မန္တလေးမြို့ကို တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့စက် လှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်အဖွဲ့ မန္တလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့စက် လှူဒါန်းတဲ့ အခမ်းအနားကို ၂၀၂၀ မေ ၂၃ ရက်နေ့က တွေ့ရစဉ် / Photo: Khaymani Win/RFA
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်အဖွဲ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့ စက်တစ်လုံး မန္တလေးတိုင်း အစိုးရအဖွဲ့ကို တရုတ်နိုင်ငံက ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော်တန်ဖိုးရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရှာဖွေတဲ့ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံသမ္မတနဲ့ တရုတ်နိုင်ငံသမ္မတတို့ ဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့ပြီးနောက် အခုလို မြန်ဆန်တဲ့ လှူဒါန်းမှုဖြစ်လာခဲ့တာလို့ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ် ဦးခင်စိန်က ပြောပါတယ်။

“မေလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံသမ္မတနဲ့ မြန်မာနိုင်ငံသမ္မတို့ ဆက်သွယ်ပြောတဲ့အခါမှာ တရုတ်မှာ ကိုဗစ် ၁၉ ဖြစ်တဲ့အခါ မြန်မာနိုင်ငံအစိုးရနဲ့ လူမှုအသီးသီးက တရုတ်ကို ကူညီအားပေးခဲ့တယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကြိမ်များစွာ လှူဒါန်းပြီးပါပြီ။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ နှစ်သုတ်စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ် ၁၉ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့အညီ ထောက်ခံအားပေးမှုတွေ တက်နိုင်တဲ့ကူညီမှုတွေ ဆက်လက်ကူညီ မယ်လို့ ပြောကြားခဲ့ပါတယ်”

မန္တလေးမြို့ကို အခုလိုကူညီတာဟာ မြန်မာတစ်နိုင်ငံလုံးကို ကူညီတာနဲ့ အတူတူပဲဖြစ်တယ်လို့ တရုတ်ကောင်စစ်ဝန်ချုပ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်တားဆီးရေး ဆောင်ရွက်နေချိန်မှာ တရုတ်ပြည်က လှူဒါန်းတဲ့စက်ဟာ အချိန်ကိုက် ရောက်ရှိလာတာဖြစ်တယ်လို့ မန္တလေးတိုင်း လျှပ်စစ်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

"များများစစ်မယ်၊ စောစောသိမယ်၊ ကောင်းကောင်းကာကွယ်မယ် ဆိုတဲ့အချိန်။ အဲဒီအချိန်မှာပဲ တရုတ် ပြည်သူ့သမ္မတနိုင်ငံက အဖွဲ့ ရောက်ရှိလာတာက အချိန်ကိုက် ကာလဒါန အလှူတစ်ခုပဲလို့ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ္ဘာတည်သရွေ့ ခိုင်မြဲအဓွန့်ရှည်ပါစေ... မန္တလေးတိုင်း အစိုးရနဲ့ ပြည်သူတွေက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း"

အခု တရုတ်နိုင်ငံက လှူဒါန်းတဲ့စက်နဲ့ဆိုရင် မန္တလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့ စက်နှစ်လုံး ရှိသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ မေဝင့်ဝါက ပြောပါတယ်။

“လက်ရှိရှိနေတဲ့စက်နဲ့က တစ်ရက်ကို ၁၈၀ လောက်စစ်လို့ရမယ်။ အခုရောက်လာတဲ့ စက်တွေကတော့ ကောင်းကောင်းမမြင်ရသေးဘူး၊ ရောက်လာတဲ့ အခြေနေပေါ်မှုတည်ပြီး တိုးပြီးတော့ စစ်ပေးနိုင်မှာပါ။ အတိအကျတော့ ပြောလို့မရသေးပါဘူး”

စက်ပစ္စည်းတွေ အသုံးပြုပုံကို သင်ကြားပြသပေးမယ့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်တွေလည်း မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။

အဲဒီဆေးပညာရှင်တွေဟာ တောင်ကြီးမြို့နဲ့ မော်လမြိုင်မြို့က ဓာတ်ခွဲပညာရှင်တွေကို သင်ကြားပေးမှာ ဖြစ်ပြီး ဒီလကုန်မှာ စတင်လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ မေဝင့်ဝါက ပြောပါတယ်။

ဒီနေ့မနက်အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြု လူနာ ၂၀၁ ဦးနဲ့ သေဆုံးသူ ခြောက်ယောက်ရှိပါတယ်။ ရောဂါပိုး ပျောက်ကင်းသွားသူက ၁၁၆ ဦး ရှိပါတယ်။

ခေမဏီဝင်း / RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
မႏၲေလးၿမိဳ႕ကို တ႐ုတ္ႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးတဲ့စက္ လႉဒါန္း

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ေဆးပညာရွင္အဖြဲ႕ မႏၲေလးၿမိဳ႕ကို ေရာက္ရွိေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးႏိုင္တဲ့ စက္တစ္လုံး မႏၲေလးတိုင္း အစိုးရအဖြဲ႕ကို တ႐ုတ္ႏိုင္ငံက ဒီေန႔ လႉဒါန္းလိုက္ပါတယ္။

ေငြက်ပ္သိန္းေပါင္း သုံးေထာင္ေက်ာ္တန္ဖိုးရွိတဲ့ ကို႐ိုနာဗိုင္းရပ္စ္ စမ္းသပ္ရွာေဖြတဲ့ ဓာတ္ခြဲခန္းသုံး စက္ပစၥည္းေတြကို တ႐ုတ္ႏိုင္ငံကေန လႉဒါန္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာႏိုင္ငံသမၼတနဲ႔ တ႐ုတ္ႏိုင္ငံသမၼတတို႔ ဖုန္းနဲ႔ ဆက္သြယ္ ေျပာၾကားခဲ့ၿပီးေနာက္ အခုလို ျမန္ဆန္တဲ့ လႉဒါန္းမႈျဖစ္လာခဲ့တာလို႔ မႏၲေလးၿမိဳ႕အေျခစိုက္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံဆိုင္ရာ ေကာင္စစ္ဝန္ခ်ဳပ္ ဦးခင္စိန္က ေျပာပါတယ္။

“ေမလ ၂၀ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံသမၼတနဲ႔ ျမန္မာႏိုင္ငံသမၼတို႔ ဆက္သြယ္ေျပာတဲ့အခါမွာ တ႐ုတ္မွာ ကိုဗစ္ ၁၉ ျဖစ္တဲ့အခါ ျမန္မာႏိုင္ငံအစိုးရနဲ႔ လူမႈအသီးသီးက တ႐ုတ္ကို ကူညီအားေပးခဲ့တယ္။ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံကို အႀကိမ္မ်ားစြာ လႉဒါန္းၿပီးပါၿပီ။ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ ႏွစ္သုတ္ေစလႊတ္ခဲ့ၿပီး ျမန္မာႏိုင္ငံ က်န္းမာေရးဝန္ထမ္းေတြကို ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ခဲ့ပါတယ္။ တ႐ုတ္ ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ လိုအပ္ခ်က္နဲ႔အညီ ေထာက္ခံအားေပးမႈေတြ တက္ႏိုင္တဲ့ကူညီမႈေတြ ဆက္လက္ကူညီ မယ္လို႔ ေျပာၾကားခဲ့ပါတယ္”

မႏၲေလးၿမိဳ႕ကို အခုလိုကူညီတာဟာ ျမန္မာတစ္ႏိုင္ငံလုံးကို ကူညီတာနဲ႔ အတူတူပဲျဖစ္တယ္လို႔ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ ကာကြယ္တားဆီးေရး ေဆာင္႐ြက္ေနခ်ိန္မွာ တ႐ုတ္ျပည္က လႉဒါန္းတဲ့စက္ဟာ အခ်ိန္ကိုက္ ေရာက္ရွိလာတာျဖစ္တယ္လို႔ မႏၲေလးတိုင္း လွ်ပ္စစ္နဲ႔ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာပါတယ္။

"မ်ားမ်ားစစ္မယ္၊ ေစာေစာသိမယ္၊ ေကာင္းေကာင္းကာကြယ္မယ္ ဆိုတဲ့အခ်ိန္။ အဲဒီအခ်ိန္မွာပဲ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံက အဖြဲ႕ ေရာက္ရွိလာတာက အခ်ိန္ကိုက္ ကာလဒါန အလႉတစ္ခုပဲလို႔ မွတ္ခ်က္ျပဳရမွာ ျဖစ္ပါတယ္။ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ေရး ကမာၻတည္သေ႐ြ႕ ခိုင္ၿမဲအဓြန႔္ရွည္ပါေစ... မႏၲေလးတိုင္း အစိုးရနဲ႔ ျပည္သူေတြက ေက်းဇူးတင္ဝမ္းေျမာက္ေၾကာင္း"

အခု တ႐ုတ္ႏိုင္ငံက လႉဒါန္းတဲ့စက္နဲ႔ဆိုရင္ မႏၲေလးၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးႏိုင္တဲ့ စက္ႏွစ္လုံး ရွိသြားမွာျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန ဒုတိယၫြန္ၾကားေရးမႉး ေဒါက္တာ ေမဝင့္ဝါက ေျပာပါတယ္။

“လက္ရွိရွိေနတဲ့စက္နဲ႔က တစ္ရက္ကို ၁၈၀ ေလာက္စစ္လို႔ရမယ္။ အခုေရာက္လာတဲ့ စက္ေတြကေတာ့ ေကာင္းေကာင္းမျမင္ရေသးဘူး၊ ေရာက္လာတဲ့ အေျခေနေပၚမႈတည္ၿပီး တိုးၿပီးေတာ့ စစ္ေပးႏိုင္မွာပါ။ အတိအက်ေတာ့ ေျပာလို႔မရေသးပါဘူး”

စက္ပစၥည္းေတြ အသုံးျပဳပုံကို သင္ၾကားျပသေပးမယ့္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ေဆးပညာရွင္ေတြလည္း မႏၲေလးၿမိဳ႕ကို ေရာက္ရွိေနပါတယ္။

အဲဒီေဆးပညာရွင္ေတြဟာ ေတာင္ႀကီးၿမိဳ႕နဲ႔ ေမာ္လၿမိဳင္ၿမိဳ႕က ဓာတ္ခြဲပညာရွင္ေတြကို သင္ၾကားေပးမွာ ျဖစ္ၿပီး ဒီလကုန္မွာ စတင္လည္ပတ္ႏိုင္မွာ ျဖစ္တယ္လို႔ ေဒါက္တာ ေမဝင့္ဝါက ေျပာပါတယ္။

ဒီေန႔မနက္အထိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း အတည္ျပဳ လူနာ ၂၀၁ ဦးနဲ႔ ေသဆုံးသူ ေျခာက္ေယာက္ရွိပါတယ္။ ေရာဂါပိုး ေပ်ာက္ကင္းသြားသူက ၁၁၆ ဦး ရွိပါတယ္။

ေခမဏီဝင္း / RFA Burmese
https://www.rfa.org/burmese/news/china-machine-donation-05232020041249.html
မန္တလေးမြို့ကို တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့စက် လှူဒါန်း မန္တလေးမြို့ကို တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့စက် လှူဒါန်း Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.