ကိုဗစ္-၁၉ ေၾကာင့္ ေ႐ႊ႕ဆိုင္းထားရတဲ့ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းေတြ ျပန္စေတာ့မယ္

တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းေတြ ျပန္စေတာ့မယ္
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေ႐ႊ႕ဆိုင္းထားရတဲ့ တိုးခ်ဲ႕ကာကြယ္ေဆးထိုးေပးမယ့္အစီအစဥ္ေတြကို ေမ၁၈ရက္နဲ႔ ဇြန္၁ရက္ေန႔ေတြမွာ ျပန္စမယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ေမ ၁၅ ရက္ေန႔မွာထုတ္ျပန္လိုက္ပါတယ္။

ဗဟိုအဆင့္၊ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယိအဆင့္ ေဆး႐ုံေတြမွာ ေမ ၁၈ရက္ေန႔က ျပန္စထိုးေပးမွာျဖစ္ၿပီး ဇြန္၁ရက္ေန႔မွာေတာ့ တိုက္နယ္၊ ေဒသႏၲရ ၊ ေက်းလက္က်န္းမာေရးဌာန/ဌာနခြဲ ၊ ရပ္ကြက္၊ေက်း႐ြာ အားလုံးမွာ ျပန္လည္ ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။

ကပ္ေရာဂါေၾကာင့္ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းေတြကို ဧၿပီနဲ႔ ေမလေတြမွာ ရပ္ဆိုင္းထားခဲ့ရပါတယ္။

ကာကြယ္ေဆးထိုးအစီအစဥ္ေတြကို ျပန္စရာမွာ ကာကြယ္ေဆးထိုးစုရပ္တစ္ခုမွာ တစ္ရက္ကို ကေလး ၅၀ ဦးစီသာ ထိုးႏွံေပးသြားမွာျဖစ္ၿပီး ပုံမွန္ထက္ ေဆးထိုးရက္ေတြကို တိုးျမႇင့္ေပးသြား မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

BBC Burmese
-----------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကြောင့် ရွှေ့ဆိုင်းထားရတဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်စတော့မယ်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရတဲ့ တိုးချဲ့ကာကွယ်ဆေးထိုးပေးမယ့်အစီအစဉ်တွေကို မေ၁၈ရက်နဲ့ ဇွန်၁ရက်နေ့တွေမှာ ပြန်စမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မေ ၁၅ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယိအဆင့် ဆေးရုံတွေမှာ မေ ၁၈ရက်နေ့က ပြန်စထိုးပေးမှာဖြစ်ပြီး ဇွန်၁ရက်နေ့မှာတော့ တိုက်နယ်၊ ဒေသန္တရ ၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ ၊ ရပ်ကွက်၊ကျေးရွာ အားလုံးမှာ ပြန်လည် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဧပြီနဲ့ မေလတွေမှာ ရပ်ဆိုင်းထားခဲ့ရပါတယ်။

ကာကွယ်ဆေးထိုးအစီအစဉ်တွေကို ပြန်စရာမှာ ကာကွယ်ဆေးထိုးစုရပ်တစ်ခုမှာ တစ်ရက်ကို ကလေး ၅၀ ဦးစီသာ ထိုးနှံပေးသွားမှာဖြစ်ပြီး ပုံမှန်ထက် ဆေးထိုးရက်တွေကို တိုးမြှင့်ပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52660967
ကိုဗစ္-၁၉ ေၾကာင့္ ေ႐ႊ႕ဆိုင္းထားရတဲ့ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းေတြ ျပန္စေတာ့မယ္ ကိုဗစ္-၁၉ ေၾကာင့္ ေ႐ႊ႕ဆိုင္းထားရတဲ့ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းေတြ ျပန္စေတာ့မယ္ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.