ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်း ၂သောင်းကျော် လျော့ချရန် ဒီချုပ်ကိုယ်စားလှယ်တင်ပြ


(Unicode)⤵⤵⤵
ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေကနေ ကျပ်သန်းပေါင်း ၂သောင်းကျော်ကို လျော့ချခွင့်ပြုဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မရမ်းကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

မေ ၂၂ ရက် ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘောအပါအဝင် ရငွေသုံးငွေတွေနဲ့ စပ်လျဉ်းပြီးဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ပိုမိုတောင်းခံမှုများရှိတဲ့ အတွက် အခုလို လျော့ချပေးဖို့ တင်ပြရတာလို့ ဒေါ်မေဝင်းမြင့်က ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတောင်းခံထားတဲ့ ဘတ်ဂျက်နဲ့ဆောင်ရွက်မယ့်လုပ်ငန်းတွေမှာ အဆောက်အဦး ထိန်းသိမ်းရေးစရိတ်တွေ၊ ခရီးစရိတ်၊ နေ့တွက်စရိတ်၊ ပညာရှင်ဌားရမ်းခ၊ မြေယာသိမ်းဆည်ရေး နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့အတွက် ထပ်မံလိုအပ်ငွေ စက်ဆီ နဲ့ ဓာတ်ဆီအသုံးစရိတ် စတဲ့စရိတ်တွေ ပါဝင်ပါတယ်။

 ဖြည့်စွက်ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ စုစုပေါင်း အသုံးစရိတ်က ကျပ် ဘီလီယံ နှစ်ရာ နီးပါးဖြစ်ပြီး ဒါဟာ ဝန်ကြီးဌာနအားလုံးက တောင်းခံထားတဲ့ ဖြည့်စွက်ဘတ်ဂျက်ရဲ့ (၇)ရာခိုင်နှုန်း ကျော်ရှိတယ်လို့ဆိုပါတယ်။

ဝန်ကြီးဌာနအားလုံးတောင်းခံထားတဲ့ စုစုပေါင်း ဖြည့်စွက်ဘတ်ဂျက်က ကျပ် ဘီလီယံ နှစ်ထောင့်ခြောက်ရာ ကျော်ရှိတာပါ။

အစိုးရဌာန၊အဖွဲ့အစည်းတွေရဲ့ ဖြည့်စွက်ဘတ်ဂျက် တင်ပြတောင်းခံတဲ့အထဲက ကျပ်ဘီလီယံ (၈၀)ကျော်ဖြတ်တောက်ဖို့ လည်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက လွှတ်တော်ကိုတင်ပြထားပါတယ်။

 ဖြည့်စွက်ဘတ်ဂျက်တင်ပြတောင်းခံတာတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်လည်ရှင်းလင်းမယ့်အစီအစဉ်ကိုတော့ မေလ (၂၇)ရက်နေ့မှာ ဆောင်ရွက်ဖို့ လျာထားတယ်လို့ သိရပါတယ်။

သတင်း- ငြိမ်းချမ်းအောင် / One News Myanmar
------------------------------------------------------------
(Zawgyi)⤵⤵⤵
ကာကြယ္ေရးအသုံးစရိတ္ က်ပ္သန္း ၂ေသာင္းေက်ာ္ ေလ်ာ့ခ်ရန္ ဒီခ်ဳပ္ကိုယ္စားလွယ္တင္ျပ

ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ အသုံးစရိတ္ေတြကေန က်ပ္သန္းေပါင္း ၂ေသာင္းေက်ာ္ကို ေလ်ာ့ခ်ခြင့္ျပဳဖို႔  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ မရမ္းကုန္းျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚေမဝင္းျမင့္က လႊတ္ေတာ္ကို တင္ျပခဲ့ပါတယ္။

ေမ ၂၂ ရက္ ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ၂၀၁၉-၂၀၂၀ ခု၊ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရဲ႕ ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးဥပေဒၾကမ္းရဲ႕ မူနဲ႔ အေျခခံသေဘာအပါအဝင္ ရေငြသုံးေငြေတြနဲ႔ စပ္လ်ဥ္းၿပီးေဆြးေႏြးရာမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ပိုမိုေတာင္းခံမႈမ်ားရွိတဲ့ အတြက္ အခုလို ေလ်ာ့ခ်ေပးဖို႔ တင္ျပရတာလို႔ ေဒၚေမဝင္းျမင့္က ဆိုပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနက တင္ျပေတာင္းခံထားတဲ့ ဘတ္ဂ်က္နဲ႔ေဆာင္႐ြက္မယ့္လုပ္ငန္းေတြမွာ အေဆာက္အဦး ထိန္းသိမ္းေရးစရိတ္ေတြ၊ ခရီးစရိတ္၊ ေန႔တြက္စရိတ္၊ ပညာရွင္ဌားရမ္းခ၊ ေျမယာသိမ္းဆည္ေရး နဲ႔ ပတ္သက္တဲ့ ကိစၥရပ္ေတြ၊ တပ္ၿမိဳ႕စည္ပင္သာယာေရးအဖြဲ႕အတြက္ ထပ္မံလိုအပ္ေငြ စက္ဆီ နဲ႔ ဓာတ္ဆီအသုံးစရိတ္ စတဲ့စရိတ္ေတြ ပါဝင္ပါတယ္။

 ျဖည့္စြက္ဘတ္ဂ်က္မွာ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ စုစုေပါင္း အသုံးစရိတ္က က်ပ္ ဘီလီယံ ႏွစ္ရာ နီးပါးျဖစ္ၿပီး ဒါဟာ ဝန္ႀကီးဌာနအားလုံးက ေတာင္းခံထားတဲ့ ျဖည့္စြက္ဘတ္ဂ်က္ရဲ႕ (၇)ရာခိုင္ႏႈန္း ေက်ာ္ရွိတယ္လို႔ဆိုပါတယ္။

ဝန္ႀကီးဌာနအားလုံးေတာင္းခံထားတဲ့ စုစုေပါင္း ျဖည့္စြက္ဘတ္ဂ်က္က က်ပ္ ဘီလီယံ ႏွစ္ေထာင့္ေျခာက္ရာ ေက်ာ္ရွိတာပါ။

အစိုးရဌာန၊အဖြဲ႕အစည္းေတြရဲ႕ ျဖည့္စြက္ဘတ္ဂ်က္ တင္ျပေတာင္းခံတဲ့အထဲက က်ပ္ဘီလီယံ (၈၀)ေက်ာ္ျဖတ္ေတာက္ဖို႔ လည္း ျပည္ေထာင္စုလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီက လႊတ္ေတာ္ကိုတင္ျပထားပါတယ္။

 ျဖည့္စြက္ဘတ္ဂ်က္တင္ျပေတာင္းခံတာေတြနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၈)ဦးက ေဆြးေႏြးခဲ့ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာနေတြက ျပန္လည္ရွင္းလင္းမယ့္အစီအစဥ္ကိုေတာ့ ေမလ (၂၇)ရက္ေန႔မွာ ေဆာင္႐ြက္ဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

သတင္း- ၿငိမ္းခ်မ္းေအာင္ / One News Myanmar
https://www.facebook.com/onenewsmyan
ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်း ၂သောင်းကျော် လျော့ချရန် ဒီချုပ်ကိုယ်စားလှယ်တင်ပြ ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်း ၂သောင်းကျော် လျော့ချရန် ဒီချုပ်ကိုယ်စားလှယ်တင်ပြ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.