ကင္ဂ်ဳံအြန္း လူျမင္ကြင္းမွာ ျပန္ထြက္ေပၚလာတယ္လို႔ ေျမာက္ကိုရီးယား အစိုးရ မီဒီယာေျပာ

ဧၿပီ ၁၁ ရက္ ပါတီ ေပၚလစ္ဗ်ဴ႐ိုအစည္းအေဝး တက္ေရာက္ခဲ့စဥ္
(Zawgyi)⤵⤵⤵
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္း သူ႔က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြ ထြက္အၿပီး ရက္ ၂၀ ေလာက္မွာ လူျမင္ကြင္းမွာ ျပန္ထြက္ေပၚလာတယ္လို႔ ေျမာက္ကိုရီးယား အစိုးရ မီဒီယာက ေျပာပါတယ္။

ေျမၾသဇာစက္႐ုံဖြင့္ပြဲ အခမ္းအနားကို ေျမာက္ကိုရီးယားေခါင္းေဆာင္ တက္ေရာက္ ဖဲႀကိဳးျဖတ္ခဲ့တယ္လို႔ KCNA သတင္းဌာနက သတင္းထုတ္ျပန္ပါတယ္။

သူ႔ထြက္ေပၚလာခ်ိန္မွာ စက္႐ုံက လူေတြက ဝမ္းသာအားရလို႔ အုန္းအုန္းကြၽက္ကြၽက္ ႀကိဳဆိုၾကတယ္လို႔ အဲဒီသတင္းက ေျပာပါတယ္။

အခုလို လူျမင္ကြင္းမွာ သူျပန္ထြက္လာတာဟာ ဧၿပီ ၁၂ ရက္မွာ အစိုးရ မီဒီယာမွာ ျမင္ခဲ့ရၿပီးေနာက္ ပထမဆုံး အႀကိမ္ ျဖစ္ပါတယ္။ ဒီၾကားမွာေတာ့ သူ႔က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေပၚခဲ့ပါတယ္။

ဒါေပမဲ့ သတင္းထုတ္ျပန္ရာမွာ ဓာတ္ပုံ ေဖာ္ျပမထားတဲ့ ေျမာက္ကိုရီးယား အစိုးရ မီဒီယာရဲ႕ သတင္းကို သီးျခား အတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသးပါဘူး။

သူ႔က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြ ထြက္ ခဲ့တာက ေျမာက္ကိုရီးယား တည္ေထာင္သူ ကင္အီဆြန္း ေမြးေန႔ ဂုဏ္ျပဳအခမ္းအနားမွာ သူေပ်ာက္ကြယ္ေနခဲ့တာေန စခဲ့တာပါ။ သူက အရင္က ဒီအခမ္းအနားကို တစ္ခါမွ မပ်က္ကြက္ဖူးပါဘူး။

ဒါ့အျပင္ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြန္ေပယိုက ကင္ကို အေမရိကန္ အစိုးရတာဝန္ရွိသူေတြ အခုတေလာ မျမင္ၾကရဘူးလို႔ ဗုဒၶဟူးေန႔မွာ ေျပာလိုက္ရာက ခန္႔မွန္းေျပာဆိုတာေတြ ပိုမ်ားလာပါတယ္။

ေတာင္ကိုရီးယားကေတာ့ မစၥတာကင္ အသည္းအသန္ နာမက်န္း ျဖစ္ေနတယ္ဆိုတဲ့ သတင္းေတြက မမွန္ဘူးလို႔ ေျပာထားပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
ကင်ဂျုံအွန်း လူမြင်ကွင်းမှာ ပြန်ထွက်ပေါ်လာတယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက်အပြီး ရက် ၂၀ လောက်မှာ လူမြင်ကွင်းမှာ ပြန်ထွက်ပေါ်လာတယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြောပါတယ်။

မြေသြဇာစက်ရုံဖွင့်ပွဲ အခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် တက်ရောက် ဖဲကြိုးဖြတ်ခဲ့တယ်လို့ KCNA သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

သူ့ထွက်ပေါ်လာချိန်မှာ စက်ရုံက လူတွေက ဝမ်းသာအားရလို့ အုန်းအုန်းကျွက်ကျွက် ကြိုဆိုကြတယ်လို့ အဲဒီသတင်းက ပြောပါတယ်။

အခုလို လူမြင်ကွင်းမှာ သူပြန်ထွက်လာတာဟာ ဧပြီ ၁၂ ရက်မှာ အစိုးရ မီဒီယာမှာ မြင်ခဲ့ရပြီးနောက် ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီကြားမှာတော့ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ သတင်းထုတ်ပြန်ရာမှာ ဓာတ်ပုံ ဖော်ပြမထားတဲ့ မြောက်ကိုရီးယား အစိုးရ မီဒီယာရဲ့ သတင်းကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက် ခဲ့တာက မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်း မွေးနေ့ ဂုဏ်ပြုအခမ်းအနားမှာ သူပျောက်ကွယ်နေခဲ့တာနေ စခဲ့တာပါ။ သူက အရင်က ဒီအခမ်းအနားကို တစ်ခါမှ မပျက်ကွက်ဖူးပါဘူး။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက ကင်ကို အမေရိကန် အစိုးရတာဝန်ရှိသူတွေ အခုတလော မမြင်ကြရဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ရာက ခန့်မှန်းပြောဆိုတာတွေ ပိုများလာပါတယ်။

တောင်ကိုရီးယားကတော့ မစ္စတာကင် အသည်းအသန် နာမကျန်း ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက မမှန်ဘူးလို့ ပြောထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52511400
ကင္ဂ်ဳံအြန္း လူျမင္ကြင္းမွာ ျပန္ထြက္ေပၚလာတယ္လို႔ ေျမာက္ကိုရီးယား အစိုးရ မီဒီယာေျပာ ကင္ဂ်ဳံအြန္း လူျမင္ကြင္းမွာ ျပန္ထြက္ေပၚလာတယ္လို႔ ေျမာက္ကိုရီးယား အစိုးရ မီဒီယာေျပာ Reviewed by THITHTOOLWIN on 07:43 Rating: 5
Powered by Blogger.