ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကန႔္သတ္ခ်က္ေလွ်ာ့တဲ့ေနရာတခ်ိဳ႕ ကူးစက္ခံရသူေတြတိုးလာ


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ မေန႔ည ၈ နာရီထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ႏွစ္ဦး ထပ္ေတြ႕ရတဲ့အတြက္ အတည္ျပဳလူနာ ၁၈၄ ေယာက္ရွိပါတယ္။ မြန္းတည့္ခ်ိန္ထိ ေစာင့္ၾကည့္လူနာအသစ္ ၇၆ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ေၾကညာပါတယ္။ မေလးရွားႏိုင္ငံက ျပန္လာသူေတြထဲက ဗိုင္းရပ္စ္ကူးစက္ခံရသူ သုံးဦး ထပ္မံေတြ႕ရွိရေၾကာင္း ဒီေန႔မနက္က ထုတ္ျပန္တာေၾကာင့္ ေရာဂါပိုးကူးစက္ခံရသူ စုစုေပါင္း ၁၈၇ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ကမာၻတဝန္းမွာေတာ့ ျမန္မာစံေတာ္ခ်ိန္ ဒီမနက္ကူးလို႔ နာရီဝက္အၾကာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့လူ ၄ သန္း ၇ သိန္းေက်ာ္ရွိၿပီး ၃ သိန္း ၁ ေသာင္းေက်ာ္ေသဆုံးရတယ္လို႔ WroldOMeter အင္တာနက္စာမ်က္ႏွာက ေဖာ္ျပပါတယ္။

ျမန္မာ့အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏႈန္းထိန္းဖို႔ သီတင္း ရွစ္ပတ္ေက်ာ္ၾကာ အသြားအလာ ကန႔္သတ္ၿပီးတဲ့ေနာက္ မၾကာခင္သီတင္းပတ္ေတြအတြင္း ကူးစက္ႏႉန္းေႏွးသြားတဲ့ အတြက္ ကန႔္သတ္ခ်က္ေတြ စတင္ေလ်ာ့ေပါ့ေပးလိုက္တာနဲ႔ ေဈးဝယ္ရတာႏွစ္သက္တဲ့ ထိုင္းျပည္သူေတြ ကုန္တိုက္ေတြကို မေန႔က အလု အယက္သြားၾကပါတယ္။ တႏိုင္ငံလုံး ကူးစက္ခံရသူ ၃၀၀၀ ေက်ာ္ရွိၿပီး ၅၆ ေယာက္ေသဆုံးရပါတယ္။ ကန႔္သတ္ခ်က္တခ်ိဳ႕ စတင္ေလွ်ာ့ေပါ့ေပးတဲ့ မေန႔က လူနာသစ္ ၃ ေယာက္ရွိပါတယ္။

အသြားအလာကန႔္သတ္ခ်က္ေလွ်ာ့ေပး႐ုံမို႔ ထိုင္းျပည္သူေတြဟာ အရင္တုန္းကလို လြတ္လြတ္လပ္လပ္ပုံစံမ်ိဳးနဲ႔ ကုန္တိုက္ေတြကို သြားလို႔မရေတာ့ပါဘူး၊ ဝင္ေပါက္တိုင္း ပိုးသတ္ေဆးသုံးရပါတယ္။ ကိုယ္အပူခ်ိန္လည္းတိုင္း၊ ဓာတ္ပုံလည္း အ႐ိုက္ခံရပါတယ္။
ကုန္တိုက္ဝန္ထမ္းေတြေရာ၊ ေဈးဝယ္လာသူေတြပါ ႏွာေခါင္းစည္း မစည္းမေနရ စည္းရၿပီး တေယာက္နဲ႔ တေယာက္ ေျခႏွစ္လွမ္းစာခြာေနရပါတယ္။ ေဈးဝယ္သူေတြဖုန္းမွာလည္း ေျခရာခံ စနစ္ထားရပါတယ္။

ထိုင္းႏိုင္ငံဟာ ဇြန္လကုန္ထိ ႏိုင္ငံတကာ ခရီးသည္ေတြလက္မခံေသးဘဲ တျခားကန႔္သတ္ခ်က္ေတြ ေလွ်ာ့ေပါ့ဖို႔ မဆုံးျဖတ္ခင္ ဗိုင္းရပ္စ္ကူးစက္ႏႉန္းကိုေစာင့္ၾကည့္မယ္လို႔ အစိုးရက ေၾကညာပါတယ္။

အိႏၵိယႏိုင္ငံမွာေတာ့ သင့္တင့္တဲ့ေလွ်ာ့ေပါ့ခ်က္ တခ်ိဳ႕သတ္မွတ္ၿပီး တႏိုင္ငံလုံးမွာ သတ္မွတ္ထားတဲ့ အသြား အလာ ကန႔္သတ္ခ်က္ကို ဒီလ ၃၁ ရက္ထိ ရက္တိုးလိုက္ပါတယ္။ ႐ုံးခ်ိန္ေတြကို အခ်ိန္ဇယားလႊဲထားၿပီး ဆိုင္ေတြလည္း လူဦးေရကန႔္သတ္ထားတာမို႔ တေယာက္ထြက္မွ တေယာက္ဝင္စနစ္ထားရွိပါတယ္။ တျပည္ နယ္ကတျပည္နယ္ ခရီးသြားလာခြင့္ရွိေပမဲ့ ေလေၾကာင္း၊ ရထား၊ ေက်ာင္း၊ ေကာလိပ္၊ ဘာသာေရး ဆိုင္ရာ ေနရာေတြ၊ ဟိုတယ္ေတြနဲ႔ အမ်ားစုေဝးရာေနရာေတြ ပိတ္ထားၿမဲပိတ္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ႏွစ္သစ္ကူးပြဲေတာ္ မက်င္းပႏိုင္ဘဲ၊ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံေတြ သၾကၤန္ပြဲေတာ္နဲ႔ႏွစ္သစ္ကူး ပြဲေတာ္မက်င္းပႏိုင္သလို ခရစ္ယာန္ဘာသာဝင္ေတြရဲ႕ အီစတာပြဲေတာ္လည္း လူစုလူေဝးနဲ႔ မက်င္းပႏိုင္ခဲ့ပါဘူး၊

ခုလည္း အစၥလမၼ္ဘာသာဝင္ေတြရဲ႕ ရာမန္ဒန္ဥပုသ္ကာလအတြင္း ေဆာ္ဒီအေရဗ်ႏိုင္ငံ မကၠာၿမိဳ႕က ဗလီဝတ္ေက်ာင္းေတာ္ႀကီးကို ႏွစ္ ၁၄၀၀ သမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ အမ်ားျပည္သူဝင္ေရာက္ခြင့္ ပိတ္ထားပါတယ္။

အီဂ်စ္ႏိုင္ငံမွာ ေမလ ၂၄ ရက္ကစလို႔ ေျခာက္ရက္ၾကာ ကန႔္သတ္ခ်က္ေတြ သတ္မွတ္ထားပါတယ္။ အမ်ား ျပည္သူပို႔ေဆာင္ေရးလုပ္ငန္း ပိတ္ထားမွာျဖစ္ၿပီး ည ၅ နာရီက မနက္ ၆ နာရီထိ ညမထြက္ရ အမိန႔္ခ်မွတ္ပါမယ္။ ဆိုင္ေတြ၊ စာေသာက္ဆိုင္ေတြ၊ ပင္လယ္ကမ္းေျခေတြ၊ ဥယ်ာဥ္ေတြလည္း ပိတ္ထားၿပီး အနည္းဆုံးေနာက္ သီတင္းႏွစ္ပတ္ထိ အသြားအလာကန႔္သတ္ထားပါမယ္။

အေမရိကန္ျပည္ေထာင္စု တက္ဆက္ျပည္နယ္မွာ လုပ္ငန္းေတြ ေမ ၁ ရက္က ျပန္ဖြင့္ေပးလိုက္လို႔ သီတင္း ႏွစ္ပတ္ေက်ာ္အၾကာ ေမ ၁၆ ရက္မွာ တေန႔တည္း လူ ၃၀ ေက်ာ္ေသဆုံးၿပီး ကူးစက္ လူနာသစ္ ၁၈၀၀ ေက်ာ္ ရွိပါတယ္။ အဲဒိတျပည္နယ္ထဲမွာတင္ လူ ၁၃၀၀ ေက်ာ္ေသဆုံးရပါတယ္။

မစ္ရွီဂန္ျပည္နယ္မွာဆိုလည္း လူ ၄၈၀၀ ေက်ာ္ေသဆုံးရပါတယ္။ ျမန္မာစံေတာ္ခ်ိန္ ဒီမနက္ကူးစမွာ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ လူ ၂၀၀ ေက်ာ္ထပ္ေသဆုံးရတဲ့အတြက္ လူ ကိုးေသာင္းေက်ာ္ ေသဆုံးသြားပါၿပီ။ ေသဆုံးသူဦးေရေရာ ကူးစက္ခံရသူဦးေရပါ ကမာၻမွာ အမ်ားဆုံးျဖစ္ၿပီး လူနာသစ္က ၇ ေထာင္ေက်ာ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရကခ်ည္း တသန္းခြဲေက်ာ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါဟာ ႏိုင္ငံအစိုးရေတြ ကို စမ္းသပ္တဲ့ သေဘာမ်ိဳးလည္း ျဖစ္ေနတာမို႔ အေမရိကန္မွာ လက္ရွိကိုင္တြယ္ေနပုံကို သမၼတ ထရမ့္နံမည္ထုတ္မေျပာဘဲ သမၼတေဟာင္း အိုဘားမားက ေဝဖန္ပါတယ္။

တခ်ိဳ႕ေခါင္းေဆာင္ေတြဟာ ဒီကပ္ေရာဂါအတြက္ ဟန္ေဆာင္ပန္ေဆာင္ တာဝန္ေတာင္မယူဘူးလို႔ တကၠသိုလ္နဲ႔ေကာလိပ္ေတြ အင္တာနက္ကက်င္းပတဲ့ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားမွာ အြန္လိုင္းကေျပာတဲ့ မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားသြားပါတယ္။

စမ္းစမ္းတင္ / RFA Burmese
-------------------------------

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်ချက်လျှော့တဲ့နေရာတချို့ ကူးစက်ခံရသူတွေတိုးလာ

မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်ဦး ထပ်တွေ့ရတဲ့အတွက် အတည်ပြုလူနာ ၁၈၄ ယောက်ရှိပါတယ်။ မွန်းတည့်ချိန်ထိ စောင့်ကြည့်လူနာအသစ် ၇၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာပါတယ်။ မလေးရှားနိုင်ငံက ပြန်လာသူတွေထဲက ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိရကြောင်း ဒီနေ့မနက်က ထုတ်ပြန်တာကြောင့် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာတော့ မြန်မာစံတော်ချိန် ဒီမနက်ကူးလို့ နာရီဝက်အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူ ၄ သန်း ၇ သိန်းကျော်ရှိပြီး ၃ သိန်း ၁ သောင်းကျော်သေဆုံးရတယ်လို့ WroldOMeter အင်တာနက်စာမျက်နှာက ဖော်ပြပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းထိန်းဖို့ သီတင်း ရှစ်ပတ်ကျော်ကြာ အသွားအလာ ကန့်သတ်ပြီးတဲ့နောက် မကြာခင်သီတင်းပတ်တွေအတွင်း ကူးစက်နှူန်းနှေးသွားတဲ့ အတွက် ကန့်သတ်ချက်တွေ စတင်လျော့ပေါ့ပေးလိုက်တာနဲ့ ဈေးဝယ်ရတာနှစ်သက်တဲ့ ထိုင်းပြည်သူတွေ ကုန်တိုက်တွေကို မနေ့က အလု အယက်သွားကြပါတယ်။ တနိုင်ငံလုံး ကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိပြီး ၅၆ ယောက်သေဆုံးရပါတယ်။ ကန့်သတ်ချက်တချို့ စတင်လျှော့ပေါ့ပေးတဲ့ မနေ့က လူနာသစ် ၃ ယောက်ရှိပါတယ်။

အသွားအလာကန့်သတ်ချက်လျှော့ပေးရုံမို့ ထိုင်းပြည်သူတွေဟာ အရင်တုန်းကလို လွတ်လွတ်လပ်လပ်ပုံစံမျိုးနဲ့ ကုန်တိုက်တွေကို သွားလို့မရတော့ပါဘူး၊ ဝင်ပေါက်တိုင်း ပိုးသတ်ဆေးသုံးရပါတယ်။ ကိုယ်အပူချိန်လည်းတိုင်း၊ ဓာတ်ပုံလည်း အရိုက်ခံရပါတယ်။
ကုန်တိုက်ဝန်ထမ်းတွေရော၊ ဈေးဝယ်လာသူတွေပါ နှာခေါင်းစည်း မစည်းမနေရ စည်းရပြီး တယောက်နဲ့ တယောက် ခြေနှစ်လှမ်းစာခွာနေရပါတယ်။ ဈေးဝယ်သူတွေဖုန်းမှာလည်း ခြေရာခံ စနစ်ထားရပါတယ်။

ထိုင်းနိုင်ငံဟာ ဇွန်လကုန်ထိ နိုင်ငံတကာ ခရီးသည်တွေလက်မခံသေးဘဲ တခြားကန့်သတ်ချက်တွေ လျှော့ပေါ့ဖို့ မဆုံးဖြတ်ခင် ဗိုင်းရပ်စ်ကူးစက်နှူန်းကိုစောင့်ကြည့်မယ်လို့ အစိုးရက ကြေညာပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ သင့်တင့်တဲ့လျှော့ပေါ့ချက် တချို့သတ်မှတ်ပြီး တနိုင်ငံလုံးမှာ သတ်မှတ်ထားတဲ့ အသွား အလာ ကန့်သတ်ချက်ကို ဒီလ ၃၁ ရက်ထိ ရက်တိုးလိုက်ပါတယ်။ ရုံးချိန်တွေကို အချိန်ဇယားလွှဲထားပြီး ဆိုင်တွေလည်း လူဦးရေကန့်သတ်ထားတာမို့ တယောက်ထွက်မှ တယောက်ဝင်စနစ်ထားရှိပါတယ်။ တပြည် နယ်ကတပြည်နယ် ခရီးသွားလာခွင့်ရှိပေမဲ့ လေကြောင်း၊ ရထား၊ ကျောင်း၊ ကောလိပ်၊ ဘာသာရေး ဆိုင်ရာ နေရာတွေ၊ ဟိုတယ်တွေနဲ့ အများစုဝေးရာနေရာတွေ ပိတ်ထားမြဲပိတ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော် မကျင်းပနိုင်ဘဲ၊ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေ သင်္ကြန်ပွဲတော်နဲ့နှစ်သစ်ကူး ပွဲတော်မကျင်းပနိုင်သလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်လည်း လူစုလူဝေးနဲ့ မကျင်းပနိုင်ခဲ့ပါဘူး၊

ခုလည်း အစ္စလမ္မ်ဘာသာဝင်တွေရဲ့ ရာမန်ဒန်ဥပုသ်ကာလအတွင်း ဆော်ဒီအရေဗျနိုင်ငံ မက္ကာမြို့က ဗလီဝတ်ကျောင်းတော်ကြီးကို နှစ် ၁၄၀၀ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အများပြည်သူဝင်ရောက်ခွင့် ပိတ်ထားပါတယ်။

အီဂျစ်နိုင်ငံမှာ မေလ ၂၄ ရက်ကစလို့ ခြောက်ရက်ကြာ ကန့်သတ်ချက်တွေ သတ်မှတ်ထားပါတယ်။ အများ ပြည်သူပို့ဆောင်ရေးလုပ်ငန်း ပိတ်ထားမှာဖြစ်ပြီး ည ၅ နာရီက မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ချမှတ်ပါမယ်။ ဆိုင်တွေ၊ စာသောက်ဆိုင်တွေ၊ ပင်လယ်ကမ်းခြေတွေ၊ ဥယျာဉ်တွေလည်း ပိတ်ထားပြီး အနည်းဆုံးနောက် သီတင်းနှစ်ပတ်ထိ အသွားအလာကန့်သတ်ထားပါမယ်။

အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ်မှာ လုပ်ငန်းတွေ မေ ၁ ရက်က ပြန်ဖွင့်ပေးလိုက်လို့ သီတင်း နှစ်ပတ်ကျော်အကြာ မေ ၁၆ ရက်မှာ တနေ့တည်း လူ ၃၀ ကျော်သေဆုံးပြီး ကူးစက် လူနာသစ် ၁၈၀၀ ကျော် ရှိပါတယ်။ အဲဒိတပြည်နယ်ထဲမှာတင် လူ ၁၃၀၀ ကျော်သေဆုံးရပါတယ်။

မစ်ရှီဂန်ပြည်နယ်မှာဆိုလည်း လူ ၄၈၀၀ ကျော်သေဆုံးရပါတယ်။ မြန်မာစံတော်ချိန် ဒီမနက်ကူးစမှာ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူ ၂၀၀ ကျော်ထပ်သေဆုံးရတဲ့အတွက် လူ ကိုးသောင်းကျော် သေဆုံးသွားပါပြီ။ သေဆုံးသူဦးရေရော ကူးစက်ခံရသူဦးရေပါ ကမ္ဘာမှာ အများဆုံးဖြစ်ပြီး လူနာသစ်က ၇ ထောင်ကျော်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေကချည်း တသန်းခွဲကျော်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ နိုင်ငံအစိုးရတွေ ကို စမ်းသပ်တဲ့ သဘောမျိုးလည်း ဖြစ်နေတာမို့ အမေရိကန်မှာ လက်ရှိကိုင်တွယ်နေပုံကို သမ္မတ ထရမ့်နံမည်ထုတ်မပြောဘဲ သမ္မတဟောင်း အိုဘားမားက ဝေဖန်ပါတယ်။

တချို့ခေါင်းဆောင်တွေဟာ ဒီကပ်ရောဂါအတွက် ဟန်ဆောင်ပန်ဆောင် တာဝန်တောင်မယူဘူးလို့ တက္ကသိုလ်နဲ့ကောလိပ်တွေ အင်တာနက်ကကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ အွန်လိုင်းကပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

စမ်းစမ်းတင် / RFA Burmese
https://www.rfa.org/burmese/program_2/corona-around-the-world-05182020012838.html
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကန႔္သတ္ခ်က္ေလွ်ာ့တဲ့ေနရာတခ်ိဳ႕ ကူးစက္ခံရသူေတြတိုးလာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကန႔္သတ္ခ်က္ေလွ်ာ့တဲ့ေနရာတခ်ိဳ႕ ကူးစက္ခံရသူေတြတိုးလာ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.