တ႐ုတ္ႏုိင္ငံက ျပန္ဝင္လာသူေတြ COVID-19 ေစာင့္ၾကည့္ဖို႔ ရခုိင္မွာ ဝန္ထမ္းမလံုေလာက္


(Zawgyi/Unicode)

တရုတ္ႏိုင္ငံကေန ျပန္၀င္လာၾကတဲ့ ရခိုင္ျပည္နယ္တြင္း ေဒသခံေတြနဲ႔ ပတ္သက္လို႔ က်န္းမာေရးဆိုင္ရာ ေစာင့္ၾကည့္မႈေတြ ဘယ္လိုျပင္ဆင္ေဆာင္ရြက္ေနလဲဆိုတာကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ရခိုင္ျပည္နယ္အတြင္းမွာ တရုတ္ႏို္င္ငံကေန ျပန္ေရာက္လာၾကတဲ့ သူေတြ အခုရက္ပိုင္းအတြင္းမွာ မ်ားျပားလာတာေၾကာင့္ ေဒသခံေတြအေနနဲ႔ လက္ရွိကူးစက္ေနနဲ႔ COVID-19 ကပ္ေရာဂါနဲ႔ ပတ္သတ္ၿပီး စုိးရိမ္မႈေတြ ရွိေနၾကပါတယ္။

ရခိုင္ျပည္နယ္တြင္း ေဒသခံအေတာ္မ်ားမ်ားဟာ စား၀တ္ေနေရးေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ၿပီး ထိုင္းမွာေရာ တရုတ္ႏိုင္ငံမွာပါ သြားေရာက္လုပ္ကိုင္ခဲ့ၾကတာပါ။ အခု ရက္ပိုင္းအတြင္း တရုတ္က ျပန္၀င္လာသူ ၇၀၀ ေက်ာ္ရိွေနၿပီး ဒီထက္ ထပ္လာဖို႔လည္း ရိွေနပါတယ္။

မေန႔ကလည္း တရုတ္ႏိုင္ငံကေန ကုန္တင္ကားေတြနဲ႔ ရခိုင္ေျမာက္ပိုင္းကို ျပန္လာတဲ့သူေတြ ၄၀၀ ေက်ာ္ ေလာက္ဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ မဟာျမတ္မုနိဘုရားမွာ ညအိမ္သြားႀကတယ္လို႔ ေက်ာက္ေတာ္ေဒသခံ တစ္ဦးကေျပာပါတယ္။

SEE ALSO:
ျမန္မာ COVID-19 ေရာဂါကူးစက္မႈ ရပ္မသြားေသးတာေၾကာင့္ မေပါ့ဆဖို႔ သတိေပး
"မေန႔က ညေန ၅နာရီေလာက္မွာ တရုတ္ကလာတဲ့ ကား ၉ စီးေပါ့ေနာ္ ... အဲဒီမွာ ကုန္ကားေတြပါတယ္။ ၾကံတိုင္းေအာင္ကား တစ္စီးပါတယ္။ အဲဒီမွာ လူဦးကေတာ့ က်ေနာ္တို႔ ေျပာသံၾကားတာကေတာ့ လူဦးေရ ၄၀၀ ေက်ာ္လို႔ ေျပာသံၾကားတယ္။ အဲဒီမွာ လမ္းတစ္ေလွ်ာက္မွာ ရွိတဲ့ အမ္း၊ ေျမပံု၊ ေျမာက္ဦး၊ မင္းျပား စတဲ့ ၿမိဳ႕နယ္ေတြမွာ လူေတြကို ခ်ၿပီးေတာ့ လာတာေပါ့ေနာ္။ က်ေနာ္တို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ မဟာျမမုနိဘုရားကိုေတာ့ ညေန ၅ နာရီေလာက္မွာ ေရာက္တယ္။ သူတို႔က အဲဒီမွာပဲ ညအိပ္သြားၾကတယ္။"

ႏိုင္ငံျခားကေန ျပန္လာတဲ့ သူေတြကို အစုိးရကအေနနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြအားနည္းေနတာေၾကာင့္ ေဒသခံေတြက စိုးရိမ္ေနၾကတယ္လို႔ ေက်ာက္ေတာ္ေဒသခံ တစ္ဦးက ေျပာပါတယ္။

"က်ေနာ္တို႔ စိုးရိမ္တာကေတာ့ အမ်ားႀကီးေပါ့ ... က်ေနာ္တို႔ေဒသကို အစိုးရအဖြဲ႔ကလည္း ဘာမွေစာင့္ေရွာက္ ေပးထားတာလည္း မရွိဘူး။ က်န္းမာေရးဌာနကလည္း လိုအပ္သေလာက္ကို ဘာမွလုပ္ေပးထားတာ မရွိဘူး။ လူထုေတြကလည္း ဘာမွအသိပညာ မရွိဘူးျဖစ္ေနတယ္။"

တရုတ္ႏိုင္ငံက ျပန္လာသူေတြဟာ သူတို႔ေနထိုင္ခဲ့တဲ့ေနရာမွာ Quarantine ၂၁ ရက္ဝင္ၿပီးသား ေထာက္ခံစာေတြနဲ႔ လာၾကသူေတြျဖစ္သလို ျပန္လာၾကသူေတြရဲ႕ သက္ဆိုင္ရာၿမိဳ႕နယ္ေက်းရြာေတြမွာ ေစာင့္ၾကည့္တာေတြ ရွိၿပီး လူဦးေရအားျဖင့္ ၇၀၀ ေက်ာ္ေလာက္ရွိေနၿပီလို႔ ရခိုင္ျပည္နယ္ လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗုိလ္မွဴးႀကီးမင္းသန္းက ေျပာပါတယ္။

"မိုင္းလားဘက္မွာ ႀကံခုတ္ၿပီးျပန္လာတာေလ တရုတ္ျပည္နယ္စပ္ေတြမွာ အလုပ္လုပ္တယ္၊ ႀကံသြားခုတ္တယ္၊ ဖရဲ စိုက္တယ္။ ေနအိမ္ကို မပို႔ဘူး သူတို႔ေနရပ္ေတြမွာ သက္ဆိုင္ရာရြာအလိုက္ Quarantine ေတြရွိတယ္။ အဲဒါေတြမွာ ထားတယ္။ သူတို႔က ဟုိမွာလည္း Quarantine ၂၁ ရက္ဝင္ၿပီးသြားၿပီ ဝင္ၿပီးသြားၿပီးမွာ ေထာက္ခံစာေတြ ေပးၿပီးမွ လြတ္လိုက္တာ။ ဒါေပမဲ့ သက္ဆိုင္ရာရြာေတြမွာ quarantine ျပန္ဝင္ရတယ္။ လူဦးေရကေတာ့ ၅၀၀ ေက်ာ္လည္းပါတယ္၊ ၄၀၀ ေက်ာ္လည္း ပါတယ္။ တဖဲြဖဲြကို လာေနၾကတာပဲ။ လာတာကေတာ့ ၇၀၀ ေလာက္ရွိသြားၿပီ။"

ႏိုင္ငံျခားကေနျပန္သူေတြနဲ႔ ပတ္သတ္ၿပီး ၿမိဳ႕နယ္တိုင္းကို ေစာင့္ေရွာက္မႈအျပည့္အဝေပးႏိုင္ဖို႔ က်န္းမာေရးဝန္ ထမ္းေတြ မလံုေလာက္ေပမဲ့ တက္ႏိုင္သေလာက္လုပ္ေပးေနတယ္လို႔ ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနက ေျပာခြင့္ရ ေဒါက္တာစိုးဝင္းပိုင္က အခုလိုေျပာပါတယ္။

"အဲ့ကိစၥက ရွင္းရွင္းေလးပါ ... ဆရာတို႔က ၿမိဳ႕နယ္ေတြမွာ လာလို႔ရွိရင္ ဘယ္ႏိုင္ငံကပဲ လာလာ ဘယ္ႏိုင္ငံဆိုတာ တရုတ္ျပည္တို႔ ႏိုင္ငံျခားက လာတယ္ဆိုရင္ေတာ့ ေသခ်ာတယ္ quarantine ဝင္ရတယ္။ အခုရန္ကုန္ၿမိဳ႕ နယ္မွာ ၄၅ ၿမိဳ႕နယ္ရွိတယ္။ အဲဒီမွာ ေရာဂါကူစက္ခံေနရတဲ့ ၿမိဳ႕နယ္ေတြက ျပန္လာတယ္ဆိုရင္ ေထြအုပ္ရဲ႕ အစီအစဥ္နဲ႔ facility quarantine ထားတယ္။ facility quarantine မွာ ဘာေတြေပးထားလဲဆိုေတာ့ ဆရာတို႔ က်န္းမာေရးဝန္ထမ္းေတြ ရွိတယ္။ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ အဖ်ားတိုင္းေပးတာရွိတယ္။ community facility quarantine ဆိုရင္ေတာ့ ေနရာေပါင္းအမ်ားႀကီး ရွိတယ္။ ၿမိဳ႕နယ္တိုင္းမွာေလ သူတို႔အစီအစဥ္နဲ႔ ထားတယ္။ ဆရာတို႔မွာ အဲေလာက္ က်န္းမာေရးဝန္ထမ္းမရွိဘူး။ အသိပညာေပးတာေလာက္ပဲ ရွိတာ။

ျပန္ဝင္လာသူေတြဘက္ကလည္း သူတို႔ကို သက္ဆိုင္ရာေက်းရြာေတြမွာ ခြဲျခားဆက္ဆံမႈေတြရွိေနသလို သက္ဆိုင္ရာေတြရဲ႕ က်န္းမာေရးေစာင့္ေရာက္မႈေတြ မရွိဘူးလို႔ ေျပာဆိုၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းက ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္စတဲ့ ၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းေတြ အခုအခ်ိန္အထိျဖတ္ေတာက္ထားပါတယ္။

ဒါေၾကာင့္ လက္ရွိကူးစက္ေနတဲ့ COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ သတင္းအခ်က္အလက္ရယူႏိုင္ဖို႔ အားနည္းခ်က္ရိွတဲ့အတြက္ အစိုးရအေနနဲ႔ အဲဒီေဒသေတြမွာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ပိုမိုလုပ္ေဆာင္သင့္တယ္လို႔ ေထာက္ျပသူေတြလည္း ရွိေနပါတယ္။

➣ သက္ႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------
[Unicode Version]

တရုတ်နိုင်ငံက ပြန်ဝင်လာသူတွေ COVID-19 စောင့်ကြည့်ဖို့ ရခိုင်မှာ ဝန်ထမ်းမလုံလောက်

တရုတ်နိုင်ငံကနေ ပြန်ဝင်လာကြတဲ့ ရခိုင်ပြည်နယ်တွင်း ဒေသခံတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုတွေ ဘယ်လိုပြင်ဆင်ဆောင်ရွက်နေလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တရုတ်နိုင်ငံကနေ ပြန်ရောက်လာကြတဲ့ သူတွေ အခုရက်ပိုင်းအတွင်းမှာ များပြားလာတာကြောင့် ဒေသခံတွေအနေနဲ့ လက်ရှိကူးစက်နေနဲ့ COVID-19 ကပ်ရောဂါနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ရခိုင်ပြည်နယ်တွင်း ဒေသခံအတော်များများဟာ စားဝတ်နေရေးကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းမှာရော တရုတ်နိုင်ငံမှာပါ သွားရောက်လုပ်ကိုင်ခဲ့ကြတာပါ။ အခု ရက်ပိုင်းအတွင်း တရုတ်က ပြန်ဝင်လာသူ ၇၀၀ ကျော်ရှိနေပြီး ဒီထက် ထပ်လာဖို့လည်း ရှိနေပါတယ်။

မနေ့ကလည်း တရုတ်နိုင်ငံကနေ ကုန်တင်ကားတွေနဲ့ ရခိုင်မြောက်ပိုင်းကို ပြန်လာတဲ့သူတွေ ၄၀၀ ကျော် လောက်ဟာ ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားမှာ ညအိမ်သွားကြတယ်လို့ ကျောက်တော်ဒေသခံ တစ်ဦးကပြောပါတယ်။

"မနေ့က ညနေ ၅နာရီလောက်မှာ တရုတ်ကလာတဲ့ ကား ၉ စီးပေါ့နော် ... အဲဒီမှာ ကုန်ကားတွေပါတယ်။ ကြံတိုင်းအောင်ကား တစ်စီးပါတယ်။ အဲဒီမှာ လူဦးကတော့ ကျနော်တို့ ပြောသံကြားတာကတော့ လူဦးရေ ၄၀၀ ကျော်လို့ ပြောသံကြားတယ်။ အဲဒီမှာ လမ်းတစ်လျှောက်မှာ ရှိတဲ့ အမ်း၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေမှာ လူတွေကို ချပြီးတော့ လာတာပေါ့နော်။ ကျနော်တို့ ကျောက်တော်မြို့နယ် မဟာမြမုနိဘုရားကိုတော့ ညနေ ၅ နာရီလောက်မှာ ရောက်တယ်။ သူတို့က အဲဒီမှာပဲ ညအိပ်သွားကြတယ်။"

နိုင်ငံခြားကနေ ပြန်လာတဲ့ သူတွေကို အစိုးရကအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအားနည်းနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ကျောက်တော်ဒေသခံ တစ်ဦးက ပြောပါတယ်။

"ကျနော်တို့ စိုးရိမ်တာကတော့ အများကြီးပေါ့ ... ကျနော်တို့ဒေသကို အစိုးရအဖွဲ့ကလည်း ဘာမှစောင့်ရှောက် ပေးထားတာလည်း မရှိဘူး။ ကျန်းမာရေးဌာနကလည်း လိုအပ်သလောက်ကို ဘာမှလုပ်ပေးထားတာ မရှိဘူး။ လူထုတွေကလည်း ဘာမှအသိပညာ မရှိဘူးဖြစ်နေတယ်။"

တရုတ်နိုင်ငံက ပြန်လာသူတွေဟာ သူတို့နေထိုင်ခဲ့တဲ့နေရာမှာ Quarantine ၂၁ ရက်ဝင်ပြီးသား ထောက်ခံစာတွေနဲ့ လာကြသူတွေဖြစ်သလို ပြန်လာကြသူတွေရဲ့ သက်ဆိုင်ရာမြို့နယ်ကျေးရွာတွေမှာ စောင့်ကြည့်တာတွေ ရှိပြီး လူဦးရေအားဖြင့် ၇၀၀ ကျော်လောက်ရှိနေပြီလို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

"မိုင်းလားဘက်မှာ ကြံခုတ်ပြီးပြန်လာတာလေ တရုတ်ပြည်နယ်စပ်တွေမှာ အလုပ်လုပ်တယ်၊ ကြံသွားခုတ်တယ်၊ ဖရဲ စိုက်တယ်။ နေအိမ်ကို မပို့ဘူး သူတို့နေရပ်တွေမှာ သက်ဆိုင်ရာရွာအလိုက် Quarantine တွေရှိတယ်။ အဲဒါတွေမှာ ထားတယ်။ သူတို့က ဟိုမှာလည်း Quarantine ၂၁ ရက်ဝင်ပြီးသွားပြီ ဝင်ပြီးသွားပြီးမှာ ထောက်ခံစာတွေ ပေးပြီးမှ လွတ်လိုက်တာ။ ဒါပေမဲ့ သက်ဆိုင်ရာရွာတွေမှာ quarantine ပြန်ဝင်ရတယ်။ လူဦးရေကတော့ ၅၀၀ ကျော်လည်းပါတယ်၊ ၄၀၀ ကျော်လည်း ပါတယ်။ တဖွဲဖွဲကို လာနေကြတာပဲ။ လာတာကတော့ ၇၀၀ လောက်ရှိသွားပြီ။"

နိုင်ငံခြားကနေပြန်သူတွေနဲ့ ပတ်သတ်ပြီး မြို့နယ်တိုင်းကို စောင့်ရှောက်မှုအပြည့်အဝပေးနိုင်ဖို့ ကျန်းမာရေးဝန် ထမ်းတွေ မလုံလောက်ပေမဲ့ တက်နိုင်သလောက်လုပ်ပေးနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြောခွင့်ရ ဒေါက်တာစိုးဝင်းပိုင်က အခုလိုပြောပါတယ်။

"အဲ့ကိစ္စက ရှင်းရှင်းလေးပါ ... ဆရာတို့က မြို့နယ်တွေမှာ လာလို့ရှိရင် ဘယ်နိုင်ငံကပဲ လာလာ ဘယ်နိုင်ငံဆိုတာ တရုတ်ပြည်တို့ နိုင်ငံခြားက လာတယ်ဆိုရင်တော့ သေချာတယ် quarantine ဝင်ရတယ်။ အခုရန်ကုန်မြို့ နယ်မှာ ၄၅ မြို့နယ်ရှိတယ်။ အဲဒီမှာ ရောဂါကူစက်ခံနေရတဲ့ မြို့နယ်တွေက ပြန်လာတယ်ဆိုရင် ထွေအုပ်ရဲ့ အစီအစဉ်နဲ့ facility quarantine ထားတယ်။ facility quarantine မှာ ဘာတွေပေးထားလဲဆိုတော့ ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အဖျားတိုင်းပေးတာရှိတယ်။ community facility quarantine ဆိုရင်တော့ နေရာပေါင်းအများကြီး ရှိတယ်။ မြို့နယ်တိုင်းမှာလေ သူတို့အစီအစဉ်နဲ့ ထားတယ်။ ဆရာတို့မှာ အဲလောက် ကျန်းမာရေးဝန်ထမ်းမရှိဘူး။ အသိပညာပေးတာလောက်ပဲ ရှိတာ။"

ပြန်ဝင်လာသူတွေဘက်ကလည်း သူတို့ကို သက်ဆိုင်ရာကျေးရွာတွေမှာ ခွဲခြားဆက်ဆံမှုတွေရှိနေသလို သက်ဆိုင်ရာတွေရဲ့ ကျန်းမာရေးစောင့်ရောက်မှုတွေ မရှိဘူးလို့ ပြောဆိုကြပါတယ်။

ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်နဲ့ ရသေ့တောင်စတဲ့ မြို့နယ်တွေမှာ အင်တာနက်လိုင်းတွေ အခုအချိန်အထိဖြတ်တောက်ထားပါတယ်။

ဒါကြောင့် လက်ရှိကူးစက်နေတဲ့ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ သတင်းအချက်အလက်ရယူနိုင်ဖို့ အားနည်းချက်ရှိတဲ့အတွက် အစိုးရအနေနဲ့ အဲဒီဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။

➣ သက်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-covid-china/5408108.html
တ႐ုတ္ႏုိင္ငံက ျပန္ဝင္လာသူေတြ COVID-19 ေစာင့္ၾကည့္ဖို႔ ရခုိင္မွာ ဝန္ထမ္းမလံုေလာက္ တ႐ုတ္ႏုိင္ငံက ျပန္ဝင္လာသူေတြ COVID-19 ေစာင့္ၾကည့္ဖို႔ ရခုိင္မွာ ဝန္ထမ္းမလံုေလာက္ Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.