ကိုဗစ္-၁၉ ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ရသူေတြကို တစ္ႏွစ္တာ ေထာက္ပံ့ေရး အစီအစဥ္ သမၼတ ေျပာ

လူမႈဖူလုံေရးရန္ပုံေငြကေန က်ပ္ ၅၀ ဘီလ်ံကိုလည္း ကိုဗစ္-၁၉ ရန္ပုံေငြ ထူေထာင္ရာမွာ ထည့္သြင္းမတည္ခဲ့
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျဖစ္ရသူ အလုပ္သမားေတြကို အကူညီေပးေရး သမၼတ ဦးဝင္းျမင့္က ဒီကေန႔က်ေရာက္တဲ့ အလုပ္သမားေန႔ ေပးပို႔တဲ့သဝဏ္လႊာမွာ ထည့္သြင္းေျပာၾကားထားပါတယ္။

ကပ္ေရာဂါနဲ႔ အေထြေထြ႐ိုတ္ခတ္မႈေၾကာင့္ ပိတ္သိမ္းသြားတဲ့ အလုပ္ဌာနေတြက လူမႈဖူလုံေရးအာမခံေၾကးထည့္ဝင္ထားတဲ့ အလုပ္သမားေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေဆးဖိုး၊ ခရီးစရိတ္ေတြကို အလုပ္လက္မဲ့ျဖစ္တဲ့ေန႔ကေန တစ္ႏွစ္အထိ တိုးျမႇင့္ခံစားႏိုင္ဖို႔ စီမံေဆာင္႐ြက္ထားတယ္လို႔ သမၼတက ေျပာပါတယ္။

ျမန္မာႏိုင္ငံသားပိုင္ လက္ခစားအထည္ခ်ဳပ္စက္႐ုံေတြ(CMP) လုပ္ငန္းေတြ၊ ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္းေတြနဲ႔ အငယ္စား၊ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြကို အတိုးႏႈန္းသက္သက္သာသာနဲ႔ ထုတ္ေခ်းဖို႔ လူမႈဖူလုံေရးရန္ပုံေငြကေန က်ပ္ ၅၀ ဘီလ်ံကိုလည္း ကိုဗစ္-၁၉ ရန္ပုံေငြ ထူေထာင္ရာမွာ ထည့္သြင္းမတည္ခဲ့တယ္လို႔ ဆိုပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါ႐ိုတ္ခတ္မႈေၾကာင့္ လတ္တေလာ ျဖစ္ေပၚေနတဲ့ အခကအခဲအၾကပ္အတည္းေတြကို အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမားေတြနဲ႔ ကြၽမ္းက်င္ပညာရွင္ေတြ၊ လူမႈအဖြဲ႕အစည္းေတြအားလုံး ပါဝင္ၿပီး ေက်ာ္လႊားႏိုင္ေရး တုံ႔ျပန္ေဆာင္႐ြက္ခ်ိန္မွာ အလုပ္သမားေတြ တက္ႂကြစြာ ပူးေပါင္းပါဝင္တာကိုလည္း သမၼတက အသိအမွတ္ျပဳတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ပုဂၢိဳလ္ေရး ႏိုင္ငံေရး အျမတ္ထုတ္ဖို႔အတြက္ ဥပေဒနဲ႔မညီတဲ့ ဆူပူဆႏၵျပမႈေတြျဖစ္ဖို႔ ေဘးကေန ေသြးထိုးလႈံ႕ေဆာ္မႈေတြကို အထူးသတိျပဳဖို႔လိုအပ္မယ္လို႔လည္း သမၼတက သတိေပးပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အလုပ္သမားတခ်ိဳ႕ စက္႐ုံေရွ႕ပိတ္ၿပီးဆႏၵျပလို႔ အပ္ထည္ေတြအခ်ိန္မီမတင္ပို႔ႏိုင္ခဲ့တာေၾကာင့္ နစ္နာဆုံးရႈံးခဲ့ရတယ္ဆိုၿပီး ဂ်ပန္ႏိုင္ငံအေျခစိုက္ အထည္ခ်ဳပ္စက္႐ုံတစ္႐ုံ ပိတ္သိမ္းသြားခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အလုပ္ရွင္အလုပ္သမားကိုယ္စားလွယ္ေတြ အြန္လိုင္းေဆြးေႏြးခန္းမွာလည္း ဒီကိစၥကို ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္က တင္ျပခဲ့ပါေသးတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဥပေဒနဲ႔မညီတဲ့ ဆႏၵျပမႈေတြကို အေရးယူမယ္လို႔ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။

BBC Burmese
----------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူတွေကို တစ်နှစ်တာ ထောက်ပံ့ရေး အစီအစဉ် သမ္မတ ပြော
ဓာတ်ပုံ မူပိုင် President Office
Image caption လူမှုဖူလုံရေးရန်ပုံငွေကနေ ကျပ် ၅၀ ဘီလျံကိုလည်း ကိုဗစ်-၁၉ ရန်ပုံငွေ ထူထောင်ရာမှာ ထည့်သွင်းမတည်ခဲ့

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ရသူ အလုပ်သမားတွေကို အကူညီပေးရေး သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကျရောက်တဲ့ အလုပ်သမားနေ့ ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။

ကပ်ရောဂါနဲ့ အထွေထွေရိုတ်ခတ်မှုကြောင့် ပိတ်သိမ်းသွားတဲ့ အလုပ်ဌာနတွေက လူမှုဖူလုံရေးအာမခံကြေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်တွေကို အလုပ်လက်မဲ့ဖြစ်တဲ့နေ့ကနေ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံသားပိုင် လက်ခစားအထည်ချုပ်စက်ရုံတွေ(CMP) လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေနဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ထုတ်ချေးဖို့ လူမှုဖူလုံရေးရန်ပုံငွေကနေ ကျပ် ၅၀ ဘီလျံကိုလည်း ကိုဗစ်-၁၉ ရန်ပုံငွေ ထူထောင်ရာမှာ ထည့်သွင်းမတည်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါရိုတ်ခတ်မှုကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ အခကအခဲအကြပ်အတည်းတွေကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေအားလုံး ပါဝင်ပြီး ကျော်လွှားနိုင်ရေး တုံ့ပြန်ဆောင်ရွက်ချိန်မှာ အလုပ်သမားတွေ တက်ကြွစွာ ပူးပေါင်းပါဝင်တာကိုလည်း သမ္မတက အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဂ္ဂိုလ်ရေး နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ဥပဒေနဲ့မညီတဲ့ ဆူပူဆန္ဒပြမှုတွေဖြစ်ဖို့ ဘေးကနေ သွေးထိုးလှုံ့ဆော်မှုတွေကို အထူးသတိပြုဖို့လိုအပ်မယ်လို့လည်း သမ္မတက သတိပေးပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အလုပ်သမားတချို့ စက်ရုံရှေ့ပိတ်ပြီးဆန္ဒပြလို့ အပ်ထည်တွေအချိန်မီမတင်ပို့နိုင်ခဲ့တာကြောင့် နစ်နာဆုံးရှုံးခဲ့ရတယ်ဆိုပြီး ဂျပန်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ရုံတစ်ရုံ ပိတ်သိမ်းသွားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်တွေ အွန်လိုင်းဆွေးနွေးခန်းမှာလည်း ဒီကိစ္စကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က တင်ပြခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေကို အရေးယူမယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52497541
ကိုဗစ္-၁၉ ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ရသူေတြကို တစ္ႏွစ္တာ ေထာက္ပံ့ေရး အစီအစဥ္ သမၼတ ေျပာ ကိုဗစ္-၁၉ ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ရသူေတြကို တစ္ႏွစ္တာ ေထာက္ပံ့ေရး အစီအစဥ္ သမၼတ ေျပာ Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.