ကို႐ိုနာဗိုင္းရပ္စ္-ကိုဗစ္ေရာဂါကိုအခ်ိန္ၾကာၾကာ ခံခဲ့ရတဲ့လူနာေတြ

 ေဒးဗစ္ သီးသန႔္ခြဲေနတဲ့ ဧည့္ခန္းရဲ႕ ျပတင္းေပါက္မွန္တစ္ဘက္ကေန သမီးနဲ႔ ဇနီးကို ေတြ႕ေနစဥ္

ေရးသားသူ ေဒါမနစ္ ဟူးစ္
က်န္းမာေရး သတင္းေထာက္၊ ဘီဘီစီသတင္းဌာန

အသက္ ၄၂ ႏွစ္အ႐ြယ္ ဗိသုကာပညာရွင္ ေဒးဗစ္ ဟယ္ရစ္ရဲ႕ ဘဝ ၿပိဳပ်က္သြားသလို ခံစားခဲ့ရတာပါ။

လြန္ခဲ့တဲ့ သီတင္း ၇ ပတ္က ကိုဗစ္ ၁၉ ေရာဂါလကၡဏာေတြ သူ႔မွာ ျဖစ္ခဲ့ပါတယ္။ ဆိုးဝါးတဲ့ တုပ္ေကြးေရာဂါနဲ႔ ဆင္တူတယ္လို႔ သူက ေျပာပါတယ္။

အဲဒီလို ေရာဂါလကၡဏာေတြ စျပတဲ့အခ်ိန္မွာ ေဒးဗစ္ဟာ ဘရစ္စတယ္လ္ၿမိဳ႕က ေနအိမ္မွာ သူ႔ဇနီး၊ ရင္ေသြးငယ္ သမီးေလးနဲ႔ အတူေနေနရာကေန အခန္းတစ္ခန္းမွာ သီးသန႔္ ခြဲေနခဲ့ပါတယ္။

တစ္ပတ္ေလာက္ၾကာေတာ့ စၿပီးသက္သာလာပါတယ္။ ဒါေပမဲ့ ေနာက္ႏွစ္ပတ္အၾကာမွာ ေရာဂါလကၡဏာေတြ ျပန္ျပလာတဲ့အတြက္ အံ့ၾသခဲ့ရပါတယ္။

အရင္ျဖစ္ခဲ့တဲ့ ေရာဂါလကၡဏာေတြ တစ္ေက်ာ့ျပန္ျဖစ္လာတာ လုံးဝမေမွ်ာ္လင့္ခဲ့ဘူး လို႔ ေဒးဗစ္က ေျပာပါတယ္။

"ဒုတိယတစ္ေခါက္က အမ်ားႀကီး ပိုဆိုးတယ္၊ အရင္ကလို တုပ္ေကြးလကၡဏာမ်ိဳးပဲ၊ ဒါေပမဲ့ အသက္ရႉပါ ၾကပ္လာတယ္၊ အဲဒီမွာ ငါေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ေနၿပီလို႔ တြက္လိုက္မိတယ္"

"အဲဒီလို ႏွစ္ပတ္ ထပ္ျဖစ္တယ္။ ဒါၿပီးေတာ့ ျပန္သက္သာလာၿပီလို႔ ထင္ေပမဲ့ လူက ေမာၿပီး ႏုံးက်န္ရစ္တယ္"

"အဲဒါၿပီးေတာ့ သီတင္း ၇ ပတ္ေျမာက္တဲ့အခ်ိန္မွာ တတိယအေက်ာ့ ေရာဂါလကၡဏာ ျပလာျပန္တယ္၊ကံသီလို႔ အရင္အေခါက္ေတြကေလာက္ေတာ့ မျပင္းလွဘူး၊ ဒါေပမဲ့ ေရာဂါလကၡဏာက သိသာထင္ရွားေနတုန္းပဲ"

ေနာင္မွ ေနာင္တရမယ့္အစား ႀကိဳတင္ကာကြယ္ဖို႔ ပိုသတိထားလုပ္တဲ့ အေနနဲ႔ ေဒးဗစ္ဟာ အိမ္သားေတြနဲ႔မေရာပဲ ဧည့္ခန္းထဲမွာပဲ ဆက္ၿပီးသီးသန႔္ ခြဲေနခဲ့ပါတယ္။ သီးသန႔္ခြဲစား၊ ခြဲအိပ္ခဲ့သလို အဝတ္အသန႔္လဲၿပီးမွ ေရခ်ိဳးခန္းနဲ႔ ေရအိမ္ ဝင္တာမ်ိဳး လုပ္ခဲ့ပါတယ္။

သူ႔ရဲ႕ ၁၀ လသမီးေလး မီလီ ကို ေတြ႕ခ်င္ရင္ ေဒးဗစ္ သီးသန႔္ခြဲေနတဲ့ ဧည့္ခန္းရဲ႕ ျပတင္းေပါက္မွန္တစ္ဘက္ကေန ဇနီးက ေခၚလာျပေပးပါတယ္။

ေနမေကာင္းျဖစ္ခဲ့တဲ့အတြက္ အားအင္ကုန္ခန္း ႏြမ္းနယ္ေနၿပီး ေနာက္ထပ္ ဘာျဖစ္လာအုံးမလဲ ဆိုတာမေရမရာ ျဖစ္ခဲ့ရတယ္လို႔ ေဒးဗစ္က ေျပာပါတယ္။

"ဘယ္လို အေျခအေန အဆင့္မ်ိဳးမွာ ဆရာဝန္ေတြဆီ အကူအညီ ေတာင္းရမလဲ ဆိုတာကို မသိတာကစိတ္ညစ္စရာ အေကာင္းဆုံး တစ္ခုပါပဲ"

"က်န္းမာေရးဌာနကိုလည္း တခ်ိန္လုံး လွမ္းအကူအညီ မေတာင္းခ်င္ပါဘူး၊ ကိုယ့္ထက္ အမ်ားႀကီးအေျခအေန ဆိုးတဲ့သူေတြ ရွိေနတာကိုး၊ ဒါေပမဲ့ မေမးျပန္ရင္လည္း မေျပာေကာင္းမဆိုေကာင္း တစ္ခုခု ျဖစ္သြားခဲ့ရင္ အကူအညီမွ လွမ္းမေတာင္းတာကိုးလို႔ ျဖစ္အုံးမယ္"

"သက္သာလာၿပီးမွ ေနာက္တစ္ေက်ာ့ ပထမဆုံးအႀကိမ္ ျပန္ျဖစ္ခဲ့တဲ့အခ်ိန္၊ ပထမဆုံးအႀကိမ္ အေျခအေန ဆိုးလာတဲ့အခ်ိန္ေတြမွာ ဒါ့ထက္မ်ား ပို ဆိုးလာမလား ဆိုတာ မသိတဲ့အတြက္ အရမ္းအရမ္းစိုးရိမ္ေၾကာက္လန႔္ခဲ့ရပါတယ္"

"သက္သာသြားၿပီလို႔ ထင္ထားရာကေန ေနာက္တစ္ေက်ာ့ ထပ္ဆိုးလာေတာ့ အေတာ့္ကို ေၾကာက္လန႔္မိခဲ့ပါတယ္"

ျပင္းထန္တဲ့ ေဝဒနာခံစားခဲ့ရမႈ

လန္ဒန္ၿမိဳ႕က အသက္ ၄၉ ႏွစ္အ႐ြယ္ ဖယ္လစ္စီတီ ဆိုရင္လည္း ကိုဗစ္ ၁၉ ေရာဂါလကၡဏာေတြနဲ႔ စေနမေကာင္း ျဖစ္ခဲ့အၿပီး အခုျပန္နာလန္ ထလာတာ သီတင္း ၆ ပတ္ထဲ ဝင္လာပါၿပီ။

ဒါေပမဲ့ ေဒးဗစ္လိုပဲ သူလည္း အႀကီးအက်ယ္ ခံခဲ့ရတာပါ။

"အဆိုးဆုံး ေက်ာ္ျဖတ္ခဲ့ရတဲ့ အခ်ိန္က အရမ္းနာမက်န္း ျဖစ္ခဲ့တဲ့ ပထမ ၁၀ ရက္အခ်ိန္ပါ၊ သက္သာလာၿပီလို႔ ထင္ထားၿပီးမွ တစ္ခါထပ္ၿပီး ပိုဆိုးလာခဲ့တာပါ"
ဖယ္လစ္စီတီ ေရာ၊ ေဒးဗစ္ ပါ ကိုဗစ္ ၁၉ ေရာဂါရွိမရွိ စစ္မၾကည့္ရေသးပါဘူး။ ဒါေပမဲ့ သူတို႔ ႏွစ္ဦးစလုံးမွာ ဗိုင္းရပ္စ္ပိုး ရွိခဲ့ပုံရတယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။
"ေနမေကာင္းျဖစ္တာ ၅ ပတ္ထဲဝင္လာခ်ိန္မွာ ကြၽန္မဗိုက္ အရမ္းေအာင့္လာၿပီး ေအာ္ညည္းေနရေတာ့ ကြၽန္မရဲ႕ အမ်ိဳးသားက အေရးေပၚ႒ာနကို ဖုန္းဆက္ အကူအညီ ေတာင္းခဲ့ရပါတယ္"

"ဗိုင္းရပ္စ္ေၾကာင့္လား၊ ကိုယ့္ခံႏိုင္ရည္ စြမ္းအားရဲ႕ တုံ႔ျပန္မႈမ်ားလား၊ အထဲမွာ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ဆက္ေရာင္ရမ္းေနလို႔လား ဘာ့ေၾကာင့္လဲဆိုတာ သိရဖို႔ အရမ္းခက္ပါတယ္"

"ေနမေကာင္းမျဖစ္ခင္က ဗိုက္နဲ႔ပတ္သက္လို႔ ဘာေဝဒနာမွ မရွိခဲ့ပါဘူး။ ေနမေကာင္းျဖစ္တာ သီတင္း၅ ပတ္ထဲ ဝင္လာေတာ့ အရမ္းခံလိုက္ရတာပါ"

ေရာဂါရွိမရွိ စစ္မၾကည့္ရေသး

ဖယ္လစ္စီတီ ေရာ၊ ေဒးဗစ္ပါ ကိုဗစ္ ၁၉ ေရာဂါရွိမရွိ စစ္မၾကည့္ရေသးပါဘူး။ ဒါေပမဲ့ သူတို႔ ႏွစ္ဦးစလုံးမွာ ဗိုင္းရပ္စ္ပိုး ရွိခဲ့ပုံရတယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

အခုေတာ့ သူတို႔ဆီကေန ေရာဂါမကူးႏိုင္ေတာ့ပါဘူးလို႔ ဆရာဝန္ေတြက အာမခံထားပါတယ္။

ဒါေပမဲ့ ဖယ္လစ္စီတီကေတာ့ သူခံခဲ့ရတဲ့ ေရာဂါလကၡဏာေတြကို ေမ့ေပ်ာက္ပစ္ႏိုင္ဖို႔ မနည္း ႀကိဳးစားေနရပါတယ္။ သီတင္းပတ္နဲ႔ခ်ီ နာမက်န္း ျဖစ္ခဲ့တာေၾကာင့္ အေတာ့္ကို ဆိုးဆိုးဝါးဝါး ထိခိုက္ခဲ့ရပါတယ္။

"အိပ္ရာထဲမွာ အၾကာႀကီး လဲေနခဲ့ၿပီး ျပန္နာလန္ထူလာဖို႔ မနည္းႀကိဳးစားခဲ့ရပါတယ္"

"ေနမေကာင္းျဖစ္ခဲ့တာေရာ ျပန္ေကာင္းလာဖို႔ မနည္းႀကိဳးစားခဲ့ရတာေရာ အဲဒီအေတြ႕အႀကဳံ တစ္ခုလုံးေၾကာင့္ စိတ္ပိုင္းဆိုင္ရာလည္း အႀကီးအက်ယ္ ထိခိုက္ခဲ့ပါတယ္"

အမ်ားစုကေတာ့ ျမန္ျမန္ ျပန္နာလန္ထူႏိုင္ခဲ့ၾက

ျပႆနာတစ္ခုက တခ်ိဳ႕လူေတြမွာ သိပ္မျပင္းတဲ့ ေရာဂါလကၡဏာနဲ႔ ရက္အနည္းငယ္သာ ခံရေပမယ့္ က်န္းမာသန္စြမ္းတဲ့ တျခားသူေတြက သီတင္းပတ္ေပါင္းမ်ားစြာ နာမက်န္းျဖစ္ၾကရတာ ဘာ့ေၾကာင့္လဲ ဆိုတာ အပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္း မသိေသးတာေတြ အမ်ားႀကီး ရွိေနေသးတာပါ။

လူနာအမ်ားစုကေတာ့ ျမန္ျမန္ အျပည့္အဝ နာလန္ျပန္ထူႏိုင္ခဲ့ၾကတယ္လို႔ လန္ဒန္ၿမိဳ႕ အပူပိုင္းေဒသေရာဂါ အထူးကုေဆး႐ုံက သမားေတာ္ႀကီး ေဒါက္တာ ဖိလစ္ ဂိုသာ့ဒ္က ေျပာပါတယ္။

"တခ်ိဳ႕က ေခ်ာင္းအဆက္မျပတ္ ဆိုးတာ ရွိတယ္၊ အခုဆို ၃၊ ၄၊ ၅ ပတ္၊ ၆ ပတ္ေလာက္ကို အရမ္းအားနည္း ႏြမ္းနယ္ေနသူေတြ ရွိလာတာ ေတြ႕ေနရပါၿပီ၊ က်န္းမာသန္စြမ္းတဲ့ လူငယ္ေတြမွာ ျဖစ္ရင္ ဒါမ်ိဳး မႀကဳံဖူးၾကတာမို႔ ပိုစိတ္ဓာတ္က် တတ္ၾကပါတယ္"

"ဒါ့အျပင္ ျပန္နာလန္ထူဖို႔ အခ်ိန္ၾကာတာကလည္း ထိတ္လန႔္စရာ ျဖစ္ခဲ့ပါတယ္၊ တစ္ခါ အႀကီးအက်ယ္ နာမက်န္းျဖစ္ရာကေန ျပန္ နာလန္ထူလာေပမယ့္ တျခားေရာဂါအခံေတြ ရွိထားသူေတြဟာ တျဖည္းျဖည္း ျပန္နာလန္ထူလာေနတုန္းမွာ တစ္ေန႔ေကာင္းလိုက္ တစ္ေန႔မေကာင္းလိုက္ ျဖစ္တတ္ၾကပါတယ္"

ေရာဂါလကၡဏာ အၾကာႀကီးျပေနတဲ့ လူနာေတြ သိသိသာသာ ပိုမ်ားလာေန

ကိုဗစ္ လကၡဏာ ေလ့လာတဲ့ အက္ပ္ ကေန ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြအရ လူတစ္ေယာက္ ျဖည္းျဖည္းခ်င္း ျပန္နာလန္ထူလာႏိုင္ဖို႔ ပ်မ္းမွ်အားျဖင့္ ၁၂ ရက္ေလာက္ၾကာတယ္လို႔ လန္ဒန္ၿမိဳ႕ King's College တကၠသိုလ္ ကပ္ေရာဂါ မ်ိဳးဗီဇ႒ာနက ပါေမာကၡ တင္မ္ စပက္တာ က ေျပာပါတယ္။

"ဒီကာလထက္ အခ်ိန္အေတာ္ ပိုၾကာၾကာ ေရာဂါလကၡဏာျပတဲ့သူေတြ သိသိသာသာ ပိုမ်ားလာတာကိုလည္း ေတြ႕ရပါတယ္၊ တခ်ိဳ႕ဆို ရက္ ၃၀ ဒါမွမဟုတ္ ဒါ့ထက္ ပိုၾကာတာ ေတြ႕ရပါတယ္"

"အခုအခါ အခ်က္အလက္ေတြ ပိုရလာေနသလို စက္ပစၥည္းနဲ႔ ေလ့လာမႈေတြ၊ ဉာဏ္ရည္တုပစၥည္း အသုံးျပဳမႈေတြနဲ႔ ဆက္ေလ့လာေနတဲ့အတြက္ လူတစ္ေယာက္ကို ဒီလို ၾကာၾကာ နာမက်န္းျဖစ္ေစတဲ့ အခ်က္ေတြက ေရာဂါလကၡဏာလား တျခားေရာဂါအရင္းခံေတြေၾကာင့္လားဆိုတာ သိပ္မၾကာခင္ ေဖာ္ထုတ္ႏိုင္ေတာ့မွာပါ" လို႔ သူက ေျပာပါတယ္။

ေဒးဗစ္နဲ႔ ဖယ္လစ္စီတီ တို႔ ႏွစ္ေယာက္စလုံးကေတာ့ အခုခ်ိန္မွာ သူတို႔ လုံးဝျပန္ေကာင္းသြားၿပီ၊ ပုံမွန္ဘဝကို ျပန္စႏိုင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ဒါေပမဲ့ လသားေလးပဲ ရွိေသးတဲ့ ကိုဗစ္ ၁၉ ေရာဂါကေတာ့ လူေတြ မလိုခ်င္တဲ့ အံ့ၾသစရာ အသစ္အဆန္းေတြ ဆက္ေပးေနအုံးမွာ ျဖစ္ပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်-ကိုဗစ်ရောဂါကိုအချိန်ကြာကြာ ခံခဲ့ရတဲ့လူနာတွေ

ရေးသားသူ ဒေါမနစ် ဟူးစ်
ကျန်းမာရေး သတင်းထောက်၊ ဘီဘီစီသတင်းဌာန

အသက် ၄၂ နှစ်အရွယ် ဗိသုကာပညာရှင် ဒေးဗစ် ဟယ်ရစ်ရဲ့ ဘဝ ပြိုပျက်သွားသလို ခံစားခဲ့ရတာပါ။

လွန်ခဲ့တဲ့ သီတင်း ၇ ပတ်က ကိုဗစ် ၁၉ ရောဂါလက္ခဏာတွေ သူ့မှာ ဖြစ်ခဲ့ပါတယ်။ ဆိုးဝါးတဲ့ တုပ်ကွေးရောဂါနဲ့ ဆင်တူတယ်လို့ သူက ပြောပါတယ်။

အဲဒီလို ရောဂါလက္ခဏာတွေ စပြတဲ့အချိန်မှာ ဒေးဗစ်ဟာ ဘရစ်စတယ်လ်မြို့က နေအိမ်မှာ သူ့ဇနီး၊ ရင်သွေးငယ် သမီးလေးနဲ့ အတူနေနေရာကနေ အခန်းတစ်ခန်းမှာ သီးသန့် ခွဲနေခဲ့ပါတယ်။

တစ်ပတ်လောက်ကြာတော့ စပြီးသက်သာလာပါတယ်။ ဒါပေမဲ့ နောက်နှစ်ပတ်အကြာမှာ ရောဂါလက္ခဏာတွေ ပြန်ပြလာတဲ့အတွက် အံ့သြခဲ့ရပါတယ်။

အရင်ဖြစ်ခဲ့တဲ့ ရောဂါလက္ခဏာတွေ တစ်ကျော့ပြန်ဖြစ်လာတာ လုံးဝမမျှော်လင့်ခဲ့ဘူး လို့ ဒေးဗစ်က ပြောပါတယ်။

"ဒုတိယတစ်ခေါက်က အများကြီး ပိုဆိုးတယ်၊ အရင်ကလို တုပ်ကွေးလက္ခဏာမျိုးပဲ၊ ဒါပေမဲ့ အသက်ရှူပါ ကြပ်လာတယ်၊ အဲဒီမှာ ငါတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်နေပြီလို့ တွက်လိုက်မိတယ်"

"အဲဒီလို နှစ်ပတ် ထပ်ဖြစ်တယ်။ ဒါပြီးတော့ ပြန်သက်သာလာပြီလို့ ထင်ပေမဲ့ လူက မောပြီး နုံးကျန်ရစ်တယ်"

"အဲဒါပြီးတော့ သီတင်း ၇ ပတ်မြောက်တဲ့အချိန်မှာ တတိယအကျော့ ရောဂါလက္ခဏာ ပြလာပြန်တယ်၊ကံသီလို့ အရင်အခေါက်တွေကလောက်တော့ မပြင်းလှဘူး၊ ဒါပေမဲ့ ရောဂါလက္ခဏာက သိသာထင်ရှားနေတုန်းပဲ"

နောင်မှ နောင်တရမယ့်အစား ကြိုတင်ကာကွယ်ဖို့ ပိုသတိထားလုပ်တဲ့ အနေနဲ့ ဒေးဗစ်ဟာ အိမ်သားတွေနဲ့မရောပဲ ဧည့်ခန်းထဲမှာပဲ ဆက်ပြီးသီးသန့် ခွဲနေခဲ့ပါတယ်။ သီးသန့်ခွဲစား၊ ခွဲအိပ်ခဲ့သလို အဝတ်အသန့်လဲပြီးမှ ရေချိုးခန်းနဲ့ ရေအိမ် ဝင်တာမျိုး လုပ်ခဲ့ပါတယ်။

သူ့ရဲ့ ၁၀ လသမီးလေး မီလီ ကို တွေ့ချင်ရင် ဒေးဗစ် သီးသန့်ခွဲနေတဲ့ ဧည့်ခန်းရဲ့ ပြတင်းပေါက်မှန်တစ်ဘက်ကနေ ဇနီးက ခေါ်လာပြပေးပါတယ်။

နေမကောင်းဖြစ်ခဲ့တဲ့အတွက် အားအင်ကုန်ခန်း နွမ်းနယ်နေပြီး နောက်ထပ် ဘာဖြစ်လာအုံးမလဲ ဆိုတာမရေမရာ ဖြစ်ခဲ့ရတယ်လို့ ဒေးဗစ်က ပြောပါတယ်။

"ဘယ်လို အခြေအနေ အဆင့်မျိုးမှာ ဆရာဝန်တွေဆီ အကူအညီ တောင်းရမလဲ ဆိုတာကို မသိတာကစိတ်ညစ်စရာ အကောင်းဆုံး တစ်ခုပါပဲ"

"ကျန်းမာရေးဌာနကိုလည်း တချိန်လုံး လှမ်းအကူအညီ မတောင်းချင်ပါဘူး၊ ကိုယ့်ထက် အများကြီးအခြေအနေ ဆိုးတဲ့သူတွေ ရှိနေတာကိုး၊ ဒါပေမဲ့ မမေးပြန်ရင်လည်း မပြောကောင်းမဆိုကောင်း တစ်ခုခု ဖြစ်သွားခဲ့ရင် အကူအညီမှ လှမ်းမတောင်းတာကိုးလို့ ဖြစ်အုံးမယ်"

"သက်သာလာပြီးမှ နောက်တစ်ကျော့ ပထမဆုံးအကြိမ် ပြန်ဖြစ်ခဲ့တဲ့အချိန်၊ ပထမဆုံးအကြိမ် အခြေအနေ ဆိုးလာတဲ့အချိန်တွေမှာ ဒါ့ထက်များ ပို ဆိုးလာမလား ဆိုတာ မသိတဲ့အတွက် အရမ်းအရမ်းစိုးရိမ်ကြောက်လန့်ခဲ့ရပါတယ်"

"သက်သာသွားပြီလို့ ထင်ထားရာကနေ နောက်တစ်ကျော့ ထပ်ဆိုးလာတော့ အတော့်ကို ကြောက်လန့်မိခဲ့ပါတယ်"

ပြင်းထန်တဲ့ ဝေဒနာခံစားခဲ့ရမှု

လန်ဒန်မြို့က အသက် ၄၉ နှစ်အရွယ် ဖယ်လစ်စီတီ ဆိုရင်လည်း ကိုဗစ် ၁၉ ရောဂါလက္ခဏာတွေနဲ့ စနေမကောင်း ဖြစ်ခဲ့အပြီး အခုပြန်နာလန် ထလာတာ သီတင်း ၆ ပတ်ထဲ ဝင်လာပါပြီ။

ဒါပေမဲ့ ဒေးဗစ်လိုပဲ သူလည်း အကြီးအကျယ် ခံခဲ့ရတာပါ။

"အဆိုးဆုံး ကျော်ဖြတ်ခဲ့ရတဲ့ အချိန်က အရမ်းနာမကျန်း ဖြစ်ခဲ့တဲ့ ပထမ ၁၀ ရက်အချိန်ပါ၊ သက်သာလာပြီလို့ ထင်ထားပြီးမှ တစ်ခါထပ်ပြီး ပိုဆိုးလာခဲ့တာပါ"

"နေမကောင်းဖြစ်တာ ၅ ပတ်ထဲဝင်လာချိန်မှာ ကျွန်မဗိုက် အရမ်းအောင့်လာပြီး အော်ညည်းနေရတော့ ကျွန်မရဲ့ အမျိုးသားက အရေးပေါ်ဋ္ဌာနကို ဖုန်းဆက် အကူအညီ တောင်းခဲ့ရပါတယ်"

"ဗိုင်းရပ်စ်ကြောင့်လား၊ ကိုယ့်ခံနိုင်ရည် စွမ်းအားရဲ့ တုံ့ပြန်မှုများလား၊ အထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆက်ရောင်ရမ်းနေလို့လား ဘာ့ကြောင့်လဲဆိုတာ သိရဖို့ အရမ်းခက်ပါတယ်"

"နေမကောင်းမဖြစ်ခင်က ဗိုက်နဲ့ပတ်သက်လို့ ဘာဝေဒနာမှ မရှိခဲ့ပါဘူး။ နေမကောင်းဖြစ်တာ သီတင်း၅ ပတ်ထဲ ဝင်လာတော့ အရမ်းခံလိုက်ရတာပါ"

ရောဂါရှိမရှိ စစ်မကြည့်ရသေး

ဖယ်လစ်စီတီ ရော၊ ဒေးဗစ်ပါ ကိုဗစ် ၁၉ ရောဂါရှိမရှိ စစ်မကြည့်ရသေးပါဘူး။ ဒါပေမဲ့ သူတို့ နှစ်ဦးစလုံးမှာ ဗိုင်းရပ်စ်ပိုး ရှိခဲ့ပုံရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အခုတော့ သူတို့ဆီကနေ ရောဂါမကူးနိုင်တော့ပါဘူးလို့ ဆရာဝန်တွေက အာမခံထားပါတယ်။

ဒါပေမဲ့ ဖယ်လစ်စီတီကတော့ သူခံခဲ့ရတဲ့ ရောဂါလက္ခဏာတွေကို မေ့ပျောက်ပစ်နိုင်ဖို့ မနည်း ကြိုးစားနေရပါတယ်။ သီတင်းပတ်နဲ့ချီ နာမကျန်း ဖြစ်ခဲ့တာကြောင့် အတော့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရပါတယ်။

"အိပ်ရာထဲမှာ အကြာကြီး လဲနေခဲ့ပြီး ပြန်နာလန်ထူလာဖို့ မနည်းကြိုးစားခဲ့ရပါတယ်"

"နေမကောင်းဖြစ်ခဲ့တာရော ပြန်ကောင်းလာဖို့ မနည်းကြိုးစားခဲ့ရတာရော အဲဒီအတွေ့အကြုံ တစ်ခုလုံးကြောင့် စိတ်ပိုင်းဆိုင်ရာလည်း အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်"
အများစုကတော့ မြန်မြန် ပြန်နာလန်ထူနိုင်ခဲ့ကြ

ပြဿနာတစ်ခုက တချို့လူတွေမှာ သိပ်မပြင်းတဲ့ ရောဂါလက္ခဏာနဲ့ ရက်အနည်းငယ်သာ ခံရပေမယ့် ကျန်းမာသန်စွမ်းတဲ့ တခြားသူတွေက သီတင်းပတ်ပေါင်းများစွာ နာမကျန်းဖြစ်ကြရတာ ဘာ့ကြောင့်လဲ ဆိုတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်အကြောင်း မသိသေးတာတွေ အများကြီး ရှိနေသေးတာပါ။

လူနာအများစုကတော့ မြန်မြန် အပြည့်အဝ နာလန်ပြန်ထူနိုင်ခဲ့ကြတယ်လို့ လန်ဒန်မြို့ အပူပိုင်းဒေသရောဂါ အထူးကုဆေးရုံက သမားတော်ကြီး ဒေါက်တာ ဖိလစ် ဂိုသာ့ဒ်က ပြောပါတယ်။

"တချို့က ချောင်းအဆက်မပြတ် ဆိုးတာ ရှိတယ်၊ အခုဆို ၃၊ ၄၊ ၅ ပတ်၊ ၆ ပတ်လောက်ကို အရမ်းအားနည်း နွမ်းနယ်နေသူတွေ ရှိလာတာ တွေ့နေရပါပြီ၊ ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေမှာ ဖြစ်ရင် ဒါမျိုး မကြုံဖူးကြတာမို့ ပိုစိတ်ဓာတ်ကျ တတ်ကြပါတယ်"

"ဒါ့အပြင် ပြန်နာလန်ထူဖို့ အချိန်ကြာတာကလည်း ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်၊ တစ်ခါ အကြီးအကျယ် နာမကျန်းဖြစ်ရာကနေ ပြန် နာလန်ထူလာပေမယ့် တခြားရောဂါအခံတွေ ရှိထားသူတွေဟာ တဖြည်းဖြည်း ပြန်နာလန်ထူလာနေတုန်းမှာ တစ်နေ့ကောင်းလိုက် တစ်နေ့မကောင်းလိုက် ဖြစ်တတ်ကြပါတယ်"

ရောဂါလက္ခဏာ အကြာကြီးပြနေတဲ့ လူနာတွေ သိသိသာသာ ပိုများလာနေ

ကိုဗစ် လက္ခဏာ လေ့လာတဲ့ အက်ပ် ကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ လူတစ်ယောက် ဖြည်းဖြည်းချင်း ပြန်နာလန်ထူလာနိုင်ဖို့ ပျမ်းမျှအားဖြင့် ၁၂ ရက်လောက်ကြာတယ်လို့ လန်ဒန်မြို့ King's College တက္ကသိုလ် ကပ်ရောဂါ မျိုးဗီဇဋ္ဌာနက ပါမောက္ခ တင်မ် စပက်တာ က ပြောပါတယ်။

"ဒီကာလထက် အချိန်အတော် ပိုကြာကြာ ရောဂါလက္ခဏာပြတဲ့သူတွေ သိသိသာသာ ပိုများလာတာကိုလည်း တွေ့ရပါတယ်၊ တချို့ဆို ရက် ၃၀ ဒါမှမဟုတ် ဒါ့ထက် ပိုကြာတာ တွေ့ရပါတယ်"

"အခုအခါ အချက်အလက်တွေ ပိုရလာနေသလို စက်ပစ္စည်းနဲ့ လေ့လာမှုတွေ၊ ဉာဏ်ရည်တုပစ္စည်း အသုံးပြုမှုတွေနဲ့ ဆက်လေ့လာနေတဲ့အတွက် လူတစ်ယောက်ကို ဒီလို ကြာကြာ နာမကျန်းဖြစ်စေတဲ့ အချက်တွေက ရောဂါလက္ခဏာလား တခြားရောဂါအရင်းခံတွေကြောင့်လားဆိုတာ သိပ်မကြာခင် ဖော်ထုတ်နိုင်တော့မှာပါ" လို့ သူက ပြောပါတယ်။

ဒေးဗစ်နဲ့ ဖယ်လစ်စီတီ တို့ နှစ်ယောက်စလုံးကတော့ အခုချိန်မှာ သူတို့ လုံးဝပြန်ကောင်းသွားပြီ၊ ပုံမှန်ဘဝကို ပြန်စနိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။

ဒါပေမဲ့ လသားလေးပဲ ရှိသေးတဲ့ ကိုဗစ် ၁၉ ရောဂါကတော့ လူတွေ မလိုချင်တဲ့ အံ့သြစရာ အသစ်အဆန်းတွေ ဆက်ပေးနေအုံးမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52605549
ကို႐ိုနာဗိုင္းရပ္စ္-ကိုဗစ္ေရာဂါကိုအခ်ိန္ၾကာၾကာ ခံခဲ့ရတဲ့လူနာေတြ ကို႐ိုနာဗိုင္းရပ္စ္-ကိုဗစ္ေရာဂါကိုအခ်ိန္ၾကာၾကာ ခံခဲ့ရတဲ့လူနာေတြ Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.