အိႏၵိယအလုပ္သမားေတြကို ေဒၚလာ သန္း ၄၆၀ ေက်ာ္ဖိုး အခမဲ့ အစားအစာ အစိုးရ ေထာက္ပံ့

က်ပန္းအလုပ္သမားေတြဟာ အိႏၵိယၿမိဳ႕ျပစီးပြားေရးရဲ႕ ပင္မေက်ာ႐ိုးႀကီးျဖစ္
(Zawgyi)⤵⤵⤵
ျပည္တြင္းေ႐ႊ႕ေျပာင္းအလုပ္သမားေတြအတြက္ အိႏၵိယအစိုးရက အစားအေသာက္ အခမဲ့ ေထာက္ပံ့ေပးေဝပါမယ္။ ဒါဟာ ကိုဗစ္ေလာ့ေဒါင္းကာလအတြက္ ေဒၚလာ ၂၆၆ ဘီလ်ံတန္ဖိုးရွိ စီးပြားေရး အစီအစဥ္ရဲ႕ တစိတ္တေဒသျဖစ္ပါတယ္။

ဆန္၊ဂ်ဳံ အေစ့အဆန္ေထာက္ပံ့မႈ ေဒၚလာ ၄၆၃ သန္းဖိုးရွိၿပီး ဒါဟာ ေ႐ႊ႕ေျပာင္းအလုပ္သမား သန္း ၈၀ အတြက္ ရည္႐ြယ္တယ္လို႔ အိႏၵိယဘ႑ာေရးဝန္ႀကီး နီရာမလာစီသာရာမန္ကဆိုပါတယ္။

က်ပန္းအလုပ္သမားအမ်ားအျပားဟာ အိႏၵိယၿမိဳ႕ျပစီးပြားေရးရဲ႕ ပင္မေက်ာ႐ိုးျဖစ္ၿပီး အခုသူတို႔ဟာ ကိုဗစ္ေလာ့ေဒါင္းေၾကာင့္ ငတ္မွာစိုးရိမ္ေနၾကပါတယ္။

အစားအစာနဲ႔ ေသာက္ေရ အလုံအေလာက္မပါဘဲ ခရီးေဝး မိုင္ေပါင္းမ်ားစြာကို ေျခလ်င္ လမ္းေလွ်ာက္ျပန္ၾကရတဲ့ အလုပ္သမားေတြရဲ႕ ဒုကၡေၾကာင့္ ႏိုင္ငံတဝန္းမွာ လူအမ်ားအျပားဟာ ေဒါသထြက္ခဲ့ၾကပါတယ္။

ရထားနဲ႔ ခရီးေဝး ဘတ္စ္ကားလိုင္းေတြပိတ္လိုက္ခ်ိန္မွာ အလုပ္သမားေတြဟာ အလုပ္ျပဳတ္ၿပီး အိမ္မျပန္ႏိုင္ဘဲ တြယ္ရာမဲ့ ေသာင္တင္ေနၾကပါတယ္။

ေ႐ႊ႕ေျပာင္း အလုပ္သမားေတြအတြက္ သီးသန္႔အထူးရထား၊ အထူးကားေျပးဆြဲေပးတာတခ်ိဳ႕ ရွိေပမယ့္ ရထား၊ကား မလုံေလာက္တဲ့ ျပႆနာ၊ ရထားခ၊ ကားခမတတ္ႏိုင္တဲ့ ျပႆနာေတြအျပင္ ရထားေပၚ၊ ကားေပၚမွာ စိတ္ခ်ရတဲ့ အလွမ္းကြာေဝးမႈ ရွိမရွိဆိုတဲ့ အခ်က္အေပၚမွာလည္း စိုးရိမ္ပူပန္မႈ ရွိၾကပါတယ္။

ေသာက္ေရနဲ႔ အစားအစာမလုံေလာက္ဘဲ ေျခလ်င္ခရီးသြားရင္း အလုပ္သမားေတြ ေသဆုံးတာလည္း ျဖစ္ခဲ့ပါတယ္။ ေသဆုံးသူေတြထဲမွာ ေျခလ်င္ခရီးသြားရင္း ရထားသံလမ္းေပၚအိပ္စက္မိလို႔ ရထားႀကိတ္ခံရၿပီး ေသဆုံးသူ ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၆ ဦးလည္း အပါအဝင္ျဖစ္ပါတယ္။
အလုပ္သမားေတြ နယ္ျပန္ဖို႔ အထူးရထားစီစဥ္ေပးေပမယ့္ မလုံေလာက္
အခမဲ့ရိကၡာကို ထုတ္ယူဖို႔အတြက္ အလုပ္သမားေတြဟာ ခြဲတမ္းကတ္ျပားေတြကို အသုံးျပဳႏိုင္တယ္လို႔ ဘ႑ာေရးဝန္ႀကီး နီရာမလာစီသာရာမန္က ေၾကညာထားပါတယ္။ ခြဲတမ္းကတ္ျပားေတြဟာ သာမန္အခ်ိန္မွာ ေက်း႐ြာေတြမွာသာ အသုံးျပဳႏိုင္တာျဖစ္ေပမယ့္ အခုေတာ့ ႏိုင္ငံတဝန္းဘယ္ေနရာမွာ မဆို အသုံးျပဳႏိုင္တယ္လို႔ ေၾကညာထားပါတယ္။

အခုခြဲတမ္းကတ္ျပားနဲ႔ အစားအေသာက္ေဝငွတဲ့ အစီအစဥ္ကို လူ သန္း ၆၇၀ အက်ိဳးခံစားရမွာ ျဖစ္ၿပီး ေနာက္ႏွစ္မတ္လကုန္အထိ ေဆာင္႐ြက္သြားမယ္လို႔လည္း မစၥစီသာရာမန္ကဆိုပါတယ္။

အလုပ္သမားေတြအတြက္ အဖိုးႏႈန္းခ်ိဳသာတဲ့ အိမ္ရာေတြကိုလည္း ေထာက္ပံ့ေပးဖို႔ရွိပါတယ္။ အစိုးရေထာက္ပံ့ေပးထားၿပီး လူမေနလစ္လပ္ေနတဲ့ အိုးအိမ္တခ်ိဳ႕ကိုလည္း အလုပ္သမားေတြ အတြက္ လႊဲေျပာင္းစီစဥ္ေပးသြားဖို႔ ရွိတယ္လို႔ ဆိုပါတယ္။

အခုအစီအစဥ္ကို စီးပြားေရးေထာက္ပံ့မႈ ဒုတိယအဆင့္အျဖစ္ ၾကာသပေတးေန႔က ေၾကညာခဲ့တာျဖစ္ၿပီး ဒီအစီအစဥ္ဟာ ေ႐ႊ႕ေျပာင္းအလုပ္သမား၊ လမ္းေဘးေစ်းသည္၊ အေသးစားလုပ္ငန္းရွင္နဲ႔ တစ္ပိုင္တစ္ႏိုင္လုပ္တဲ့ လယ္သမားေတြအတြက္ ရည္႐ြယ္တာ ျဖစ္ပါတယ္။
 အေသးစားလုပ္ငန္းအမ်ားစု ပိတ္ထားခဲ့တာ တလခြဲေက်ာ္ၾကာၿပီ
အခုစီးပြားေရးေထာက္ပံ့မႈတန္ဖိုးဟာ အိႏၵိယ ျပည္တြင္းထုတ္ကုန္ စုစုေပါင္းရဲ႕ ၁၀ ရာႏႈန္းနဲ႔ ညီမွ်ၿပီး ရံဖန္ရံခါမွာ အစိုးရဟာ ေန႔စဥ္ရက္ဆက္ဆိုသလို အစီအစဥ္သစ္တခုၿပီး တခုေၾကညာေနပါတယ္။

အခုဘ႑ာေရးဝန္ႀကီး မစၥ စီသာရာမန္ရဲ႕ ေၾကညာခ်က္မွာ ၿပီးခဲ့တဲ့ တလခြဲကာလအတြင္း အလုပ္ရပ္နားလိုက္ရတဲ့ လမ္းေဘးေစ်းသည္ ၅ သန္း အတြက္ အထူးေခ်းေငြ ထုတ္ေပးဖို႔လည္း ပါဝင္ပါတယ္။

တစ္ပိုင္တစ္ႏိုင္လုပ္ကိုင္တဲ့ လယ္သမား သန္း ၃၀ အတြက္ အေရးေပၚရင္းႏွီးမတည္ေငြ ေဒၚလာ ၄ ဘီလ်ံလည္း ထုတ္ေပးမွာျဖစ္ၿပီး ဒါဟာ ေမနဲ႔ဇြန္လအတြက္ သီးႏွံလိုအပ္ခ်က္ကို ကာမိမယ္လို႔ ဆိုပါတယ္။

ဆင္းရဲသားေတြအတြက္ အဓိက ရည္႐ြယ္ၿပီး တိုက္႐ိုက္ေငြသားနဲ႔ စားနပ္ရိကၡာ ႐ူပီး ၁ ဒသမ ၇ ထရီလီယံဖိုး ေထာက္ပံ့သြားမယ္လို႔ မတ္လအတြင္းတုန္းက ေျပာထားပါတယ္။

ဒါေပမယ့္ တခ်ိဳ႕ေနရာေတြမွာ လုံေလာက္တဲ့ ေထာက္ပံ့မႈေတြ မရဘူးလို႔ မစၥတာမိုဒီရဲ႕ အိႏၵိယအစိုးရအေပၚ ေဝဖန္ျပစ္တင္မႈေတြလည္း ရွိပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
အိန္ဒိယအလုပ်သမားတွေကို ဒေါ်လာ သန်း ၄၆၀ ကျော်ဖိုး အခမဲ့ အစားအစာ အစိုးရ ထောက်ပံ့

ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေအတွက် အိန္ဒိယအစိုးရက အစားအသောက် အခမဲ့ ထောက်ပံ့ပေးဝေပါမယ်။ ဒါဟာ ကိုဗစ်လော့ဒေါင်းကာလအတွက် ဒေါ်လာ ၂၆၆ ဘီလျံတန်ဖိုးရှိ စီးပွားရေး အစီအစဉ်ရဲ့ တစိတ်တဒေသဖြစ်ပါတယ်။

ဆန်၊ဂျုံ အစေ့အဆန်ထောက်ပံ့မှု ဒေါ်လာ ၄၆၃ သန်းဖိုးရှိပြီး ဒါဟာ ရွှေ့ပြောင်းအလုပ်သမား သန်း ၈၀ အတွက် ရည်ရွယ်တယ်လို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီရာမလာစီသာရာမန်ကဆိုပါတယ်။

ကျပန်းအလုပ်သမားအများအပြားဟာ အိန္ဒိယမြို့ပြစီးပွားရေးရဲ့ ပင်မကျောရိုးဖြစ်ပြီး အခုသူတို့ဟာ ကိုဗစ်လော့ဒေါင်းကြောင့် ငတ်မှာစိုးရိမ်နေကြပါတယ်။

အစားအစာနဲ့ သောက်ရေ အလုံအလောက်မပါဘဲ ခရီးဝေး မိုင်ပေါင်းများစွာကို ခြေလျင် လမ်းလျှောက်ပြန်ကြရတဲ့ အလုပ်သမားတွေရဲ့ ဒုက္ခကြောင့် နိုင်ငံတဝန်းမှာ လူအများအပြားဟာ ဒေါသထွက်ခဲ့ကြပါတယ်။

ရထားနဲ့ ခရီးဝေး ဘတ်စ်ကားလိုင်းတွေပိတ်လိုက်ချိန်မှာ အလုပ်သမားတွေဟာ အလုပ်ပြုတ်ပြီး အိမ်မပြန်နိုင်ဘဲ တွယ်ရာမဲ့ သောင်တင်နေကြပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သီးသန့်အထူးရထား၊ အထူးကားပြေးဆွဲပေးတာတချို့ ရှိပေမယ့် ရထား၊ကား မလုံလောက်တဲ့ ပြဿနာ၊ ရထားခ၊ ကားခမတတ်နိုင်တဲ့ ပြဿနာတွေအပြင် ရထားပေါ်၊ ကားပေါ်မှာ စိတ်ချရတဲ့ အလှမ်းကွာဝေးမှု ရှိမရှိဆိုတဲ့ အချက်အပေါ်မှာလည်း စိုးရိမ်ပူပန်မှု ရှိကြပါတယ်။

သောက်ရေနဲ့ အစားအစာမလုံလောက်ဘဲ ခြေလျင်ခရီးသွားရင်း အလုပ်သမားတွေ သေဆုံးတာလည်း ဖြစ်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ခြေလျင်ခရီးသွားရင်း ရထားသံလမ်းပေါ်အိပ်စက်မိလို့ ရထားကြိတ်ခံရပြီး သေဆုံးသူ ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးလည်း အပါအဝင်ဖြစ်ပါတယ်။

အခမဲ့ရိက္ခာကို ထုတ်ယူဖို့အတွက် အလုပ်သမားတွေဟာ ခွဲတမ်းကတ်ပြားတွေကို အသုံးပြုနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး နီရာမလာစီသာရာမန်က ကြေညာထားပါတယ်။ ခွဲတမ်းကတ်ပြားတွေဟာ သာမန်အချိန်မှာ ကျေးရွာတွေမှာသာ အသုံးပြုနိုင်တာဖြစ်ပေမယ့် အခုတော့ နိုင်ငံတဝန်းဘယ်နေရာမှာ မဆို အသုံးပြုနိုင်တယ်လို့ ကြေညာထားပါတယ်။

အခုခွဲတမ်းကတ်ပြားနဲ့ အစားအသောက်ဝေငှတဲ့ အစီအစဉ်ကို လူ သန်း ၆၇၀ အကျိုးခံစားရမှာ ဖြစ်ပြီး နောက်နှစ်မတ်လကုန်အထိ ဆောင်ရွက်သွားမယ်လို့လည်း မစ္စစီသာရာမန်ကဆိုပါတယ်။

အလုပ်သမားတွေအတွက် အဖိုးနှုန်းချိုသာတဲ့ အိမ်ရာတွေကိုလည်း ထောက်ပံ့ပေးဖို့ရှိပါတယ်။ အစိုးရထောက်ပံ့ပေးထားပြီး လူမနေလစ်လပ်နေတဲ့ အိုးအိမ်တချို့ကိုလည်း အလုပ်သမားတွေ အတွက် လွှဲပြောင်းစီစဉ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခုအစီအစဉ်ကို စီးပွားရေးထောက်ပံ့မှု ဒုတိယအဆင့်အဖြစ် ကြာသပတေးနေ့က ကြေညာခဲ့တာဖြစ်ပြီး ဒီအစီအစဉ်ဟာ ရွှေ့ပြောင်းအလုပ်သမား၊ လမ်းဘေးဈေးသည်၊ အသေးစားလုပ်ငန်းရှင်နဲ့ တစ်ပိုင်တစ်နိုင်လုပ်တဲ့ လယ်သမားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

အခုစီးပွားရေးထောက်ပံ့မှုတန်ဖိုးဟာ အိန္ဒိယ ပြည်တွင်းထုတ်ကုန် စုစုပေါင်းရဲ့ ၁၀ ရာနှုန်းနဲ့ ညီမျှပြီး ရံဖန်ရံခါမှာ အစိုးရဟာ နေ့စဉ်ရက်ဆက်ဆိုသလို အစီအစဉ်သစ်တခုပြီး တခုကြေညာနေပါတယ်။

အခုဘဏ္ဍာရေးဝန်ကြီး မစ္စ စီသာရာမန်ရဲ့ ကြေညာချက်မှာ ပြီးခဲ့တဲ့ တလခွဲကာလအတွင်း အလုပ်ရပ်နားလိုက်ရတဲ့ လမ်းဘေးဈေးသည် ၅ သန်း အတွက် အထူးချေးငွေ ထုတ်ပေးဖို့လည်း ပါဝင်ပါတယ်။

တစ်ပိုင်တစ်နိုင်လုပ်ကိုင်တဲ့ လယ်သမား သန်း ၃၀ အတွက် အရေးပေါ်ရင်းနှီးမတည်ငွေ ဒေါ်လာ ၄ ဘီလျံလည်း ထုတ်ပေးမှာဖြစ်ပြီး ဒါဟာ မေနဲ့ဇွန်လအတွက် သီးနှံလိုအပ်ချက်ကို ကာမိမယ်လို့ ဆိုပါတယ်။

ဆင်းရဲသားတွေအတွက် အဓိက ရည်ရွယ်ပြီး တိုက်ရိုက်ငွေသားနဲ့ စားနပ်ရိက္ခာ ရူပီး ၁ ဒသမ ၇ ထရီလီယံဖိုး ထောက်ပံ့သွားမယ်လို့ မတ်လအတွင်းတုန်းက ပြောထားပါတယ်။

ဒါပေမယ့် တချို့နေရာတွေမှာ လုံလောက်တဲ့ ထောက်ပံ့မှုတွေ မရဘူးလို့ မစ္စတာမိုဒီရဲ့ အိန္ဒိယအစိုးရအပေါ် ဝေဖန်ပြစ်တင်မှုတွေလည်း ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52679010
အိႏၵိယအလုပ္သမားေတြကို ေဒၚလာ သန္း ၄၆၀ ေက်ာ္ဖိုး အခမဲ့ အစားအစာ အစိုးရ ေထာက္ပံ့ အိႏၵိယအလုပ္သမားေတြကို ေဒၚလာ သန္း ၄၆၀ ေက်ာ္ဖိုး အခမဲ့ အစားအစာ အစိုးရ ေထာက္ပံ့ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.