ဟိုပုံးကိုရင္ေလးေမြးေန႔ ထမ္ဆန္းေ႐ႊတိဂုံေစတီရင္ျပင္ကို လာေရာက္သူမ်ားျပား၍ လူစုလူေဝးျဖစ္ေပၚ


(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပုံးၿမိဳ႕နယ္အတြင္းကထမ္ဆန္းေ႐ႊတိဂုံေစတီေတာ္ရင္ျပင္မွာ ဟိုပုံးကိုရင္ေလး ေမြးေန႔ပြဲအတြက္ လာေရာက္သူမ်ားလို႔ လူစုလူေဝးျဖစ္ေပၚခဲ့ပါတယ္။

ဒီကေန႔ ေမ(၁၇)ရက္မွာက်ေရာက္တဲ့ဟိုပုံး ကိုရင္ေလးရဲ႕သက္ေတာ္(၄၆)ႏွစ္ျပည့္ ဝိဇာတေမြးေန႔မဂၤလာအတြက္ ရပ္ေဝးရပ္နီးက ယာဥ္ႀကီး၊ယာဥ္ငယ္အသီးသီးနဲ႔ လာေရာက္သူေတြမ်ားျပားခဲ့တာပါ။

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕အေနနဲ႔ ဟိုပုံးကိုယ္ရင္ေလးရဲ႕သက္ေတာ္(၄၆)ႏွစ္ ျပည့္ေမြးေန႔အတြက္ အစီအစဥ္ေတြကို ႀကိဳတင္သိရွိထားတာ မရွိဘူးလို႔ဆိုပါတယ္။

COVID19ကမာၻ႔ကပ္ေရာဂါကာလမွာ လူစုလူေဝးျဖစ္ေပၚႏိုင္တဲ့ပြဲေတြ မလုပ္ဖို႔ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ကအမိန႔္ထုတ္ထားၿပီး ပြဲက်င္းပဖို႔ခြင့္မိန႔္မေပးထားဘူးလို႔ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီး ဥကၠဌ ခြန္စံလြင္က ေျပာပါတယ္။
“ကြၽန္ေတာ္တို႔လည္း သူမ်ားေျပာေနလို႔ သြားေမးေနတယ္။ ကြၽန္ေတာ္တို႔လည္း အခုမွ သိတာ။ပြဲမိန႔္ေတာင္းရင္ေတာင္ ကြၽန္ေတာ္တို႔ ေပးလို႔မွ မရတာ။ဒီကာလမွာ ။ ဒါကေတာ့ သူ႔သေဘာနဲ႔ သူလုပ္ေနတာပါ”လို႔ ခြန္စံလြင္က ေျပာပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ဟိုပုံးကိုရင္ေလးေက်ာင္းမွတာဝန္ရွိသူေတြကိုဆက္သြယ္ေမးျမန္းခဲ့ေပမယ့္အဆက္အသြယ္မရခဲ့ပါဘူး။
ၿပီးခဲ့တဲ့ မတ္ အတြင္းကလည္း ထမ့္ဆန္းေ႐ႊတိဂုံရင္ျပင္မွာ အိုးစည္တစ္ေထာင္ပြဲေတာ္ကို (၃)ရက္ၾကာ စည္ကားသိုက္ၿမိဳက္စြာက်င္းပခဲ့ဖူးတယ္လို႔သိရပါတယ္။

သတင္း - One News Myanmar
----------------------------------

(Unicode)⤵⤵⤵
ဟိုပုံးကိုရင်လေးမွေးနေ့ ထမ်ဆန်းရွှေတိဂုံစေတီရင်ပြင်ကို လာရောက်သူများပြား၍ လူစုလူဝေးဖြစ်ပေါ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းကထမ်ဆန်းရွှေတိဂုံစေတီတော်ရင်ပြင်မှာ ဟိုပုံးကိုရင်လေး မွေးနေ့ပွဲအတွက် လာရောက်သူများလို့ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ မေ(၁၇)ရက်မှာကျရောက်တဲ့ဟိုပုံး ကိုရင်လေးရဲ့သက်တော်(၄၆)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအတွက် ရပ်ဝေးရပ်နီးက ယာဉ်ကြီး၊ယာဉ်ငယ်အသီးသီးနဲ့ လာရောက်သူတွေများပြားခဲ့တာပါ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အနေနဲ့ ဟိုပုံးကိုယ်ရင်လေးရဲ့သက်တော်(၄၆)နှစ် ပြည့်မွေးနေ့အတွက် အစီအစဉ်တွေကို ကြိုတင်သိရှိထားတာ မရှိဘူးလို့ဆိုပါတယ်။

COVID19ကမ္ဘာ့ကပ်ရောဂါကာလမှာ လူစုလူဝေးဖြစ်ပေါ်နိုင်တဲ့ပွဲတွေ မလုပ်ဖို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကအမိန့်ထုတ်ထားပြီး ပွဲကျင်းပဖို့ခွင့်မိန့်မပေးထားဘူးလို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ခွန်စံလွင်က ပြောပါတယ်။
“ကျွန်တော်တို့လည်း သူများပြောနေလို့ သွားမေးနေတယ်။ ကျွန်တော်တို့လည်း အခုမှ သိတာ။ပွဲမိန့်တောင်းရင်တောင် ကျွန်တော်တို့ ပေးလို့မှ မရတာ။ဒီကာလမှာ ။ ဒါကတော့ သူ့သဘောနဲ့ သူလုပ်နေတာပါ”လို့ ခွန်စံလွင်က ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဟိုပုံးကိုရင်လေးကျောင်းမှတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်အဆက်အသွယ်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ် အတွင်းကလည်း ထမ့်ဆန်းရွှေတိဂုံရင်ပြင်မှာ အိုးစည်တစ်ထောင်ပွဲတော်ကို (၃)ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ဖူးတယ်လို့သိရပါတယ်။

သတင်း - One News Myanmar
https://www.facebook.com/onenewsmyan
ဟိုပုံးကိုရင္ေလးေမြးေန႔ ထမ္ဆန္းေ႐ႊတိဂုံေစတီရင္ျပင္ကို လာေရာက္သူမ်ားျပား၍ လူစုလူေဝးျဖစ္ေပၚ ဟိုပုံးကိုရင္ေလးေမြးေန႔ ထမ္ဆန္းေ႐ႊတိဂုံေစတီရင္ျပင္ကို လာေရာက္သူမ်ားျပား၍ လူစုလူေဝးျဖစ္ေပၚ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.