က်န္းမာေရးဝန္ႀကီးဌာန “ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒၾကမ္း" လႊတ္ေတာ္မွာတင္သြင္း


(Zawgyi)⤵⤵⤵
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက “ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပ‌ေဒၾကမ္း” ကို ဒီကေန႔ စတင္ဖြင့္လွစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ တင္သြင္းလိုက္ပါတယ္။

ကူးစက္ေရာဂါအမ်ိဳးမ်ိဳးကို ကာကြယ္ႏွိမ္နင္းေရးအတြက္ ဥပေဒေတြ အရင္က ျပဌာန္းခဲ့တာရွိေပမယ့္ ကပ္ေရာဂါ အသစ္ျဖစ္တဲ့၊ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ထိေရာက္တဲ့ ဥပေဒမရွိေသးတာေၾကာင့္ အခုလို အသစ္ျပဌာန္းဖို႔ ေဆာင္႐ြက္ခဲ့တာလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ဒီဥပေဒကို အတည္ျပဳႏိုင္ရင္၊ ကပ္ေရာဂါအသြင္ ကူးစက္ေရာဂါျပန႔္ပြားမူကို ကာကြယ္၊ ထိန္းခ်ဳပ္ ကုသေရးနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး ႏွစ္ခုစလုံးမွာ ပိုမိုထိေရာက္လာမယ္လို႔ လႊတ္ေတာ္မွာ တင္ျပခဲ့ပါတယ္။

"ကူးစက္ေရာဂါ ျဖစ္ပြားပ်ံ႕ႏွံ႔မူနဲ႔ ကူးစက္ေရာဂါ ကပ္အသြင္ျဖစ္ပြားမႈကို လ်င္ျမန္စြာ ထိန္းခ်ဳပ္ ေဆာင္႐ြက္ႏိုင္ျခင္း ၊ (၂) ကူးစက္ေရာဂါနဲ႔ ကူးစက္ျမန္ေရာဂါမ်ား ျဖစ္ပြားလာပါက လိုအပ္ေသာ စုံစမ္းစစ္ေဆးျခင္း၊ ေစာင့္ၾကပ္ၾကည့္ရႈစစ္ေဆးျခင္း၊ တုံ႔ျပန္ေဆာင္႐ြက္ျခင္းနဲ႔ ေရာဂါထိန္းခ်ဳပ္တဲ့ လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အဆင္ေျပေခ်ာေမြ႕ျခင္းနဲ႔ စီမံေဆာင္႐ြက္ျခင္း၊ (၃) အျပည္ျပည္ဆိုင္ရာ ျပည္သူ႔က်န္းမာေရး အေရးေပၚ အေျခအေနျဖစ္ပြားလာပါက ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား သက္ဆိုင္ရာ ဌာနအဖြဲ႕အစည္းမ်ားနဲ႔ ေပါင္းစပ္ညႇိႏႈိင္းရာတြင္ ပိုမိုထိေရာက္ႏိုင္ျခင္းတို႔ေၾကာင့္ ျပည္သူလူထုရဲ႕ က်န္းမာေရး အဆင့္အတန္းလည္း ပိုမိုျမင့္မားလာကာ ကူးစက္ေရာဂါျဖစ္ပြားမူမ်ား က်ဆင္းသြားႏိုင္မည္ ျဖစ္ပါသည္။"

NLD ပါတီ၊ ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီဝင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ေဝၿဖိဳးေအာင္ကလည္း ဒီဥပေဒကို လႊတ္ေတာ္က အတည္ျပဳေပးဖို႔ ေထာက္ခံေဆြးေႏြးခဲ့ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ က်န္းမာေရးနဲ႔ အားကစားဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီ ဥကၠ႒ ေဒါက္တာ စံေ႐ႊဝင္းက ဒီဥပေဒက ကပ္ေရာဂါအသစ္ျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ (Covid 19) လို ကပ္ေရာဂါကို၊ ကာကြယ္ထိန္းခ်ဳပ္ဖို႔ အမ်ားႀကီး အေထာက္အကူျပဳႏိုင္မယ္လို႔ ေျပာပါတယ္။

"ခုျဖစ္ေပၚေနတဲ့ Covid  နဲ႔ ပတ္သက္ၿပီးေတာ့ Control Measure တို႔ Containment Measure တို႔ကလည္း အရင္တုန္းက ဥပေဒမွာ မပါခဲ့ပါဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ ေရာဂါျခင္းမတူဘူး၊ ေနာက္တစ္ခုက Covid 19 ေရာဂါက အခုမွျဖစ္လာတဲ့ ကိစၥျဖစ္တဲ့အတြက္ေၾကာင့္ လက္ရွိ ဥပေဒထဲမွာလည္း ထဲထဲဝင္ဝင္ ပါတာေတြ မရွိပါဘူး။ ဒီအခ်က္ သုံးခ်က္အေပၚ မူတည္ၿပီးေတာ့ ခုအသစ္ေရးဆြဲခဲ့တဲ့ ကူးစက္ေရာဂါ ႏွိမ္ႏွင္းေရးဥပေဒဟာ တျခားေရာဂါေတြကိုသာမက Covid ေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရး အတြက္ကိုလည္း အမ်ားႀကီး အေထာက္အကူျပဳမွာ ျဖစ္ပါတယ္။"

ဒီဥပေဒကို မၾကာခင္ အတည္ျပဳႏိုင္ဖို႔ အေျခအေနရွိတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

တစ္ဆက္တည္းမွာပဲ ေဒါက္တာ စံေ႐ႊဝင္းက ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ဥပေဒမလိုက္နာရင္ ျပစ္မႈ ျပစ္ဒဏ္နဲ႔ ဆိုင္တဲ့ အခ်က္ေတြ အေသးစိတ္ပါဝင္တဲ့အတြက္ ထိေရာက္မူရွိမယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

"ဒီထဲမွာေတာ့ ဥပေဒနဲ႔ ပတ္သက္ၿပီးေတာ့ ျပစ္မႈပိုင္းဆိုင္ရာ ျပင္ဆင္မႈေတြလည္း အမ်ားႀကီး လုပ္ထားပါတယ္။ အရင္တုန္းကဆိုရင္ ႏွစ္ခုေလာက္ပဲ ရွိတာေပါ့ေလ။ ဒဏ္ေငြက နည္းနည္းပဲရွိတယ္။ ေထာင္ဒဏ္ေလး ကလည္း နည္းနည္းပဲရွိတယ္ဆိုေတာ့ လူေတြက ဂ႐ုမစိုက္ၾကတာလည္း ပါတယ္။ ခုက ဒီထက္ အမ်ားႀကီး မ်ားပါၿပီ ။ အမ်ားႀကီး မ်ားတာျဖစ္တဲ့အျပင္ အမ်ားႀကီးလည္း က်ယ္ျပန႔္လာတာျဖစ္တဲ့အတြက္ ထိန္းခ်ဳပ္တဲ့အခါမွာ အမ်ားႀကီး အက်ိဳးေက်းဇူးရွိလာလိမ့္မယ္ အမ်ားႀကီး ထိေရာက္လာလိမ့္မယ္လို႔ ျမင္ပါတယ္။"

ဒီကေန႔ကစၿပီး ႏွစ္ပတ္ၾကာ က်င္းပဖို႔ရွိတဲ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးေတြမွာ၊ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ က်န္းမာေရး၊ စီးပြားေရးနဲ႔ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးဆြဲေရး ဥပေဒၾကမ္းကိစၥ၊ က်န္းမာေရးအတြက္ ကမာၻ႔ဘဏ္ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအဖြဲ႕ IDA ကေန၊ အေမရိကန္ေဒၚလာ သန္း ၅၀ ေခ်းယူမယ့္ ကိစၥေတြနဲ႔ ပတ္သက္ၿပီး အဓိက ေဆြးေႏြးခဲ့ၾကပါတယ္။

၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ ျပည္ေထာင္စုရဲ႕ ေနာက္ထပ္ ဘ႑ာေငြ ခြဲေဝသုံးစြဲေရး ဥပေဒၾကမ္းကို၊ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ျပရာမွာ၊ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လိုအပ္လာတဲ့ ေငြေၾကးေတြအတြက္ ဝန္ႀကီးဌာနေတြအတြက္ ခြင့္ျပဳခဲ့တာေတြ ရွိတယ္လို႔ ေျပာပါတယ္။

လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးကလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမူေၾကာင့္ ေျပာင္းလဲသြားတဲ့ အေျခအေနနဲ႔လိုက္ၿပီး ဘ႑ေငြ အသုံးျပဳဖို႔ လိုအပ္လာတယ္လို႔ ေျပာပါတယ္။

တစ္ဆက္တည္းမွာပဲ သမၼတက ေပးပိုတဲ့ က်န္းမာေရးဆိုင္ရာ တုံ႔ျပန္မူ အေရးေပၚ စီမံခ်က္ အေကာင္အထည္ေဖာ္ဖို႔ ကမာၻ႔ဘဏ္ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအဖြဲ႕ IDA ကေန အေမရိကန္ေဒၚလာ သန္း ၅၀ ေခ်းယူမယ့္ကိစၥအေပၚ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒုတိယဝန္ႀကီး ရွင္းလင္းတင္ျပခဲ့ပါတယ္။

ဒုတိယဝန္ႀကီး ေဒါက္တာ ျမေလးစိန္က ကို႐ိုနာဗိုင္းရပ္စ္ ( Covid 19 ) အေရးေပၚတုံ႔ျပန္ေရး စီမံခ်က္ကို ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလကေန ၂၀၂၂ ခုႏွစ္ မတ္လအထိ၊ သတ္မွတ္ထားၿပီး အေမရိကန္ေဒၚလာ သန္း ၅၀ အသုံးျပဳမယ့္ စီမံခ်က္ကို ရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္ သမၼတက ေပးပို႔တဲ့ တိုင္းျပည္ရဲ႕ လိုေငြကို ျဖည့္ဆည္းဖို႔၊ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ထံကေန၊ အေမရိကန္ေဒၚလာ သန္း ၇၀၀ ေခ်းယူဖို႔နဲ႔ ပတ္သက္ၿပီးေတာ့လည္း သက္ဆိုင္ရာ အစိုးရဝန္ႀကီးဌာနေတြက လႊတ္ေတာ္ကို တင္ျပခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေရာဂါကာလအတြင္း က်င္းပတဲ့ ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးကို လႊတ္ေတာ္ ကိုယ္စားလွယ္ စုစုေပါင္း ၅၇၇ ဦး တက္ေရာက္ၿပီး၊ ၇၅ ဦး ခြင့္တိုင္ၾကားထားပါတယ္။

သီဟထြန္း / RFA Burmese
---------------------------------

(Unicode)⤵⤵⤵
ကျန်းမာရေးဝန်ကြီးဌာန “ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း" လွှတ်တော်မှာတင်သွင်း

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက “ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပ‌ဒေကြမ်း” ကို ဒီကနေ့ စတင်ဖွင့်လှစ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

ကူးစက်ရောဂါအမျိုးမျိုးကို ကာကွယ်နှိမ်နင်းရေးအတွက် ဥပဒေတွေ အရင်က ပြဌာန်းခဲ့တာရှိပေမယ့် ကပ်ရောဂါ အသစ်ဖြစ်တဲ့၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဥပဒေမရှိသေးတာကြောင့် အခုလို အသစ်ပြဌာန်းဖို့ ဆောင်ရွက်ခဲ့တာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဒီဥပဒေကို အတည်ပြုနိုင်ရင်၊ ကပ်ရောဂါအသွင် ကူးစက်ရောဂါပြန့်ပွားမူကို ကာကွယ်၊ ထိန်းချုပ် ကုသရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး နှစ်ခုစလုံးမှာ ပိုမိုထိရောက်လာမယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကူးစက်ရောဂါ ဖြစ်ပွားပျံ့နှံ့မူနဲ့ ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုကို လျင်မြန်စွာ ထိန်းချုပ် ဆောင်ရွက်နိုင်ခြင်း ၊ (၂) ကူးစက်ရောဂါနဲ့ ကူးစက်မြန်ရောဂါများ ဖြစ်ပွားလာပါက လိုအပ်သော စုံစမ်းစစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ ရောဂါထိန်းချုပ်တဲ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ခြင်းနဲ့ စီမံဆောင်ရွက်ခြင်း၊ (၃) အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်ပွားလာပါက နိုင်ငံတကာအဖွဲ့အစည်းများ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းရာတွင် ပိုမိုထိရောက်နိုင်ခြင်းတို့ကြောင့် ပြည်သူလူထုရဲ့ ကျန်းမာရေး အဆင့်အတန်းလည်း ပိုမိုမြင့်မားလာကာ ကူးစက်ရောဂါဖြစ်ပွားမူများ ကျဆင်းသွားနိုင်မည် ဖြစ်ပါသည်။"

NLD ပါတီ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝေဖြိုးအောင်ကလည်း ဒီဥပဒေကို လွှတ်တော်က အတည်ပြုပေးဖို့ ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းက ဒီဥပဒေက ကပ်ရောဂါအသစ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid 19) လို ကပ်ရောဂါကို၊ ကာကွယ်ထိန်းချုပ်ဖို့ အများကြီး အထောက်အကူပြုနိုင်မယ်လို့ ပြောပါတယ်။

"ခုဖြစ်ပေါ်နေတဲ့ Covid  နဲ့ ပတ်သက်ပြီးတော့ Control Measure တို့ Containment Measure တို့ကလည်း အရင်တုန်းက ဥပဒေမှာ မပါခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရောဂါခြင်းမတူဘူး၊ နောက်တစ်ခုက Covid 19 ရောဂါက အခုမှဖြစ်လာတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် လက်ရှိ ဥပဒေထဲမှာလည်း ထဲထဲဝင်ဝင် ပါတာတွေ မရှိပါဘူး။ ဒီအချက် သုံးချက်အပေါ် မူတည်ပြီးတော့ ခုအသစ်ရေးဆွဲခဲ့တဲ့ ကူးစက်ရောဂါ နှိမ်နှင်းရေးဥပဒေဟာ တခြားရောဂါတွေကိုသာမက Covid ရောဂါ ကာကွယ်နှိမ်နှင်းရေး အတွက်ကိုလည်း အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။"

ဒီဥပဒေကို မကြာခင် အတည်ပြုနိုင်ဖို့ အခြေအနေရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ဒေါက်တာ စံရွှေဝင်းက ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဥပဒေမလိုက်နာရင် ပြစ်မှု ပြစ်ဒဏ်နဲ့ ဆိုင်တဲ့ အချက်တွေ အသေးစိတ်ပါဝင်တဲ့အတွက် ထိရောက်မူရှိမယ်လို့ ယူဆကြောင်း ပြောပါတယ်။

"ဒီထဲမှာတော့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြစ်မှုပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ထားပါတယ်။ အရင်တုန်းကဆိုရင် နှစ်ခုလောက်ပဲ ရှိတာပေါ့လေ။ ဒဏ်ငွေက နည်းနည်းပဲရှိတယ်။ ထောင်ဒဏ်လေး ကလည်း နည်းနည်းပဲရှိတယ်ဆိုတော့ လူတွေက ဂရုမစိုက်ကြတာလည်း ပါတယ်။ ခုက ဒီထက် အများကြီး များပါပြီ ။ အများကြီး များတာဖြစ်တဲ့အပြင် အများကြီးလည်း ကျယ်ပြန့်လာတာဖြစ်တဲ့အတွက် ထိန်းချုပ်တဲ့အခါမှာ အများကြီး အကျိုးကျေးဇူးရှိလာလိမ့်မယ် အများကြီး ထိရောက်လာလိမ့်မယ်လို့ မြင်ပါတယ်။"

ဒီကနေ့ကစပြီး နှစ်ပတ်ကြာ ကျင်းပဖို့ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးဆွဲရေး ဥပဒေကြမ်းကိစ္စ၊ ကျန်းမာရေးအတွက် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ IDA ကနေ၊ အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးယူမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရာမှာ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိုအပ်လာတဲ့ ငွေကြေးတွေအတွက် ဝန်ကြီးဌာနတွေအတွက် ခွင့်ပြုခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမူကြောင့် ပြောင်းလဲသွားတဲ့ အခြေအနေနဲ့လိုက်ပြီး ဘဏ္ဍငွေ အသုံးပြုဖို့ လိုအပ်လာတယ်လို့ ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ သမ္မတက ပေးပိုတဲ့ ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မူ အရေးပေါ် စီမံချက် အကောင်အထည်ဖော်ဖို့ ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ IDA ကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးယူမယ့်ကိစ္စအပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ကိုရိုနာဗိုင်းရပ်စ် ( Covid 19 ) အရေးပေါ်တုံ့ပြန်ရေး စီမံချက်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ၊ သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ အသုံးပြုမယ့် စီမံချက်ကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သမ္မတက ပေးပို့တဲ့ တိုင်းပြည်ရဲ့ လိုငွေကို ဖြည့်ဆည်းဖို့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံကနေ၊ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူဖို့နဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါကာလအတွင်း ကျင်းပတဲ့ ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၅၇၇ ဦး တက်ရောက်ပြီး၊ ၇၅ ဦး ခွင့်တိုင်ကြားထားပါတယ်။

သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/news/communicable-disease-prevention-bill-05182020082209.html
က်န္းမာေရးဝန္ႀကီးဌာန “ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒၾကမ္း" လႊတ္ေတာ္မွာတင္သြင္း က်န္းမာေရးဝန္ႀကီးဌာန “ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒၾကမ္း" လႊတ္ေတာ္မွာတင္သြင္း Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.