ရေသ့ေတာင္ၿမိဳ႕နယ္တြင္ တပ္တြင္းမွ ေက်ာင္းဆရာမတစ္ဦး လက္ပစ္ဗံုးျဖင့္ အပစ္ခံရ၍ ေဆးရံုတင္ထားရ


(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေမ ၆/၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္တြင္ တပ္တြင္းမွ ေက်ာင္းဆရာမတစ္ဦး လက္ပစ္ဗံုးျဖင့္ အပစ္ခံရ၍ ဒဏ္ရာျပင္းထန္စြာရရွိခဲ့သျဖင့္ စစ္ေတြတြင္ ေဆးရံုတင္ထားရေၾကာင္း သတင္းရရွိသည္။

ဒဏ္ရာရရွိခဲ့သူ ေက်ာင္းဆရာမမွာ ေဒၚခ်ိဳဇင္ေအာင္(၂၈)ႏွစ္ျဖစ္ၿပီး ေမလ ၃ ရက္ေန႔ နံနက္က တပ္ရင္း (၅၃၇) အတြင္းတြင္ ဒဏ္ရာရရွိျခင္းျဖစ္သည္ဟု သိရွိရေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္မွ ပရဟိတ လုပ္ကိုင္ေနသူ ဦးေအးေမာင္က နိရဥၥရာသတင္းဌာနအား ေျပာသည္။

“လက္ပစ္ဗံုးနဲ႕ အပစ္ခံရတယ္လို႕လည္းၾကားရတယ္။ တိတိက်က်ေတာ့ ကာယကံရွင္ဘဲ သိပါလိမ့္မယ္။ ေျခႏွစ္ဖက္မွာ ဒဏ္ရာရသြားတယ္။ လက္ေတြလည္း နာသြားတယ္လုိ႔ၾကားတယ္။ သူ႔ကို မေန႔က စစ္ေတြၿမိဳ႕နယ္ ကုတင္ ၁၀၀ စစ္ေဆးရံုကို တင္ထားရတယ္။ ဒီေန႔ ညေန ရန္ကုန္ကို သယ္မယ္လို႔ၾကားတယ္”ဟု သူကေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရခိုင္ျပည္နယ္ ပညာေရးမွဴး ဦးဦးတင္သိန္းအား ဆက္သြယ္ ေမးျမန္းရာ ထူးျခားျဖစ္စဥ္ အျဖစ္တင္လာသျဖင့္ သက္ဆိုင္ရာသို႔ တင္ျပထားေၾကာင္းေျပာသည္။

“သူတို႔ထူးျခားျဖစ္စဥ္တင္တာမွာေတာ့ သူကတပ္မွာေနတာ။ ရြာတစ္ရြာမွာ တာဝန္က်ေနတဲ့ဆရာမ။ အဲဒီမွာ လက္ပစ္ဗံုးလို႔ပါတယ္။ လက္ပစ္ဗုံးနဲ႔ပစ္တယ္လို႔ပါတယ္။ ဘယ္သူဘယ္ဝါလုပ္တယ္လို႔မသိဘူး။ ျဖစ္တဲ့ ဧရိယာက တပ္ထဲမွာျဖစ္တာ။ ပညာေရးဌာနကဘာ လုပ္လို႔ရမလဲ။ ပညာေရးဝန္ထမ္းေတြ ေက်ာင္းသားေတြ ဒီထက္မကျဖစ္ၿပီးၿပီ။ ဘာလုပ္လို႔ရလို႔လဲ။ ျဖစ္တာေတာ့ ပညာေရးဝန္ထမ္းလည္းျဖစ္မွာပဲ ဘာမွမတတ္ႏိုင္ဘူး။ ကၽြန္ေတာ္ေတာင္ျဖစ္ခ်င္ ဒီလိုျဖစ္မွာ။ ဘာမွ မတတ္ႏိုင္ဘူး”ဟု ဦးဦးတင္သိန္းက ေျပာသည္။

ရေသ့ေတာင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအား ဆက္သြယ္ရာ ၄င္းက “အဲဒါဟုတ္တယ္။ အဲဒီကိစၥက ေၾကးနန္းတင္ထားတယ္။ အျပည့္စံုကို သိရေအာင္ရံုးကိုေမးလည္းရပါတယ္” ဟု ေျပာသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးသုိ႕ ဆက္လက္ ဆက္သြယ္ရာ တာဝန္ရွိသူ အရာရွိတစ္ဦးက “အဲဒါက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကကိုင္တာ။ ေၾကးနန္းတင္ထားတယ္ဆိုတာက ကၽြန္ေတာ့္ ဆရာပဲေျပာလို႔ရမယ္။ ကၽြန္ေတာ္က ေျပာပိုင္ခြင့္မရွိဘူး။ အဲဒါကျဖစ္တာ ဟုတ္တယ္။ သတင္းေတြေပၚမွာေတာ့ တတ္ေနတယ္။ ဒီကိစၥေတြက ၿမိဳ႕ေပၚရွိတဲ့လူေတြလည္း သိပ္မသိၾကဘူး။ တပ္ထဲမွာ ျဖစ္တာဆိုေတာ့ေလ တပ္နဲ႔ပဲဆိုင္တယ္။ ကၽြန္ေတာ္တို႕ အတိက်မသိဘူး”ဟု ၄င္းအရာရွိကေျပာသည္။

၄င္းကိစၥႏွင့္ပတ္သက္၍ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က အတည္ျပဳခ်က္ေပးရန္ ခက္ခဲေၾကာင္း၊ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တိတိက်က် မသိရွိေၾကာင္း ေျပာသည္။

၄င္းဆရာမ ခ်ိဳဇင္ေအာင္၏ သူငယ္ခ်င္းျဖစ္သူ အမည္မေဖာ္လိုသူ ပညာေရးဝန္ထမ္းတစ္ဦးက
“ ကၽြန္ေတာ္တို႔ သြားၾကည့္ေတာ့ အစစ္ေဆးမ်ားတာနဲ႔ ဝင္မေတြ႕ခဲ့ဘူး။ တျခားသူငယ္ခ်င္း ေက်ာင္းဆရာမေတြက ဝင္ေတြ႔တယ္။ သူတို႔ေျပာတာေတာ့ ေျခေထာက္ျဖတ္ရဖို႔ အေျခေနမရွိဘူးလို႔ ေျပာၾကတယ္။ သူ႕တြက္ စိတ္မေကာင္းျဖစ္ရပါတယ္။”ဟုေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တပ္ဘက္သို႕ တစ္စံုတစ္ရာ ေမးျမန္းႏိုင္ျခင္း မရွိသည့္ အတြက္ ျပစ္မႈက်ဴးလြန္သူ မည္သူ ျဖစ္သည္ကို နိရဥၥရာသတင္းဌာန အေနျဖင့္ ေမးျမန္းတင္ျပႏိုင္ျခင္း မရွိပါ။

RFA မွ ေဖာ္ျပေသာ သတင္းတြင္ ဆရာမ ေဒၚခ်ိဳဇင္ေအာင္ ေမလ ၃ ရက္ေန႔ မနက္ပိုင္းက ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ မိခင္ျဖစ္သူ အတြက္ ႏြားႏို႔ထြက္ဝယ္စဥ္တြင္ မိုင္းထိသြားသည့္ အတြက္ စစ္ေတြၿမိဳ႕က အမွတ္ ၁၇၊ ကုတင္ ၁၀၀ စစ္ေဆး႐ုံတြင္ ပို႔ေဆာင္ကုသေနရေၾကာင္း သတင္းေဖာ္ျပထားသည္။

အိမ္စိုးျဖဴ / Narinjara
---------------------------------
(Unicode)⤵⤵⤵
ရသေ့တောင်မြို့နယ်တွင် တပ်တွင်းမှ ကျောင်းဆရာမတစ်ဦး လက်ပစ်ဗုံးဖြင့် အပစ်ခံရ၍ ဆေးရုံတင်ထားရ

နိရဉ္စရာ၊ မေ ၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တပ်တွင်းမှ ကျောင်းဆရာမတစ်ဦး လက်ပစ်ဗုံးဖြင့် အပစ်ခံရ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် စစ်တွေတွင် ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိခဲ့သူ ကျောင်းဆရာမမှာ ဒေါ်ချိုဇင်အောင်(၂၈)နှစ်ဖြစ်ပြီး မေလ ၃ ရက်နေ့ နံနက်က တပ်ရင်း (၅၃၇) အတွင်းတွင် ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု သိရှိရကြောင်း ရသေ့တောင်မြို့နယ်မှ ပရဟိတ လုပ်ကိုင်နေသူ ဦးအေးမောင်က နိရဉ္စရာသတင်းဌာနအား ပြောသည်။

“လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်လို့လည်းကြားရတယ်။ တိတိကျကျတော့ ကာယကံရှင်ဘဲ သိပါလိမ့်မယ်။ ခြေနှစ်ဖက်မှာ ဒဏ်ရာရသွားတယ်။ လက်တွေလည်း နာသွားတယ်လို့ကြားတယ်။ သူ့ကို မနေ့က စစ်တွေမြို့နယ် ကုတင် ၁၀၀ စစ်ဆေးရုံကို တင်ထားရတယ်။ ဒီနေ့ ညနေ ရန်ကုန်ကို သယ်မယ်လို့ကြားတယ်”ဟု သူကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဦးတင်သိန်းအား ဆက်သွယ် မေးမြန်းရာ ထူးခြားဖြစ်စဉ် အဖြစ်တင်လာသဖြင့် သက်ဆိုင်ရာသို့ တင်ပြထားကြောင်းပြောသည်။

“သူတို့ထူးခြားဖြစ်စဉ်တင်တာမှာတော့ သူကတပ်မှာနေတာ။ ရွာတစ်ရွာမှာ တာဝန်ကျနေတဲ့ဆရာမ။ အဲဒီမှာ လက်ပစ်ဗုံးလို့ပါတယ်။ လက်ပစ်ဗုံးနဲ့ပစ်တယ်လို့ပါတယ်။ ဘယ်သူဘယ်ဝါလုပ်တယ်လို့မသိဘူး။ ဖြစ်တဲ့ ဧရိယာက တပ်ထဲမှာဖြစ်တာ။ ပညာရေးဌာနကဘာ လုပ်လို့ရမလဲ။ ပညာရေးဝန်ထမ်းတွေ ကျောင်းသားတွေ ဒီထက်မကဖြစ်ပြီးပြီ။ ဘာလုပ်လို့ရလို့လဲ။ ဖြစ်တာတော့ ပညာရေးဝန်ထမ်းလည်းဖြစ်မှာပဲ ဘာမှမတတ်နိုင်ဘူး။ ကျွန်တော်တောင်ဖြစ်ချင် ဒီလိုဖြစ်မှာ။ ဘာမှ မတတ်နိုင်ဘူး”ဟု ဦးဦးတင်သိန်းက ပြောသည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ ၎င်းက “အဲဒါဟုတ်တယ်။ အဲဒီကိစ္စက ကြေးနန်းတင်ထားတယ်။ အပြည့်စုံကို သိရအောင်ရုံးကိုမေးလည်းရပါတယ်” ဟု ပြောသည်။

ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်လက် ဆက်သွယ်ရာ တာဝန်ရှိသူ အရာရှိတစ်ဦးက “အဲဒါက မြို့နယ်အုပ်ချုပ်ရေးမှူးကကိုင်တာ။ ကြေးနန်းတင်ထားတယ်ဆိုတာက ကျွန်တော့် ဆရာပဲပြောလို့ရမယ်။ ကျွန်တော်က ပြောပိုင်ခွင့်မရှိဘူး။ အဲဒါကဖြစ်တာ ဟုတ်တယ်။ သတင်းတွေပေါ်မှာတော့ တတ်နေတယ်။ ဒီကိစ္စတွေက မြို့ပေါ်ရှိတဲ့လူတွေလည်း သိပ်မသိကြဘူး။ တပ်ထဲမှာ ဖြစ်တာဆိုတော့လေ တပ်နဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့ အတိကျမသိဘူး”ဟု ၎င်းအရာရှိကပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အတည်ပြုချက်ပေးရန် ခက်ခဲကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ တိတိကျကျ မသိရှိကြောင်း ပြောသည်။

၎င်းဆရာမ ချိုဇင်အောင်၏ သူငယ်ချင်းဖြစ်သူ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက
“ ကျွန်တော်တို့ သွားကြည့်တော့ အစစ်ဆေးများတာနဲ့ ဝင်မတွေ့ခဲ့ဘူး။ တခြားသူငယ်ချင်း ကျောင်းဆရာမတွေက ဝင်တွေ့တယ်။ သူတို့ပြောတာတော့ ခြေထောက်ဖြတ်ရဖို့ အခြေနေမရှိဘူးလို့ ပြောကြတယ်။ သူ့တွက် စိတ်မကောင်းဖြစ်ရပါတယ်။”ဟုပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်ဘက်သို့ တစ်စုံတစ်ရာ မေးမြန်းနိုင်ခြင်း မရှိသည့် အတွက် ပြစ်မှုကျူးလွန်သူ မည်သူ ဖြစ်သည်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

RFA မှ ဖော်ပြသော သတင်းတွင် ဆရာမ ဒေါ်ချိုဇင်အောင် မေလ ၃ ရက်နေ့ မနက်ပိုင်းက မော်တော်ဆိုင်ကယ်ဖြင့် မိခင်ဖြစ်သူ အတွက် နွားနို့ထွက်ဝယ်စဉ်တွင် မိုင်းထိသွားသည့် အတွက် စစ်တွေမြို့က အမှတ် ၁၇၊ ကုတင် ၁၀၀ စစ်ဆေးရုံတွင် ပို့ဆောင်ကုသနေရကြောင်း သတင်းဖော်ပြထားသည်။

အိမ်စိုးဖြူ / Narinjara
https://www.facebook.com/narinjara.info
ရေသ့ေတာင္ၿမိဳ႕နယ္တြင္ တပ္တြင္းမွ ေက်ာင္းဆရာမတစ္ဦး လက္ပစ္ဗံုးျဖင့္ အပစ္ခံရ၍ ေဆးရံုတင္ထားရ ရေသ့ေတာင္ၿမိဳ႕နယ္တြင္ တပ္တြင္းမွ ေက်ာင္းဆရာမတစ္ဦး လက္ပစ္ဗံုးျဖင့္ အပစ္ခံရ၍ ေဆးရံုတင္ထားရ Reviewed by THITHTOOLWIN on 05:33 Rating: 5
Powered by Blogger.