သထုံက က်န္းမာေရးစစ္ေဆးတဲ့ဂိတ္ KNU ျပန္လည္႐ုပ္သိမ္း

(Zawgyi)⤵⤵⤵
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က သထုံခ႐ိုင္ သထုံၿမိဳ႕နယ္ ေထာင္မႉးေက်း႐ြာအုပ္စု ေဈးမသြယ္ေက်း႐ြာမွာ ဖြင့္ထားတဲ့ က်န္းမာေရးစစ္ေဆးေရးဂိတ္ တစ္ခုကို အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္အရဆိုၿပီး ဖ်က္သိမ္းဖို႔ ဒုတပ္ရင္းမႉး ဗိုလ္မႉး ေအာင္ကိုကိုက အႀကိမ္ႀကိမ္ ေျပာဆိုလာတာေၾကာင့္ ဧၿပီ ၂၈ ရက္ေန႔က ဖ်က္သိမ္းလိုက္တယ္လို႔ သထုံခ႐ိုင္ KNU အေထြေထြတြင္းေရးမႉး ပဒိုေစာစိုးျမင့္က ေျပာပါတယ္။

“ဗိုလ္မႉး ေအာင္ကိုကိုကေနၿပီး ကြၽန္ေတာ္တို႔ကို တိုင္းနဲ႔ တပ္နယ္မႉးက သူ႔ကိုေျပာခိုင္းလို႔ ကြၽန္ေတာ္တို႔ကို လာေျပာတယ္။ ခင္ဗ်ားတို႔ ဖ်က္ေပးရမယ္၊ လုပ္လို႔မရေတာ့ဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ စိတ္မေကာင္းဘူးေပါ့ေနာ္။ အခုခ်ိန္မွာဆိုလို႔ရွိရင္ ျပည္ပက ျပန္လာသူေတြအတြက္လည္း စိုးရိမ္တယ္၊ ျပည္တြင္းေနသူေတြအတြက္လည္း စိုးရိမ္တယ္။ ေစာင့္ၾကည့္ ကန႔္သတ္ဖို႔အတြက္လည္း ေနရာေတြ လုပ္ထားေပးတယ္။ အဲဒီမွာ တပ္အမိန႔္နဲ႔ ထပ္ခါထပ္ခါ ေျပလာတဲ့အခါက်ေတာ့ ဆက္လုပ္ေနမယ္ဆိုလို႔ရွိရင္ ဆိုးက်ိဳးေတြ ျဖစ္လာမွာစိုးရိမ္လို႔ ဖ်က္ေပးလိုက္တယ္”

အဲဒီဂိတ္ဟာ KNU ေဆးဘက္ဆိုင္ရာက ဦးေဆာင္မႈနဲ႔ ေဒသခံရပ္မိရပ္ဖ၊ လူငယ္ေတြ ပူးေပါင္းၿပီး လမ္းသြားလမ္းလာေတြကို က်န္းမာေရးစစ္ေဆးတာ၊ လက္ေဆးခိုင္းတာ၊ ႏွာေခါင္းစည္းေတြ တပ္ဆင္ခိုင္းတာနဲ႔ လူအဝင္အထြက္စာရင္းေတြကို ေကာက္ယူေမးျမန္းတာေတြ လုပ္ေဆာင္ေနတာလို႔ ဆိုပါတယ္။

အဲဒီ ဂိတ္ဖြင့္ထားတဲ့ ေနရာဟာ KNU ရဲ႕ နယ္ေျမသတ္မွတ္ခ်က္အရ သထုံခ႐ိုင္ တပ္မဟာ ၁ နယ္ေျမအျဖစ္ သတ္မွတ္ထားသလို အစိုးရအုပ္ခ်ဳပ္ေရးအရ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ထဲမွာ ပါဝင္ေနတာေၾကာင့္ ႏွစ္ဘက္စလုံး ေရာေႏွာအုပ္ခ်ဳပ္တဲ့ ေနရာျဖစ္တယ္လို႔လည္း သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ တုံ႔ျပန္ကာကြယ္မႈေတြ လုပ္ေနတဲ့အခ်ိန္မွာ အခုလို တားျမစ္မႈေတြ၊ တင္းမာမႈေတြ မရွိသင့္ဘူးလို႔ ကရင္လူ႔အခြင့္အေရးအဖြဲ႕ စီမံကိန္းဒါ႐ိုက္တာ ေနာ္ထူးထူးက ေျပာပါတယ္။

“ကို႐ိုနာဗိုင္းရပ္စ္ Respond လုပ္တဲ့အခ်ိန္မွာ လိုအပ္ေနတဲ့ေနရာပိုင္းမွာ ေထာက္ပံ့ေပးတာေတြ၊ မျပည့္စုံတဲ့ ေနရာမွာ ျပည့္စုံေအာင္လုပ္ေပးတာေတြ၊ ေနာက္ေတာ့ အဲဒီေနရာက ႏွစ္ဘက္ေရာေႏွာ အုပ္ခ်ဳပ္တဲ့ နယ္ေျမဆိုေတာ့ KNU ဘက္က သူတို႔ တပိုင္တႏိုင္ လုပ္သင့္တဲ့ဟာကို လုပ္သြားတယ္ေပါ့ေနာ္ ဒါဟာ ေကာင္းတယ္လို႔ ကြၽန္မတို႔ျမင္တယ္။ ႐ြာသူ႐ြာသားေတြအတြက္ ေကာင္းတယ္။ အခုလိုမ်ိဳး တားျမစ္တာေတြ၊ တင္းမာမႈေတြ ျဖစ္လာရမယ့္ အခ်ိန္အခါ မဟုတ္ဘူးလို႔ ကြၽန္မတို႔ထင္တယ္။”

အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ ဗိုလ္မႉးႀကီး ေမာင္ေမာင္လတ္ကေတာ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးစာခ်ဳပ္ (NCA) မွာ လက္မွတ္ထိုးထားတဲ့ အဖြဲ႕အစည္းဟာ က်န္းမာေရးလုပ္ငန္းေတြကို အစိုးရနဲ႔ ညႇိႏႈိင္းၿပီး လုပ္ေဆာင္ႏိုင္တယ္လို႔  ေျပာပါတယ္။

“ဖ်က္သိမ္းခိုင္းတာလည္း မဟုတ္ဘူးဗ်။ လက္နက္ကိုင္အဖြဲ႕ေတြ ပါလာတဲ့အခါၾကေတာ့ ကြၽန္ေတာ္တို႔ NCA မွာပါတဲ့ လက္နက္ကိုင္ေဆာင္ခြင့္ မရွိဘူး၊ ယူနီေဖာင္းနဲ႔ ဝင္ခြင့္မရွိတဲ့ ေနရာေတြကို သူတို႔က ဝင္လာတယ္။ ဒီက်န္းမာေရး လုပ္ေဆာင္မႈေတြက အစိုးရကို ခြင့္ျပဳခ်က္တင္ရမယ္။ အစိုးရရဲ႕ ခြင့္ျပဳခ်က္ရမွ လုပ္သင့္တဲ့ အရာေတြျဖစ္ပါတယ္။ တကယ္လို႔ သူတို႔ လုပ္ခ်င္တယ္ဆိုရင္ နယ္ေျမခံတပ္ေတြကို အေၾကာင္းၾကား၊ အစိုးရကို ခြင့္ျပဳခ်က္ယူၿပီးရင္ လုပ္လို႔ရပါတယ္ဗ်။”

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြ အေျချပဳရာ ေဒသေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးကို ထိထိေရာက္ေရာက္ လုပ္ေဆာင္ႏိုင္ဖို႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားနဲ႔ ညႇိႏႈိင္းပူးေပါင္းေရး ေကာ္မတီကို ဧၿပီလ ၂၇ ရက္ေန႔က သမၼတ႐ုံးက ဖြဲ႕စည္းထားပါတယ္။

အဲဒီေကာ္မတီရဲ႕ လုပ္ငန္းတာဝန္ေတြကေတာ့ သတင္းအခ်က္အလက္ေတြ ဖလွယ္တာ၊ နယ္စပ္က ဝင္လာသူေတြကို စစ္ေဆးတာ၊ ေစာင့္ၾကည့္တာ တိုင္းရင္းသားေဒသေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာ အေရးေပးေဆာင္႐ြက္ေရး ကိစၥေတြ ေပၚလာရင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆိုတာေတြ ပါဝင္ပါတယ္။

လက္ရွိ KNU က လုပ္ေဆာင္ေနတဲ့ က်န္းမာေရးစစ္ေဆးဂိတ္ အေရအတြက္ ဘယ္ေလာက္ရွိတယ္ ဆိုတာကိုေတာ့ KNU ဘက္က တိတိက်က် ေျပာဆိုတာမရွိပါဘူး။

ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနနဲ႔ UNICEF တို႔ ပူးေပါင္းၿပီး မြန္ျပည္နယ္ သထုံခ႐ိုင္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ သထုံၿမိဳ႕နယ္မွာ ၁၃ ေနရာ၊ ဘီးလင္းၿမိဳ႕နယ္မွာ ၁၁ ေနရာနဲ႔ ေပါင္ၿမိဳ႕နယ္မွာ ၁၆ ေနရာ စုစုေပါင္း ေနရာ ၄၀ မွာ အသိပညာေပး ေဆာင္႐ြက္ေနတယ္လို႔ ဧၿပီလ ၁၀ ရက္ေန႔က ႏိုင္ငံပိုင္သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
--------------------------------------

(Unicode)⤵⤵⤵
သထုံက ကျန်းမာရေးစစ်ဆေးတဲ့ဂိတ် KNU ပြန်လည်ရုပ်သိမ်း

ကရင်အမျိုးသားအစည်းအရုံး KNU က သထုံခရိုင် သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု ဈေးမသွယ်ကျေးရွာမှာ ဖွင့်ထားတဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ် တစ်ခုကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရဆိုပြီး ဖျက်သိမ်းဖို့ ဒုတပ်ရင်းမှူး ဗိုလ်မှူး အောင်ကိုကိုက အကြိမ်ကြိမ် ပြောဆိုလာတာကြောင့် ဧပြီ ၂၈ ရက်နေ့က ဖျက်သိမ်းလိုက်တယ်လို့ သထုံခရိုင် KNU အထွေထွေတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

“ဗိုလ်မှူး အောင်ကိုကိုကနေပြီး ကျွန်တော်တို့ကို တိုင်းနဲ့ တပ်နယ်မှူးက သူ့ကိုပြောခိုင်းလို့ ကျွန်တော်တို့ကို လာပြောတယ်။ ခင်ဗျားတို့ ဖျက်ပေးရမယ်၊ လုပ်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့ စိတ်မကောင်းဘူးပေါ့နော်။ အခုချိန်မှာဆိုလို့ရှိရင် ပြည်ပက ပြန်လာသူတွေအတွက်လည်း စိုးရိမ်တယ်၊ ပြည်တွင်းနေသူတွေအတွက်လည်း စိုးရိမ်တယ်။ စောင့်ကြည့် ကန့်သတ်ဖို့အတွက်လည်း နေရာတွေ လုပ်ထားပေးတယ်။ အဲဒီမှာ တပ်အမိန့်နဲ့ ထပ်ခါထပ်ခါ ပြေလာတဲ့အခါကျတော့ ဆက်လုပ်နေမယ်ဆိုလို့ရှိရင် ဆိုးကျိုးတွေ ဖြစ်လာမှာစိုးရိမ်လို့ ဖျက်ပေးလိုက်တယ်”

အဲဒီဂိတ်ဟာ KNU ဆေးဘက်ဆိုင်ရာက ဦးဆောင်မှုနဲ့ ဒေသခံရပ်မိရပ်ဖ၊ လူငယ်တွေ ပူးပေါင်းပြီး လမ်းသွားလမ်းလာတွေကို ကျန်းမာရေးစစ်ဆေးတာ၊ လက်ဆေးခိုင်းတာ၊ နှာခေါင်းစည်းတွေ တပ်ဆင်ခိုင်းတာနဲ့ လူအဝင်အထွက်စာရင်းတွေကို ကောက်ယူမေးမြန်းတာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

အဲဒီ ဂိတ်ဖွင့်ထားတဲ့ နေရာဟာ KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ သထုံခရိုင် တပ်မဟာ ၁ နယ်မြေအဖြစ် သတ်မှတ်ထားသလို အစိုးရအုပ်ချုပ်ရေးအရ မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာ ပါဝင်နေတာကြောင့် နှစ်ဘက်စလုံး ရောနှောအုပ်ချုပ်တဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ကာကွယ်မှုတွေ လုပ်နေတဲ့အချိန်မှာ အခုလို တားမြစ်မှုတွေ၊ တင်းမာမှုတွေ မရှိသင့်ဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စီမံကိန်းဒါရိုက်တာ နော်ထူးထူးက ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် Respond လုပ်တဲ့အချိန်မှာ လိုအပ်နေတဲ့နေရာပိုင်းမှာ ထောက်ပံ့ပေးတာတွေ၊ မပြည့်စုံတဲ့ နေရာမှာ ပြည့်စုံအောင်လုပ်ပေးတာတွေ၊ နောက်တော့ အဲဒီနေရာက နှစ်ဘက်ရောနှော အုပ်ချုပ်တဲ့ နယ်မြေဆိုတော့ KNU ဘက်က သူတို့ တပိုင်တနိုင် လုပ်သင့်တဲ့ဟာကို လုပ်သွားတယ်ပေါ့နော် ဒါဟာ ကောင်းတယ်လို့ ကျွန်မတို့မြင်တယ်။ ရွာသူရွာသားတွေအတွက် ကောင်းတယ်။ အခုလိုမျိုး တားမြစ်တာတွေ၊ တင်းမာမှုတွေ ဖြစ်လာရမယ့် အချိန်အခါ မဟုတ်ဘူးလို့ ကျွန်မတို့ထင်တယ်။”

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး မောင်မောင်လတ်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းဟာ ကျန်းမာရေးလုပ်ငန်းတွေကို အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နိုင်တယ်လို့  ပြောပါတယ်။

“ဖျက်သိမ်းခိုင်းတာလည်း မဟုတ်ဘူးဗျ။ လက်နက်ကိုင်အဖွဲ့တွေ ပါလာတဲ့အခါကြတော့ ကျွန်တော်တို့ NCA မှာပါတဲ့ လက်နက်ကိုင်ဆောင်ခွင့် မရှိဘူး၊ ယူနီဖောင်းနဲ့ ဝင်ခွင့်မရှိတဲ့ နေရာတွေကို သူတို့က ဝင်လာတယ်။ ဒီကျန်းမာရေး လုပ်ဆောင်မှုတွေက အစိုးရကို ခွင့်ပြုချက်တင်ရမယ်။ အစိုးရရဲ့ ခွင့်ပြုချက်ရမှ လုပ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ တကယ်လို့ သူတို့ လုပ်ချင်တယ်ဆိုရင် နယ်မြေခံတပ်တွေကို အကြောင်းကြား၊ အစိုးရကို ခွင့်ပြုချက်ယူပြီးရင် လုပ်လို့ရပါတယ်ဗျ။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေပြုရာ ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို ဧပြီလ ၂၇ ရက်နေ့က သမ္မတရုံးက ဖွဲ့စည်းထားပါတယ်။

အဲဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ သတင်းအချက်အလက်တွေ ဖလှယ်တာ၊ နယ်စပ်က ဝင်လာသူတွေကို စစ်ဆေးတာ၊ စောင့်ကြည့်တာ တိုင်းရင်းသားဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေးဆောင်ရွက်ရေး ကိစ္စတွေ ပေါ်လာရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

လက်ရှိ KNU က လုပ်ဆောင်နေတဲ့ ကျန်းမာရေးစစ်ဆေးဂိတ် အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ KNU ဘက်က တိတိကျကျ ပြောဆိုတာမရှိပါဘူး။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ UNICEF တို့ ပူးပေါင်းပြီး မွန်ပြည်နယ် သထုံခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သထုံမြို့နယ်မှာ ၁၃ နေရာ၊ ဘီးလင်းမြို့နယ်မှာ ၁၁ နေရာနဲ့ ပေါင်မြို့နယ်မှာ ၁၆ နေရာ စုစုပေါင်း နေရာ ၄၀ မှာ အသိပညာပေး ဆောင်ရွက်နေတယ်လို့ ဧပြီလ ၁၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/news/knu-medical-checkpoint-withdrawn-thaton-05022020011010.html
သထုံက က်န္းမာေရးစစ္ေဆးတဲ့ဂိတ္ KNU ျပန္လည္႐ုပ္သိမ္း သထုံက က်န္းမာေရးစစ္ေဆးတဲ့ဂိတ္ KNU ျပန္လည္႐ုပ္သိမ္း Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.