ဘဂၤလားေဒ့ရွ္ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ ႏွစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ေတြ႕

ခပ္ခြာခြာေနဖို႔နဲ႔ တစ္ကိုယ္ေရ သန္႔ရွင္းေရး ကိစၥေတြ သီးသီးသန္႔သန္႔ သုံးရဖို႔က ခက္ခဲေန
(Zawgyi)⤵⤵⤵
ဘဂၤလားေဒ့ရွ္ ေကာ့ဆက္ဘဇားခ႐ိုင္ ကုတုပေလာင္ ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာ ႏွစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္တာ ေတြ႕ရတယ္လို႔ ႏိုင္ငံတကာ ကယ္ဆယ္ေရး ေကာ္မတီ IRC ေျပာပါတယ္။

ဒါဟာ ကမာၻ႔အႀကီးဆုံး ဒုကၡသည္စခန္းမွာ ပထမဆုံး ပိုးေတြ႕တာ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာ ႏွစ္ဦးမွာ ပိုးေတြတဲ့အေၾကာင္း အဲဒီခ႐ိုင္ ေဆးေကာလိပ္ အႀကီးအကဲကလည္း ေမလ ၁၄ ရက္ ၾကာသပေတးေန႔မွာ ေျပာပါတယ္။

နမူနာ ၁၆ ခုကို ၾကာသပေတးေန႔က စစ္ခဲ့ၿပီး ၁၂ ဦးပိုးေတြ႕ခဲ့ရာမွာ ႏွစ္ဦးက ႐ိုဟင္ဂ်ာ ဒုကၡသည္ ႏွစ္ဦး ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

အဲဒီခ႐ိုင္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၂၃ ေယာက္ ရွိၿပီး ၂၄ ေယာက္က ျပန္ေကာင္းလာပါၿပီ။ ေသဆုံးသူကေတာ့ တစ္ဦးရွိပါတယ္။

ကုတုပေလာင္က စခန္းေတြမွာ ဒုကၡသည္ ရွစ္သိန္းခြဲေက်ာ္ ရွိၿပီး စခန္းေတြနားမွာ ေဒသခံ ေလးသိန္းခြဲနီးပါး ေနထိုင္ေနတယ္လို႔ IRC က ေျပာပါတယ္။

အဲဒီစခန္းမွာ က်န္းမာေရး လုပ္ငန္းေတြ အရင္ကတည္းက ဝန္နဲ႔အားမမွ် လုပ္ေနရၿပီး ဒီစခန္းမွာ ေနထိုင္သူေတြ အတြက္လည္း ခပ္ခြာခြာေနဖို႔နဲ႔ တစ္ကိုယ္ေရ သန္႔ရွင္းေရး ကိစၥေတြ သီးသီးသန္႔သန္႔ သုံးရဖို႔က ခက္ခဲတယ္လို႔ IRC က ေျပာပါတယ္။

ဒီစခန္းမွာ တစ္စတုရန္း ကီလိုမီတာ အတြင္း လူ ေလးေသာင္းနဲ႔ ခုနစ္ေသာင္းေလာက္ ရွိတယ္၊ အဲဒါက ကူးစက္မႈႏႈန္း ျမင့္ခဲ့တဲ့ Diamond Princess သေဘၤာထက္ အနည္းဆုံး တစ္ဆခြဲေက်ာ္ လူေနထူထပ္ပါတယ္၊ အဲဒီသေဘၤာမွာ ကူးစက္ႏႈန္းဟာ ဝူဟန္မွာ အျမင့္ဆုံး ကူးစက္ခ်ိန္ကထက္ ေလးဆေလာက္ ပိုျမန္တယ္လို႔လည္း IRC က ေျပာပါတယ္။

ေကာ့ဆက္ဘဇားက ဒုကၡသည္ေတြထဲက လူ သုံးေသာင္းေက်ာ္က ကူးစက္ခံရင္ ေသဆုံးႏႈန္းျမင့္တဲ့ အသက္ ၆၀ အထက္ လူႀကီးေတြ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

စခန္းထဲမွာ အင္တာနက္နဲ႔ မိုဘိုင္ဖုန္းသုံးဖို႔က အတားအဆီး အကန္႔အသတ္ရွိလို႔ သူတို႔ေတြ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔ သတင္းေတြလည္း မရၾကဘူးလို႔ ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ မွာ ကူးစက္သူ ႏွစ္ေသာင္းနီးပါးနဲ႔ ေသဆုံးသူ ၂၈၃ ေယာက္ရွိပါၿပီ။

အစိုးရနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြက တတ္ႏိုင္သမွ် ဒုကၡသည္စခန္းရဲ႕ က်န္းမာေရး ကိစၥေတြကို လုပ္ေပးေပမယ့္ စခန္းအတြက္ မလုံေလာက္ျဖစ္ေနတယ္၊ လူ သန္း ၁၆၀ ရွိတဲ့ ဘဂၤလားေဒ့ရွ္ တစ္ႏိုင္ငံလုံးမွာမွ အသက္ရႉစက္ ၂၀၀၀ ေလာက္ပဲ ရွိၿပီး ဒီစခန္းထဲမွာ ေလာေလာဆယ္ အေရးေပၚၾကပ္မတ္ကုခန္း လုံးဝ မရွိဘူးလို႔ Save the Children အဖြဲ႕ရဲ႕ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ၫႊန္ၾကားေရးမႉး ေဒါက္တာ ရွန္မင္ ဂ်ာဟန္က ေျပာပါတယ္။

BBC Burmese
-----------------------------
(Unicode)⤵⤵⤵
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်တွေ့

ဘင်္ဂလားဒေ့ရှ် ကော့ဆက်ဘဇားခရိုင် ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ တွေ့ရတယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ IRC ပြောပါတယ်။

ဒါဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ ပထမဆုံး ပိုးတွေ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ နှစ်ဦးမှာ ပိုးတွေတဲ့အကြောင်း အဲဒီခရိုင် ဆေးကောလိပ် အကြီးအကဲကလည်း မေလ ၁၄ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။

နမူနာ ၁၆ ခုကို ကြာသပတေးနေ့က စစ်ခဲ့ပြီး ၁၂ ဦးပိုးတွေ့ခဲ့ရာမှာ နှစ်ဦးက ရိုဟင်ဂျာ ဒုက္ခသည် နှစ်ဦး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၃ ယောက် ရှိပြီး ၂၄ ယောက်က ပြန်ကောင်းလာပါပြီ။ သေဆုံးသူကတော့ တစ်ဦးရှိပါတယ်။

ကုတုပလောင်က စခန်းတွေမှာ ဒုက္ခသည် ရှစ်သိန်းခွဲကျော် ရှိပြီး စခန်းတွေနားမှာ ဒေသခံ လေးသိန်းခွဲနီးပါး နေထိုင်နေတယ်လို့ IRC က ပြောပါတယ်။

အဲဒီစခန်းမှာ ကျန်းမာရေး လုပ်ငန်းတွေ အရင်ကတည်းက ဝန်နဲ့အားမမျှ လုပ်နေရပြီး ဒီစခန်းမှာ နေထိုင်သူတွေ အတွက်လည်း ခပ်ခွာခွာနေဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကိစ္စတွေ သီးသီးသန့်သန့် သုံးရဖို့က ခက်ခဲတယ်လို့ IRC က ပြောပါတယ်။

ဒီစခန်းမှာ တစ်စတုရန်း ကီလိုမီတာ အတွင်း လူ လေးသောင်းနဲ့ ခုနစ်သောင်းလောက် ရှိတယ်၊ အဲဒါက ကူးစက်မှုနှုန်း မြင့်ခဲ့တဲ့ Diamond Princess သင်္ဘောထက် အနည်းဆုံး တစ်ဆခွဲကျော် လူနေထူထပ်ပါတယ်၊ အဲဒီသင်္ဘောမှာ ကူးစက်နှုန်းဟာ ဝူဟန်မှာ အမြင့်ဆုံး ကူးစက်ချိန်ကထက် လေးဆလောက် ပိုမြန်တယ်လို့လည်း IRC က ပြောပါတယ်။

ကော့ဆက်ဘဇားက ဒုက္ခသည်တွေထဲက လူ သုံးသောင်းကျော်က ကူးစက်ခံရင် သေဆုံးနှုန်းမြင့်တဲ့ အသက် ၆၀ အထက် လူကြီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စခန်းထဲမှာ အင်တာနက်နဲ့ မိုဘိုင်ဖုန်းသုံးဖို့က အတားအဆီး အကန့်အသတ်ရှိလို့ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတင်းတွေလည်း မရကြဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် မှာ ကူးစက်သူ နှစ်သောင်းနီးပါးနဲ့ သေဆုံးသူ ၂၈၃ ယောက်ရှိပါပြီ။

အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တတ်နိုင်သမျှ ဒုက္ခသည်စခန်းရဲ့ ကျန်းမာရေး ကိစ္စတွေကို လုပ်ပေးပေမယ့် စခန်းအတွက် မလုံလောက်ဖြစ်နေတယ်၊ လူ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးမှာမှ အသက်ရှူစက် ၂၀၀၀ လောက်ပဲ ရှိပြီး ဒီစခန်းထဲမှာ လောလောဆယ် အရေးပေါ်ကြပ်မတ်ကုခန်း လုံးဝ မရှိဘူးလို့ Save the Children အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ရှန်မင် ဂျာဟန်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/52670366
ဘဂၤလားေဒ့ရွ္ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ ႏွစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ ဘဂၤလားေဒ့ရွ္ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ ႏွစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.