တ႐ုတ္နယ္စပ္ တင္းၾကပ္မႈေၾကာင့္ သစ္သီးဝလံ မတင္ပို႔ႏိုင္ဘဲ ပ်က္စီးမႈ မ်ားျပား

(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံနယ္စပ္ ျဖတ္ေက်ာ္မႈ တင္းၾကပ္ထားတာေၾကာင့္ မူဆယ္ကေန တင္ပို႔ေနတဲ့ သစ္သီးဝလံေတြ ပ်က္စီးဆုံးရႈံးမႈ မ်ားေနပါတယ္။ တ႐ုတ္ကို သစ္သီးတင္ပို႔ဖို႔ စိုက္ပ်ိဳးေနတဲ့ ေတာင္သူေတြလည္း အခက္အခဲေတြ ရွိေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္မႈ တင္းၾကပ္ထားတာေၾကာင့္ သစ္သီးဝလံ တင္ပို႔မႈေတြမွာ ၾကန႔္ၾကာေနရၿပီး ကားေပၚမွာတင္ ပုတ္ကုန္တာေၾကာင့္ ကုန္သည္ေတြဟာ ဆုံးရႈံးမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ကုန္စည္တင္ပို႔တဲ့ကားေတြဟာ လမ္းမွာတင္ ၈ ရက္ေလာက္ၾကာသြားလို႔ ကုန္စည္အညံ့ေတြ ပုတ္ကုန္တာလို႔ မူဆယ္ ၁၀၅ မိုင္ သစ္သီးဝလံ ကုန္စည္ဒိုင္ ဥကၠ႒ ဦးစိုင္းျမင့္ဗိုလ္က ေျပာပါတယ္။

“၁၀၅ မိုင္ကေန တစ္ခါတစ္ေလ ၅ ည ၆ ည ၈ ညေလာက္ အိပ္ရတယ္၊ ၾကန႔္ၾကာရတဲ့အေၾကာင္းက ဂိတ္အဝင္ေပါက္မွာ စစ္ေဆးတာ ၾကာေတာ့ ၾကန႔္ၾကာခါတိုင္း အစီး ၅၀၀ ဝင္တာ၊ အခု အစီး ၃၀၀ ပဲဝင္ႏိုင္တယ္၊ ဖရဲသီးေတြက ပုတ္ကုန္တယ္၊ ႏြားေကြၽးရတာေတြ ျဖစ္အကုန္တာ။ အသီးညံ့တဲ့ဟာေတြ ကားခေတာင္ ရေအာင္မေရာင္းႏိုင္တဲ့ဟာေတြ ျဖစ္တာပါ”

ျမန္မာႏိုင္ငံက သစ္သီးဝလံ တင္ပို႔တဲ့ကားေတြမွာ ယာဥ္ေမာင္းေတြကို ဝင္ခြင့္မျပဳဘဲ တ႐ုတ္နယ္စပ္စီးမွာ ရပ္ထားခဲ့ရၿပီး တ႐ုတ္ႏိုင္ငံဘက္က ယာဥ္ေမာင္းက ကားကိုေမာင္းယူကာ ကုန္စည္ေတြကို တင္သြင္းေနရ တာျဖစ္ပါတယ္။

အဲဒီလို ကားသမား လဲလွယ္ေမာင္းႏွင္ရတာေၾကာင့္ အရင္က တစ္ရက္ကို ကား အစီး ၅၀၀ တင္ပို႔ႏိုင္ရာကေန အခု တစ္ရက္ကို ကားအစီး ၃၀၀ တင္ပို႔ႏိုင္ဖို႔ေတာင္ ခက္ခဲေနရတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ဖရဲ၊ သခြားစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးႏိုင္ဝင္းက ဆုံးရႈံးမႈမ်ားျပားၿပီး ကားခေတာင္ ျပန္မရႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္လာတဲ့အခါ လမ္းတစ္ဝက္မွာ ပစၥည္းသြန္ခိုင္းၿပီး ကားခတစ္ဝက္ သာ ေပးေခ်ဖို႔ ညႇိႏႈိင္းရတာမ်ိဳး ရွိလာတယ္လို႔ ဆိုပါတယ္။

“ကားခက ၂၀ (သိန္း) ေပးရတယ္၊ ဟိုလွမ္းစုံစမ္းတဲ့အခါ အေျခအေန မေကာင္းဘူး၊ တက္လာရင္ ဒီမွာ ကားခေတာင္မရႏိုင္ဘူးဆိုေတာ့ ကားဆရာကို လွမ္းေျပာရတယ္၊ ကားဆရာ ဟိုေရာက္ရင္ ကားခေတာင္ ရဖို႔မလြယ္ေတာ့ ငဲ့ပါဦး သိန္း ၂၀ ကို  ၁၀ သိန္းေပးပါမယ္ သီေပါမွာပဲ လမ္းေဘးပုံခဲ့ပါဆိုၿပီး အဲလို သြန္ခဲ့ရတဲ့ကားေတြလည္း အမ်ားႀကီးပဲ”

ကားချပန္ရဖို႔ေတာင္ မေသခ်ာတဲ့ အေျခအေနေတြေၾကာင့္ ဝယ္လက္ေတြဟာ ေတာင္သူေတြဆီက ဆင္းဝယ္တာမ်ိဳးေတြ မလုပ္ႏိုင္ေတာ့ပါဘူး။

ေတာင္သူေတြမွာလည္း ဖရဲသီးကို ႏြားေကြၽးေနရတဲ့ အေျခအေနေရာက္ေနတယ္လို႔ စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္က ေတာင္သူ ဦးေက်ာ္ဆန္းဝင္းက ေျပာပါတယ္။

“ဖရဲသီးသမားေတြကေတာ့ ႏြားေကြၽးရတာနဲ႔ ပုတ္လႊင့္ပစ္ရတာနဲ႔ တစ္႐ြာဝင္တစ္႐ြာထြက္လည္း မသြားရ ေကာက္တဲ့သူေတြကလည္း မလာ ကိုဗစ္ႏိုင္တင္းနဲ႔ ပတ္သက္ၿပီး ဆုံးရႈံးရတာ ပုတ္လႊင့္ပစ္ရ ပ်က္စီးတာ တစ္ဝက္”

ႏွစ္ႏိုင္ငံ တရားဝင္ကုန္သြယ္ခြင့္ရရွိထားတဲ့ ဖရဲနဲ႔ သခြားေတြ ပ်က္စီးမႈမ်ားျပားသလို ကုန္သြယ္ခြင့္ သေဘာမတူ ထားတဲ့ စိုက္ပ်ိဳးသီးႏွံေတြလည္း တရားမဝင္နည္းလမ္းနဲ႔ တင္သြင္းေနရာမွာ ပ်က္ဆီးဆုံးရႈံးမႈေတြ ရွိေနပါတယ္။

စိန္တစ္လုံး သရက္ေဈးကြက္ကေတာ့ ျပည္တြင္းမွာ ေဈးေကာင္းေပး စားသုံးသူေတြရွိလာလို႔ အဆင္ေျပတယ္လို႔ ေျပာလို႔ရေၾကာင္း မႏၲေလးတိုင္း သစ္သီးဝလံ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ် သူမ်ားအသင္း ဥကၠ႒ ဦးေနလင္းေမာင္ေမာင္က ေျပာပါတယ္။

“ဖရဲ၊ သခြားမွာ ပ်က္စီးဆုံးရႈံးမႈရွိေပမယ့္ သရက္မွာမရွိဘူး၊ ျပည္တြင္းစားသုံးမႈက တက္လာတယ္၊  အရင္ ကေတာ့ တ႐ုတ္ပဲ ဝိုင္းပို႔ေနတာ၊ ျပည္တြင္းမွာလည္း ေဈးေကာင္းေပးစားတယ္၊ အြန္လိုင္းေဈးကြက္လည္း ရွိတာတယ္၊ တ႐ုတ္ဘက္က ေဈးကလည္ က်ေနတာဆိုေတာ့ ျမန္မာေဈးကြက္က သုံးလာတာရွိေတာ့ အဆင္ေျပတယ္လို႔ ယူဆရတယ္”

ဇန္နဝါရီလက စတင္ၿပီး တ႐ုတ္ႏိုင္ငံကို တင္ပို႔ေရာင္းခ်မႈမွာ အခက္အခဲေတြ ရွိလာတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ကုန္ၾကမ္းတင္ပို႔တာမ်ိဳး မဟုတ္ဘဲ အရည္အေသြးျမႇင့္တင္ၿပီး ေဈးကြက္ရွာေဖြတာေတြ လုပ္ေဆာင္သင့္ေနၿပီလို႔ သရက္စိုက္ပ်ိဳး တင္ပို႔ေရာင္းခ်ေနတဲ့ ေဒၚသန္းသန္းေဆြက ဆိုပါတယ္။

“အစိုးရဌာနက အရည္အေသြးျမင့္မယ္၊ ပညာရွင္ေတြက သင္ေပးမယ္ဆိုရင္ ဆုံးရႈံးမႈနည္းသြားမွာ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က FAO ရယ္၊ ျမန္မာ့စိုက္ပ်ိဳးေရးရယ္၊ စီးပြားကူးသန္းရယ္၊ ကြၽန္မတို႔ အသင္းရယ္၊ ေပါင္းတဲ့အဖြဲ႕ က သရက္ျပင္သင္တန္းေပးတယ္၊ သရက္ျပင္ကို လွလွပပ လုပ္တတ္လာတယ္၊ သရက္သီးအေျခာက္ ဘယ္လို လုပ္ရတယ္၊ အေအးခံတာ ဘယ္လိုဆိုတာ သိလာေတာ့ ဆုံးရႈံးတာေတြ နည္းလာပါတယ္”

ျမန္မာႏိုင္ငံကေန တ႐ုတ္ႏိုင္ငံကို တင္ပို႔ေနတဲ့ သစ္သီးဝလံေတြထဲမွာ ဖရဲ၊ သခြားေမြး၊ ငွက္ေပ်ာ၊ ၾကက္ေမာက္သီး၊ မင္းဂြတ္သီးနဲ႔ သရက္သီး စတာေတြက ႏွစ္ႏိုင္ငံ ကုန္သြယ္ခြင့္ရရွိထားၿပီး ျဖစ္ပါတယ္။

ကုန္သည္ေတြက ေျပာင္းဖူး၊ ကြၽဲေကာသီးနဲ႔ နာနတ္သီးေတြကိုပါ တရားဝင္တင္ပို႔ခြင့္ရႏိုင္ေရး ေတာင္းဆိုထားၾက ပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
-----------------------------------------

(Unicode)⤵⤵⤵
တရုတ်နယ်စပ် တင်းကြပ်မှုကြောင့် သစ်သီးဝလံ မတင်ပို့နိုင်ဘဲ ပျက်စီးမှု များပြား

တရုတ်နိုင်ငံနယ်စပ် ဖြတ်ကျော်မှု တင်းကြပ်ထားတာကြောင့် မူဆယ်ကနေ တင်ပို့နေတဲ့ သစ်သီးဝလံတွေ ပျက်စီးဆုံးရှုံးမှု များနေပါတယ်။ တရုတ်ကို သစ်သီးတင်ပို့ဖို့ စိုက်ပျိုးနေတဲ့ တောင်သူတွေလည်း အခက်အခဲတွေ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှု တင်းကြပ်ထားတာကြောင့် သစ်သီးဝလံ တင်ပို့မှုတွေမှာ ကြန့်ကြာနေရပြီး ကားပေါ်မှာတင် ပုတ်ကုန်တာကြောင့် ကုန်သည်တွေဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကုန်စည်တင်ပို့တဲ့ကားတွေဟာ လမ်းမှာတင် ၈ ရက်လောက်ကြာသွားလို့ ကုန်စည်အညံ့တွေ ပုတ်ကုန်တာလို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောပါတယ်။

“၁၀၅ မိုင်ကနေ တစ်ခါတစ်လေ ၅ ည ၆ ည ၈ ညလောက် အိပ်ရတယ်၊ ကြန့်ကြာရတဲ့အကြောင်းက ဂိတ်အဝင်ပေါက်မှာ စစ်ဆေးတာ ကြာတော့ ကြန့်ကြာခါတိုင်း အစီး ၅၀၀ ဝင်တာ၊ အခု အစီး ၃၀၀ ပဲဝင်နိုင်တယ်၊ ဖရဲသီးတွေက ပုတ်ကုန်တယ်၊ နွားကျွေးရတာတွေ ဖြစ်အကုန်တာ။ အသီးညံ့တဲ့ဟာတွေ ကားခတောင် ရအောင်မရောင်းနိုင်တဲ့ဟာတွေ ဖြစ်တာပါ”

မြန်မာနိုင်ငံက သစ်သီးဝလံ တင်ပို့တဲ့ကားတွေမှာ ယာဉ်မောင်းတွေကို ဝင်ခွင့်မပြုဘဲ တရုတ်နယ်စပ်စီးမှာ ရပ်ထားခဲ့ရပြီး တရုတ်နိုင်ငံဘက်က ယာဉ်မောင်းက ကားကိုမောင်းယူကာ ကုန်စည်တွေကို တင်သွင်းနေရ တာဖြစ်ပါတယ်။

အဲဒီလို ကားသမား လဲလှယ်မောင်းနှင်ရတာကြောင့် အရင်က တစ်ရက်ကို ကား အစီး ၅၀၀ တင်ပို့နိုင်ရာကနေ အခု တစ်ရက်ကို ကားအစီး ၃၀၀ တင်ပို့နိုင်ဖို့တောင် ခက်ခဲနေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆုံးရှုံးမှုများပြားပြီး ကားခတောင် ပြန်မရနိုင်တဲ့ အခြေအနေမျိုးဖြစ်လာတဲ့အခါ လမ်းတစ်ဝက်မှာ ပစ္စည်းသွန်ခိုင်းပြီး ကားခတစ်ဝက် သာ ပေးချေဖို့ ညှိနှိုင်းရတာမျိုး ရှိလာတယ်လို့ ဆိုပါတယ်။

“ကားခက ၂၀ (သိန်း) ပေးရတယ်၊ ဟိုလှမ်းစုံစမ်းတဲ့အခါ အခြေအနေ မကောင်းဘူး၊ တက်လာရင် ဒီမှာ ကားခတောင်မရနိုင်ဘူးဆိုတော့ ကားဆရာကို လှမ်းပြောရတယ်၊ ကားဆရာ ဟိုရောက်ရင် ကားခတောင် ရဖို့မလွယ်တော့ ငဲ့ပါဦး သိန်း ၂၀ ကို  ၁၀ သိန်းပေးပါမယ် သီပေါမှာပဲ လမ်းဘေးပုံခဲ့ပါဆိုပြီး အဲလို သွန်ခဲ့ရတဲ့ကားတွေလည်း အများကြီးပဲ”

ကားခပြန်ရဖို့တောင် မသေချာတဲ့ အခြေအနေတွေကြောင့် ဝယ်လက်တွေဟာ တောင်သူတွေဆီက ဆင်းဝယ်တာမျိုးတွေ မလုပ်နိုင်တော့ပါဘူး။

တောင်သူတွေမှာလည်း ဖရဲသီးကို နွားကျွေးနေရတဲ့ အခြေအနေရောက်နေတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တောင်သူ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

“ဖရဲသီးသမားတွေကတော့ နွားကျွေးရတာနဲ့ ပုတ်လွှင့်ပစ်ရတာနဲ့ တစ်ရွာဝင်တစ်ရွာထွက်လည်း မသွားရ ကောက်တဲ့သူတွေကလည်း မလာ ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်ပြီး ဆုံးရှုံးရတာ ပုတ်လွှင့်ပစ်ရ ပျက်စီးတာ တစ်ဝက်”

နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ခွင့်ရရှိထားတဲ့ ဖရဲနဲ့ သခွားတွေ ပျက်စီးမှုများပြားသလို ကုန်သွယ်ခွင့် သဘောမတူ ထားတဲ့ စိုက်ပျိုးသီးနှံတွေလည်း တရားမဝင်နည်းလမ်းနဲ့ တင်သွင်းနေရာမှာ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။

စိန်တစ်လုံး သရက်ဈေးကွက်ကတော့ ပြည်တွင်းမှာ ဈေးကောင်းပေး စားသုံးသူတွေရှိလာလို့ အဆင်ပြေတယ်လို့ ပြောလို့ရကြောင်း မန္တလေးတိုင်း သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးနေလင်းမောင်မောင်က ပြောပါတယ်။

“ဖရဲ၊ သခွားမှာ ပျက်စီးဆုံးရှုံးမှုရှိပေမယ့် သရက်မှာမရှိဘူး၊ ပြည်တွင်းစားသုံးမှုက တက်လာတယ်၊  အရင် ကတော့ တရုတ်ပဲ ဝိုင်းပို့နေတာ၊ ပြည်တွင်းမှာလည်း ဈေးကောင်းပေးစားတယ်၊ အွန်လိုင်းဈေးကွက်လည်း ရှိတာတယ်၊ တရုတ်ဘက်က ဈေးကလည် ကျနေတာဆိုတော့ မြန်မာဈေးကွက်က သုံးလာတာရှိတော့ အဆင်ပြေတယ်လို့ ယူဆရတယ်”

ဇန်နဝါရီလက စတင်ပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချမှုမှာ အခက်အခဲတွေ ရှိလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုန်ကြမ်းတင်ပို့တာမျိုး မဟုတ်ဘဲ အရည်အသွေးမြှင့်တင်ပြီး ဈေးကွက်ရှာဖွေတာတွေ လုပ်ဆောင်သင့်နေပြီလို့ သရက်စိုက်ပျိုး တင်ပို့ရောင်းချနေတဲ့ ဒေါ်သန်းသန်းဆွေက ဆိုပါတယ်။

“အစိုးရဌာနက အရည်အသွေးမြင့်မယ်၊ ပညာရှင်တွေက သင်ပေးမယ်ဆိုရင် ဆုံးရှုံးမှုနည်းသွားမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က FAO ရယ်၊ မြန်မာ့စိုက်ပျိုးရေးရယ်၊ စီးပွားကူးသန်းရယ်၊ ကျွန်မတို့ အသင်းရယ်၊ ပေါင်းတဲ့အဖွဲ့ က သရက်ပြင်သင်တန်းပေးတယ်၊ သရက်ပြင်ကို လှလှပပ လုပ်တတ်လာတယ်၊ သရက်သီးအခြောက် ဘယ်လို လုပ်ရတယ်၊ အအေးခံတာ ဘယ်လိုဆိုတာ သိလာတော့ ဆုံးရှုံးတာတွေ နည်းလာပါတယ်”

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ သစ်သီးဝလံတွေထဲမှာ ဖရဲ၊ သခွားမွေး၊ ငှက်ပျော၊ ကြက်မောက်သီး၊ မင်းဂွတ်သီးနဲ့ သရက်သီး စတာတွေက နှစ်နိုင်ငံ ကုန်သွယ်ခွင့်ရရှိထားပြီး ဖြစ်ပါတယ်။

ကုန်သည်တွေက ပြောင်းဖူး၊ ကျွဲကောသီးနဲ့ နာနတ်သီးတွေကိုပါ တရားဝင်တင်ပို့ခွင့်ရနိုင်ရေး တောင်းဆိုထားကြ ပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/news/myanmar-fruit-market-05102020052149.html
တ႐ုတ္နယ္စပ္ တင္းၾကပ္မႈေၾကာင့္ သစ္သီးဝလံ မတင္ပို႔ႏိုင္ဘဲ ပ်က္စီးမႈ မ်ားျပား တ႐ုတ္နယ္စပ္ တင္းၾကပ္မႈေၾကာင့္ သစ္သီးဝလံ မတင္ပို႔ႏိုင္ဘဲ ပ်က္စီးမႈ မ်ားျပား Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.