အတည္ျပဳလူနာ ၅၀ နီးပါး ေရာဂါေပ်ာက္ကင္းသြား

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ေမလ ၆ ရက္ မနက္ပိုင္းအထိ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း အတည္ျပဳလူနာ ၁၆၁ ေယာက္ရွိတဲ့အထဲက ေရာဂါပိုးကင္းစင္သူဟာ ၄၉ ေယာက္ ရွိလာၿပီလို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ ဒါဟာေရာဂါပိုး ကူးစက္ခံရသူအထဲက ၃၀ ရာခိုင္ႏႈန္း ျပန္သက္သာလာတာျဖစ္ပါတယ္။

ေရာဂါပိုးကင္းစင္သူ ၄၉ ေယာက္ထိရွိလာၿပီး အဲဒီအထဲက ၂၉ ေယာက္ကေတာ့ ေဆး႐ုံကေန ဆင္းခြင့္ရသြားပါၿပီ။ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရသူေတြရဲ႕ သုံးပုံ တစ္ပုံဟာ ေရာဂါပိုး ကင္းစင္သြားၿပီျဖစ္ၿပီး နဂိုကိုယ္ခံအား စနစ္က ဒီေရာဂါပိုးကို တြန္းလွန္ႏိုင္တဲ့ အေနအထားရွိေနတာနဲ႔ ကုသမႈအပိုင္းမွာ ထိေရာက္မႈရွိတာေၾကာင့္ ျပန္သက္သာလာၾကတာျဖစ္တယ္လို႔ ေဒါက္တာ ေက်ာ္စြာဦးက ေျပာပါတယ္။

“စစ္တာက ေသာင္းဂဏန္းနီးပါးရွိတယ္။ ပိုးေတြ႕လူနာ ၁၆၁ ေယာက္၊ ျပန္ေပ်ာက္ကင္းတာ ၄၉ ဦီးဆိုေတာ့ သုံးပုံ တစ္ပုံေလာက္ ျပန္ေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ ေျခာက္ေယာက္ ဆုံးပါးသြားတယ္ဆိုရင္ေတာင္မွ အဲဒီ ေျခာက္ေယာက္ထဲမွာ ငါးေယာက္ေလာက္က ဆီးခ်ိဳ၊ ႏွလုံး ေရာဂါအခံရွိတာေၾကာင့္ ကို႐ိုနာေၾကာင့္ အဖိတ္အစင္ျဖစ္သြားတာထက္ သူ႔ရဲ႕အေျခခံအေၾကာင္းတရားေၾကာင့္ ဖိတ္စင္တာ ပိုမ်ားတဲ့အတြက္  အျခားႏိုင္ငံေတြထက္ အခုအခ်ိန္ထိေတာ့ ထိခိုက္ဖိတ္စင္တာ သက္သာေသးတယ္“

ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္ခံရသူအထဲက ၃၀ ရာခိုင္ႏႈန္း ျပန္သက္သာလာတာျဖစ္ပါတယ္။ ဒါေပမဲ့ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ယွဥ္ရင္ ျပန္သက္သာမႈႏႈန္း နည္းေနပါေသးတယ္။

ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္ၾကတဲ့ ထိုင္းႏိုင္ငံမွာ မတ္လ ၆ ရက္ေန႔ World Meter ရဲ႕ စာရင္းအရ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရသူထဲက ၉၀ ရာခိုင္ႏႈန္းကေတာ့ ျပန္သက္သာလာခဲ့တယ္လို႔ ေဖာ္ျပထား ပါတယ္။ အလားတူ ဗီယက္နမ္ႏိုင္ငံမွာလည္း ပိုးကူးစက္ခံရသူရဲ႕ ၈၅ ရာခိုင္ႏႈန္း ျပန္သက္သာလာခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့လူနာ ေတြ႕ရွိခဲ့တာ တစ္လေက်ာ္လာၿပီျဖစ္ပါတယ္။  ၿပီးခဲ့တဲ့ ဧၿပီလ ဒုတိယပတ္နဲ႔ တတိယအပတ္တို႔မွာ ပိုးေတြ႕လူနာ အမ်ားဆုံးေတြ႕ခဲ့ရၿပီး ဧၿပီလ ေနာက္ဆုံးပတ္ကစၿပီး လူနာသစ္ေတြ႕ရွိမႈ ေလ်ာ့နည္းလာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာေတြထဲက ၅၇ ရာခိုင္ႏႈန္းခန႔္ဟာ ေရာဂါလကၡဏာ ျပသတာမ်ိဳး မရွိဘဲ ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ေရာဂါပိုး ကူးစက္ျပန႔္ပြားမႈကို အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္ႏိုင္ၿပီဆိုေပမယ့္ လူထုေတြအၾကား ေရာဂါကူးစက္ျဖစ္ပြားမႈက ရွိေနဆဲျဖစ္တာမို႔ မေပ့ါဆၾကဖို႔  ေဒါက္တာ ဥကၠာၾကည္ဝင္းက သတိေပးပါတယ္။

"လတ္တေလာမွာေတာ့ စစ္ေဆးတဲ့ လူအေရအတြက္နဲ႔ ပိုးေတြ႕တဲ့လူအေရအတြက္ အခ်ိဳးခ်ၾကည့္လိုက္ရင္ ရာခိုင္ႏႈန္းအားျဖင့္ေျပာရရင္ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ ပိုးကရွိၿပီး မစမ္းမိလို႔ လူထုၾကားထဲမွာ ပ်ံ႕ႏွံ႔သြားလာေနတာေတြလည္း အမ်ားႀကီးရွိႏိုင္တယ္။ အဲဒီအတြက္လည္း သတိကို မေပါ့ သင့္ပါဘူး"

ကို႐ိုနာဗိုင္းရပ္စ္ ေပ်ာက္ကင္းသြားၿပီဆိုၿပီးေဆး႐ုံက ျပန္ဆင္းသြားၿပီးမွ ေရာဂါပိုးျပန္ေတြ႕ရတဲ့ျဖစ္စဥ္မ်ိဳး အျခား ႏိုင္ငံေတြမွာရွိေနတာေၾကာင့္ ေဆး႐ုံကေနဆင္းခြင့္ရသြားသူေတြဟာ စည္းကမ္းတက် ေနထိုင္ဖို႔လိုတယ္လို႔ ေဒါက္တာေက်ာ္စြာဦးက ေထာက္ျပပါတယ္။

တစ္လတာေဆးကုသမႈခံယူၿပီး ငါးႀကိမ္စစ္ေဆးတာမွာ ေနာက္ဆုံး ႏွစ္ႀကိမ္ေျမာက္မွာ ပိုးမေတြ႕ေတာ့တဲ့ ရွမ္းျပည္နယ္က လူနာအမွတ္ (၁၄) ဟာလည္း ေဆး႐ုံက ဆင္းၿပီး အ.ထ.က (၃) ေက်ာက္မဲၿမိဳ႕မွာ သီးျခားေစာင့္ၾကည့္မႈ ခံယူေနတာပါ။  ဒီေက်ာင္းမွာ တစ္ပတ္တာ ေစာင့္ၾကည့္ခံၿပီး ေနာက္မွာေတာ့ အိမ္မွာပဲ ေစာင့္ၾကည့္ေနထိုင္ခ်ိန္မွာ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာသြားမယ္လို႔ လူနာအမွတ္ (၁၄) က ဆိုပါတယ္။

“အိမ္မွာက သီးသန႔္အခန္းရွိတယ္။ ေဆး႐ုံဆင္းၿပီးေတာ့ ဟုမ္းကြာရတင္းဝင္ရမယ္ဆိုေတာ့ အိမ္ကလူေတြက တျခားမွာသြားေနဖို႔ စီစဥ္ထားတယ္။ ကြၽန္ေတာ့္ကို တစ္ေယာက္တည္းထားၿပီး အိမ္ကလူေတြက ဦးေလး အိမ္မွာ သြားေနဖို႔ စီစဥ္ထားတယ္။ ပိုးရွိခ်ိန္မွာေတာင္ ဒီပိုးက မိသားစုကို မကူးခဲ့ဘူးဆိုေပမယ့္ အခု Negative ျပတယ္ဆိုေပမယ့္ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ၿပီးေနရမယ္။ Mask တပ္တာတို႔ မၾကာမၾကာ လက္ေဆးေပးတာတို႔ မိသားစုေတြနဲ႔ သိပ္ၿပီးထိေတြ႕မႈ မလုပ္တာတို႔ က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္တဲ့ စည္းကမ္းခ်က္ေတြ ကိုေတာ့ လိုက္နာရမယ္“

ကမာၻတစ္ဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဧၿပီလ ၆ ရက္ ဒီေန႔ထိ အေယာက္ သုံးသန္း ေျခာက္သိန္း ေျခာက္ေသာင္းေက်ာ္လာၿပီျဖစ္ၿပီး ေသဆုံးသူက ႏွစ္သိန္းခြဲရွိေနၿပီလို႔ အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ကူးစက္သူ တစ္သန္း ႏွစ္သိန္း၊ ေသဆုံးသူ ခုႏွစ္ေသာင္း တစ္ေထာင္ေက်ာ္နဲ႔ ကူးစက္ခံရမႈ အျမင့္မားဆုံးေနရာမွာ ရွိေနတာပါ။ ဒုတိယ ကူးစက္ခံရတာ အမ်ားဆုံးျဖစ္တဲ့ စပိန္မွာ ကူးစက္ခံရသူ ႏွစ္သိန္းခြဲေက်ာ္နဲ႔ ေသဆုံးသူ ႏွစ္ေသာင္းခြဲေက်ာ္ရွိပါတယ္။ အီတလီမွာေတာ့ အခုအခ်ိန္အထိ ေရာဂါကူးစက္ခံရသူ ႏွစ္သိန္း တစ္ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ႏွစ္ေသာင္း ကိုးေထာင္ေက်ာ္ ရွိပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာအရ တိုင္းနဲ႔ ျပည္နယ္ ၁၀ ခုမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ေနတာပါ။ ရန္ကုန္တိုင္းကေတာ့ အမ်ားဆုံးျဖစ္ၿပီးေတာ့ လက္ရွိၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္ကို Semi lock down လုပ္ထားပါတယ္။

ဒါေၾကာင့္ ေရာဂါကာကြယ္ဖို႔အတြက္ အျပင္ထြက္ရင္ ႏွာေခါင္စည္းတပ္ဖို႔၊ လူစုလူေဝးကို ေရွာင္ဖို႔၊ လက္ကိုမၾကာ ခဏ ဆပ္ျပာနဲ႔ ေဆးဖို႔နဲ႔ မလိုအပ္ဘဲ အိမ္အျပင္ မထြက္ၾကဖို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
-------------------------------------

(Unicode)⤵⤵⤵
အတည်ပြုလူနာ ၅၀ နီးပါး ရောဂါပျောက်ကင်းသွား

မြန်မာနိုင်ငံမှာ မေလ ၆ ရက် မနက်ပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁၆၁ ယောက်ရှိတဲ့အထဲက ရောဂါပိုးကင်းစင်သူဟာ ၄၉ ယောက် ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာရောဂါပိုး ကူးစက်ခံရသူအထဲက ၃၀ ရာခိုင်နှုန်း ပြန်သက်သာလာတာဖြစ်ပါတယ်။

ရောဂါပိုးကင်းစင်သူ ၄၉ ယောက်ထိရှိလာပြီး အဲဒီအထဲက ၂၉ ယောက်ကတော့ ဆေးရုံကနေ ဆင်းခွင့်ရသွားပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ သုံးပုံ တစ်ပုံဟာ ရောဂါပိုး ကင်းစင်သွားပြီဖြစ်ပြီး နဂိုကိုယ်ခံအား စနစ်က ဒီရောဂါပိုးကို တွန်းလှန်နိုင်တဲ့ အနေအထားရှိနေတာနဲ့ ကုသမှုအပိုင်းမှာ ထိရောက်မှုရှိတာကြောင့် ပြန်သက်သာလာကြတာဖြစ်တယ်လို့ ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။

“စစ်တာက သောင်းဂဏန်းနီးပါးရှိတယ်။ ပိုးတွေ့လူနာ ၁၆၁ ယောက်၊ ပြန်ပျောက်ကင်းတာ ၄၉ ဦီးဆိုတော့ သုံးပုံ တစ်ပုံလောက် ပြန်ကောင်းတယ်လို့ ပြောလို့ရတယ်။ ခြောက်ယောက် ဆုံးပါးသွားတယ်ဆိုရင်တောင်မှ အဲဒီ ခြောက်ယောက်ထဲမှာ ငါးယောက်လောက်က ဆီးချို၊ နှလုံး ရောဂါအခံရှိတာကြောင့် ကိုရိုနာကြောင့် အဖိတ်အစင်ဖြစ်သွားတာထက် သူ့ရဲ့အခြေခံအကြောင်းတရားကြောင့် ဖိတ်စင်တာ ပိုများတဲ့အတွက်  အခြားနိုင်ငံတွေထက် အခုအချိန်ထိတော့ ထိခိုက်ဖိတ်စင်တာ သက်သာသေးတယ်“

မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူအထဲက ၃၀ ရာခိုင်နှုန်း ပြန်သက်သာလာတာဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ပြန်သက်သာမှုနှုန်း နည်းနေပါသေးတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်းနိုင်ငံမှာ မတ်လ ၆ ရက်နေ့ World Meter ရဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူထဲက ၉၀ ရာခိုင်နှုန်းကတော့ ပြန်သက်သာလာခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ အလားတူ ဗီယက်နမ်နိုင်ငံမှာလည်း ပိုးကူးစက်ခံရသူရဲ့ ၈၅ ရာခိုင်နှုန်း ပြန်သက်သာလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာ တွေ့ရှိခဲ့တာ တစ်လကျော်လာပြီဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ်နဲ့ တတိယအပတ်တို့မှာ ပိုးတွေ့လူနာ အများဆုံးတွေ့ခဲ့ရပြီး ဧပြီလ နောက်ဆုံးပတ်ကစပြီး လူနာသစ်တွေ့ရှိမှု လျော့နည်းလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထဲက ၅၇ ရာခိုင်နှုန်းခန့်ဟာ ရောဂါလက္ခဏာ ပြသတာမျိုး မရှိဘဲ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဆိုပေမယ့် လူထုတွေအကြား ရောဂါကူးစက်ဖြစ်ပွားမှုက ရှိနေဆဲဖြစ်တာမို့ မပေ့ါဆကြဖို့  ဒေါက်တာ ဥက္ကာကြည်ဝင်းက သတိပေးပါတယ်။

"လတ်တလောမှာတော့ စစ်ဆေးတဲ့ လူအရေအတွက်နဲ့ ပိုးတွေ့တဲ့လူအရေအတွက် အချိုးချကြည့်လိုက်ရင် ရာခိုင်နှုန်းအားဖြင့်ပြောရရင် ကျွန်တော်တို့ ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပိုးကရှိပြီး မစမ်းမိလို့ လူထုကြားထဲမှာ ပျံ့နှံ့သွားလာနေတာတွေလည်း အများကြီးရှိနိုင်တယ်။ အဲဒီအတွက်လည်း သတိကို မပေါ့ သင့်ပါဘူး"

ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းသွားပြီဆိုပြီးဆေးရုံက ပြန်ဆင်းသွားပြီးမှ ရောဂါပိုးပြန်တွေ့ရတဲ့ဖြစ်စဉ်မျိုး အခြား နိုင်ငံတွေမှာရှိနေတာကြောင့် ဆေးရုံကနေဆင်းခွင့်ရသွားသူတွေဟာ စည်းကမ်းတကျ နေထိုင်ဖို့လိုတယ်လို့ ဒေါက်တာကျော်စွာဦးက ထောက်ပြပါတယ်။

တစ်လတာဆေးကုသမှုခံယူပြီး ငါးကြိမ်စစ်ဆေးတာမှာ နောက်ဆုံး နှစ်ကြိမ်မြောက်မှာ ပိုးမတွေ့တော့တဲ့ ရှမ်းပြည်နယ်က လူနာအမှတ် (၁၄) ဟာလည်း ဆေးရုံက ဆင်းပြီး အ.ထ.က (၃) ကျောက်မဲမြို့မှာ သီးခြားစောင့်ကြည့်မှု ခံယူနေတာပါ။  ဒီကျောင်းမှာ တစ်ပတ်တာ စောင့်ကြည့်ခံပြီး နောက်မှာတော့ အိမ်မှာပဲ စောင့်ကြည့်နေထိုင်ချိန်မှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာသွားမယ်လို့ လူနာအမှတ် (၁၄) က ဆိုပါတယ်။

“အိမ်မှာက သီးသန့်အခန်းရှိတယ်။ ဆေးရုံဆင်းပြီးတော့ ဟုမ်းကွာရတင်းဝင်ရမယ်ဆိုတော့ အိမ်ကလူတွေက တခြားမှာသွားနေဖို့ စီစဉ်ထားတယ်။ ကျွန်တော့်ကို တစ်ယောက်တည်းထားပြီး အိမ်ကလူတွေက ဦးလေး အိမ်မှာ သွားနေဖို့ စီစဉ်ထားတယ်။ ပိုးရှိချိန်မှာတောင် ဒီပိုးက မိသားစုကို မကူးခဲ့ဘူးဆိုပေမယ့် အခု Negative ပြတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီးနေရမယ်။ Mask တပ်တာတို့ မကြာမကြာ လက်ဆေးပေးတာတို့ မိသားစုတွေနဲ့ သိပ်ပြီးထိတွေ့မှု မလုပ်တာတို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်တဲ့ စည်းကမ်းချက်တွေ ကိုတော့ လိုက်နာရမယ်“

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဧပြီလ ၆ ရက် ဒီနေ့ထိ အယောက် သုံးသန်း ခြောက်သိန်း ခြောက်သောင်းကျော်လာပြီဖြစ်ပြီး သေဆုံးသူက နှစ်သိန်းခွဲရှိနေပြီလို့ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကူးစက်သူ တစ်သန်း နှစ်သိန်း၊ သေဆုံးသူ ခုနှစ်သောင်း တစ်ထောင်ကျော်နဲ့ ကူးစက်ခံရမှု အမြင့်မားဆုံးနေရာမှာ ရှိနေတာပါ။ ဒုတိယ ကူးစက်ခံရတာ အများဆုံးဖြစ်တဲ့ စပိန်မှာ ကူးစက်ခံရသူ နှစ်သိန်းခွဲကျော်နဲ့ သေဆုံးသူ နှစ်သောင်းခွဲကျော်ရှိပါတယ်။ အီတလီမှာတော့ အခုအချိန်အထိ ရောဂါကူးစက်ခံရသူ နှစ်သိန်း တစ်သောင်းကျော်နဲ့ သေဆုံးသူ နှစ်သောင်း ကိုးထောင်ကျော် ရှိပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့နေတာပါ။ ရန်ကုန်တိုင်းကတော့ အများဆုံးဖြစ်ပြီးတော့ လက်ရှိမြို့နယ် ၁၀ မြို့နယ်ကို Semi lock down လုပ်ထားပါတယ်။

ဒါကြောင့် ရောဂါကာကွယ်ဖို့အတွက် အပြင်ထွက်ရင် နှာခေါင်စည်းတပ်ဖို့၊ လူစုလူဝေးကို ရှောင်ဖို့၊ လက်ကိုမကြာ ခဏ ဆပ်ပြာနဲ့ ဆေးဖို့နဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဖြူဖြူခိုင် / RFA Burmese
https://www.rfa.org/burmese/news/corona-negative-05062020043159.html
အတည္ျပဳလူနာ ၅၀ နီးပါး ေရာဂါေပ်ာက္ကင္းသြား အတည္ျပဳလူနာ ၅၀ နီးပါး ေရာဂါေပ်ာက္ကင္းသြား Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.