Images

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေးကို တုံ့ပြန်ဖို့အတွက် အိုင်ယာလန်နိုင်ငံက လာတဲ့သူကလွဲလို့ ကမ္ဘာ့ဘယ်နိုင်ငံကမဆို ဗြိတိန်ကို ရောက်လာသူတွေ ၁၄ ရက် သီးသန့်ခွဲနေခိုင်းမယ့် ကွာရန်တင်းလုပ်မယ့်အကြောင်း အစိုးရက သူတို့ကို အကြောင်းကြားထားတယ်လို့ Airlines UK ဗြိတိန် လေကြောင်းလိုင်းများ အဖွဲ့က ပြောပါတယ်။

ဒီစည်းမျဉ်းသတ်မှတ်ချက်က မေလ ကုန်ရင် စအသက်ဝင်လာဖွယ် ရှိပါတယ်။

ဒီမူဝါဒဟာ "ဘယ်လိုပြန်ဖြုတ်မလဲဆိုတဲ့ အစီအစဉ်အတိအကျ" ရှိဖို့လိုပြီး အပတ်စဉ် ပြန် သုံးသပ်ဖို့ လိုတယ်လို့ Airlines UK အဖွဲ့က ပြောပါတယ်။

ဗြိတိန်ကိုရောက်လာတဲ့သူတွေ အနေနဲ့ ပုဂ္ဂလိကပိုင် နေရာတခုမှာ ကိုယ့်ဘာသာကိုယ် သီးသန့် ခွဲနေထိုင်ရမှာပါ။

သက်ဆိုင်ရာ ကာယကံရှင်တွေအနေနဲ့ ဗြိတိန်နယ်စပ်ကိုရောက်ပြီဆိုရင် သူဘယ်မှာနေမလဲဆိုတဲ့ လိပ်စာတခုကို ပေးရလိမ့်မယ်လို့ အစိုးရပိုင်းနဲ့ Airlines UK က သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

ဒီကန့်သတ်ချက်အသစ်ကို ဘယ်လောက်ကြာကြာ ထားမလဲ၊ ဗြိတိန်နိုင်ငံသားမဟုတ်သူတွေကို သူတို့ငှားထားတဲ့ ပုဂ္ဂလိကပိုင်နေရာတွေမှာ ကွာရင်တင်း နေခွင့်ပြုမှာလားဆိုတာတော့ သိပ်ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

"ဘာတွေလုပ်ရမယ်ဆိုတဲ့ အစိုးရရဲ့ အဆိုပြုချက်အသေးစိတ်ကို ကြည့်ရဦးမယ်" လို့ Airlines UK အဖွဲ့က သူတို့ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

ဗြိတိန်က လေဆိပ်များဆိုင်ရာ တာဝန်ရှိသူတွေကတော့ "ကွာရန်တင်းလုပ်စေတာဟာ ဗြိတိန်ရဲ့ လေကြောင်းဆိုင်ရာ လုပ်ငန်းတွေကို အကြီးအကျယ် သက်ရောက်စေရုံတင်မက၊ အဲဒီထက် ပိုကျယ်ပြန့်တဲ့ စီးပွားရေး အပိုင်းတွေကိုပါ ထိခိုက်တယ်" လို့ ပြောပါတယ်။

ဗြိတိန်မှာရှိတဲ့ လေဆိပ်အများစုကို ကိုယ်စားပြုတဲ့ လေဆိပ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများအသင်းက ကယ်ရင် ဒီးက ဒီ စည်းမျဉ်းတွေကို ချမှတ်ရင် "သိပ္ပံနည်းကျ အချက်အလက်တွေကို အခြေခံပြီးတော့သာ ရွေးချယ်ကန့်သတ်တဲ့ အခြေခံနဲ့ လုပ်ဆောင်သင့်တယ်" လို့ ဆိုပါတယ်။

ဒါမှ "အဓိကစီးပွားရေး ကဏ္ဍတွေအပေါ် ထိခိုက်သက်ရောက်မှုတွေကို လျှော့ချနိုင်မှာ" လို့ပြောပါတယ်။

ကုန်ပစ္စည်းတွေသယ်ယူနေတဲ့ လော်ရီကားမောင်းသူတွေ၊ ကုန်တင်သင်္ဘောသားတွေ စတဲ့ အဓိက မရှိမဖြစ်လုပ်ငန်းတွေမှာ လုပ်နေရတဲ့ အလုပ်သမားတွေအနေနဲ့ ဒီ ကွာရန်တင်းနေရမယ်ဆိုတဲ့ စည်းမျဉ်းကနေ လွတ်ကင်းခွင့်ပေးထားမယ်လို့ ဘီဘီစီက နားလည်ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘီဘီစီသတင်းထောက် အင်ဒရူးမားက ဗြိတိန်ကိုရောက်လာတဲ့သူတွေကို ကွာရန်တင်းထားမှာလား လို့ အစိုးရ သယ်ယူပို့ဆောင်ရေး ဝန်ကြီးကို မေးခဲ့ပါတယ်။

ဝန်ကြီး ဂရန့် ရှပ်(စ) က "အဲဒီ ကိစ္စတွေကို အသေအချာကြည့်နေတယ်၊ နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပိုးကူးစက်နှုန်းကို ထိန်းချုပ်နိုင်ဖို့ ဗိုင်းရပ်စ်ကို အပြင်ကနေ တင်သွင်းမလာစေအောင် အဲဒီလို အသေအချာကြည့်နေရတာပါ" လို့ ဖြေသွားပါတယ်။

"လူတွေ ခပ်ခွာခွာနေရတဲ့ အနစ်နာခံမှုတွေကို ဆက်ရှိပေးနေအောင် ကျွန်တော်တို့ လုပ်ဆောင်ပေးနေတာလည်း အရေးကြီးသလို၊ နိုင်ငံတွင်းကို လာမယ့် သူတွေကို အဲဒီစည်းမျဉ်းတွေ လိုက်နာစေပြီး ဗြိတိန်က ပြည်သူတွေ အနေနဲ့လည်း ချထားတဲ့ စည်းမျဉ်းတွေကို လိုက်နာပေးဖို့ ကျွန်တော်တို့ ပန်ကြားနေတာကလည်း အရေးကြီးပါတယ်" လို့လည်း သူက ပြောသွားပါတယ်။

တကယ်လို့ အခုအချိန်မှာ ကွာရန်တင်းက လိုတယ်ဆိုရင် အရင်သီတင်းပတ် အတော်များများတုန်းကကော ဘာလို့ မလိုခဲ့တာလဲဆိုတဲ့ အမေးကို တချို့က မေးချင်မှာပါ။

ကမ္ဘာ့ကပ် အချိန်ကာလထဲမှာ လူတွေ သောင်းနဲ့ချီပြီး ဗြိတိန်ထဲကို ဝင်ခဲ့ကြတာပါ။

BBC Burmese
https://www.bbc.com/burmese/world-52599443
ယူေက - ေလေၾကာင္းကလာသူေတြ ကြာရန္တင္းဝင္ေစဖို႔ ၿဗိတိန္စီစဥ္ ယူေက - ေလေၾကာင္းကလာသူေတြ ကြာရန္တင္းဝင္ေစဖို႔ ၿဗိတိန္စီစဥ္ Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.