ဝန္ေဆာင္မႈအေျပာင္းအလဲေၾကာင့္ ဘဏ္မွာ လူစုလူေဝးျဖစ္ေစႏိုင္

ေနျပည္ေတာ္၊ သေျပကုန္းရွိ KBZ ဘဏ္ခြဲမွာ လူေတြေစာင့္ဆိုင္းေနတာကို ၂၀၂၀၊ ေမ ၅ ရက္ေန႔က ေတြ႕ရစဥ္ / ဓာတ္ပုံ - သက္စုေအာင္/ RFA
(Zawgyi)⤵⤵⤵
ဘဏ္ဝန္ေဆာင္မႈေပးတဲ့အခ်ိန္ ေလ်ာ့က်လာၿပီး အလွည့္က် တာဝန္ထမ္းတဲ့စနစ္ေၾကာင့္ လုပ္ငန္းခြင္မွာ ဘဏ္ဝန္ထမ္းအေရအတြက္ နည္းပါးလာတဲ့ အေျခအေနတို႔ေၾကာင့္ အဆင္မေျပမႈေတြ ပိုမ်ားလာတယ္လို႔ ဘဏ္အသုံးျပဳသူ အမ်ားအျပားက ေျပာဆိုေနၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ဖို႔ ဘဏ္ဖြင့္ခ်ိန္ကို မနက္ ၁၀ နာရီကေန ေန႔လယ္ ၂ နာရီ ေျပာင္းလဲဖို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ၫႊန္ၾကားထားတာျဖစ္ပါတယ္။

မူလက ဘဏ္လုပ္ငန္းအခ်ိန္က နံနက္ ၉း၃ဝ ကေန ေန႔ခင္း ၃းဝဝ အထိ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကာကြယ္ေရး ကာလမွာ ဘဏ္ကို လာေရာက္သူေတြ တစ္ဦးနဲ႔တစ္ဦး ၆ ေပျခား ေစာင့္ဆိုင္းေစၿပီး အပူခ်ိန္တိုင္းတာ၊ က်န္းမာေရးရာဇဝင္ စစ္ေဆးတာ၊ လက္ေဆးဖို႔ထားေပးတာ စတာေတြ ေဆာင္႐ြက္ထား ပါတယ္။

ေျပာင္းလဲလိုက္တဲ့ ဘဏ္ဝန္ေဆာင္မႈေပးခ်ိန္ေၾကာင့္ ဘဏ္အျပင္မွာ လူေတြစုေနရင္ ဘဏ္ထဲမွာ ဘယ္လို ကာကြယ္ေရးေတြ လုပ္ထားထား ကူးစက္မႈ ျဖစ္မွာပဲလို႔ စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းက ေထာက္ျပေဝဖန္ပါတယ္။

"ဘဏ္အထဲပဲ စနစ္က်လို႔မရဘူးေလ တကယ္တမ္း ဘဏ္ထဲမွာ စနစ္တက် ေပးမဝင္ဘူးဆိုေပမယ့္ ဘဏ္အျပင္မွာ လူအုံေနရင္ ေရာဂါကူးမွာပဲေလ။ အခုက ဘဏ္ဖြင့္ခ်ိန္ ၁၀ နာရီကေန  ၂ နာရီဆိုေတာ့  ၉ နာရီနဲ႔ ၃ နာရီေတာင္ အခ်ိန္မွီေအာင္ မလုပ္ႏိုင္တာ အခုက ဝန္ထမ္းကလည္း ေလွ်ာ့လိုက္တယ္ဆိုေတာ့ ဘဏ္အခ်ိန္ရယ္ ဘဏ္ဝန္ထမ္းရယ္ သုံးတဲ့သူရယ္က မကိုက္ဘူးျဖစ္ေနတယ္။ ဘဏ္ထဲမွာ ၁၅ ေယာက္ပဲ လက္ခံၿပီး ဘဏ္ျပင္မွာ လူေတြစုေနေတာ့ ဘာထူးလဲ။ အဲျပႆနာကို အေျဖရွာဖို႔ အႀကံေပးခ်င္တာပါ။"

ျမစ္ႀကီးနားက ဘဏ္ေတြမွာလည္း လူေတြ မ်ားလြန္းလို႔  သုံးေပေတာင္ ျခားလို႔မရေအာင္ က်ိတ္က်ိတ္တိုး ေနရတယ္လို႔ ျမစ္ႀကီးနားေဒသခံ မဂ်ာအိန္က ေျပာပါတယ္။

"ခါတိုင္းမသြားပါဘူး မေန႔ မနက္က တစ္ေခါက္ပဲ KBZ Pay ထုတ္ဖို႔ သြားတာ ဘဏ္ဖြင့္ခ်ိန္က ၁၀ နာရီ ဆိုေတာ့လူေတြ အမ်ားႀကီးလို႔ ေျပာလို႔ရတယ္။ ၃ ေပကြာရမယ္ ၆ ေပကြာရမယ္ ေျပာတယ္။ အခုက ၃ ေပ မေျပာနဲ႔ ၁ ထြာေတာင္ ခြာမရဘူး တုံကင္ယူတဲ့နားမွာ အဲ့ဒါနဲ႔ က်မလည္း မထုတ္ေတာ့ဘူး ျပန္လွည့္ သြားတယ္။"

ဗိုင္းရပ္စ္ကာကြယ္ႏိုင္ေရးအတြက္ အိမ္မွာပဲေနၾကဖို႔ လုပ္ေဆာင္ခ်ိန္မွာ ဘဏ္ဝန္ထမ္း အေရအတြက္ကိုလည္း အရင္ကထက္ေလွ်ာ့ထားပါတယ္။  တာဝန္က်ဝန္ထမ္းေတြထဲက တခ်ိဳ႕ ကူးစက္ခံရတဲ့အေျခအေနနဲ႔ ရင္ဆိုင္ရရင္ တျခားဝန္ထမ္းေတြ ခ်က္ခ်င္း အစားထိုး တာဝန္ယူႏိုင္ေအာင္ စီစဥ္ထားတာပါ။

ဘဏ္ဝန္ေဆာင္မႈ အဆက္မျပတ္ ေပးႏိုင္ေအာင္ လုပ္ေဆာင္ခဲ့တာျဖစ္ေပမယ့္ မေျပလည္မႈေတြ ရွိေနတယ္ ဆိုတာေတြ ျပန္ၾကားေနရတယ္လို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းေသာ္က ဆိုပါတယ္။

"ဘဏ္ခ်ိန္သတ္မွတ္တာကို ၫႊန္ၾကားတဲ့ဌာန ရွိပါတယ္။ အဲ့ဒီက အေသးစိတ္ စာထုတ္တာပါ။ ဘယ္ႏွစ္ေပ ခြာရမယ္ ဘာညာဆိုတာ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္တဲ့အခ်က္ေတြပါ။ ဗဟိုဘဏ္က ၫႊန္ၾကားတာ အခ်ိန္ေျပာင္းတာ။ အခ်ိန္ေျပာင္းေတာ့ တိုတယ္ဆိုၿပီး ေျပာတာေတြ အမ်ားႀကီးေတြ႕ရတယ္ ေဖ့စ္ဘြတ္ေပၚ လည္း တက္ေနတာေလ ကြန္မန႔္ေတြလည္း ေတြ႕ရတယ္။ လူေတြကို အဆင္ေျပေအာင္ လုပ္ေပးရင္း အဆင္မေျပ သြားျဖစ္ေနတာ အဲလိုျဖစ္သြားတယ္။"

ဘဏ္လုပ္ငန္း ႀကီးၾကပ္စစ္ေဆးေရးဌာနက လုပ္ေဆာင္ခ်က္ျဖစ္ၿပီး သူ႔အေနနဲ႔ မသိရေၾကာင္းနဲ႔ အဲဒီဌာနကိုေမးဖို႔ ေျပာေပမယ့္ ဌာနတာဝန္ရွိသူ (ေဒၚသန္းသန္းေဆြ) က ဒီကေန႔ ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။

အခုရက္ပိုင္း ဘဏ္ေတြမွာ လူေတြ တိုးႀကိတ္ေနတာဟာ ဒီရက္ပိုင္း ေငြသြင္းမွ ဘဏ္အတိုးရမွာျဖစ္တာေၾကာင့္ ျဖစ္တယ္လို႔ ဘဏ္ဝန္ထမ္း တခ်ိဳ႕က သူတို႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားၾကပါတယ္။ ဘဏ္ ဝန္ေဆာင္မႈ သုံးသူ အမ်ားစုဟာ အြန္လိုင္းစနစ္၊ ေငြထုတ္စက္တို႔ကို က်င့္သားမရၾကေသးလို႔ ဘဏ္မွာ မလိုအပ္ဘဲ လူအုံေနရတာျဖစ္တယ္လို႔ သူတို႔က ဆိုပါတယ္။

ကေမာၻဇဘဏ္ အႀကံေပး ဦးသန္းလြင္ကေတာ့ ဒီကာလမွာ အြန္လိုင္းနစ္ကို လူေတြပိုၿပီး အသုံးျပဳလာဖို႔ တိုက္တြန္းသင့္တယ္လို႔ ဆိုပါတယ္။

"သိပ္လိုအပ္ခ်က္ရွိမွသြားေပါ့ မလိုအပ္ဘဲ ဘာလို႔လာမလဲ။ အခုေတာ္ေတာ္မ်ားမ်ား အြန္လိုင္း သုံးလာေနပါၿပီ။ ဒီခ်ိန္မွာ အသုံးဝင္လာၿပီ။ ဒီခ်ိန္မွာ အားေပးရမယ္။ လိုအပ္ခ်က္ေပါ့ ဒီခ်ိန္မွာ ဘဏ္သြားရင္ လူေတြ အမ်ားႀကီးနဲ႔ ထိေတြ႕ရမယ္ အႏၲရာယ္လည္း ရွိတယ္ဆိုရင္ ဒီစနစ္က ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ သုံးလာၾက ရဦးမယ္။"

ဘဏ္လုပ္ငန္းဟာ ပိတ္လို႔မရတဲ့ လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ႏိုင္ငံေတာ္ အစိုးရကလည္း ဝန္ေဆာင္မႈ လုပ္ငန္းေတြ ျဖစ္တဲ့ ဘဏ္လုပ္ငန္း၊ စက္သုံးဆီဆိုင္နဲ႔ ပုဂၢလိက ေဆး႐ုံေဆးခန္းေတြကို ပုံမွန္အတိုင္း ဖြင့္လွစ္ၾကဖို႔ ၫႊန္ၾကားထားပါတယ္။

ဘဏ္အသုံးျပဳသူေတြကေတာ့ ဘဏ္ဖြင့္ခ်ိန္ အပါအဝင္ အေျပာင္းအလဲေတြကို ျပန္ၿပီးသုံးသပ္ေပးဖို႔ ေျပာၾကပါတယ္။

ဘဏ္လုပ္ငန္း လုပ္ကိုင္ၾကသူေတြကေတာ့ အြန္လိုင္းစနစ္နဲ႔ အသုံးျပဳလို႔ရႏိုင္တဲ့ ကိစၥေတြကို အိမ္ကေနသာ အြန္လိုင္းအသုံးျပဳ ေငြေပးေခ်ၾကဖို႔ တိုက္တြန္းထားပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
------------------------------------
(Unicode)⤵⤵⤵
ဝန်ဆောင်မှုအပြောင်းအလဲကြောင့် ဘဏ်မှာ လူစုလူဝေးဖြစ်စေနိုင်

ဘဏ်ဝန်ဆောင်မှုပေးတဲ့အချိန် လျော့ကျလာပြီး အလှည့်ကျ တာဝန်ထမ်းတဲ့စနစ်ကြောင့် လုပ်ငန်းခွင်မှာ ဘဏ်ဝန်ထမ်းအရေအတွက် နည်းပါးလာတဲ့ အခြေအနေတို့ကြောင့် အဆင်မပြေမှုတွေ ပိုများလာတယ်လို့ ဘဏ်အသုံးပြုသူ အများအပြားက ပြောဆိုနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘဏ်ဖွင့်ချိန်ကို မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီ ပြောင်းလဲဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားထားတာဖြစ်ပါတယ်။

မူလက ဘဏ်လုပ်ငန်းအချိန်က နံနက် ၉း၃ဝ ကနေ နေ့ခင်း ၃းဝဝ အထိ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ရေး ကာလမှာ ဘဏ်ကို လာရောက်သူတွေ တစ်ဦးနဲ့တစ်ဦး ၆ ပေခြား စောင့်ဆိုင်းစေပြီး အပူချိန်တိုင်းတာ၊ ကျန်းမာရေးရာဇဝင် စစ်ဆေးတာ၊ လက်ဆေးဖို့ထားပေးတာ စတာတွေ ဆောင်ရွက်ထား ပါတယ်။

ပြောင်းလဲလိုက်တဲ့ ဘဏ်ဝန်ဆောင်မှုပေးချိန်ကြောင့် ဘဏ်အပြင်မှာ လူတွေစုနေရင် ဘဏ်ထဲမှာ ဘယ်လို ကာကွယ်ရေးတွေ လုပ်ထားထား ကူးစက်မှု ဖြစ်မှာပဲလို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ထောက်ပြဝေဖန်ပါတယ်။

"ဘဏ်အထဲပဲ စနစ်ကျလို့မရဘူးလေ တကယ်တမ်း ဘဏ်ထဲမှာ စနစ်တကျ ပေးမဝင်ဘူးဆိုပေမယ့် ဘဏ်အပြင်မှာ လူအုံနေရင် ရောဂါကူးမှာပဲလေ။ အခုက ဘဏ်ဖွင့်ချိန် ၁၀ နာရီကနေ  ၂ နာရီဆိုတော့  ၉ နာရီနဲ့ ၃ နာရီတောင် အချိန်မှီအောင် မလုပ်နိုင်တာ အခုက ဝန်ထမ်းကလည်း လျှော့လိုက်တယ်ဆိုတော့ ဘဏ်အချိန်ရယ် ဘဏ်ဝန်ထမ်းရယ် သုံးတဲ့သူရယ်က မကိုက်ဘူးဖြစ်နေတယ်။ ဘဏ်ထဲမှာ ၁၅ ယောက်ပဲ လက်ခံပြီး ဘဏ်ပြင်မှာ လူတွေစုနေတော့ ဘာထူးလဲ။ အဲပြဿနာကို အဖြေရှာဖို့ အကြံပေးချင်တာပါ။"

မြစ်ကြီးနားက ဘဏ်တွေမှာလည်း လူတွေ များလွန်းလို့  သုံးပေတောင် ခြားလို့မရအောင် ကျိတ်ကျိတ်တိုး နေရတယ်လို့ မြစ်ကြီးနားဒေသခံ မဂျာအိန်က ပြောပါတယ်။

"ခါတိုင်းမသွားပါဘူး မနေ့ မနက်က တစ်ခေါက်ပဲ KBZ Pay ထုတ်ဖို့ သွားတာ ဘဏ်ဖွင့်ချိန်က ၁၀ နာရီ ဆိုတော့လူတွေ အများကြီးလို့ ပြောလို့ရတယ်။ ၃ ပေကွာရမယ် ၆ ပေကွာရမယ် ပြောတယ်။ အခုက ၃ ပေ မပြောနဲ့ ၁ ထွာတောင် ခွာမရဘူး တုံကင်ယူတဲ့နားမှာ အဲ့ဒါနဲ့ ကျမလည်း မထုတ်တော့ဘူး ပြန်လှည့် သွားတယ်။"

ဗိုင်းရပ်စ်ကာကွယ်နိုင်ရေးအတွက် အိမ်မှာပဲနေကြဖို့ လုပ်ဆောင်ချိန်မှာ ဘဏ်ဝန်ထမ်း အရေအတွက်ကိုလည်း အရင်ကထက်လျှော့ထားပါတယ်။  တာဝန်ကျဝန်ထမ်းတွေထဲက တချို့ ကူးစက်ခံရတဲ့အခြေအနေနဲ့ ရင်ဆိုင်ရရင် တခြားဝန်ထမ်းတွေ ချက်ချင်း အစားထိုး တာဝန်ယူနိုင်အောင် စီစဉ်ထားတာပါ။

ဘဏ်ဝန်ဆောင်မှု အဆက်မပြတ် ပေးနိုင်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် မပြေလည်မှုတွေ ရှိနေတယ် ဆိုတာတွေ ပြန်ကြားနေရတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆိုပါတယ်။

"ဘဏ်ချိန်သတ်မှတ်တာကို ညွှန်ကြားတဲ့ဌာန ရှိပါတယ်။ အဲ့ဒီက အသေးစိတ် စာထုတ်တာပါ။ ဘယ်နှစ်ပေ ခွာရမယ် ဘာညာဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်တဲ့အချက်တွေပါ။ ဗဟိုဘဏ်က ညွှန်ကြားတာ အချိန်ပြောင်းတာ။ အချိန်ပြောင်းတော့ တိုတယ်ဆိုပြီး ပြောတာတွေ အများကြီးတွေ့ရတယ် ဖေ့စ်ဘွတ်ပေါ် လည်း တက်နေတာလေ ကွန်မန့်တွေလည်း တွေ့ရတယ်။ လူတွေကို အဆင်ပြေအောင် လုပ်ပေးရင်း အဆင်မပြေ သွားဖြစ်နေတာ အဲလိုဖြစ်သွားတယ်။"

ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနက လုပ်ဆောင်ချက်ဖြစ်ပြီး သူ့အနေနဲ့ မသိရကြောင်းနဲ့ အဲဒီဌာနကိုမေးဖို့ ပြောပေမယ့် ဌာနတာဝန်ရှိသူ (ဒေါ်သန်းသန်းဆွေ) က ဒီကနေ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

အခုရက်ပိုင်း ဘဏ်တွေမှာ လူတွေ တိုးကြိတ်နေတာဟာ ဒီရက်ပိုင်း ငွေသွင်းမှ ဘဏ်အတိုးရမှာဖြစ်တာကြောင့် ဖြစ်တယ်လို့ ဘဏ်ဝန်ထမ်း တချို့က သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားကြပါတယ်။ ဘဏ် ဝန်ဆောင်မှု သုံးသူ အများစုဟာ အွန်လိုင်းစနစ်၊ ငွေထုတ်စက်တို့ကို ကျင့်သားမရကြသေးလို့ ဘဏ်မှာ မလိုအပ်ဘဲ လူအုံနေရတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်ကတော့ ဒီကာလမှာ အွန်လိုင်းနစ်ကို လူတွေပိုပြီး အသုံးပြုလာဖို့ တိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။

"သိပ်လိုအပ်ချက်ရှိမှသွားပေါ့ မလိုအပ်ဘဲ ဘာလို့လာမလဲ။ အခုတော်တော်များများ အွန်လိုင်း သုံးလာနေပါပြီ။ ဒီချိန်မှာ အသုံးဝင်လာပြီ။ ဒီချိန်မှာ အားပေးရမယ်။ လိုအပ်ချက်ပေါ့ ဒီချိန်မှာ ဘဏ်သွားရင် လူတွေ အများကြီးနဲ့ ထိတွေ့ရမယ် အန္တရာယ်လည်း ရှိတယ်ဆိုရင် ဒီစနစ်က ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြ ရဦးမယ်။"

ဘဏ်လုပ်ငန်းဟာ ပိတ်လို့မရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရကလည်း ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ စက်သုံးဆီဆိုင်နဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ကြဖို့ ညွှန်ကြားထားပါတယ်။

ဘဏ်အသုံးပြုသူတွေကတော့ ဘဏ်ဖွင့်ချိန် အပါအဝင် အပြောင်းအလဲတွေကို ပြန်ပြီးသုံးသပ်ပေးဖို့ ပြောကြပါတယ်။

ဘဏ်လုပ်ငန်း လုပ်ကိုင်ကြသူတွေကတော့ အွန်လိုင်းစနစ်နဲ့ အသုံးပြုလို့ရနိုင်တဲ့ ကိစ္စတွေကို အိမ်ကနေသာ အွန်လိုင်းအသုံးပြု ငွေပေးချေကြဖို့ တိုက်တွန်းထားပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/program_2/public-faces-another-challenge-by-banking-hours-changes-05062020045921.html
ဝန္ေဆာင္မႈအေျပာင္းအလဲေၾကာင့္ ဘဏ္မွာ လူစုလူေဝးျဖစ္ေစႏိုင္ ဝန္ေဆာင္မႈအေျပာင္းအလဲေၾကာင့္ ဘဏ္မွာ လူစုလူေဝးျဖစ္ေစႏိုင္ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.