စကၤာပူကႏုိင္ငံျခားသားအလုပ္သမားေတြ အျပင္မထြက္ရအမိန္႔ ၁၄ ရက္ ထပ္တုိး

စကၤာပူကႏုိင္ငံျခားသားအလုပ္သမားေတြ ေနသည့္အေဆာင္ ၀င္ေပါက္ (ဧၿပီ ၉ ရက္ေန႔၊ ၂၀၂၀)
(Zawgyi/Unicode)

စင္ကာပူႏုိင္ငံမွာ အလုပ္လုပ္ကိုင္ခြင့္ ကိုင္ေဆာင္ထားတဲ့ ႏိုင္ငံျခားသားအလုပ္သမားေတြနဲ႔မိသားစုေတြ ေနအိမ္ထဲမွာေနရမယ့္ Stay Home order အမိန္႔ ေနာက္ထပ္ ၁၄ ရက္ထပ္တိုးျမွင့္လိုက္တဲ့အေၾကာင္း မ ဆုမြန္ ေျပာျပပါမယ္။

စင္ကာပူႏိုင္ငံတြင္း ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြက Work Permits အလုပ္လုပ္ကိုင္ခြင့္ပါမစ္ကိုင္ေဆာင္သူေတြ စင္ကာပူႏုိင္ငံတြင္း အလုပ္လုပ္ကိုင္ခြင့္ S PASS ကိုင္ေဆာင္ထားတဲ့ႏိုင္ငံျခားသားအလုပ္သမားေတြနဲ႔သူတို႔ရဲမွီခိုမိသားစုေတြ ေနအိမ္ေတြထဲမွာပဲ ဆက္ေနၾကဖို႔ Stay Home ၁၄ ရက္ထပ္တိုးတဲ့အမိန္႔ေၾကညာခ်က္ကို စင္ကာပူအစိုးရက ေသာၾကာေန႔မွာ ထုတ္ျပန္လိုက္တာပါ။

အထူးသျဖင့္ကေတာ့ အလုပ္သမားေတြထဲမွာ ကိုဗစ္ ၁၉ ကူးစက္ပ်ံ႕ႏွံ႔မႈကို ကာကြယ္တားဆီးႏုိင္ေရးအတြက္ရည္ရြယ္ၿပီး ေမလ ၄ ရက္ေန႔အထိ ေနအိမ္ေတြထဲမွာပဲေနဖို႔ ပထမထုတ္ထားတဲ့ အမိန္႔ကို ေမလ ၁၈ ရက္ေန႔အထိ ေနာက္ထပ္ ၁၄ ရက္ ထပ္တိုးလိုက္တဲ့ အေၾကာင္း စင္ကာပူက်န္းမာေရးဝန္ၾကီးဌာန၊ လူသားအရင္းအျမစ္ဆုိင္ရာဌာနနဲ႔ ေဆာက္လုပ္ေရးဝန္ၾကီးဌာနတို႔ ပူးတြဲထုတ္ျပန္တဲ့ အမိန္႔ထဲမွာေဖာ္ျပ ထားပါတယ္။ အခုလို ရက္တိုးအမိန္႔ထုတ္ျပန္လိုက္တာနဲ႔ပတ္သက္လို႔ စင္ကာပူႏုိင္ငံ ကမ္းလြန္ေရနံတည္ေဆာက္ေရးလုပ္ငန္းက လုပ္ငန္းခြင္ေဘးကင္း လံုျခံဳေရးပိုင္းဆိုင္ရာ ဌာနမွဴးဦးတင္မင္းက ဗီြအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

“ က်ေနာ္တို႔ ဒီအာဏာပိုင္၃ ခုကေန ေပါင္းၿပီးေတာ့ ဒီစာကိုထုတ္တယ္ေပါ့ေလ။ ျမန္မာေတြလည္း ေတာ္ေတာ္မ်ားမ်ားပါတယ္။ အထူးသျဖင့္က ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ လုပ္ေနၾကတဲ့ Work Permits Holders ေတြမွာ ကူးစက္မႈေတြကိုလည္း အတတ္ႏိုင္ဆံုး ေန႔စဥ္လိုထုတ္ဒီလိုပဲ ဆက္ၿပီး ျမင့္တက္ေနတုန္းပဲ အဲ့တာေၾကာင့္ ဒီကူးစက္မႈေတြကို အတတ္ႏိုင္ဆံုး အဆံုးသတ္ၿပီးျပတ္ေအာင္လုပ္ခ်င္တဲ့သေဘာျဖစ္တယ္။ အဲ့တာေၾကာင့္ က်န္းမာေရးဝန္ၾကီးဌာနရဲ႕ အၾကံေပးခ်က္အရ အမွန္ေတာ့ လာမယ့္ေမလ ၄ရက္ေန႔မွာ Stay Home Notice က ကုန္မွာ။ အဲ့တာကို ေမလ ၁၈ရက္ေန႔ ညဥ့္သန္းေခါင္အထိ အက်ံဳးဝင္တယ္ဆိုၿပီး ထပ္ေၾကညာလိုက္တာ။ အဲ့ဒီ့အထဲမွာ Work Permits အလုပ္လုပ္ကိုင္ခြင့္ ပါမစ္ကိုင္ေဆာင္သူေတြပါမယ္။ S PASS ပါမယ္။ သူတို႔ရဲ႕ မွီခိုမိသားစုေတြပါမယ္။ သူတို႔ေတြအားလံုး မျဖစ္မေန ေနအိမ္ေတြထဲမွာပဲ ဆက္ေနၾကဖို႔ Stay Home အမိန္႔ကိုထုတ္ျပန္လိုက္တာ။”

စင္ကာပူႏုိင္ငံမွာ ကိုဗစ္ ၁၉ ကူးစက္ခံရသူေတြထဲ စင္ကာပူမွာ လာေရာက္အလုပ္လုပ္ကိုင္ေနတဲ့ ျပည္ပအလုပ္သမားအမ်ားစုပါဝင္ေနၿပီး အဲ့ဒီ့အထဲ ျမန္မာအလုပ္သမား ၁၄၀-ဝန္းက်င္လည္း ကူးစက္ခံေနရတာပါ။ အဲ့ဒီကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ အစိုးရအေနနဲ႔ နည္းလမ္းေပါင္းစံုနဲ႔ ထိန္းခ်ဳပ္ေနတယ္ဆိုတာကိုလည္း စင္ကာပူအစိုးရရဲ႕ ေန႔စဥ္လိုထုတ္ျပန္ခ်က္ေတြမွာ ေျပာထားပါတယ္။ ထပ္ထုတ္လိုက္တဲ့ ေနအိမ္ေတြမွာပဲေနၾကဖို႔အမိန္႔က ျပင္ပမွာေနထိုင္သူေတြနဲ႔ မိသားစုေတြကိုပါ ျပန္စိစစ္မယ့္သေဘာျဖစ္ႏုိင္တယ္လို႔ လုပ္ငန္းခြင္ေဘးကင္း လံုျခံဳေရးပိုင္းဆိုင္ရာ ဌာနမွဴးဦးတင္မင္းကေျပာျပပါတယ္။

“ အခက္အခဲေတြကဘာလဲဆိုေတာ့ Stay Home Notice ကေတာ့ တခုပဲ အျပင္ထြက္လို႔မရတာပဲရွိမယ္။ က်န္းမာေရးပိုင္းမွာေတာ့ တကယ္လို႔သံသယရွိတယ္ဆိုရင္လည္း အေရးေပၚကားေခၚၿပီး ခ်က္ခ်င္းသြားလို႔ရေအာင္စီစဥ္ထားပါတယ္။ က်ေနာ္တခုေျပာခ်င္တာက အခုဆို ကိုဗစ္ကူးခံရသူေတြ ေန႔စဥ္ထုတ္ျပန္ခ်ိန္မွာ Work Permits Holders ေတြက ေန႔စဥ္လိုပါေနတယ္ Community Infection ျပည္သူလူထုၾကား ကူးစက္မႈေတြေပါ့ အျပင္ေဆာင္ေနသူေတြပါ ပါလာတယ္။ သူတို႔ဆီမွာ ကူးစက္မႈေတြရွိေနတုန္းလို႔ အစိုးရက ေတြ႔ထားတယ္ ဒါေၾကာင့္လည္း Stay Home အမိန္႔ထုတ္ၿပီးေတာ့ ျပန္စစ္ေနသလားေတာ့ မေျပာတတ္ဘူး။”

ေနအိမ္ေတြထဲမွာပဲေနရခ်ိန္ လုပ္သားေတြ နစ္နာမႈမရွိေအာင္ လုပ္ခလစာ စီစဥ္ေပးထားတဲ့ အေၾကာင္းလည္း ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ လုပ္ကိုင္ေနတဲ့ မေရႊစင္က သူ႔႔အေတြ႔အၾကံဳေျပာျပပါတယ္။

“ Stay Home ထပ္တိုးခံလိုက္ရသူေတြက လံုးဝ အျပင္ထြက္လို႔မရဘူး အဲ့ေတာ့ အခက္အခဲေတြျဖစ္ေနတယ္။ အခုထပ္တိုးခံလိုက္ရတဲ့သူေတြထဲမွာလည္း ခဏ ခဏ MOM- Ministry of Manpower ကေန စစ္တဲ့သူေတြ သူတို႔က အျပင္ထြက္လို႔မရဘူး လံုးဝကိုထြက္လို႔မရဘူး။ အဲ့ဒီ့လူေတြကို အခု တပတ္ ၇၅၀ေပးထားတယ္။”

စင္ကာပူႏုိင္ငံက သယ္ယူပို႔ေဆာင္ေရးမွာ မရွိမျဖစ္လုပ္သားအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ ကိုေအာင္ဝင္းထြဋ္ကလည္း ေနအိမ္ေတြထဲမွာပဲေနဖို႔ အမိန္႔ထုတ္ခံရတဲ့ ျမန္မာအလုပ္သမားေတြ လိုအပ္ခ်က္ေတြကို စင္ကာပူေရာက္ျမန္မာေတြဘက္က လိုက္လံ ကူညီေပးေနတဲ့ အေျခအေနေျပာျပပါတယ္။

“အခုက အဓိက ကေတာ့ လူေတြကို လမ္းေပၚမထြက္ေစခ်င္တာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ ေခါင္းစဥ္ေအာက္ကေန အလုပ္လုပ္ေနၾကတဲ့ က်ေနာ္တို႔ ျမန္မာေတြက CIVIL Engineering ဆိုက္ေတြမွာ အလုပ္လုပ္ေနၾကတာအမ်ားၾကီးပဲ ။ က်ေနာ္ စိတ္ပူတာ သူတို႔စားဖို႔ေသာက္ဖို႔အတြက္ ဝယ္ဖို႔ ျခမ္းဖို႔ သူတို႔လိုမယ္။ အခုက အလုပ္လည္းမသြားရဘူး ေနာက္ထပ္လည္း သက္တမ္းတိုးတယ္ဆိုေတာ့ သူတို႔စားဖို႔ေသာက္ဖို႔အတြက္ ျမန္မာလူမႈအဖြဲ႔ေတြဘက္ကလည္း လုိက္လုပ္ေပးေနၾကတယ္။ က်ေနာ္တို႔လိုေပါ့ဗ်ာ အခုဆို သိတဲ့သူေတြကို လုိက္ဝယ္ေပးေနၾကတယ္။”

စင္ကာပူႏုိင္ငံတြင္း အလုပ္လုပ္ကိုင္ခြင့္ ပါမစ္ ကိုင္ေဆာင္အလုပ္လုပ္ကိုင္သူျမန္မာ စုစုေပါင္းကေတာ့ သိန္းနဲ႔ခ်ီ ရွိပါတယ္။ စကၤာပူႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးကေတာ့ ျမန္မာႏုိင္ငံသားေတြ တတ္ႏုိင္ သေလာက္ အျပင္မထြက္ၾကဖုိ႔၊ လူစုလူေဝးေရွာင္ၾကဖုိ႔နဲ႔ စကၤာပူ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္ေတြကို လိုက္နာၾကဖို႔ တုိက္တြန္းထားသလို ေနဖို႔အခက္အခဲျဖစ္ေနသူေတြ ေနရပ္ျပန္ေရးအတြက္ကိုလည္း ေလေၾကာင္းလိုင္းေတြနဲ႔ ညွိႏိႈင္းၿပီး အစီအစဥ္လုပ္ေပးေနပါတယ္။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------

စင်္ကာပူကနိုင်ငံခြားသားအလုပ်သမားတွေ အပြင်မထွက်ရအမိန့် ၁၄ ရက် ထပ်တိုး

(Unicode)

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားအလုပ်သမားတွေနဲ့မိသားစုတွေ နေအိမ်ထဲမှာနေရမယ့် Stay Home order အမိန့် နောက်ထပ် ၁၄ ရက်ထပ်တိုးမြှင့်လိုက်တဲ့အကြောင်း မ ဆုမွန် ပြောပြပါမယ်။

စင်ကာပူနိုင်ငံတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက Work Permits အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကိုင်ဆောင်သူတွေ စင်ကာပူနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် S PASS ကိုင်ဆောင်ထားတဲ့နိုင်ငံခြားသားအလုပ်သမားတွေနဲ့သူတို့ရဲမှီခိုမိသားစုတွေ နေအိမ်တွေထဲမှာပဲ ဆက်နေကြဖို့ Stay Home ၁၄ ရက်ထပ်တိုးတဲ့အမိန့်ကြေညာချက်ကို စင်ကာပူအစိုးရက သောကြာနေ့မှာ ထုတ်ပြန်လိုက်တာပါ။

အထူးသဖြင့်ကတော့ အလုပ်သမားတွေထဲမှာ ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရေးအတွက်ရည်ရွယ်ပြီး မေလ ၄ ရက်နေ့အထိ နေအိမ်တွေထဲမှာပဲနေဖို့ ပထမထုတ်ထားတဲ့ အမိန့်ကို မေလ ၁၈ ရက်နေ့အထိ နောက်ထပ် ၁၄ ရက် ထပ်တိုးလိုက်တဲ့ အကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန၊ လူသားအရင်းအမြစ်ဆိုင်ရာဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးတွဲထုတ်ပြန်တဲ့ အမိန့်ထဲမှာဖော်ပြ ထားပါတယ်။ အခုလို ရက်တိုးအမိန့်ထုတ်ပြန်လိုက်တာနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံ ကမ်းလွန်ရေနံတည်ဆောက်ရေးလုပ်ငန်းက လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးပိုင်းဆိုင်ရာ ဌာနမှူးဦးတင်မင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“ ကျနော်တို့ ဒီအာဏာပိုင်၃ ခုကနေ ပေါင်းပြီးတော့ ဒီစာကိုထုတ်တယ်ပေါ့လေ။ မြန်မာတွေလည်း တော်တော်များများပါတယ်။ အထူးသဖြင့်က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်နေကြတဲ့ Work Permits Holders တွေမှာ ကူးစက်မှုတွေကိုလည်း အတတ်နိုင်ဆုံး နေ့စဉ်လိုထုတ်ဒီလိုပဲ ဆက်ပြီး မြင့်တက်နေတုန်းပဲ အဲ့တာကြောင့် ဒီကူးစက်မှုတွေကို အတတ်နိုင်ဆုံး အဆုံးသတ်ပြီးပြတ်အောင်လုပ်ချင်တဲ့သဘောဖြစ်တယ်။ အဲ့တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပေးချက်အရ အမှန်တော့ လာမယ့်မေလ ၄ရက်နေ့မှာ Stay Home Notice က ကုန်မှာ။ အဲ့တာကို မေလ ၁၈ရက်နေ့ ညဉ့်သန်းခေါင်အထိ အကျုံးဝင်တယ်ဆိုပြီး ထပ်ကြေညာလိုက်တာ။ အဲ့ဒီ့အထဲမှာ Work Permits အလုပ်လုပ်ကိုင်ခွင့် ပါမစ်ကိုင်ဆောင်သူတွေပါမယ်။ S PASS ပါမယ်။ သူတို့ရဲ့ မှီခိုမိသားစုတွေပါမယ်။ သူတို့တွေအားလုံး မဖြစ်မနေ နေအိမ်တွေထဲမှာပဲ ဆက်နေကြဖို့ Stay Home အမိန့်ကိုထုတ်ပြန်လိုက်တာ။”

စင်ကာပူနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူတွေထဲ စင်ကာပူမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ပြည်ပအလုပ်သမားအများစုပါဝင်နေပြီး အဲ့ဒီ့အထဲ မြန်မာအလုပ်သမား ၁၄၀-ဝန်းကျင်လည်း ကူးစက်ခံနေရတာပါ။ အဲ့ဒီကူးစက်မှုတွေကို ထိန်းချုပ်နိုင်အောင် အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်နေတယ်ဆိုတာကိုလည်း စင်ကာပူအစိုးရရဲ့ နေ့စဉ်လိုထုတ်ပြန်ချက်တွေမှာ ပြောထားပါတယ်။ ထပ်ထုတ်လိုက်တဲ့ နေအိမ်တွေမှာပဲနေကြဖို့အမိန့်က ပြင်ပမှာနေထိုင်သူတွေနဲ့ မိသားစုတွေကိုပါ ပြန်စိစစ်မယ့်သဘောဖြစ်နိုင်တယ်လို့ လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးပိုင်းဆိုင်ရာ ဌာနမှူးဦးတင်မင်းကပြောပြပါတယ်။

“ အခက်အခဲတွေကဘာလဲဆိုတော့ Stay Home Notice ကတော့ တခုပဲ အပြင်ထွက်လို့မရတာပဲရှိမယ်။ ကျန်းမာရေးပိုင်းမှာတော့ တကယ်လို့သံသယရှိတယ်ဆိုရင်လည်း အရေးပေါ်ကားခေါ်ပြီး ချက်ချင်းသွားလို့ရအောင်စီစဉ်ထားပါတယ်။ ကျနော်တခုပြောချင်တာက အခုဆို ကိုဗစ်ကူးခံရသူတွေ နေ့စဉ်ထုတ်ပြန်ချိန်မှာ Work Permits Holders တွေက နေ့စဉ်လိုပါနေတယ် Community Infection ပြည်သူလူထုကြား ကူးစက်မှုတွေပေါ့ အပြင်ဆောင်နေသူတွေပါ ပါလာတယ်။ သူတို့ဆီမှာ ကူးစက်မှုတွေရှိနေတုန်းလို့ အစိုးရက တွေ့ထားတယ် ဒါကြောင့်လည်း Stay Home အမိန့်ထုတ်ပြီးတော့ ပြန်စစ်နေသလားတော့ မပြောတတ်ဘူး။”

နေအိမ်တွေထဲမှာပဲနေရချိန် လုပ်သားတွေ နစ်နာမှုမရှိအောင် လုပ်ခလစာ စီစဉ်ပေးထားတဲ့ အကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မရွှေစင်က သူ့အတွေ့အကြုံပြောပြပါတယ်။

“ Stay Home ထပ်တိုးခံလိုက်ရသူတွေက လုံးဝ အပြင်ထွက်လို့မရဘူး အဲ့တော့ အခက်အခဲတွေဖြစ်နေတယ်။ အခုထပ်တိုးခံလိုက်ရတဲ့သူတွေထဲမှာလည်း ခဏ ခဏ MOM- Ministry of Manpower ကနေ စစ်တဲ့သူတွေ သူတို့က အပြင်ထွက်လို့မရဘူး လုံးဝကိုထွက်လို့မရဘူး။ အဲ့ဒီ့လူတွေကို အခု တပတ် ၇၅၀ပေးထားတယ်။”

စင်ကာပူနိုင်ငံက သယ်ယူပို့ဆောင်ရေးမှာ မရှိမဖြစ်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ကိုအောင်ဝင်းထွဋ်ကလည်း နေအိမ်တွေထဲမှာပဲနေဖို့ အမိန့်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေ လိုအပ်ချက်တွေကို စင်ကာပူရောက်မြန်မာတွေဘက်က လိုက်လံ ကူညီပေးနေတဲ့ အခြေအနေပြောပြပါတယ်။

“အခုက အဓိက ကတော့ လူတွေကို လမ်းပေါ်မထွက်စေချင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင် ခေါင်းစဉ်အောက်ကနေ အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာတွေက CIVIL Engineering ဆိုက်တွေမှာ အလုပ်လုပ်နေကြတာအများကြီးပဲ ။ ကျနော် စိတ်ပူတာ သူတို့စားဖို့သောက်ဖို့အတွက် ဝယ်ဖို့ ခြမ်းဖို့ သူတို့လိုမယ်။ အခုက အလုပ်လည်းမသွားရဘူး နောက်ထပ်လည်း သက်တမ်းတိုးတယ်ဆိုတော့ သူတို့စားဖို့သောက်ဖို့အတွက် မြန်မာလူမှုအဖွဲ့တွေဘက်ကလည်း လိုက်လုပ်ပေးနေကြတယ်။ ကျနော်တို့လိုပေါ့ဗျာ အခုဆို သိတဲ့သူတွေကို လိုက်ဝယ်ပေးနေကြတယ်။”

စင်ကာပူနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် ပါမစ် ကိုင်ဆောင်အလုပ်လုပ်ကိုင်သူမြန်မာ စုစုပေါင်းကတော့ သိန်းနဲ့ချီ ရှိပါတယ်။ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ မြန်မာနိုင်ငံသားတွေ တတ်နိုင် သလောက် အပြင်မထွက်ကြဖို့၊ လူစုလူဝေးရှောင်ကြဖို့နဲ့ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားသလို နေဖို့အခက်အခဲဖြစ်နေသူတွေ နေရပ်ပြန်ရေးအတွက်ကိုလည်း လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းပြီး အစီအစဉ်လုပ်ပေးနေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-foreign-worker-stay-home-order-/5401390.html
စကၤာပူကႏုိင္ငံျခားသားအလုပ္သမားေတြ အျပင္မထြက္ရအမိန္႔ ၁၄ ရက္ ထပ္တုိး စကၤာပူကႏုိင္ငံျခားသားအလုပ္သမားေတြ အျပင္မထြက္ရအမိန္႔ ၁၄ ရက္ ထပ္တုိး Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.