Oxford တကၠသုိလ္ကစမ္းသပ္ထားတဲ့ COVID-19 ကာကြယ္ေဆး အိႏၵိယကုမၸဏီ ထုတ္ဖုိ႔ျပင္ဆင္

COVID-19 ကာကြယ္ေဆးကို Oxford တကၠသိုလ္က ေဖာ္စပ္ထုတ္လုပ္ၿပီး ၿဗိတိန္နိုင္ငံမွာ လက္ရွိလူေတြနဲ႔ စမ္းသပ္ေန
(Zawgyi/Unicode)

COVID-19 ေရာဂါကာကြယ္ေဆး တမ်ိဳးကို တိရိစၧာန္ေတြနဲ႔ စမ္းသပ္တာ အလားအလာေကာင္းတဲ့ ရလဒ္ေတြရွိေနတာေၾကာင့္ အိႏၵိယ ေဆးကုမၸဏီတခုက ဒီေဆးကို လပိုင္းအတြင္း အေျမာက္အမ်ားထုတ္လုပ္သြားမယ္လို႔ ေျပာပါတယ္။ ဒီေဆးကို Oxford တကၠသိုလ္က ေဖာ္စပ္ထုတ္လုပ္ၿပီး ၿဗိတိန္နိုင္ငံမွာ လက္ရွိလူေတြနဲ႔ စမ္းသပ္ေနတာ ျဖစ္ပါတယ္။

ေအာင္ျမင္ဖို႔ အလားအလာ အမ်ားႀကီးရွိတဲ့ ဒီ COVID-19 ေရာဂါကာကြယ္ေဆးကို ကမၻာမွာ ကာကြယ္ေဆးေတြ အမ်ားဆုံးထုတ္လုပ္တဲ့ အိႏၵိယနိုင္ငံက Serum Institute ေဆးကုမၸဏီက ဒီႏွစ္ထဲ သန္း၆၀ အထိထုတ္လုပ္ဖို႔ စီစဥ္ေနတယ္လို႔ အဂၤါေန႔ကေျပာပါတယ္။

တကယ္တမ္း Covid-19 လူနာေတြကုသရာမွာ ထိေရာက္ မႈ ရွိ-မရွိကို သက္ေသမျပနိုင္ေသးေပမဲ့ တိရိစၧာန္ေတြနဲ႔ စမ္းသပ္တာေအာင္ျမင္ခဲ့ၿပီး လူေတြမွာ ဆက္ၿပီး စမ္းသပ္ေနတာ ေၾကာင့္ ဒီ “ChAdOx1 nCoV-19” လို႔ေခၚတဲ့ ကာကြယ္ေဆးကို စတင္ထုတ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔Serum Institute အမႈေဆာင္ အရာရွိခ်ဳပ္ Adar Poonawalla က ေျပာပါတယ္။

ၿပီးခဲ့တဲ့ လအတြင္း အေမရိကန္ျပည္ေထာင္စု Montana ျပည္နယ္Rocky Mountain အမ်ိဳးသားက်န္းမာေရး ဓါတ္ခြဲခန္းမွာ အၿမီးတို ဘာဘရီေမ်ာက္ ၆ ေကာင္ကို ဒီကာကြယ္ေဆး စမ္းသပ္ထိုးေပးခဲ့တယ္လို႔လည္း The New York Times သတင္းစာက ေျပာပါတယ္။ ကာကြယ္ေဆးထိုးေပးထားတဲ့ေမ်ာက္ေတြကို ကိုရိုနာဗိုင္းရပ္စ္ မ်ားမ်ားထိေတြ႕ေစၿပီး ေစာင့္ၾကည့္တာမွာ ၂၈ ရက္ေက်ာ္တဲ့ အထိ ဘာ ေရာဂါ လကၡဏာမွ မရွိပဲ က်န္းမာေနတာကို ေတြ႕ရတယ္လို႔ စမ္းသပ္မႈကိုဉီးေဆာင္သူ သုေတသနပညာရွင္ Vincent Munster ကို ကိုးကားၿပီး New York Times မွာေဖာ္ျပခဲ့တာပါ။

Oxford တကၠသိုလ္က အရည္အခ်င္းျပည့္မီတဲ့ သိပၸံပညာရွင္ေတြ စမ္းသပ္ေနတဲ့ ကာကြယ္ေဆးျဖစ္တဲ့အတြက္ အိႏၵိယ Serum Institute အေနနဲ႔ ဒီေဆးကို ထုတ္လုပ္ဖို႔ အျပည့္အဝယုံၾကည္ခ်က္ရွိပါတယ္လို႔ လည္းအမႈေဆာင္အရာရွိခ်ဳပ္ Adar Poonawalla က ရိုက္တာသတင္းဌာနကို ေျပာပါတယ္။

အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရိမ္ဒရာဟာ ဒီ ကာကြယ္ေဆး ထုတ္လုပ္ေရးမွာ အနီးကပ္ ပါဝင္ေနေၾကာင္း နဲ႔ ေဆး ထုတ္လုပ္မႈ ကုန္က်စရိတ္ေတြအတြက္ အစိုးရရဲ့ အကူအညီ ရဖို ေမၽွာ္လင့္ေၾကာင္းလည္း သူက ေျပာပါတယ္။ serum ကုမၸဏီ အေနနဲ႔ ကာကြယ္ေဆးတစ္လုံးရဲ့ ေဈးက ၁၅ ေဒၚလာေလာက္ ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

တကမၻာလုံးအတိုင္းအတာနဲ႔ COVID-19 ေရာဂါကာကြယ္ေဆး အမ်ိဳးေပါင္း ၁၀၀ ေလာက္စမ္းသပ္ ေနၾကၿပီး ဒီထဲက အနည္းဆုံး ၅ မ်ိဳးကို လူေတြနဲ႔ကနဦး စမ္းသပ္မႈေတြျပဳလုပ္ထားၿပီး ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------

Oxford တက္ကသိုလ်ကစမ်းသပ်ထားတဲ့ COVID-19 ကာကွယ်ဆေး အိန္ဒိယကုမ္ပဏီ ထုတ်ဖို့ပြင်ဆင်

(Unicode)

COVID-19 ရောဂါကာကွယ်ဆေး တမျိုးကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်တာ အလားအလာကောင်းတဲ့ ရလဒ်တွေရှိနေတာကြောင့် အိန္ဒိယ ဆေးကုမ္ပဏီတခုက ဒီဆေးကို လပိုင်းအတွင်း အမြောက်အများထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။ ဒီဆေးကို Oxford တက္ကသိုလ်က ဖော်စပ်ထုတ်လုပ်ပြီး ဗြိတိန်နိုင်ငံမှာ လက်ရှိလူတွေနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။

အောင်မြင်ဖို့ အလားအလာ အများကြီးရှိတဲ့ ဒီ COVID-19 ရောဂါကာကွယ်ဆေးကို ကမ္ဘာမှာ ကာကွယ်ဆေးတွေ အများဆုံးထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံက Serum Institute ဆေးကုမ္ပဏီက ဒီနှစ်ထဲ သန်း၆၀ အထိထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ အင်္ဂါနေ့ကပြောပါတယ်။

တကယ်တမ်း Covid-19 လူနာတွေကုသရာမှာ ထိရောက် မှု ရှိ-မရှိကို သက်သေမပြနိုင်သေးပေမဲ့ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်တာအောင်မြင်ခဲ့ပြီး လူတွေမှာ ဆက်ပြီး စမ်းသပ်နေတာ ကြောင့် ဒီ “ChAdOx1 nCoV-19” လို့ခေါ်တဲ့ ကာကွယ်ဆေးကို စတင်ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့Serum Institute အမှုဆောင် အရာရှိချုပ် Adar Poonawalla က ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်း အမေရိကန်ပြည်ထောင်စု Montana ပြည်နယ်Rocky Mountain အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်းမှာ အမြီးတို ဘာဘရီမျောက် ၆ ကောင်ကို ဒီကာကွယ်ဆေး စမ်းသပ်ထိုးပေးခဲ့တယ်လို့လည်း The New York Times သတင်းစာက ပြောပါတယ်။ ကာကွယ်ဆေးထိုးပေးထားတဲ့မျောက်တွေကို ကိုရိုနာဗိုင်းရပ်စ် များများထိတွေ့စေပြီး စောင့်ကြည့်တာမှာ ၂၈ ရက်ကျော်တဲ့ အထိ ဘာ ရောဂါ လက္ခဏာမှ မရှိပဲ ကျန်းမာနေတာကို တွေ့ရတယ်လို့ စမ်းသပ်မှုကိုဉီးဆောင်သူ သုတေသနပညာရှင် Vincent Munster ကို ကိုးကားပြီး New York Times မှာဖော်ပြခဲ့တာပါ။

Oxford တက္ကသိုလ်က အရည်အချင်းပြည့်မီတဲ့ သိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ ကာကွယ်ဆေးဖြစ်တဲ့အတွက် အိန္ဒိယ Serum Institute အနေနဲ့ ဒီဆေးကို ထုတ်လုပ်ဖို့ အပြည့်အဝယုံကြည်ချက်ရှိပါတယ်လို့ လည်းအမှုဆောင်အရာရှိချုပ် Adar Poonawalla က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရိမ်ဒရာဟာ ဒီ ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ အနီးကပ် ပါဝင်နေကြောင်း နဲ့ ဆေး ထုတ်လုပ်မှု ကုန်ကျစရိတ်တွေအတွက် အစိုးရရဲ့ အကူအညီ ရဖို မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။ serum ကုမ္ပဏီ အနေနဲ့ ကာကွယ်ဆေးတစ်လုံးရဲ့ ဈေးက ၁၅ ဒေါ်လာလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ရောဂါကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ လောက်စမ်းသပ် နေကြပြီး ဒီထဲက အနည်းဆုံး ၅ မျိုးကို လူတွေနဲ့ကနဦး စမ်းသပ်မှုတွေပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/oxford-vaccine-covid-19-/5399497.html
Oxford တကၠသုိလ္ကစမ္းသပ္ထားတဲ့ COVID-19 ကာကြယ္ေဆး အိႏၵိယကုမၸဏီ ထုတ္ဖုိ႔ျပင္ဆင္ Oxford တကၠသုိလ္ကစမ္းသပ္ထားတဲ့ COVID-19 ကာကြယ္ေဆး အိႏၵိယကုမၸဏီ ထုတ္ဖုိ႔ျပင္ဆင္ Reviewed by THITHTOOLWIN on 03:49 Rating: 5
Powered by Blogger.