ရန္ကုန္ ၄ ၿမိဳ႕နယ္နဲ႔ ကေလးၿမိဳ႕နယ္ အိမ္တြင္းေနအမိန္႔ ႐ုပ္သိမ္း


(Zawgyi/Unicode)

ကိုယ့္အိမ္ထဲမွာပဲေနၾကဖို႔ (Stay at Home) အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းက ေလးၿမိဳ႕နယ္နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္တစ္ခု၊ စုစုေပါင္း ငါးၿမိဳ႕နယ္မွာ ေမလ ၁၅ ရက္ေန႔ကစၿပီး အိမ္တြင္းေနအစီအစဥ္ ျပန္႐ုပ္သိမ္းလိုက္ၿပီျဖစ္ပါတယ္။

ရန္ကုန္တိုင္းအတြင္းက ေရႊျပည္သာ၊ လိႈႈင္သာယာ၊ မဂၤလာဒံု၊ ဗိုလ္တေထာင္ ၿမိဳ႕နယ္ေတြနဲ႔ စစ္ကိုင္းတိုင္းအတြင္းက ကေလးၿမိဳ႕နယ္မွာ ဒီအစီအစဥ္ကို ပယ္ဖ်က္လိုက္တဲ့အေၾကာင္း ေမလ ၁၄ ရက္ေန႔စြဲနဲ႔ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး လက္မွတ္ေရးထိုးထုတ္ျပန္တဲ့ အမိန္႔ထဲမွာ ေဖာ္ျပထားပါတယ္။

ရန္ကုန္တိုင္းမွာ အိမ္တြင္းေနအစီအစဥ္ ထုတ္ျပန္ထားတဲ့ ၁၀ ၿမိဳ႕နယ္ထဲက အခု ၅ ၿမိဳ႕နယ္မွာ ႐ုပ္သိမ္းလိုက္တာျဖစ္ပါတယ္။

အဲဒီၿမိဳ႕နယ္ေတြမွာ လြန္ခဲ့တဲ့ ၂၁ ရက္အတြင္း COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ထပ္မေတြ႔ရတာ၊ အတည္ျပဳထားၿပီးသားလူေတြကေနလည္း တစ္ဦးကေနတစ္ဦး အစုလိုက္ ကူးစက္မႈမရွိတာ၊ အိမ္တြင္းေန အစီအစဥ္ကာလအတြင္း က်န္းမာေရးပညာေပး လုပ္ငန္းေတြကို သက္ဆိုင္ရာဌာန အဖြဲ႔အစည္းေတြနဲ႔ လူထုက အေလးထားေဆာင္ရြက္ခဲ့တာ၊ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ဆက္စပ္သူေတြကို ရွာေဖြေဖာ္ထုတ္ၿပီး စစ္ေဆးတာမွာလည္း အနည္းဆံုး ၿပီးခဲ့တဲ့ ၂၁ ရက္အတြင္း ေရာဂါကူးစက္သူ ထပ္မေတြ႔ရတာ၊ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးနဲ႔ က်န္းမာေရး ဝန္ထမ္းေတြနဲ႔လူထုက ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ တက္တက္ႂကြႂကြ ပါဝင္ေဆာင္ရြက္တာဆိုတဲ့ အခ်က္ေတြကို ေထာက္ျပၿပီး အခုလို အိမ္တြင္းေနအစီအစဥ္ ႐ုပ္သိမ္းလိုက္တာလို႔ က်န္းမာေရးဝန္ႀကီးရဲ႕ အမိန္႔စာမွာ ေဖာ္ျပထားပါတယ္။

ဒီအေတာအတြင္းမွာပဲ ျမန္မာႏိုင္ငံ ေဆးသုေတသနဦးစီးဌာနမွာ ဒီကေန႔ညေနပိုင္းက စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၁၅၁ ခုထဲမွာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာသစ္ တေယာက္မွ မရွိတဲ့အတြက္ အခုည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာ ၁၈၁ ေယာက္ ရွိပါတယ္။

လူနာေဟာင္းေတြကို စစ္ေဆးတဲ့ထဲမွာ ၂ ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ေတာ့သူ ေနာက္ထပ္ ၅ ေယာက္ရွိတဲ့အတြက္ ေရာဂါပိုး ကင္းစင္သြားသူ စုစုေပါင္း ၈၄ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၾကာသပေတးေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သူတို႔ထဲက ၇၁ ေယာက္ကိုေတာ့ ေဆး႐ုံက ဆင္းခြင့္ေပးခဲ့ၿပီး သတ္မွတ္ေနရာေတြမွာ အသြားအလာ ကန႔္သတ္ ဆက္လက္ေစာင့္ၾကည့္ေနပါတယ္။

ေမလ ၁၄ ရက္ေန႔ထိဆိုရင္ ဓာတ္ခြဲစစ္ေဆးခဲ့သူ စုစုေပါင္း ၁၂,၄၈၂ ဦးရွိၿပီျဖစ္ၿပီး အဲဒီထဲကမွ ၁၈၁ ဦးမွာ ပိုးကူးစက္တယ္လို႔ အတည္ျပဳထားတာပါ။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးက သတ္မွတ္ေနရာေတြမွာ အသြားအလာကန႔္သတ္ၿပီး ေစာင့္ၾကည္ၾကည့္ရႈေနသူ ဦးေရကေတာ့ စုစုေပါင္း ၅၈,၀၀၀ ေက်ာ္ရွိေနပါတယ္။

COVID-19 ဓာတ္ခြဲအတည္ျပဳလူနာေတြထဲမွာ ေသဆုံးသူက ၆ ေယာက္ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------
[Unicode Version]

ရန်ကုန် ၄ မြို့နယ်နဲ့ ကလေးမြို့နယ် အိမ်တွင်းနေအမိန့် ရုပ်သိမ်း

ကိုယ့်အိမ်ထဲမှာပဲနေကြဖို့ (Stay at Home) အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လေးမြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တစ်ခု၊ စုစုပေါင်း ငါးမြို့နယ်မှာ မေလ ၁၅ ရက်နေ့ကစပြီး အိမ်တွင်းနေအစီအစဉ် ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရွှေပြည်သာ၊ လှိုှုင်သာယာ၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင် မြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့နယ်မှာ ဒီအစီအစဉ်ကို ပယ်ဖျက်လိုက်တဲ့အကြောင်း မေလ ၁၄ ရက်နေ့စွဲနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်ထဲမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းမှာ အိမ်တွင်းနေအစီအစဉ် ထုတ်ပြန်ထားတဲ့ ၁၀ မြို့နယ်ထဲက အခု ၅ မြို့နယ်မှာ ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မတွေ့ရတာ၊ အတည်ပြုထားပြီးသားလူတွေကနေလည်း တစ်ဦးကနေတစ်ဦး အစုလိုက် ကူးစက်မှုမရှိတာ၊ အိမ်တွင်းနေ အစီအစဉ်ကာလအတွင်း ကျန်းမာရေးပညာပေး လုပ်ငန်းတွေကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေနဲ့ လူထုက အလေးထားဆောင်ရွက်ခဲ့တာ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ရှာဖွေဖော်ထုတ်ပြီး စစ်ဆေးတာမှာလည်း အနည်းဆုံး ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း ရောဂါကူးစက်သူ ထပ်မတွေ့ရတာ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့လူထုက ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာဆိုတဲ့ အချက်တွေကို ထောက်ပြပြီး အခုလို အိမ်တွင်းနေအစီအစဉ် ရုပ်သိမ်းလိုက်တာလို့ ကျန်းမာရေးဝန်ကြီးရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာနမှာ ဒီကနေ့ညနေပိုင်းက စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၅၁ ခုထဲမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် တယောက်မှ မရှိတဲ့အတွက် အခုည ၈ နာရီအထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၁၈၁ ယောက် ရှိပါတယ်။

လူနာဟောင်းတွေကို စစ်ဆေးတဲ့ထဲမှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သူ နောက်ထပ် ၅ ယောက်ရှိတဲ့အတွက် ရောဂါပိုး ကင်းစင်သွားသူ စုစုပေါင်း ၈၄ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ထဲက ၇၁ ယောက်ကိုတော့ ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် ဆက်လက်စောင့်ကြည့်နေပါတယ်။

မေလ ၁၄ ရက်နေ့ထိဆိုရင် ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်း ၁၂,၄၈၂ ဦးရှိပြီဖြစ်ပြီး အဲဒီထဲကမှ ၁၈၁ ဦးမှာ ပိုးကူးစက်တယ်လို့ အတည်ပြုထားတာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည်ကြည့်ရှုနေသူ ဦးရေကတော့ စုစုပေါင်း ၅၈,၀၀၀ ကျော်ရှိနေပါတယ်။

COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ သေဆုံးသူက ၆ ယောက်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-myanmar/5419774.html
ရန္ကုန္ ၄ ၿမိဳ႕နယ္နဲ႔ ကေလးၿမိဳ႕နယ္ အိမ္တြင္းေနအမိန္႔ ႐ုပ္သိမ္း ရန္ကုန္ ၄ ၿမိဳ႕နယ္နဲ႔ ကေလးၿမိဳ႕နယ္ အိမ္တြင္းေနအမိန္႔ ႐ုပ္သိမ္း Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.