

(Zawgyi)⤵⤵⤵



RFA Burmese
-----------------------------
(Unicode)⤵⤵⤵
နိုင်ငံတကာလေကြောင်းခရီးစဉ် ဆိုင်းငံ့မှု မေလကုန်ထိ သက်တမ်းတိုး

 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့် ယာယီဆိုင်းငံ့ထားတဲ့ကာလကို မေလ ၃၁ ရက်နေ့ထိ ရက်ထပ်တိုးလိုက်တယ်လို့ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မေလ ၁၅ ရက်ထိ အရင်ကရပ်ဆိုင်းထားတဲ့ ကာလကို ရက်ထပ်တိုးလိုက်တာပါ။ ပြည်တွင်းခရီးစဉ်တွေကိုတော့ လေကြောင်းလိုင်း တချို့က ပုံမှန်အတိုင်း ပြေးဆွဲနေပါတယ်။

ခရီးစဉ်အပြောင်းအလဲတွေကို  သက်ဆိုင်ရာလေကြောင်းလိုင်းတွေ၊ ခရီးသွားကိုယ်စားလှယ်ရုံးတွေကို ဆက်သွယ်မေးမြန်းဖို့လည်း ခရီးသည်တွေကို အကြံပေးထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
နိုင်ငံတကာလေကြောင်းခရီးစဉ် ဆိုင်းငံ့မှု မေလကုန်ထိ သက်တမ်းတိုး နိုင်ငံတကာလေကြောင်းခရီးစဉ် ဆိုင်းငံ့မှု မေလကုန်ထိ သက်တမ်းတိုး Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.