ျမန္မာမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာတစ္ဦးထပ္ေတြ႕၊ ၁၅၁ ဦးရွိလာ

ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ကန႔္သတ္မႈေတြကို ေမလလယ္ထိ တိုးျမႇင့္ထားပါတယ္။
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ဗိုင္းရပ္စ္ အတည္ျပဳလူနာတစ္ဦး ထပ္တိုးလာတာေၾကာင့္ စုစုေပါင္း ၁၅၁ ဦးရွိလာၿပီျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ ေမလ ၁ ရက္၊ မနက္ ၇ နာရီ ထုတ္ျပန္ခ်က္အရ အသက္ ၂၅ ႏွစ္ အ႐ြယ္၊ အမ်ိဳးသမီးတစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိရၿပီး သူဟာ အတည္ျပဳလူနာနဲ႔ထိေတြ႕ျခင္းမရွိသလို ခရီးသြားရာဇဝင္လည္းမရွိဘူးလို႔ ေဖာ္ျပထားပါတယ္။

သူဟာ လူနာနံပါတ္ ၁၅၁ ျဖစ္လာၿပီး အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္မွာေနထိုင္သူျဖစ္ပါတယ္။ သူ႔ကို ေတာင္ဥကၠလာပအထူးေဆး႐ုံကို ပို႔ေဆာင္ ကုသမွာ ျဖစ္ပါတယ္။

လူနာနံပါတ္ ၁၅၁ ဟာ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ ထားရွိရာကေန ဓာတ္ခြဲစစ္ေဆးရာမွာ ပိုးေတြ႕အေျဖ ထြက္ခဲ့တာျဖစ္ပါတယ္။
ရန္ကုန္ကကို႐ိုနာအတည္ျပဳလူနာေတြရွိရာ ၿမိဳ႕နယ္မ်ားျပေျမပုံ
ဒီလူနာနဲ႔ဆို အင္းစိန္ၿမိဳ႕နယ္အတြင္း ကိုဗစ္အတည္ျပဳလူနာ ၂၄ ဦးရွိၿပီျဖစ္ၿပီး ရန္ကုန္ၿမိဳ႕မွာ လူနာအမ်ားဆုံးေတြ႕တဲ့ၿမိဳ႕နယ္လည္း ျဖစ္ပါတယ္။ အဲဒီထဲက အမ်ားစုဟာ ၈ မိုင္ဘာသာေရးပြဲနဲ႔ ဆက္ႏႊယ္ကူးစက္ခံရသူေတြျဖစ္ပါတယ္။

ျမန္မာမွာကိုဗစ္-၁၉ အတည္ျပဳလူနာ ၁၅၁ ဦး၊ ျပန္လည္က်န္းမာလာသူ ၂၈ ဦးအနက္ ေဆး႐ုံက ဆင္းခြင့္ရသူ ၁၇ ဦးနဲ႔ ေသဆုံးသူ ၆ ဦးရွိထားပါတယ္။

က်န္ လူနာ ၁၂၇ ဦးကို ေဆး႐ုံေတြမွာကုသေပးေနၿပီး အထူးၾကပ္မတ္ကုသေပးေနရသူ ၂ ဦးရွိေနပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
 မြန်မာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးထပ်တွေ့၊ ၁၅၁ ဦးရှိလာ

ကိုဗစ်-၁၉ ဗိုင်းရပ်စ် အတည်ပြုလူနာတစ်ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ၁၅၁ ဦးရှိလာပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၁ ရက်၊ မနက် ၇ နာရီ ထုတ်ပြန်ချက်အရ အသက် ၂၅ နှစ် အရွယ်၊ အမျိုးသမီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး သူဟာ အတည်ပြုလူနာနဲ့ထိတွေ့ခြင်းမရှိသလို ခရီးသွားရာဇဝင်လည်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

သူဟာ လူနာနံပါတ် ၁၅၁ ဖြစ်လာပြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။ သူ့ကို တောင်ဥက္ကလာပအထူးဆေးရုံကို ပို့ဆောင် ကုသမှာ ဖြစ်ပါတယ်။

လူနာနံပါတ် ၁၅၁ ဟာ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိရာကနေ ဓာတ်ခွဲစစ်ဆေးရာမှာ ပိုးတွေ့အဖြေ ထွက်ခဲ့တာဖြစ်ပါတယ်။

ဒီလူနာနဲ့ဆို အင်းစိန်မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးရှိပြီဖြစ်ပြီး ရန်ကုန်မြို့မှာ လူနာအများဆုံးတွေ့တဲ့မြို့နယ်လည်း ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ ၈ မိုင်ဘာသာရေးပွဲနဲ့ ဆက်နွှယ်ကူးစက်ခံရသူတွေဖြစ်ပါတယ်။

မြန်မာမှာကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၁ ဦး၊ ပြန်လည်ကျန်းမာလာသူ ၂၈ ဦးအနက် ဆေးရုံက ဆင်းခွင့်ရသူ ၁၇ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိထားပါတယ်။

ကျန် လူနာ ၁၂၇ ဦးကို ဆေးရုံတွေမှာကုသပေးနေပြီး အထူးကြပ်မတ်ကုသပေးနေရသူ ၂ ဦးရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52497541
ျမန္မာမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာတစ္ဦးထပ္ေတြ႕၊ ၁၅၁ ဦးရွိလာ  ျမန္မာမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာတစ္ဦးထပ္ေတြ႕၊ ၁၅၁ ဦးရွိလာ Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.