
၂ဝ၁၅ ခုနှစ်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သော ဆင်စွယ်များ။
(Zawgyi)⤵⤵⤵



RFA Burmese
------------------------------------
(Unicode)⤵⤵⤵
တားမြစ်တိရစ္ဆာန်ဖမ်းဆီးမှုနဲ့ မြန်မာမုဆိုးနှစ်ဦး ထိုင်းမှာ အဖမ်းခံရ

 အမဲလိုက်သတ်ဖြတ်မှု တားဆီးပိတ်ပင်ထားတဲ့ သတ္တဝါတွေရဲ့ အသေကောင်တွေကို မြန်မာမုဆိုးတွေဆီကတွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။

ကန်ချနဘူရီ ခရိုင် သွန်းဖာဖန် အမျိုးသားသစ်တောအတွင်း မေလ ၁၃ရက်နေ့က ဖမ်းဆီးမိခဲ့တာပါ။ အသက် ၄၀ အရွယ် ထွန်းထွန်းလေးဆိုသူ နဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးကို ဆိုင်ကယ်တစီးနဲ့ တောထဲကအထွက်မှာ ဖမ်းဆီးမိခဲ့တာပါ။

သူတို့ဆီက သေနတ်နှစ်လက်နဲ့အတူ ဖြူ သတ္တဝါ အပါအဝင် တိရိစ္ဆာန်အသေကောင်တွေ တွေ့ရှိရမိခဲ့တာလို့ ထိုင်းရဲအရာရှိကပြောပါတယ်။ ရောင်းချဖို့နဲ့ စားသောက်ဖို့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ကြတယ်လို့လည်း ထိုင်းရဲအရာရှိက ပြောတယ်လို့ The Nation သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တားမြစ်တိရစ္ဆာန်ဖမ်းဆီးမှုနဲ့ မြန်မာမုဆိုးနှစ်ဦး ထိုင်းမှာ အဖမ်းခံရ တားမြစ်တိရစ္ဆာန်ဖမ်းဆီးမှုနဲ့ မြန်မာမုဆိုးနှစ်ဦး ထိုင်းမှာ အဖမ်းခံရ Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.