ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္သစ္ခန္႔ဖို႔ အဆိုျပဳထား

ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံအမတ္အသစ္အျဖစ္အဆိုျပဳထားခံရသူ ေတာင္အာရွေဒသဆိုင္ရာ အေမရိကန္ ဒု-လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး Thomas L. Vajda
(Zawgyi/Unicode)

ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံအမတ္အသစ္အျဖစ္ ေတာင္အာရွေဒသဆိုင္ရာ အေမရိကန္ ဒု-လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီးျဖစ္သူ Thomas L Vajda ကို ခန္႔အပ္ဖုိ႔ သမၼတ Donald Trump အစုိးရက အဆိုျပဳထားပါတယ္။
သံအမတ္ႀကီး Scot Marciel (ေမ ၁၀၊ ၂၀၁၆)
အထက္လႊတ္ေတာ္က သူ႔ကုိအတည္ျပဳလုိက္ၿပီဆုိရင္ေတာ့ လက္ရွိသံအမတ္ႀကီး Scot Marciel ေနရာမွာ တာ၀န္ယူရမွာပါ။

အႀကီးတန္း သံတမန္ Vajda ဟာ လက္ရွိမွာ အိႏိၵယ၊ နီေပါ၊ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္၊ ေမာ္လ္ဒုိက္၊ ဘူတန္ႏုိင္ငံေတြနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား ဆက္ဆံေရးနဲ႔ မူ၀ါဒေရးရာ ကိစၥေတြမွာ တာ၀န္ယူႀကီးၾကပ္ေနပါတယ္။

ႏိုင္ငံျခားေရးဌာနမွာ စတင္ထမ္းေဆာင္တဲ့ ၁၉၉၁ ခုႏွစ္ကစလို႔ အေရွ႕ေျမာက္နဲ႔ အေရွ႕ေတာင္အာရွေဒသ၊ဥေရာပအလယ္ပိုင္းနဲ႔ ေဘာလ္ကန္ေဒသေတြမွာ အေမရိကန္ ႏုိ္င္ငံျခားေရး တာ၀န္ယူခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိေတာင္အာရွဆိုင္ရာ ယာယီ ဒု-လက္ေထာက္ ႏိုင္ငံျခားေရး၀န္ႀကီး အျဖစ္ တာ၀န္ယူခဲ့ျပီး ၂၀၁၄ ခုႏွစ္ကေန ၂၀၁၇ ခုနွစ္အထိ အိႏိၵယႏုိင္ငံ မြမ္ဘုိင္းျမိဳ႕မွာ အေမရိကန္ေကာင္စစ္၀န္ခ်ဳပ္အျဖစ္ တာ၀န္ထမ္းခဲ့ပါတယ္။

မြန္ဘိုင္းျမိဳ႕မွာ တာ၀န္မထမ္းခင္ အေစာပိုင္းက ျမန္မာႏုိင္ငံဆို္င္ရာ သံ႐ံုး ဒုတိယ အၾကီးအကဲအျဖစ္နဲ႔လည္း တာ၀န္ထမ္းခဲ့ဖူးသူပါ။

သံတမန္ Vajda ဟာ သမၼတ Trump အစုိးရလက္ထက္ အေမရိကန္နဲ႔ သံတမန္ေရး၊ စီးပြားေရး ဆက္ဆံမႈေတြ တုိးျမွင့္ရာမွာ အေရးပါသူတဦးအျဖစ္နဲ႔လည္း အကဲခတ္ေတြက ယူဆထားၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------
[Unicode Version]

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ခန့်ဖို့ အဆိုပြုထား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အသစ်အဖြစ် တောင်အာရှဒေသဆိုင်ရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Thomas L Vajda ကိုခန့်အပ်ဖို့ သမ္မတ Donald Trump အစိုးရက အဆိုပြုထားပါတယ်။

အထက်လွှတ်တော်က သူ့ကိုအတည်ပြုလိုက်ပြီဆိုရင်တော့ လက်ရှိသံအမတ်ကြီး Scot Marciel နေရာမှာ တာဝန်ယူရမှာပါ။

အကြီးတန်း သံတမန် Vajda ဟာ လက်ရှိမှာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ ဘူတန်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုကြား ဆက်ဆံရေးနဲ့ မူဝါဒရေးရာ ကိစ္စတွေမှာ တာဝန်ယူကြီးကြပ်နေပါတယ်။

နိုင်ငံခြားရေးဌာနမှာ စတင်ထမ်းဆောင်တဲ့ ၁၉၉၁ ခုနှစ်ကစလို့ အရှေ့မြောက်နဲ့ အရှေ့တောင်အာရှဒေသ၊ဥရောပအလယ်ပိုင်းနဲ့ ဘောလ်ကန်ဒေသတွေမှာ အမေရိကန် နိုင်ငံခြားရေး တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိတောင်အာရှဆိုင်ရာ ယာယီ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ အမေရိကန်ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

မွန်ဘိုင်းမြို့မှာ တာဝန်မထမ်းခင် အစောပိုင်းက မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဒုတိယ အကြီးအကဲအဖြစ်နဲ့လည်း တာဝန်ထမ်းခဲ့ဖူးသူပါ။

သံတမန် Vajda ဟာ သမ္မတ Trump အစိုးရလက်ထက် အမေရိကန်နဲ့ သံတမန်ရေး၊ စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်ရာမှာ အရေးပါသူတဦးအဖြစ်နဲ့လည်း အကဲခတ်တွေက ယူဆထားကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-us-ambassador/5408026.html
ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္သစ္ခန္႔ဖို႔ အဆိုျပဳထား ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္သစ္ခန္႔ဖို႔ အဆိုျပဳထား Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.