Frontier Myanmar မဂၢဇင္း အယ္ဒီတာနဲ႔ ဓာတ္ပုံသတင္းေထာက္ လူ႔အခြင့္အေရးသတင္းဆုရ


(Zawgyi)⤵⤵⤵
 ေဟာင္ေကာင္အေျခစိုက္ သတင္းအဖြဲ႕ေတြက ခ်ီးျမႇင့္တဲ့ ၂၀၂၀ ခုႏွစ္အတြက္ လူ႔အခြင့္အေရး သတင္းသမားဆုကို ေမလ ၆ရက္ေန႔က ထုတ္ျပန္ရာမွာ ျမန္မာႏိုင္ငံက Frontier Myanmar သတင္းဌာနရဲ႕ ေဆာင္းပါးရွင္ Thomas Kean နဲ႔ ဓာတ္ပုံသတင္းေထာက္ ခြန္လတ္တို႔ ရရွိသြားပါတယ္။

အခုေပးတဲ့ ဆုေတြဟာ အာရွတိုက္အတြင္းက လူ႔အခြင့္အေရးနဲ႔ပတ္သက္တဲ့သတင္းနဲ႔ သတင္းဓာတ္ပုံေတြ မွတ္တမ္း၊ ဗြီဒီယိုစသျဖင့္ ေရးသားသူ၊ ႐ိုက္ကူးသူေတြကို ခ်ီးျမႇင့္တဲ့ ဆုျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္အတြက္ ေပးတဲ့ဆုဟာ ၂၄ ႀကိမ္ေျမာက္ဆု ျဖစ္ပါတယ္။

ေဆာင္းပါးရွင္ Thomas Kean က ႐ိုဟင္ဂ်ာ ကေလးငယ္ေတြနဲ႔ပတ္သက္တဲ့ တရားမဝင္ဘဲေမြးဖြားလာသူ သူတို႔ဟာ သားေကာင္သာျဖစ္ၿပီး ရာဇဝတ္သားမဟုတ္ဆိုတဲ့ ေဆာင္းပါးကို ေရးသားသူျဖစ္ပါတယ္။ ဓာတ္ပုံသတင္းေထာက္ ခြန္လတ္ကေတာ့ ျမန္မာႏိုင္ငံက ေက်ာက္စိမ္းတူးေဖာ္ေရးနဲ႔ ပတ္သက္တဲ့ မွတ္တမ္းတင္ဓာတ္ပုံေတြ ႐ိုက္ကူးခဲ့သူျဖစ္ပါတယ္။

ဒီဆုကို ေဟာင္ေကာင္ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္း၊ ေဟာင္ေကာင္သတင္းသမားအဖြဲ႕နဲ႔ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ Amnesty International တို႔က ပူးေပါင္းၿပီး ႏွစ္စဥ္ခ်ီးျမႇင့္တာျဖစ္ပါတယ္။

RFA Burmese
------------------------------------
(Unicode)⤵⤵⤵
Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာနဲ့ ဓာတ်ပုံသတင်းထောက် လူ့အခွင့်အရေးသတင်းဆုရ

 ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့တွေက ချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ်အတွက် လူ့အခွင့်အရေး သတင်းသမားဆုကို မေလ ၆ရက်နေ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက Frontier Myanmar သတင်းဌာနရဲ့ ဆောင်းပါးရှင် Thomas Kean နဲ့ ဓာတ်ပုံသတင်းထောက် ခွန်လတ်တို့ ရရှိသွားပါတယ်။

အခုပေးတဲ့ ဆုတွေဟာ အာရှတိုက်အတွင်းက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့သတင်းနဲ့ သတင်းဓာတ်ပုံတွေ မှတ်တမ်း၊ ဗွီဒီယိုစသဖြင့် ရေးသားသူ၊ ရိုက်ကူးသူတွေကို ချီးမြှင့်တဲ့ ဆုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွက် ပေးတဲ့ဆုဟာ ၂၄ ကြိမ်မြောက်ဆု ဖြစ်ပါတယ်။

ဆောင်းပါးရှင် Thomas Kean က ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ပတ်သက်တဲ့ တရားမဝင်ဘဲမွေးဖွားလာသူ သူတို့ဟာ သားကောင်သာဖြစ်ပြီး ရာဇဝတ်သားမဟုတ်ဆိုတဲ့ ဆောင်းပါးကို ရေးသားသူဖြစ်ပါတယ်။ ဓာတ်ပုံသတင်းထောက် ခွန်လတ်ကတော့ မြန်မာနိုင်ငံက ကျောက်စိမ်းတူးဖော်ရေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။

ဒီဆုကို ဟောင်ကောင် နိုင်ငံခြားသတင်းထောက်များအသင်း၊ ဟောင်ကောင်သတင်းသမားအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International တို့က ပူးပေါင်းပြီး နှစ်စဉ်ချီးမြှင့်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Frontier Myanmar မဂၢဇင္း အယ္ဒီတာနဲ႔ ဓာတ္ပုံသတင္းေထာက္ လူ႔အခြင့္အေရးသတင္းဆုရ Frontier Myanmar မဂၢဇင္း အယ္ဒီတာနဲ႔ ဓာတ္ပုံသတင္းေထာက္ လူ႔အခြင့္အေရးသတင္းဆုရ Reviewed by THITHTOOLWIN on 05:33 Rating: 5
Powered by Blogger.