နယ္စပ္ကုန္သြယ္ေရးမွာ တရုတ္ရဲ႕တဖက္သတ္ စည္းကမ္းခ်က္ေတြေၾကာင့္ ျမန္မာကုန္သည္ေတြ နစ္နာ


(Zawgyi/Unicode)

COVID-19 ေရာဂါ ကာကြယ္ဖို႔ ျမန္မာ- တ႐ုတ္ နယ္စပ္ကုန္စည္ပို႔ေဆာင္ေရးမွာ တ႐ုတ္ဘက္က စည္းကမ္းခ်က္ေတြ၊ မူဝါဒေတြ အမ်ိဳးမ်ိဳး ေျပာင္းေနပါတယ္။ မၾကာခဏအေျပာင္းအလဲေတြျဖစ္လို႔ ကုန္စည္ပို႔ေဆာင္ေရးမွာ ျမန္မာဘက္က အခက္အခဲ ျဖစ္ရတယ္ဆိုတဲ့ သတင္းကို ကိုေဇာ္ထက္ တင္ဆက္ေပးမွာပါ။

ယူနန္အစိုးရဘက္က ျမန္မာနဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ မူဝါဒအမ်ိဳးမ်ိဳးေျပာင္းက်င့္သုံးတာေၾကာင့္ ျမန္မာ ကုန္သည္ေတြ၊ ကုန္စည္ပို႔ေဆာင္ေရးေတြ မၾကာခဏဆိုသလို ထိခိုက္နစ္နာေနတယ္လို႔ နယ္စပ္ ကုန္သြယ္ေရးမွာ ပါဝင္ပတ္သက္ သူေတြက ေျပာပါတယ္။

အခုဆိုရင္ ကခ်င္ျပည္နယ္ ကန္ပိုက္တီး နယ္စပ္ဂိတ္ကေန ယူနန္ျပည္နယ္ထဲ သြားမယ့္ ကုန္ကားေတြအတြက္ တင္းက်ပ္တဲ့ စည္းကမ္းေတြကို ထိန္ခ်ဳံးၿမိဳ႕ႏိုင္ငံတကာကုန္သည္မ်ားအသင္းက ထုတ္ျပန္လိုက္ပါတယ္။ ဒါက တ႐ုတ္အစိုးရက သူ႔ႏိုင္ငံတြင္း COVID-19 ကူးစက္တာကို ကာကြယ္ဖို႔ အဓိက လုပ္ေဆာင္ခ်က္တခုပါ။

ျပည္တြင္းက တ႐ုတ္စိုက္ပ်ိဳးေရးၿခံေတြမွာ ကုန္ေတြတင္ၿပီး တ႐ုတ္ႏိုင္ငံထဲအေရာက္ ပို႔ေဆာင္ေပးရမယ့္ ခရီးစဥ္အဆင့္အဆင့္တိုင္းမွာ ယာဥ္တစီးလုံး ပိုးသတ္တာ၊ ယာဥ္ေမာင္းေတြ အဝင္အထြက္ကို မွတ္တမ္းတင္တာ၊ ကိုယ္အပူခ်ိန္တာေတြလုပ္ရၿပီး ႏွာေခါင္းစည္းကို တခ်ိန္လုံးတပ္ဆင္ထားရမယ္လို႔ ထုတ္ျပန္ထားပါတယ္။ တေယာက္စီ သီးသန႔္စားဖို႔၊ အိပ္ဖို႔ အထိအေသးစိတ္ အခ်က္အလက္ေတြလည္း ပါဝင္ပါတယ္။

ယာဥ္ေမာင္းနဲ႔ ကုန္ကားကို မွတ္ပုံတင္ရၿပီး နယ္စပ္ျဖတ္ေက်ာ္လက္မွတ္နဲ႔ ယာဥ္ေမာင္းတေယာက္ပဲ တ႐ုတ္ျပည္ထဲ ဝင္ခြင့္ရမွာပါ။ အဲဒီယာဥ္ကိုလည္း ေျခရာခံစနစ္ GPS တပ္ဆင္ေပးမွာျဖစ္သလို ျမန္မာျပည္တြင္းေရာက္တဲ့အထိ အဲဒီ GPS ကို တပ္ဆင္ထားရမယ္လို႔ တ႐ုတ္ဘက္က ဖိအားေပးထားၿပီး GPS ေပ်ာက္ဆုံးပ်က္စီးရင္ တ႐ုတ္ျပည္ကုန္သြယ္ေရးဇုံ ဝင္ခြင့္ပိတ္ခံရမွာပါ။

အခုေနာက္ပိုင္း တ႐ုတ္ကုန္သည္ေတြဘက္က ျပည္တြင္းကုန္ကားကို ေ႐ြးခ်ယ္၊ ကုန္တင္ဖို႔အထိ ႀကိဳးစားလာလို႔ ျမန္မာကုန္ကားေတြရာနဲ႔ခ်ီ နစ္နာဖို႔ရွိေနပါတယ္။

“ က်ေနာ္တို႔ ျမန္မာျပည္ထဲက လုပ္ငန္းရွင္ေတြကို တေယာက္မွ မတိုင္ပင္ပဲ သူတို႔ဟာနဲ႔သူတို႔ ( ကုန္ကားေတြကို) ေ႐ြးသြားၿပီး ကားနံပတ္ေတြ ခ်လိုက္တယ္။ အဲဒီကားနံပတ္ေတြနဲ႔ ( ကုန္) တိုက္တယ္။ က်ေနာ္တို႔ ၿခံထဲမွာ သြားတင္ရင္ တ႐ုတ္ကုမၸဏီေတြက ထုတ္ျပန္လိုက္တဲ့ ကားနံပတ္ေတြ မဟုတ္ရင္ က်ေနာ္တို႔ ၿခံထဲကေန လွည့္ျပန္လာရတာရွိတယ္။ ဆီဖိုးေပးတာလည္းမရွိဘူး။”

ကန္ပိုက္တီး ယာဥ္ေမာင္းမ်ားအသင္းက ကိုထြန္းႏိုင္ ေျပာသြားတာပါ။ ဒီလို အလားတူကိစၥေတြကို ျပည္နယ္အစိုးရကိုလည္း တင္ျပ ထားေၾကာင္း သူကေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ကုန္သြယ္ေရးဇုန္မွာလည္း ယူနန္အစိုးရက စည္းကမ္းတခ်ိဳ႕ကို တင္းက်ပ္လိုက္လို႔ ကုန္စည္စီးဆင္းမႈ က်သြားေၾကာင္း မူဆယ္ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

“ သူတို႔ႏိုင္ငံထဲ ကူးလာမွာေၾကာက္လို႔ အမ်ိဳးမ်ိဳးတင္းက်ပ္တယ္၊ နယ္စပ္မ်ဥ္းတေလွ်ာက္မွာလည္း လုံၿခဳံေရးေတြခ်ၿပီး လူေတြ ကူးလို႔ မရေအာင္လုပ္တယ္၊ ကုန္ကားေတြကိုလည္း ဒါ႐ိုင္ဘာ အစားထိုးစနစ္နဲ႔ ေမာင္းခိုင္းတယ္၊ မ်ိဳးစုံေပါ့ သူတို႔ တင္းက်ပ္တယ္။ ဒါကေတာ့ သူတို႔က အင္အားႀကီးႏိုင္ငံဆိုၿပီးေတာ့ လုပ္ခ်င္တိုင္း လုပ္တဲ့ပုံစံျဖစ္ေနတယ္။ အဲဒီအတြက္ အမ်ားႀကီးနစ္နာတယ္။”

တ႐ုတ္ယူနန္ျပည္နယ္ဘက္မွာ COVID-19 ေရာဂါကို ေကာင္းေကာင္းထိန္းခ်ဳပ္ထားႏိုင္ခ်ိန္ ျမန္မာဘက္ ေရာဂါပိုးရွိသူေတြ ဝင္ေရာက္လာမွာ တ႐ုတ္အစိုးရက စိုးရိမ္ပုံရေၾကာင္း ကခ်င္ေဒသခံတခ်ိဳ႕ကေျပာပါတယ္။ အခု ယူနန္အစိုးရက ျမန္မာ- တ႐ုတ္နယ္စပ္ကို ၂လပိတ္ၿပီး၊ နယ္စပ္ျဖတ္ေက်ာ္သူ ဘယ္သူမဆို အေရးယူမယ္လို႔ ဒီရက္ပိုင္းအတြင္းက ေၾကညာၿပီး နယ္စပ္ဂိတ္ အမ်ားစုကို ပိတ္ထားပါတယ္။

ျမန္မာႏိုင္ငံက နယ္စပ္ကုန္သြယ္ေရးမွာ တ႐ုတ္ကို အဓိကအားထားေနရဆဲပါ။ ျမန္မာစီးပြားကူးသန္း ဝန္ႀကီးဌာန အခ်က္အလက္အရဆိုရင္ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္မွာ မူဆယ္နယ္စပ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈပမာဏက အေမရိကန္ေဒၚလာ သန္း ၅၀၀၀ ေလာက္ရွိပါတယ္။

ယူနန္အစိုးရက COVID-19 မျဖစ္ခင္ကလည္း နယ္စပ္ကုန္သြယ္ေရးကို လိုသလို ထိန္းေၾကာင္း ခ်ယ္လွယ္ေနေၾကာင္းလည္း ကုန္သည္ေတြက ေျပာပါတယ္။

 ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------

နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ရဲ့တဖက်သတ် စည်းကမ်းချက်တွေကြောင့် မြန်မာကုန်သည်တွေ နစ်နာ

(Unicode)

COVID-19 ရောဂါ ကာကွယ်ဖို့ မြန်မာ- တရုတ် နယ်စပ်ကုန်စည်ပို့ဆောင်ရေးမှာ တရုတ်ဘက်က စည်းကမ်းချက်တွေ၊ မူဝါဒတွေ အမျိုးမျိုး ပြောင်းနေပါတယ်။ မကြာခဏအပြောင်းအလဲတွေဖြစ်လို့ ကုန်စည်ပို့ဆောင်ရေးမှာ မြန်မာဘက်က အခက်အခဲ ဖြစ်ရတယ်ဆိုတဲ့ သတင်းကို ကိုဇော်ထက် တင်ဆက်ပေးမှာပါ။

ယူနန်အစိုးရဘက်က မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မူဝါဒအမျိုးမျိုးပြောင်းကျင့်သုံးတာကြောင့် မြန်မာ ကုန်သည်တွေ၊ ကုန်စည်ပို့ဆောင်ရေးတွေ မကြာခဏဆိုသလို ထိခိုက်နစ်နာနေတယ်လို့ နယ်စပ် ကုန်သွယ်ရေးမှာ ပါဝင်ပတ်သက် သူတွေက ပြောပါတယ်။

အခုဆိုရင် ကချင်ပြည်နယ် ကန်ပိုက်တည်း နယ်စပ်ဂိတ်ကနေ ယူနန်ပြည်နယ်ထဲ သွားမယ့် ကုန်ကားတွေအတွက် တင်းကျပ်တဲ့ စည်းကမ်းတွေကို ထိန်ချုံးမြို့နိုင်ငံတကာကုန်သည်များအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒါက တရုတ်အစိုးရက သူ့နိုင်ငံတွင်း COVID-19 ကူးစက်တာကို ကာကွယ်ဖို့ အဓိက လုပ်ဆောင်ချက်တခုပါ။

ပြည်တွင်းက တရုတ်စိုက်ပျိုးရေးခြံတွေမှာ ကုန်တွေတင်ပြီး တရုတ်နိုင်ငံထဲအရောက် ပို့ဆောင်ပေးရမယ့် ခရီးစဉ်အဆင့်အဆင့်တိုင်းမှာ ယာဉ်တစီးလုံး ပိုးသတ်တာ၊ ယာဉ်မောင်းတွေ အဝင်အထွက်ကို မှတ်တမ်းတင်တာ၊ ကိုယ်အပူချိန်တာတွေလုပ်ရပြီး နှာခေါင်းစည်းကို တချိန်လုံးတပ်ဆင်ထားရမယ်လို့ ထုတ်ပြန်ထားပါတယ်။ တယောက်စီ သီးသန့်စားဖို့၊ အိပ်ဖို့ အထိအသေးစိတ် အချက်အလက်တွေလည်း ပါဝင်ပါတယ်။

ယာဉ်မောင်းနဲ့ ကုန်ကားကို မှတ်ပုံတင်ရပြီး နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ယာဉ်မောင်းတယောက်ပဲ တရုတ်ပြည်ထဲ ဝင်ခွင့်ရမှာပါ။ အဲဒီယာဉ်ကိုလည်း ခြေရာခံစနစ် GPS တပ်ဆင်ပေးမှာဖြစ်သလို မြန်မာပြည်တွင်းရောက်တဲ့အထိ အဲဒီ GPS ကို တပ်ဆင်ထားရမယ်လို့ တရုတ်ဘက်က ဖိအားပေးထားပြီး GPS ပျောက်ဆုံးပျက်စီးရင် တရုတ်ပြည်ကုန်သွယ်ရေးဇုံ ဝင်ခွင့်ပိတ်ခံရမှာပါ။

အခုနောက်ပိုင်း တရုတ်ကုန်သည်တွေဘက်က ပြည်တွင်းကုန်ကားကို ရွေးချယ်၊ ကုန်တင်ဖို့အထိ ကြိုးစားလာလို့ မြန်မာကုန်ကားတွေရာနဲ့ချီ နစ်နာဖို့ရှိနေပါတယ်။

“ ကျနော်တို့ မြန်မာပြည်ထဲက လုပ်ငန်းရှင်တွေကို တယောက်မှ မတိုင်ပင်ပဲ သူတို့ဟာနဲ့သူတို့ ( ကုန်ကားတွေကို) ရွေးသွားပြီး ကားနံပတ်တွေ ချလိုက်တယ်။ အဲဒီကားနံပတ်တွေနဲ့ ( ကုန်) တိုက်တယ်။ ကျနော်တို့ ခြံထဲမှာ သွားတင်ရင် တရုတ်ကုမ္ပဏီတွေက ထုတ်ပြန်လိုက်တဲ့ ကားနံပတ်တွေ မဟုတ်ရင် ကျနော်တို့ ခြံထဲကနေ လှည့်ပြန်လာရတာရှိတယ်။ ဆီဖိုးပေးတာလည်းမရှိဘူး။”

ကန်ပိုက်တီး ယာဉ်မောင်းများအသင်းက ကိုထွန်းနိုင် ပြောသွားတာပါ။ ဒီလို အလားတူကိစ္စတွေကို ပြည်နယ်အစိုးရကိုလည်း တင်ပြ ထားကြောင်း သူကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်မှာလည်း ယူနန်အစိုးရက စည်းကမ်းတချို့ကို တင်းကျပ်လိုက်လို့ ကုန်စည်စီးဆင်းမှု ကျသွားကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“ သူတို့နိုင်ငံထဲ ကူးလာမှာကြောက်လို့ အမျိုးမျိုးတင်းကျပ်တယ်၊ နယ်စပ်မျဉ်းတလျှောက်မှာလည်း လုံခြုံရေးတွေချပြီး လူတွေ ကူးလို့ မရအောင်လုပ်တယ်၊ ကုန်ကားတွေကိုလည်း ဒါရိုင်ဘာ အစားထိုးစနစ်နဲ့ မောင်းခိုင်းတယ်၊ မျိုးစုံပေါ့ သူတို့ တင်းကျပ်တယ်။ ဒါကတော့ သူတို့က အင်အားကြီးနိုင်ငံဆိုပြီးတော့ လုပ်ချင်တိုင်း လုပ်တဲ့ပုံစံဖြစ်နေတယ်။ အဲဒီအတွက် အများကြီးနစ်နာတယ်။”

တရုတ်ယူနန်ပြည်နယ်ဘက်မှာ COVID-19 ရောဂါကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ချိန် မြန်မာဘက် ရောဂါပိုးရှိသူတွေ ဝင်ရောက်လာမှာ တရုတ်အစိုးရက စိုးရိမ်ပုံရကြောင်း ကချင်ဒေသခံတချို့ကပြောပါတယ်။ အခု ယူနန်အစိုးရက မြန်မာ- တရုတ်နယ်စပ်ကို ၂လပိတ်ပြီး၊ နယ်စပ်ဖြတ်ကျော်သူ ဘယ်သူမဆို အရေးယူမယ်လို့ ဒီရက်ပိုင်းအတွင်းက ကြေညာပြီး နယ်စပ်ဂိတ် အများစုကို ပိတ်ထားပါတယ်။

မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ကို အဓိကအားထားနေရဆဲပါ။ မြန်မာစီးပွားကူးသန်း ဝန်ကြီးဌာန အချက်အလက်အရဆိုရင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ မူဆယ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ လောက်ရှိပါတယ်။

ယူနန်အစိုးရက COVID-19 မဖြစ်ခင်ကလည်း နယ်စပ်ကုန်သွယ်ရေးကို လိုသလို ထိန်းကြောင်း ချယ်လှယ်နေကြောင်းလည်း ကုန်သည်တွေက ပြောပါတယ်။

 ဇော်ထက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-myanmar-border-trading-rule-/5408789.html
နယ္စပ္ကုန္သြယ္ေရးမွာ တရုတ္ရဲ႕တဖက္သတ္ စည္းကမ္းခ်က္ေတြေၾကာင့္ ျမန္မာကုန္သည္ေတြ နစ္နာ နယ္စပ္ကုန္သြယ္ေရးမွာ တရုတ္ရဲ႕တဖက္သတ္ စည္းကမ္းခ်က္ေတြေၾကာင့္ ျမန္မာကုန္သည္ေတြ နစ္နာ Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.