ျမန္မာမွာ COVID ကူးစက္သူ ေနာက္တဦးထပ္တုိးၿပီး ၁၈၂ အထိ ရွိလာ

quarantine စင္တာမွ ဆရာ၀န္မ်ား (Photo by Ye Aung THU / AFP)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ Coronavirus ပိုးကူးစက္ေနသူ ေနာက္ထပ္ ၁​ေယာက္ စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေမလ ၁၆ ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ လုိက္တာေၾကာင့္ စုစုေပါင္း ေရာဂါပုိးကူးစက္သူ ၁၈၂ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။

စေနေန႔ မနက္ (၇) နာရီမွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္အရ အခု အသစ္ေတြ႔ရွိတဲ့ အသက္ ၃၂ ႏွစ္အရြယ္ လူနာ အမွတ္ (၁၈၂) ဟာ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ကျဖစ္ၿပီး မေလးရွားက ျပန္လာသူ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ေမလ ၁၅ ရက္ေန႔မွာ အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲမႈဆုိင္ရာဌာနက ၅၄၆ ဦးနဲ႔ ေဆးသုေတသနဦးစီးဌာနက ၁၄၈ ဦး၊ စုစုေပါင္း ၆၉၄ ဦးတုိ႔ကုိ စစ္ေဆးခဲ့ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ ဓာတ္ခဲြစမ္းသပ္မႈေပါင္း ၁၂,၀၀၀ ေက်ာ္ ရွိခဲ့ရာမွာ COVID-19 ေရာဂါ အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႔သူေတြၾကားမွာ ကူးစက္မႈ ၃.၅ ရာခိုင္ႏႈန္း ၊ ေစာင့္ၾကည့္ လူနာေတြၾကားမွာ ၁.၆ ရာခိုင္ႏႈန္းနဲ႔ ေရာဂါလကၡဏာ မျပေပမဲ့ ျပည္တြင္း၊ ျပည္ပ ခရီးသြားရာဇ၀င္ ရွိတဲ့အတြက္ အသြားအလာ ကန္႔သတ္ထားသူၾကားမွာ ကူးစက္မႈႏႈန္း ၀.၂ ရာခိုင္ႏႈန္း ရွိေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနရဲ႕ အေစာပုိင္း ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------

မြန်မာမှာ COVID ကူးစက်သူ နောက်တဦးထပ်တိုးပြီး ၁၈၂ အထိ ရှိလာ

(Unicode)

မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ် ၁ယောက် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်တာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၁၈၂ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

စနေနေ့ မနက် (၇) နာရီမှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ အခု အသစ်တွေ့ရှိတဲ့ အသက် ၃၂ နှစ်အရွယ် လူနာ အမှတ် (၁၈၂) ဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကဖြစ်ပြီး မလေးရှားက ပြန်လာသူ ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၅ ရက်နေ့မှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ၅၄၆ ဦးနဲ့ ဆေးသုတေသနဦးစီးဌာနက ၁၄၈ ဦး၊ စုစုပေါင်း ၆၉၄ ဦးတို့ကို စစ်ဆေးခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၂,၀၀၀ ကျော် ရှိခဲ့ရာမှာ COVID-19 ရောဂါ အတည်ပြု လူနာတွေနဲ့ ထိတွေ့သူတွေကြားမှာ ကူးစက်မှု ၃.၅ ရာခိုင်နှုန်း ၊ စောင့်ကြည့် လူနာတွေကြားမှာ ၁.၆ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာ မပြပေမဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားရာဇဝင် ရှိတဲ့အတွက် အသွားအလာ ကန့်သတ်ထားသူကြားမှာ ကူးစက်မှုနှုန်း ဝ.၂ ရာခိုင်နှုန်း ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစောပိုင်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-positive-182/5422386.html
ျမန္မာမွာ COVID ကူးစက္သူ ေနာက္တဦးထပ္တုိးၿပီး ၁၈၂ အထိ ရွိလာ ျမန္မာမွာ COVID ကူးစက္သူ ေနာက္တဦးထပ္တုိးၿပီး ၁၈၂ အထိ ရွိလာ Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.