COVID-19 ဆုိင္ရာ Call Center ကို ဘာေတြေမးၾကသလဲ

National Call Center မွ ေျဖၾကားေပးေနသည့္ ဆရာဝန္မ်ား။
(Zawgyi)⤵⤵⤵

COVID-19 နဲ႔ပတ္သက္ၿပီး သိခ်င္တဲ့အေၾကာင္းအရာေတြကုိ အခမဲ့ ေမးျမန္းႏုိင္တဲ့ National Call Center စတင္ခဲ့တာ ဒီကေန႔ ေမလ ၉ ရက္ေန႔ဆုိ တလျပည့္ၿပီ ျဖစ္ပါတယ္။ ဆရာဝန္ေတြကုိယ္တိုင္ ေျဖၾကားေပးေနတဲ့ Call Center ကို ဆက္သြယ္သူေတြက ဘယ္လိုေမးခြန္းေတြမ်ား ေမးၾကပါသလဲ၊ ဒီတလအတြင္း ဘာေတြ ေတြ႔ႀကံဳခဲ့ရပါသလဲ စတာေတြနဲ႔ပတ္သက္ၿပီး Call Center ကို ဦးေဆာင္ေနတဲ့ ေဆးသုေတသန ဦးစီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ပါေမာကၡ ေဒါက္တာေဇာ္သန္းထြန္းနဲ႔ ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာမ်ိဳးမ်ိဳးမြန္တို႔ကို ဗီြအိုေအသတင္းေထာက္ မစုစုက ဆက္သြယ္ေမးျမန္းၿပီး သတင္းေပးပို႔ထားပါတယ္။

COVID Call Center ကို စတင္ခဲ့တဲ့ ရည္ရြယ္ခ်က္အတိုင္း ဒီတလအတြင္းမွာ လုပ္ႏုိင္ခဲ့တယ္လုိ႔ ပါေမာကၡ ေဒါက္တာေဇာ္သန္းထြန္းက ေျပာပါတယ္။

"WHO ကေနၿပီးေတာ့ ဒါက ကမာၻ႔ကပ္ေရာဂါဆုိၿပီး ေၾကညာတဲ့ေနာက္ေပါ့ေလ။ ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ အားသြန္ခြန္စုိက္ လုပ္လာတဲ့ေနာက္ပိုင္းမွာ က်န္းမာေရးဝန္ႀကီးကေနၿပီးေတာ့ ဆရာတို႔ကို လမ္းညႊန္တယ္။ ဒီ Call Center ဆုိတာ ရွိဖုိ႔လိုအပ္တယ္ေပါ့ေနာ္။ အဲဒါမတိုင္ခင္က Hotline ဆုိတာ လုပ္ေနတာရွိတယ္။ ႐ုိး႐ုိး Hotline ဆုိေတာ့ မႏုိင္တဲ့အခါမွာ Blue Ocean ကုမၸဏီက သူတုိ႔က Call Center နဲ႔ပတ္သက္တဲ့ အေတြ႔အႀကံဳရွိေတာ့ သူတို႔ရဲ႕ ရွိၿပီးသား Infrastructure နဲ႔ နည္းပညာနဲ႔ ဒါကုိ ေမတၱာနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကုိ ကူညီမယ္ဆုိၿပီး ကမ္းလွမ္းလာတယ္ေပါ့။

“Ooredoo၊ Mytel၊ MPT၊ Telenol သူတုိ႔ကလည္း ေခၚတဲ့သူေတြ ပိုက္ဆံမကုန္ရေအာင္ free ေပးမယ္ေပါ့။ တဖက္ကလည္း လိုအပ္တဲ့ စက္ပစၥည္းေတြနဲ႔ ေျပာေနတဲ့ ဆရာဝန္ေတြ အတြက္ကုိလည္း အစားအေသာက္ကုိ UNICEF ကလည္း ကူညီတယ္။ တခ်ိဳ႕ေသာ ေစတနာရွင္ေတြကလည္း ကူညီၾကတယ္ေပါ့ေလ။ အဲပံုစံနဲ႔သြားေနတာ အခု တလတိတိ ရွိလာၿပီေပါ့။ ေခၚတဲ့သူေတြကလည္း ရပ္ေဝးက အေရာက္အေပါက္နည္းတဲ့ ေနရာေတြက ေခၚတာ ေတြ႔ရတယ္။ အဲဒါေၾကာင့္ Call Center ရဲ႕ ဦးတည္ခ်က္ျဖစ္တဲ့ လက္လွမ္းမမီႏုိင္တဲ့ ေဒသေတြဆီ က်န္းမာေရးအသိပညာကို အျမန္ဆံုး ဆရာဝန္မ်ားက တံု႔ျပန္ၿပီးေတာ့ ေျဖေပးႏုိင္တဲ့အတြက္ ဆရာတို႔ကေတာ့ Call Center ထူေထာင္ရတာ ဝမ္းေျမာက္ဝမ္းသာျဖစ္တယ္။"

Call Center ကို ဆက္သြယ္ေမးျမန္းသူေတြဟာ COVID-19 နဲ႔ပတ္သက္ၿပီး ဘယ္လိုအေၾကာင္းအရာေတြကို သိခ်င္ၾကတာပါလဲ၊ ဘာေတြ ေမးျမန္းၾကသလဲဆိုတာ ဒုတိယၫႊန္ၾကားေရးမွဴး ေဒါက္တာမ်ဳိးမ်ဳိးမြန္က ရွင္းျပပါတယ္။

"ပထမပိုင္းတုန္းကေတာ့ သူတုိ႔ကုိယ္သူတုိ႔ ေရာဂါမကူးစက္ေအာင္ ဘယ္လိုကာကြယ္လို႔ရမလဲ ဆုိတဲ့အေၾကာင္းကုိ အဓိက ေမးၾကတယ္ေပါ့ေနာ္။ ေနာက္ပုိင္းမွာ ဘာေတြေမးလာၾကသလဲဆိုေတာ့ လတ္တေလာ COVID-19 ကူးစက္ေနတဲ့ အေျခအေနေပါ့။ ႏွစ္ပတ္သံုးပတ္ေလာက္ ၾကာတဲ့အခါက်ေတာ့ ဒီ COVID-19 ကပ္ေရာဂါႀကီးက ဘယ္ေတာ့ေလာက္ၿပီးမွာလဲဆုိတဲ့ ေမးခြန္းမ်ိဳးေပါ့ေနာ္။ ေနာက္ တခ်ိဳ႕ကေတာ့ သူတို႔အလုပ္ေတြ ရပ္ထားတဲ့ အခါက်ေတာ့ ဘယ္ေတာ့ေလာက္ ပုံမွန္လည္ပတ္မွာလဲ ဆုိတာမ်ိဳးေတြ သိခ်င္တယ္။ ေနာက္ Quarantine လုပ္ရတဲ့အေၾကာင္းေတြကုိ တိတိက်က် သိခ်င္ၾကတယ္ေပါ့ေနာ္။

“ေနာက္ တခ်ိဳ႕ ခုေနာက္ပိုင္းမွာ သိခ်င္တာေလးေတြက လူ႔ခႏၶာကိုယ္ အျပင္က ျပန္လာတဲ့အခါ ဘယ္လိုမ်ိဳး ပိုးသတ္ရမွာလဲတုိ႔၊ ေနာက္ သူတုိ႔အိမ္က ပစၥည္းပစၥယေတြကုိ ဘယ္လုိပိုးသတ္ရမွာလဲတုိ႔၊ ၾကမ္းျပင္ေတြကုိ ဘာနဲ႔ ပိုးသတ္မလဲေပါ့။ တခ်ိဳ႕ကလည္း Quarantine ကို နယ္ေတြမွာဆိုရင္ တရြာနဲ႔တရြာကို ေပးမျဖတ္တဲ့ အေၾကာင္းအရာေတြ အဲဒါေတြကိုလည္း ေမးၾကတယ္ေပါ့။ လတ္တေလာအေျခအေနမွာ လည္ေခ်ာင္းနာတယ္၊ ဒါမွမဟုတ္လည္း အဖ်ားနည္းနည္းရွိတယ္၊ ဒါမ်ိဳးဆို ဘာဆက္လုပ္ရမလဲ၊ ဘယ္ကိုသြားရမလဲဆုိတဲ့ ေမးတာမ်ိဳးေတြလည္း ရွိတာေပါ့ေနာ္။"

စုစု - အခု ဆရာမတို႔ရဲ႕ Call Center မွာ ဆရာဝန္ဘယ္ႏွစ္ဦးနဲ႔ ဘယ္လိုပံုစံ လည္ပတ္ၿပီး ေျဖဆုိေပးေနလဲ။ ၿပီးေတာ့ တေန႔ကုိ ေမးလာသူ ဘယ္ေလာက္မ်ားရွိလဲ။

ေဒါက္တာမ်ိဳးမ်ိဳးမြန္ - “တေန႔တေန႔ကို ဆရာဝန္ေျဖရတဲ့ Call ၈၀၀ ေက်ာ္ေလာက္ကေနၿပီး ၁,၂၀၀ - ၁,၃၀၀ အဲေလာက္ထိရွိပါတယ္။ တဖြဲ႔မွာ ၇ ေယာက္ သို႔မဟုတ္ ၈ ေယာက္ရွိတယ္ေပါ့ေနာ္။ ၈ ဖြဲ႔ရွိပါတယ္။ တေန႔မွာ Team ၂ ခုက တာဝန္ယူရတာေပါ့ေနာ္။ ဥပမာ Team 1, 2 က ဒီေန႔မွာ တာဝန္ယူတယ္ဆုိရင္ မနက္ျဖန္က်ရင္ 3, 4 ေပါ့။ ေနာက္ 5, 6, 7, 8 အဲလိုသြားတယ္ေပါ့ေနာ္။ ေလးရက္မွာတခါ က်မတို႔ဂ်ဴတီ လည္ပတ္သြားတယ္ေပါ့ေနာ္။ အဲေတာ့ စုစုေပါင္းဆုိရင္ က်မတို႔ ေဆးသုေတသန ဦးစီးဌာနက ဝန္ထမ္းဆရာဝန္က ၄၅ ဦးေလာက္ရွိပါတယ္။ ေနာက္ ျမန္မာႏုိင္ငံ ဆရာဝန္အသင္းကို အဆက္အသြယ္လုပ္ၿပီး Volunteer လုပ္မယ္လို႔ ေျပာထားတဲ့ ဆရာဝန္ေတြေပါ့ေနာ္။ သူတို႔ေတြက အေယာက္ ၂၀ ေလာက္ရွိပါတယ္။”

စုစု - ဒီတလအတြင္းမွာ ႀကံဳေတြ႔ရတဲ့ အခက္အခဲေတြ ရွိတယ္ဆုိရင္လည္း ေျပာျပေပးပါဦး။

ေဒါက္တာမ်ိဳးမ်ိဳးမြန္ - တခ်ိဳ႕ေသာ အခက္အခဲေတြက ဘာရွိမလဲဆုိေတာ့ ေျဖေပးေနတဲ့ ဆရာဝန္ေတြက အားႀကိဳးမာန္တက္ ေျဖေပးေနၾကတယ္။ ေမးတဲ့သူေတြက အနယ္နယ္အရပ္ရပ္ကေပါ့ေနာ္၊ ေတာေရာ ၿမိဳ႕ေရာ။ ဖုန္းနဲ႔ေမးတာဆုိေတာ့ေလ နည္းနည္းလြယ္ေတာ့ ကုန္က်စရိတ္လည္း ေခၚဆုိတဲ့သူဆီမွာ မရွိဘူးဆုိေတာ့ ေမးၾကတာေပါ့ေနာ္။ ေမးၾကတဲ့အခါမွာ တကယ့္ကိုသိခ်င္လို႔ သူတုိ႔မသိတဲ့ အေၾကာင္းအရာေတြကို ေမးတဲ့သူကေတာ့ အမ်ားစုဆိုေပမယ့္ Call Center စခါစရက္ေတြက မဟုတ္ေသးဘူး။ ေနာက္ ၅ ရက္ ၆ ရက္ေနာက္ပုိင္းကစၿပီး ေႏွာင့္ယွက္တဲ့ call ေတြ ေန႔တုိင္းနီးပါး ဝင္တယ္ေပါ့ေနာ္။ ဖုန္းကိုေခၚၿပီးေတာ့ အသံေတြၾကားေနရတယ္။ သို႔ေသာ္လည္း ရယ္စရာလုပ္ၿပီး ျပန္ခ်သြားတာမ်ိဳး။ ေနာက္ တခ်ိဳ႕က လိင္ပုိင္းဆုိင္ရာ ေႏွာင့္ယွက္တဲ့ စကားလံုး သံုးတာမ်ိဳးေပါ့ေနာ္။ အဲလို call ေတြက အနည္းစုဆိုေပမယ့္ ေျဖေနရတဲ့ ဆရာဝန္ေတြ အေနနဲ႔ေတာ့ နည္းနည္းေလး စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္ေပါ့ေနာ္။

“က်မတုိ႔ကေတာ့ ခုခ်ိန္ထိ အကုန္လံုးကို သည္းခံၿပီးေတာ့ပဲ ေျဖေပးေနတယ္ေပါ့ေနာ္။ ဘာေၾကာင့္လဲဆုိေတာ့ တကယ္သိခ်င္တဲ့ ျပည္သူလူထုက သူတုိ႔သိခ်င္တဲ့ Information ေတြ မရလိုက္မွာစုိးလို႔ က်မတုိ႔ သည္းခံၿပီး ေျဖေပးေနပါတယ္။ ဒါဟာ ကပ္ေရာဂါ ကာကြယ္တားဆီးေရးအတြက္ အေရးႀကီးတဲ့ လုပ္ငန္းတခုကို ေဆာင္ရြက္ေနတာ ျဖစ္တယ္ေပါ့ေနာ္။ အဲဒီအတြက္ ေႏွာင့္ယွက္တာေတြ မလုပ္ၾကဖို႔ေတာ့ က်မတုိ႔ဘက္က ေမတၱာရပ္ခံခ်င္တာေပါ့ေနာ္။”

စုစု - ဆရာမတုိ႔ Call Center ဖြင့္လွစ္ထားတဲ့ ရည္ရြယ္ခ်က္က ဘာမ်ားျဖစ္မလဲ။

ေဒါက္တာမ်ိဳးမ်ိဳးမြန္ - “COVID-19 နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ျပည္သူလူထုက သိခ်င္တဲ့အခါမွာ မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြကို က်န္းမာေရးဝန္ထမ္းေတြ ကုိယ္တိုင္ စနစ္တက် ျမန္ျမန္ဆန္ဆန္ ျပန္လည္ေျဖၾကားေပးႏုိင္ဖုိ႔ ရည္ရြယ္တယ္ေပါ့။ အဲေတာ့ တခါတေလမွာ သတင္းအမွားေတြ ပ်ံ႕ႏွံ႔ေနတာရွိတယ္။ အဲေတာ့ ရည္ရြယ္ခ်က္သည္ မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြကုိ ျပည္သူလူထုၾကားမွာ ျမန္ျမန္ဆန္ဆန္ ျပန္႔သြားဖုိ႔ပဲေနာ္။ အဲဒါက က်မတို႔ရဲ႕ အဓိကရည္ရြယ္ခ်က္ပါ။”

ေဆးသုေတသန ဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမွဴး ေဒါက္တာမ်ဳိးမ်ဳိးမြန္ ေျပာသြားတာပါ။

ကိုဗစ္ေရာဂါနဲ႔ပတ္သက္ၿပီး သိခ်င္တာေတြ ေမးျမန္းခ်င္တယ္ဆိုရင္ ဖုန္းနံပါတ္ ၂၀၁၉ ကို တိုက္႐ိုက္ေခၚဆိုႏုိင္ပါတယ္။ ေခၚဆိုတဲ့ဖုန္းေတြကို လိုင္းခြဲနံပါတ္ ၅ ခုကေန အလုိအေလ်ာက္စနစ္နဲ႔ ေျဖၾကားေပးေနတာ ျဖစ္ပါတယ္။ ဆရာဝန္ေတြနဲ႔ တုိက္႐ုိက္ေဆြးေႏြးခ်င္ရင္ေတာ့ လိုင္းခြဲနံပါတ္ သုညကုိ ေခၚဆုိၿပီး ေခၚဆိုသူတဦးကို အခ်ိန္ ၆ မိနစ္ၾကာ ေမးျမန္းႏုိင္တယ္လို႔ Call Center နဲ႔ပတ္သက္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဧၿပီလ ၉ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

စုစု   / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------------------
(Unicode)⤵⤵⤵
COVID-19 ဆိုင်ရာ Call Center ကို ဘာတွေမေးကြသလဲ

COVID-19 နဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို အခမဲ့ မေးမြန်းနိုင်တဲ့ National Call Center စတင်ခဲ့တာ ဒီကနေ့ မေလ ၉ ရက်နေ့ဆို တလပြည့်ပြီ ဖြစ်ပါတယ်။ ဆရာဝန်တွေကိုယ်တိုင် ဖြေကြားပေးနေတဲ့ Call Center ကို ဆက်သွယ်သူတွေက ဘယ်လိုမေးခွန်းတွေများ မေးကြပါသလဲ၊ ဒီတလအတွင်း ဘာတွေ တွေ့ကြုံခဲ့ရပါသလဲ စတာတွေနဲ့ပတ်သက်ပြီး Call Center ကို ဦးဆောင်နေတဲ့ ဆေးသုတေသန ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်တို့ကို ဗွီအိုအေသတင်းထောက် မစုစုက ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

COVID Call Center ကို စတင်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း ဒီတလအတွင်းမှာ လုပ်နိုင်ခဲ့တယ်လို့ ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ပြောပါတယ်။

"WHO ကနေပြီးတော့ ဒါက ကမ္ဘာ့ကပ်ရောဂါဆိုပြီး ကြေညာတဲ့နောက်ပေါ့လေ။ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အားသွန်ခွန်စိုက် လုပ်လာတဲ့နောက်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးကနေပြီးတော့ ဆရာတို့ကို လမ်းညွှန်တယ်။ ဒီ Call Center ဆိုတာ ရှိဖို့လိုအပ်တယ်ပေါ့နော်။ အဲဒါမတိုင်ခင်က Hotline ဆိုတာ လုပ်နေတာရှိတယ်။ ရိုးရိုး Hotline ဆိုတော့ မနိုင်တဲ့အခါမှာ Blue Ocean ကုမ္ပဏီက သူတို့က Call Center နဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိတော့ သူတို့ရဲ့ ရှိပြီးသား Infrastructure နဲ့ နည်းပညာနဲ့ ဒါကို မေတ္တာနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ကူညီမယ်ဆိုပြီး ကမ်းလှမ်းလာတယ်ပေါ့။

“Ooredoo၊ Mytel၊ MPT၊ Telenol သူတို့ကလည်း ခေါ်တဲ့သူတွေ ပိုက်ဆံမကုန်ရအောင် free ပေးမယ်ပေါ့။ တဖက်ကလည်း လိုအပ်တဲ့ စက်ပစ္စည်းတွေနဲ့ ပြောနေတဲ့ ဆရာဝန်တွေ အတွက်ကိုလည်း အစားအသောက်ကို UNICEF ကလည်း ကူညီတယ်။ တချို့သော စေတနာရှင်တွေကလည်း ကူညီကြတယ်ပေါ့လေ။ အဲပုံစံနဲ့သွားနေတာ အခု တလတိတိ ရှိလာပြီပေါ့။ ခေါ်တဲ့သူတွေကလည်း ရပ်ဝေးက အရောက်အပေါက်နည်းတဲ့ နေရာတွေက ခေါ်တာ တွေ့ရတယ်။ အဲဒါကြောင့် Call Center ရဲ့ ဦးတည်ချက်ဖြစ်တဲ့ လက်လှမ်းမမီနိုင်တဲ့ ဒေသတွေဆီ ကျန်းမာရေးအသိပညာကို အမြန်ဆုံး ဆရာဝန်များက တုံ့ပြန်ပြီးတော့ ဖြေပေးနိုင်တဲ့အတွက် ဆရာတို့ကတော့ Call Center ထူထောင်ရတာ ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။"

Call Center ကို ဆက်သွယ်မေးမြန်းသူတွေဟာ COVID-19 နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကို သိချင်ကြတာပါလဲ၊ ဘာတွေ မေးမြန်းကြသလဲဆိုတာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်က ရှင်းပြပါတယ်။

"ပထမပိုင်းတုန်းကတော့ သူတို့ကိုယ်သူတို့ ရောဂါမကူးစက်အောင် ဘယ်လိုကာကွယ်လို့ရမလဲ ဆိုတဲ့အကြောင်းကို အဓိက မေးကြတယ်ပေါ့နော်။ နောက်ပိုင်းမှာ ဘာတွေမေးလာကြသလဲဆိုတော့ လတ်တလော COVID-19 ကူးစက်နေတဲ့ အခြေအနေပေါ့။ နှစ်ပတ်သုံးပတ်လောက် ကြာတဲ့အခါကျတော့ ဒီ COVID-19 ကပ်ရောဂါကြီးက ဘယ်တော့လောက်ပြီးမှာလဲဆိုတဲ့ မေးခွန်းမျိုးပေါ့နော်။ နောက် တချို့ကတော့ သူတို့အလုပ်တွေ ရပ်ထားတဲ့ အခါကျတော့ ဘယ်တော့လောက် ပုံမှန်လည်ပတ်မှာလဲ ဆိုတာမျိုးတွေ သိချင်တယ်။ နောက် Quarantine လုပ်ရတဲ့အကြောင်းတွေကို တိတိကျကျ သိချင်ကြတယ်ပေါ့နော်။

“နောက် တချို့ ခုနောက်ပိုင်းမှာ သိချင်တာလေးတွေက လူ့ခန္ဓာကိုယ် အပြင်က ပြန်လာတဲ့အခါ ဘယ်လိုမျိုး ပိုးသတ်ရမှာလဲတို့၊ နောက် သူတို့အိမ်က ပစ္စည်းပစ္စယတွေကို ဘယ်လိုပိုးသတ်ရမှာလဲတို့၊ ကြမ်းပြင်တွေကို ဘာနဲ့ ပိုးသတ်မလဲပေါ့။ တချို့ကလည်း Quarantine ကို နယ်တွေမှာဆိုရင် တရွာနဲ့တရွာကို ပေးမဖြတ်တဲ့ အကြောင်းအရာတွေ အဲဒါတွေကိုလည်း မေးကြတယ်ပေါ့။ လတ်တလောအခြေအနေမှာ လည်ချောင်းနာတယ်၊ ဒါမှမဟုတ်လည်း အဖျားနည်းနည်းရှိတယ်၊ ဒါမျိုးဆို ဘာဆက်လုပ်ရမလဲ၊ ဘယ်ကိုသွားရမလဲဆိုတဲ့ မေးတာမျိုးတွေလည်း ရှိတာပေါ့နော်။"

စုစု - အခု ဆရာမတို့ရဲ့ Call Center မှာ ဆရာဝန်ဘယ်နှစ်ဦးနဲ့ ဘယ်လိုပုံစံ လည်ပတ်ပြီး ဖြေဆိုပေးနေလဲ။ ပြီးတော့ တနေ့ကို မေးလာသူ ဘယ်လောက်များရှိလဲ။

ဒေါက်တာမျိုးမျိုးမွန် - “တနေ့တနေ့ကို ဆရာဝန်ဖြေရတဲ့ Call ၈၀၀ ကျော်လောက်ကနေပြီး ၁,၂၀၀ - ၁,၃၀၀ အဲလောက်ထိရှိပါတယ်။ တဖွဲ့မှာ ၇ ယောက် သို့မဟုတ် ၈ ယောက်ရှိတယ်ပေါ့နော်။ ၈ ဖွဲ့ရှိပါတယ်။ တနေ့မှာ Team ၂ ခုက တာဝန်ယူရတာပေါ့နော်။ ဥပမာ Team 1, 2 က ဒီနေ့မှာ တာဝန်ယူတယ်ဆိုရင် မနက်ဖြန်ကျရင် 3, 4 ပေါ့။ နောက် 5, 6, 7, 8 အဲလိုသွားတယ်ပေါ့နော်။ လေးရက်မှာတခါ ကျမတို့ဂျူတီ လည်ပတ်သွားတယ်ပေါ့နော်။ အဲတော့ စုစုပေါင်းဆိုရင် ကျမတို့ ဆေးသုတေသန ဦးစီးဌာနက ဝန်ထမ်းဆရာဝန်က ၄၅ ဦးလောက်ရှိပါတယ်။ နောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းကို အဆက်အသွယ်လုပ်ပြီး Volunteer လုပ်မယ်လို့ ပြောထားတဲ့ ဆရာဝန်တွေပေါ့နော်။ သူတို့တွေက အယောက် ၂၀ လောက်ရှိပါတယ်။”

စုစု - ဒီတလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိတယ်ဆိုရင်လည်း ပြောပြပေးပါဦး။

ဒေါက်တာမျိုးမျိုးမွန် - တချို့သော အခက်အခဲတွေက ဘာရှိမလဲဆိုတော့ ဖြေပေးနေတဲ့ ဆရာဝန်တွေက အားကြိုးမာန်တက် ဖြေပေးနေကြတယ်။ မေးတဲ့သူတွေက အနယ်နယ်အရပ်ရပ်ကပေါ့နော်၊ တောရော မြို့ရော။ ဖုန်းနဲ့မေးတာဆိုတော့လေ နည်းနည်းလွယ်တော့ ကုန်ကျစရိတ်လည်း ခေါ်ဆိုတဲ့သူဆီမှာ မရှိဘူးဆိုတော့ မေးကြတာပေါ့နော်။ မေးကြတဲ့အခါမှာ တကယ့်ကိုသိချင်လို့ သူတို့မသိတဲ့ အကြောင်းအရာတွေကို မေးတဲ့သူကတော့ အများစုဆိုပေမယ့် Call Center စခါစရက်တွေက မဟုတ်သေးဘူး။ နောက် ၅ ရက် ၆ ရက်နောက်ပိုင်းကစပြီး နှောင့်ယှက်တဲ့ call တွေ နေ့တိုင်းနီးပါး ဝင်တယ်ပေါ့နော်။ ဖုန်းကိုခေါ်ပြီးတော့ အသံတွေကြားနေရတယ်။ သို့သော်လည်း ရယ်စရာလုပ်ပြီး ပြန်ချသွားတာမျိုး။ နောက် တချို့က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့ စကားလုံး သုံးတာမျိုးပေါ့နော်။ အဲလို call တွေက အနည်းစုဆိုပေမယ့် ဖြေနေရတဲ့ ဆရာဝန်တွေ အနေနဲ့တော့ နည်းနည်းလေး စိတ်အနှောင့်အယှက် ဖြစ်ရတယ်ပေါ့နော်။

“ကျမတို့ကတော့ ခုချိန်ထိ အကုန်လုံးကို သည်းခံပြီးတော့ပဲ ဖြေပေးနေတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ တကယ်သိချင်တဲ့ ပြည်သူလူထုက သူတို့သိချင်တဲ့ Information တွေ မရလိုက်မှာစိုးလို့ ကျမတို့ သည်းခံပြီး ဖြေပေးနေပါတယ်။ ဒါဟာ ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းတခုကို ဆောင်ရွက်နေတာ ဖြစ်တယ်ပေါ့နော်။ အဲဒီအတွက် နှောင့်ယှက်တာတွေ မလုပ်ကြဖို့တော့ ကျမတို့ဘက်က မေတ္တာရပ်ခံချင်တာပေါ့နော်။”

စုစု - ဆရာမတို့ Call Center ဖွင့်လှစ်ထားတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။

ဒေါက်တာမျိုးမျိုးမွန် - “COVID-19 နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြည်သူလူထုက သိချင်တဲ့အခါမှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင် စနစ်တကျ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေကြားပေးနိုင်ဖို့ ရည်ရွယ်တယ်ပေါ့။ အဲတော့ တခါတလေမှာ သတင်းအမှားတွေ ပျံ့နှံ့နေတာရှိတယ်။ အဲတော့ ရည်ရွယ်ချက်သည် မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုကြားမှာ မြန်မြန်ဆန်ဆန် ပြန့်သွားဖို့ပဲနော်။ အဲဒါက ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်ပါ။”

ဆေးသုတေသန ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန် ပြောသွားတာပါ။

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သိချင်တာတွေ မေးမြန်းချင်တယ်ဆိုရင် ဖုန်းနံပါတ် ၂၀၁၉ ကို တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ်။ ခေါ်ဆိုတဲ့ဖုန်းတွေကို လိုင်းခွဲနံပါတ် ၅ ခုကနေ အလိုအလျောက်စနစ်နဲ့ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။ ဆရာဝန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးချင်ရင်တော့ လိုင်းခွဲနံပါတ် သုညကို ခေါ်ဆိုပြီး ခေါ်ဆိုသူတဦးကို အချိန် ၆ မိနစ်ကြာ မေးမြန်းနိုင်တယ်လို့ Call Center နဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စုစု   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-call-center/5412854.html
COVID-19 ဆုိင္ရာ Call Center ကို ဘာေတြေမးၾကသလဲ COVID-19 ဆုိင္ရာ Call Center ကို ဘာေတြေမးၾကသလဲ Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.