လႈိင္သာယာမွာ တစ္အိမ္တက္ဆင္း က်န္းမာေရးစစ္တမ္းေကာက္ယူမႈစတင္

တစ္အိမ္တက္ဆင္း က်န္းမာေရးဆင္းတမ္းေကာက္ယူမႈစတင္
(Zawgyi)⤵⤵⤵
COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ လႈိင္သာယာၿမိဳ႕နယ္မွာ တစ္အိမ္တက္ တစ္အိမ္ဆင္း က်န္းမာေရးစစ္တမ္းေကာက္ယူတာေတြကို ဒီကေန႔ ေမ၁၆ရက္ေန႔မနက္ပိုင္း မွာ စတင္ေနၿပီလို႔ လႈိင္သာယာၿမိဳ႕နယ္ COVID-19 ထိန္းခ်ဳပ္ေရးနဲ႔အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ ျပန္ၾကားေရးတာဝန္ခံ ကိုေဇကိုကိုက ဘီဘီစီကိုေျပာပါတယ္။

' ' က်န္းမာေရး၊ၾကက္ေျခနီ၊ လူငယ္ပရိဟိတ ဒီအဖြဲ႕စုံပါတဲ့ စစ္ေဆးေရးအဖြဲ႕ေတြကေန အိမ္ေတြမွာလိုက္ၿပီး ေကာက္ေနတာပါ။ အဓိက ကိုယ္အပူခ်ိန္တိုင္းတယ္။ အခ်က္အလက္ေမးတယ္။ ကိုယ္ပူခ်ိန္ျမင့္တဲ့သူ ေတြကိုေတာ့ ဆရာဝန္ေတြဆီထပ္ပို႔ၿပီး အေသးစိတ္ထပ္စစ္တာေပါ့။'' လို႔ သူကေျပာပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ဟာ ရန္ကုန္တိုင္းအတြင္း လူဦးေရအမ်ားဆုံးၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ပိုးေတြ႕လူနာေတြ႕ရွိထားတဲ့ၿမိဳ႕နယ္တစ္ခုလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမ ၆ ရက္ေန႔တုံးကလည္း ရန္ကုန္တိုင္းအတြင္း ပိုးေတြ႕လူနာ အမ်ားဆုံးၿမိဳ႕နယ္တစ္ခုျဖစ္တဲ့ အင္းစိန္ၿမိဳနယ္ကို ပထမဆုံးအေနနဲ႔ လူထုက်န္းမာေရးစစ္တမ္းေကာက္ယူမႈေတြကို ျပဳလုပ္ခဲ့ပါတယ္။

ဒီေကာက္ယူမႈအရ သံသယရွိသူ ၁၆ ဦးကို ေရာဂါပိုးရွိမရွိ စစ္ေဆးတာေတြကိုလည္း လုပ္ေဆာင္ခဲ့ၿပီး ပိုးေတြ႕လူနာေတာ့ေတြ႕ရွိခဲ့ျခင္းမရွိပါဘူး။

ျမန္မာႏိုင္ငံမွာ ၂ ရက္ဆက္တိုက္ ပိုးေတြ႕လူနာသစ္မရွိခဲ့ဘဲ ေမ ၁၆ ရက္မနက္ပိုင္း ထုတ္ျပန္ခ်က္မ်ားအရ ျပည္ပက ျပန္ဝင္လာသူတစ္ဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့တဲ့အတြက္ အတည္ျပဳလူနာ ၁၈၂ ဦးရွိလာၿပီျဖစ္ပါတယ္။

အေသးစားအိမ္တြင္းမႈလုပ္ငန္းေတြနဲ႔ တစ္ပိုင္တစ္ႏိုင္လုပ္ငန္းေတြကိုပါ က်န္းမာေရးနဲ႔ညီမညီစစ္ေဆးမႈေတြလုပ္မယ္

ကိုဗစ္-၁၉ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ျမန္မာတစ္ႏိုင္ငံလုံးရွိ စက္႐ုံ၊အလုပ္႐ုံ၊ အလုပ္ဌာန ေတြကို က်န္းမာေရးနဲ႔အားကစား ဝန္ႀကီးဌာနရဲ႕သတ္မွတ္ခ်က္ အႀကံျပဳခ်က္ေတြနဲ႔ အညီလိုက္နာျခင္း ရွိမရွိကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနနဲ႔ ကြၽမ္းက်င္မႈဆိုင္ရာပူးေပါင္းအဖြဲ႕ေတြနဲ႔ လိုက္လံ စစ္ေဆးမႈေတြကို ေမ ၁၅ ရက္ေန႔အထိ အားလုံးကို စစ္ေဆးၿပီးစီးသြားၿပီလို႔ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနကထုတ္ျပန္ထားပါတယ္။

ဒီအတြက္ ေမ ၁၆ ရက္ေန႔ကစၿပီး လူအင္အားအနည္းငယ္နဲ႔လုပ္ကိုင္တဲ့ ကိုယ္ပိုင္လုပ္ငန္းေတြ၊ အေသးစားတစ္ပိုင္တစ္ႏိုင္လုပ္ငန္းေတြနဲ႔ အိမ္တြင္းမႈလုပ္ငန္းေတြကို ေမ ၁၆ ရက္ေန႔ကစၿပီး စစ္ေဆးမႈေတြ စတင္လုပ္ေဆာင္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

BBC Burmese
-------------------------
(Unicode)⤵⤵⤵
လှိုင်သာယာမှာ တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်တမ်းကောက်ယူမှုစတင်

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လှိုင်သာယာမြို့နယ်မှာ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစစ်တမ်းကောက်ယူတာတွေကို ဒီကနေ့ မေ၁၆ရက်နေ့မနက်ပိုင်း မှာ စတင်နေပြီလို့ လှိုင်သာယာမြို့နယ် COVID-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုဇေကိုကိုက ဘီဘီစီကိုပြောပါတယ်။

' ' ကျန်းမာရေး၊ကြက်ခြေနီ၊ လူငယ်ပရိဟိတ ဒီအဖွဲ့စုံပါတဲ့ စစ်ဆေးရေးအဖွဲ့တွေကနေ အိမ်တွေမှာလိုက်ပြီး ကောက်နေတာပါ။ အဓိက ကိုယ်အပူချိန်တိုင်းတယ်။ အချက်အလက်မေးတယ်။ ကိုယ်ပူချိန်မြင့်တဲ့သူ တွေကိုတော့ ဆရာဝန်တွေဆီထပ်ပို့ပြီး အသေးစိတ်ထပ်စစ်တာပေါ့။'' လို့ သူကပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း လူဦးရေအများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ပိုးတွေ့လူနာတွေ့ရှိထားတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်နေ့တုံးကလည်း ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံးမြို့နယ်တစ်ခုဖြစ်တဲ့ အင်းစိန်မြိုနယ်ကို ပထမဆုံးအနေနဲ့ လူထုကျန်းမာရေးစစ်တမ်းကောက်ယူမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒီကောက်ယူမှုအရ သံသယရှိသူ ၁၆ ဦးကို ရောဂါပိုးရှိမရှိ စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး ပိုးတွေ့လူနာတော့တွေ့ရှိခဲ့ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂ ရက်ဆက်တိုက် ပိုးတွေ့လူနာသစ်မရှိခဲ့ဘဲ မေ ၁၆ ရက်မနက်ပိုင်း ထုတ်ပြန်ချက်များအရ ပြည်ပက ပြန်ဝင်လာသူတစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် အတည်ပြုလူနာ ၁၈၂ ဦးရှိလာပြီဖြစ်ပါတယ်။

အသေးစားအိမ်တွင်းမှုလုပ်ငန်းတွေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေကိုပါ ကျန်းမာရေးနဲ့ညီမညီစစ်ဆေးမှုတွေလုပ်မယ်

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာန တွေကို ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့သတ်မှတ်ချက် အကြံပြုချက်တွေနဲ့ အညီလိုက်နာခြင်း ရှိမရှိကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ လိုက်လံ စစ်ဆေးမှုတွေကို မေ ၁၅ ရက်နေ့အထိ အားလုံးကို စစ်ဆေးပြီးစီးသွားပြီလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ဒီအတွက် မေ ၁၆ ရက်နေ့ကစပြီး လူအင်အားအနည်းငယ်နဲ့လုပ်ကိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ၊ အသေးစားတစ်ပိုင်တစ်နိုင်လုပ်ငန်းတွေနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေကို မေ ၁၆ ရက်နေ့ကစပြီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52660967
လႈိင္သာယာမွာ တစ္အိမ္တက္ဆင္း က်န္းမာေရးစစ္တမ္းေကာက္ယူမႈစတင္ လႈိင္သာယာမွာ တစ္အိမ္တက္ဆင္း က်န္းမာေရးစစ္တမ္းေကာက္ယူမႈစတင္ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.